Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Tuesday, 18 December 2012

ပထမဆုရရှိသွားခဲ့သူမေသက်ထားဆွေနှင့် တွေ့ဆုံခြင်း


မြ၀တီရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသ
လျက်ရှိသော 'ကြယ်ကလေးများရဲ့
 ဂီတမိုးကောင်းကင်' အစီအစဉ် နောက်
ဆုံးအဆင့် ယှဉ်ပြိုင်မှုကို ကြည့်ရှုဖြစ်ခဲ့ရာ
တွင် အဆိုတော် မာမာအေး၏ 'စန္ဒကိန္ဒရီ'
 တေးသီချင်းနှင့်


ပထမဆုရရှိသွားခဲ့သူ မေသက်ထားဆွေ၏ မြန်မာသံစဉ် တေးသီချင်းကို ပိုင်နိုင်ကျွမ်းကျင်စွာ သီဆိုနိုင်ခဲ့ပုံကို တွေ့မြင်ခွင့်ရခဲ့သည်။

ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး၏ မြန်မာသံစဉ်တေးသီချင်း ပိုင်နိုင်စွာ သီဆိုယှဉ်ပြိုင်ခဲ့ပုံကို စောင့်ကြည့်အားပေးခွင့် ရခဲ့သည့် ပရိသတ်များက အသိအမှတ်ပြုခဲ့ရုံသာမက အင်တာနက် စာမျက်နှာများတွင် လက်ဆင့်ကမ်းကြသည်အထိ ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။ သုံးနှစ်အရွယ်ကပင် တေးသီချင်းများ စတင်သီဆိုဖြစ်ခဲ့ပါတယ်။

မေး ။ ညီမလေး ဂီတလုပ်ငန်းတွေကို ဘယ်အချိန်ကစပြီး ၀ါသနာပါခဲ့တာပါလဲ။ ဂီတလုပ်ငန်း စပြီးလုပ်ဖြစ်ခဲ့ပုံကို ပြောပြပေးပါလား။

ဖြေ ။ ညီမလေးက သုံးနှစ်သမီးကတည်းက သီချင်းအရမ်းဆိုချင်ခဲ့တာပါ။ ဒါကြောင့်လည်း ပြိုင်ပွဲတွေဝင်ပြိုင် ဖြစ်ခဲ့ပါတယ်။ ပထမဆုံး ပြိုင်ဖြစ်တုန်းကတော့ အမျိုးသမီးရေးရာကလုပ်တဲ့ ပွဲမှာ 'ဆွမ်ဘရာဘွန်'၊ 'ရွှေမြိုင်မှာပဲ နေတော့မယ်' ဆိုတဲ့ သီချင်းတွေ စဆိုဖြစ်ခဲ့ပါတယ်။ ပယ်ရီတွန်ကလုပ်တဲ့ ကလေးသီချင်းဆိုပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်တဲ့အခါကျတော့ 'လမ်းခွဲ' သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ပြီး ဆုရခဲ့ပါတယ်။ အဲဒီကနေ စလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

မေး ။ သီချင်းဆိုတာကို ငယ်စဉ်ကတည်းက ၀ါသနာပါတာဆိုတော့ စနစ်တကျ သင်ယူလေ့လာမှုရော လုပ်ဖြစ်လား။

ဖြေ ။ လုပ်ဖြစ်ပါတယ်။သမီးရဲ့ဆရာ ဦးသန်းဝင်းက သီချင်းဆိုတာနဲ့ပတ်သက်လို့ သင်ကြားပေးပါတယ်။ အဓိကတော့ mood ၀င်အောင် ဘယ်လိုဆိုရမယ်၊ အသံအနိမ့်အမြင့် အတက်အကျ ဘယ်လိုထားရမယ်၊ အမြင့်သံတွေဆိုတဲ့နေရာမှာ စူးစူးကြီးအော်တာမျိုး မဖြစ်ဘဲ ချိုချိုလေးနဲ့ ဘယ်လိုအော်ရမယ်ဆိုတာကို သင်ကြားပေးပါတယ်။ မြန်မာသံစဉ်နဲ့ပတ်သက်လို့လည်း ဆရာဦးထွန်းရွှေနဲ့ ဦးဌေးဝင်းတို့က စနစ်တကျ သီဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးပါတယ်။

