==============================
နွေဦးလင်း ၊ ဖူးပွင့်သော်
==============================
နိုင်ငံပိုင်ဆေးရုံကြီးများတွင်
‘ဒီဇင်ဘာ ၃ရက်က ကျင်းပခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်
းအဝေးတွင် ဗဟန်း မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ ဒေါ်ညိုညိုသင်း ၏ မေးမြန်းချက်အပေါ် လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တ
ယင်းနှင့်ပတ်သက်၍ မေးခွန်း မေးမြန်းခဲ့သူ ဒေါက်တာညိုညိုသင်းက ''ကျွန်မတို့နိုင်ငံမှာ ဘိုးဘွား တွေက အသက်ကြီးလာရင် ဆေးဝါးကုသဖို့ အခက်အခဲတွေဖြစ်ကြတာများတယ်။ အသက်(၆၀)ကျော် ဘိုးဘွားတွေ အတွက် နိုင်ငံပိုင် ဆေးရုံတွေမှာ ကျန်းမာရေးစစ်ဆေးဖို့၊ အခမဲ့ဆေးဝါးကုသ ခွင့်ရရှိဖို့ အတွက် ရည်ရွယ်ပြီး တင်ပြခဲ့တာပါ။ ကျွန်မတို့တိုင်းပြည်က ကျပ်တည်းတဲ့အတွက် ဆင်းရဲတဲ့ ဘိုးဘွားတွေ ကို အခမဲ့ဆေးကုသခွင့်လုပ်ကို လုပ်ပေးသင့်ပါတယ်။ လွန်ခဲ့တဲ့ခြောက်လ လောက်က တည်း က ဒီအဆိုကို တင် သွင်းခဲ့တာပါ။ အဆိုတင်လို့ ရှုံးရင် ဘိုးဘွားတွေအတွက် နစ်နာမှာ စိုးလို့ နောက်မှ မေးခွန်း အနေနဲ့ ပြောင်းလိုက်တာပါ။ လူမှုရေးဝန်ကြီးအနေနဲ့ အသက်(၆၀)ကျော်၊ (၇၀)ဘိုးဘွားတွေ အခမဲ့ဆေးကုသခွင့် ရရှိအောင် ဆောင်ရွက်သွားမယ် လို့ ဖြေတဲ့အပေါ် မှာ ကျေနပ်အား ရမှုရှိပါတယ်''ဟု ပြောသည်။
လူမှုရေးဝန်ကြီး၏ ဖြေကြားချက် တွင် မြန်မာနိုင်ငံတွင် သက်ကြီးရွယ် အိုစောင့်ရှောက်ရေး စီမံချက် ဝင်မြို့နယ် ၈၈ခုရှိပြီး မြို့နယ်အဆင့်၊ ပြည်နယ် အဆင့် ဆေးရုံများတွင် အခမဲ့ဆေး ကုသပေးရန် စီစဉ်နေသည်ဟုလည်း ပါရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ရောဂါအနုအရင့် အလိုက် မြို့နယ်ဆေးရုံများတွင်သာမက တိုင်းအဆင့်ဆေးရုံများတွင်ပါ ကုသ နိုင်ရန် အဆင့်ဆင့် စီမံပါက ပိုမို ကောင်းမွန်နိုင် ကြောင်းကျန်းမာရေး စီမံကိန်းဦးစီးဌာန၊ အငြိမ်းစားညွှန် ကြားရေးမှူးချုပ်္လေါက်တာဘုန်းမြင့် က အကြံပြုပြောသည်။
ဒေါက်တာဘုန်းမြင့်က ''အသက် ခြောက်ဆယ်ကျော်တဲ့သူက အိုနေပြီ။ ပင်စင်စားနေရရင်၊ ကျောထောက် နောက်ခံလဲ မရှိဘူးဆိုရင် သူ့ အတွက်၊ ကာယကံရှင် အတွက် လုပ်သင့်တဲ့ အလုပ်ပဲ။
‘ဒါထက်ပိုအရေးကြီးတာကတော့ သေချာစနစ်တကျကုနိုင်အောင် ဘယ်လိုနည်းလမ်း တွေရှာမလဲ ဆိုတာပါ။ ရန်ပုံငွေတွေ ဘယ်လိုရှာမလဲ၊ ဘယ်လိုစနစ်တကျ ကျန်းမာရေးစောင့် ရှောက်မှုပေးမလဲ၊ အ္လဲါ ပိုအရေးကြီး တယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
သက်ကြီးရွယ်အိုများအတွက် အခမဲ့ ဆေးဝါးကုသမှုများပေးမည့် အစီအစဉ်အား စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားနိုင်ရန်လိုအပ်ပြီ
ယင်းနှင့်ပတ်သက်၍ ‘ဒီမိုကရက် တစ်(မြန်မာ)ပါတီမှ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကို က ''ကျွန်တော်တို့ဆီမှာ စရိတ်မျှပေး ကျန်း မာရေးဆိုပြီးရှိတော့ စရိတ်မျှပေးနိုင်တဲ့ သူတွေကလဲ အင်မတန်နည်းသေး တယ် လို့ ထင်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် အလုပ်လုပ်တဲ့သူတိုင်း မဖြစ်မနေ အခွန် ဆောင်ရမယ်လို့ ပါပြီးသားပါ။ အစိုးရ က အခွန်ဆောင်တဲ့အပေါ် မှာမူတည် ပြီး အသက်ကြီးလာရင် ပင်စင်သဘော မျိုးထောက်ပံ့ကြေးပြန်ပေး တယ်။ ဒီလို တွေကြောင့် နိုင်ငံသား တွေက အခွန် ဆောင်ချင် စိတ်ရှိကြ တယ်။ ကျွန်တော် တို့နိုင်ငံမှာ အခွန်ကအစ များသော အားဖြင့် ရှောင်ကြတဲ့ အတွက် တိုင်း ပြည်ဘက်ကလဲ ပြန်ထောက်ပံ့ပေးဖို့ ခက်လိမ့်မယ်။ အခွန်စနစ်တွေလဲ တဖြည်းဖြည်းချင်း ပြောင်းလဲမှသာ ကျန်းမာရေး အတွက် ပြန်လှည့်နိုင် မယ်လို့ထင်ပါတယ်''ဟု ပြော သည်။
ယခုနှစ် နိုဝင်ဘာမှ ၂၀၁၃ ခုနှစ် မတ်အထိ ဗဟိုအဆင့်ဆေးရုံ ၁၅ရုံ၊ တိုင်းဒေသကြီးပြည်နယ်အဆင့် ဆေးရုံများ အတွက် ဆေးဝါးဝယ်ယူရန် ခုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း၄၀ဝမှ ၁၅၀ဝအထိ ခွင့်ပြု ပေးထားကြောင်း ဒေါက်တာမြင့်သိန်း ၏ ပြန်လည်ဖြေကြားချက်အရ သိရ သည်။
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group