
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိ သူ များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါ ၀င်သောအဖွဲ့တစ်ဖွဲ့သည် ယခုလ ၁၃ရက်နေ့မနက် ၁၀ နာရီအချိန်ခန့်က မသင်္ကာဖွယ်ရာ ခိုးယူခြင်း ခံရသောအသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ကယ်တင်ခဲ့ပြီးမိဘများထံ ပြန်လည် အပ်နှံပေး ခဲ့ကြောင်းသိ ရှိရသည်။
ယခုလ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန
်ခန့်က မုံရွာခရိုင် ချောင်းဦးမြို့နယ် တောင်းကျောင်းကြီးကျေးရွာ အရှေ့
ပိုင်းနေ (ဘ) ဦးဘဇုန်၏သမီး မခင်စိုးထက် အသက်(၁၂)နှစ်၊
ဆဌမတန်းကျောင်းသူတစ်ဦး သည် နေအိမ် မှ
ဂုံးကျော်ဈေးတန်းသို့ ခေါက်ဆွဲသုပ်ဝယ်ယူရန်သွားရောက်စဉ် အမည်မသိ လိုက်ထရပ်
ကားတစ် စီး မောင်နင်းလာ သူတစ်ဦးက ဘုရားဖူးသွားမည် လိုက်ခဲ့ဟု
ပြောဆိုသွေးဆောင်၍ ၎င်း ကလေးမလေး အား ကားပေါ်တင်ဆောင် ကာ မုံရွာမြို့ဘက်သို့
ဦးတည်မောင်းနှင်ထွက်လာခဲ့ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ
သိရှိ ရသည်။
အဆိုပါ မိန်းကလေးငယ်အား သွေးဆောင်ခိုးယူလာသူများသည် ကားပေါ်တွင်
အသင့်ယူဆောင်လာသော အသက်(၁၄)နှစ်အရွယ်မိန်းကလေးဝတ် ဂျင်းဘောင်းဘီတို၊ အင်္ကျ
ီ၊ ဒေါက်ဘိနပ်၊ လက်ကိုင် ပိုက်ဆံအိတ် တစ်လုံး နှင့်အတူ
ငွေကျပ်နှစ်ထောင်ပေးကာ ငုံးဥပြုတ် ငါးလုံးအားကျွေးခဲ့ကြောင်း၊ ၎င်း
ငုံးဥပြုတ်များ အား စားသောက်ပြီးနောက် အဆိုပါ ကလေးမလေးသည် ကားနောက်ခန်းတွင်
တစ်ဦးတည်း အိပ်ပျော်၍ လိုက်ပါ သွား ခဲ့ရသည်ဟု သိရှိရသည်။ “ ကလေးမလေးဆီးကို
ဝတ်ဖို့ပေးတဲ့ အ၀တ်အထည်တွေကိုကြည့်ရင်၊ အချက်(၂)ချက်တွေ့မြင်နိုင်ပါတယ်။
ပထမအချက်ကတော့ မိန်းကလေးဝတ်တွေဖြစ်တာကြောင့် သူတို့ပစ်မှတ်ထားပြီး
ခိုးယူမဲ့သူက မိန်း ကလေးတွေ ဖြစ်ပါတယ်။ နောက် ဒုတိယ အချက်ကတော့
အ၀တ်စားတွေရဲ့ ပုံစံဆိုဒ်ကိုကြည့်ရင် အသက် (၁၂/၁၂/၁၄)နှစ်အ ရွယ်တွေကို
သူတို့ရွေးချယ်မယ်ဆိုတာ ထင်ရှားနေပါတယ်” ဟု အမှတ်(၁) ရဲစခန်းမှုး ရဲအုပ်
ဦးကျော်ကျော်ညွှန့်က ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲပညာတစ်ရပ်အရ ဝေဖန်သုံးသပ်ကာ
ပြောဆို သည်။
ယင်း မောင်းနင်းလာသောကားသည် မုံရွာမြို့ ချင်းတွင်းသလ္လာ
ဈေးသစ်ကြီးအနီးတွင် ကားအားရပ်တန့် လျက်ေ စပြီး မိန်းကလေးငယ်အား
အိပ်ယာမှနှိုးကာ ၎င်း နေရာမှ ဘယ်မှမသွားရန်နှင့် မကြာခင်ပြန် လည်လာ
ရောက်ခေါ်ဆောင်ပေးမည်ဟု ဆိုကာ ကားမှမောင်းထွက်သွားခဲ့ကြောင်း၊
