Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Tuesday, 25 December 2012

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ရပ်မိရပ်ဖ လူကြီးကို လက်သီးနှင့်ထိုး


ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် ၄ ရပ်ကွက်
တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉
 နာရီခန့် က ပြုလုပ်သော ရပ်ကွပ်အုပ်
ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် လက်ရှိ
ရာအိမ်မှူးက ရပ်မိရပ်ဖ ၅ ဦးထဲမှ

 တစ်ဦးအား လည်ပင်းညှစ်၍ လက်သီးနှင့် ထိုးခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ ရက်ကွက်နေ ဦးကျော်သက်ထွန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ရပ်ကွက်၏ ငါးဦး ကော်မတီက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် လက်ရှိ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များကို ရည်ရွယ်၍ မဆိုင်သည့်လူများ အပြင်ထွက်ရန် ပြောကြားခဲ့သည့်ကို လက်ရှိ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “ခင်ဗျားဘယ်လောက် အဆင့်ရှိလို့လဲ။

 ဘယ်လောက် အကျိုးသက်ရောက်မှု ရှိလို့လဲ” ဟုဆိုကြောင်း ယင်းနောက် လက်ရှိ ရာအိမ်မှူးဦးသိန်းထိုက်က ရပ်မိရပ်ဖ အဖွဲ့ဝင် ဦးမြင့်သန်းကို လည်ပင်းညှစ်၊ လက်သီးနှင့် ထိုးခဲ့ ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မှော်ဘီမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၊ လက်ရှိ အဆိုပါ ရာအိမ်မှူးကို အရေးမယူ သေးကြောင်း နာယက အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်သန်းက The Voice Weekly သို့ပြောဆိုသည်။



“အရင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲက ဥပဒေနဲ့မသွားပဲ ဥပဒေအပြင်ဘက်ကနေ သွားနေတယ် “ ဟု ခံလိုက်ရသူ နာယက အဖွဲ့ဝင် ဦးမြင့်သန်းက ဆိုသည်။

အဆိုပါရပ်ကွက်တွင် ဆယ်အိမ်စုမှူး ၂၀ဝဝန်းကျင်ရှိပြီး ယင်း ဆယ်အိမ်စုမှူးများထဲမှ အုပ်ချုပ်ရေးမှူးကို ရွေးချယ် မည်ဖြစ်ပြီး ယင်းရန်ပွဲကြောင့် အုပ်ချုပ်ရေးမှူးရွှေးချယ်ပွဲကို ဒီဇင်ဘာလ၂၆ရက်နေ့ သို့ပြောင်းရွှေးထားကြောင်း ယင်း ရပ်ကွက် ရပ်မိရပ်ဖများထံမှ စုံစမ်းသိရှိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအဖွဲ့ နာယကဖြစ်သူ ဦးမြင့်သန်းက မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့တိုင်ကြားခဲ့ရာ အဆိုပါရဲတပ်ဖွဲ့စခန်းကရာအိမ်မှူးဦးသိန်းထိုက်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၉၄/၁၄၄/၃၂၅ တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

The Voice Weekly

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...