Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Sunday, 23 December 2012

မြန်မာ့ နျူကလီးယား ငြိမ်းချမ်းတဲ့ နေရာမှာပဲ သုံးမယ်လို့ဆို



မြန်မာ ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံ ရဲ့ နျူကလီးယား စီမံကိန်းဟာ လက်နက် အတွက် မဟုတ်ပဲ ငြိမ်းချမ်းတဲ့ နေရာ မှာသာ သုံးမယ် လို့ ပြောပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ နျူကလီးယား စီမံကိန်း ဟာ စွမ်းအင်ပိုင်း နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် နည်းပညာ ပိုင်းတွေ မှာ သာ အသုံးချ မှာ ဖြစ်တယ်လို့ ပြောသွားတဲ့ အကြောင်း မြန်မာအစိုးရထုတ် သတင်းစာတွေ ထဲမှာ စနေနေ့ က ဖော်ပြ ထားပါတယ်။ မြန်မာ့ နျူကလီးယား ထုတ်လုပ်ရေး က လက်နက်ထုတ်လုပ်ရေး အထိ ဖြစ်နိုင်တယ် လို့ ပြောကြားခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း က အရပ်ဘက်သုံး အတွက် နျူကလီးယား ထုတ်မယ် ဆိုရင်တောင် မြန်မာနိုင်ငံ မှာ အခုလက်ရှိ နည်းပညာ နဲ့ မလုံလောက်နိုင်ဘူး လို့ ဆိုပါတယ်။ လုံခြုံစိတ်ချစွာ ထုတ်လုပ်နိုင်ဖို့နိုင်ငံတကာ အကူအညီ နဲ့မှ ရနိုင်မယ် လို့ လည်း သူ က ဆိုပါတယ်။အမေရိကန် သမ္မတရဲ့ ပြီးခဲ့တဲ့ လ က မြန်မာနိုင်ငံ ခရီးစဉ် အပြီးနောက်မှာ မြန်မာ အစိုးရ က နျူကလီးယား နဲ့ ပတ်သက်တဲ့ စက်ရုံတွေ ကို နိုင်ငံတကာ အသိုင်းအဝိုင်း ကို လာရောက် လေ့လာခွင့်ပြုမယ် လို့ ကြေညာ ခဲ့ပါတယ်။

arakan news

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...