ကြောက်စိတ်များ ၀င်လာသူ မိန်းကလေး ငယ်သည် နီးစပ်ရာ
ဆိုက္ကားတစ်စီးအားငှားရမ်း ကားလေးကွင်းသို့ ပို့ဆောင်ခိုင်းခဲ့ေ ကြာင်း၊
ကားေ လးကွင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များက အုပ်ထိန်းသူ
လိုက်ပါခြင်း မရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည့အတွက် မေးမြန်းစစ်ဆေးရာ
အဆိုပါ မိန်းကလေး ငယ်မှ ဖြစ် စဉ်နှ င့် ပတ်သက်၍ ယင်းကဲသို့ ပြောဆို
ထွက်ရှိခဲ့ကြောင်း သိရှိရသည်။
“ ကားသမားတွေက အဲ့ဒီကလေးမလေးကိုယ်မေးတယ် ..။ သမီးက ဘယ်ကိုလိုက်မှာလည်း..။
ဘယ်သူတွေ ပါသေးသလဲ လို့မေးကျပါတယ်။ ဘာမှရေရေရာရာအဖြေ မပေးနိုင် ပါဘူး။
ကြောင်အမ်း အမ်း ဖြစ်နေရ တာ ကို က အကြောင်းအရာတစ်ခုကို
ဖွင့်ပြောပြနေသလိုမျိုးဖြစ်နေပါတယ်” ဟု မုံရွာ အဝေးပြေး ကားဂိတ် တွင်
တာဝန်ကျရဲတပ်သား ကိုမင်းမင်းစိုး က ယင်းကဲသို့ပြောပြသည်။
ကားကွင်းတွင် ခရီးသွားပြည်သူလူထု စိတ်နှလုံးအေးချမ်းသာယာစွာ
ခရီးသွားလာနိုင်ရေးအတွက် တာဝန် ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များသည်
တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်သန်းသန်းနု ထံ တင်ပြ
အကြောင်းကြားခဲ့ပြီးနောက် မုံရွာ အမှတ်(၁) ရဲစခန်းမှုး ရဲအုပ်
ကျော်ကျော်ညွှန့်၏ အနီး ကပ်ကူ ညီပေးမှုဖြင့် မိန်းကလေးငယ်အား မိဘများထံ
ကောင်းမွန်စွာပြန် လည်အပ်နှံပေး ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် ယင်းကိစ္စရပ်အပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန်
အခြေအနေ အားမေးမြန်းရာတွင်“ရဲလုပ်ငန်းသဘောအရကတော့
ချောင်းဦးမြို့နယ်ထဲမှာစတင်ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ် တာကြောင့် အမှုရေးဖွင့်
ခြင်းနဲ့ ဆက်လက်စုံစမ်းခြင်းဆိုတာ ချောင်းဦးမြို့နယ် နဲ့ပဲသက်ဆိုင် ပါတယ်။
တာဝန်ရှိတာကတော့ အားလုံး မှာ တာဝန်ရှိပါတယ်။ လုပ်ငန်းသဘောအရ နယ်မြေကန့်သတ်
ထားတာပါ ”ဟု တာဝန် ကျ ရဲအရာရှိတစ်ဦးက တုန့်ပြန် ပြောဆိုသည်။
အသက်အရွယ် နုငယ်သော သားသမီးများ အပေါ် အုပ်ထိန်းသူမိဘများက
သိရှိနားလည်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိသော သုတအဖြာဖြာအား တိုင်းဒေသကြီး
အမျိုးသမီးရေးရာ ဥက္ကဌ နှင့် ရဲစခန်းမှုးတို့က ၎င်းအခမ်းအနားတွင် ပညာပေး
ဟောပြောခဲ့ ကြောင်း သိ ရှိ ရသည်။
Source by :Shan News
http://exitzone1.blogspot.com/2012/12/blog-post_9823.html#more
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group