မေး ။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ သီဆိုယှဉ် ပြိုင်ခဲ့တဲ့ 'စန္ဒကိန္နရီ' သီချင်းကို အပိုင်နိုင်ဆုံး သီဆိုနိုင်ခဲ့တဲ့အပေါ် ဘယ်လိုများ လေ့ကျင့်အားထုတ်ဖြစ်ခဲ့ပါသလဲ။

ဖြေ ။ အဲဒီသီချင်းလေးက အန်တီမာမာအေးဆိုထားတာက အရမ်းကောင်းခဲ့ပြီး သမီးအရမ်းကြိုက်ရတဲ့ သီချင်းပါ။ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ဒီသီချင်းနဲ့ ပြိုင်မယ်ဆိုပြီး ရွေးချယ်ဖြစ်တဲ့အခါ တော်တော်ကို လေ့ကျင့်ယူရပါတယ်။ သီချင်းက အနိမ့်အမြင့် အတက်အကျတွေ သတိထားရသလို ပထမပိုင်းမှာ အပျော် mood သွင်းရပေမယ့် နောက်ပိုင်းမှာတော့ ၀မ်းနည်းတဲ့ mood ကို ပြန်ထည့်ရတာမျိုးဆိုတော့ တော်တော်ကို ခက်တယ်လို့ ဆိုရမှာပါ။ သမီး ဒီသီချင်းလေးကို အခေါက်ခေါက် အခါခါ လေ့ကျင့်ယူခဲ့ရသလို လေ့ကျင့်တဲ့ အခေါက်တိုင်းမှာလည်း မျက်ရည်တကယ်ကျပြီး ၀မ်းနည်းတဲ့ mood အထိရအောင် သွင်းယူခဲ့ရပါတယ်။ ဒါကြောင့် တကယ်သီဆို ယှဉ်ပြိုင်တဲ့အချိန်မှာတော့ ကြောက်စိတ်မရှိဘဲ သီချင်းဆိုရလို့ ပျော်တဲ့စိတ်ပဲ ရှိပါတော့တယ်။

မေး ။ သီချင်းဆိုတဲ့အခါ နားတစ်ဖက်ပိတ်ပြီး အားယူတာကို သတိထားမိပါတယ်။ အဲဒါ ဘာအတွက်ပါလဲ။

ဖြေ ။ အမြင့်သံတွေဆိုတဲ့အခါ အသံက ကျော်သွားလို့မရသလို တကယ်ဆိုရမယ့်နေရာအထိ မရောက်လို့လည်း မရပါဘူး။ ဒါကြောင့် အမြင့်သံတွေ ဆိုတဲ့အခါမှာ နားတစ်ဖက်ပိတ်ပြီး ကိုယ့်အသံကိုယ် ပြန်နားထောင်တာပါ။ တကယ်ရောက်ရမယ့် နေရာကို ရောက်ရဲ့လား ဒါမှမဟုတ် ကျော်ပြီးဆိုမိလားဆိုတာကို ပြန်နားထောင်တာပါ။ အားယူတဲ့သဘောလည်း ပါပါတယ်။

မေး ။ သီချင်းဆိုကောင်းရုံတင်မကဘဲ ကျောင်းစာတွေမှာလည်း တော်တယ်လို့ သိရပါတယ်။ ကျောင်းစာနဲ့ သီချင်းဆိုတာကို ဘယ်လိုခွဲခြားထားပါသလဲ။

ဖြေ ။ သမီးတို့ ဆရာဦးသန်းဝင်းက စည်းကမ်းတစ်ခု သတ်မှတ်ထားပါတယ်။ စာမေးပွဲတွေမှာ အဆင့်တစ်ကနေ ၁၀ ထိဝင်မှ သီချင်းဆိုခွင့်ရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါကြောင့် သမီးက စာကိုလည်း တော်အောင်ကြိုးစားရပါတယ်။ မနက် ကျောင်းသွား၊ ကျောင်းကအပြန် ကျူရှင်သွားပြီးတော့ အိမ်ရောက်ရင် စာကျက်ပြီးတော့မှ သီချင်းဆိုဖို့အတွက် လေ့ကျင့်ရတာပါ။ ပွဲဆိုဖို့ရှိတယ်ဆိုရင်လည်း ကျောင်းပိတ်ရက်မှပဲ သွားဆိုဖြစ်တာများပါတယ်။

မေး ။ စီးရီးလည်း စီစဉ်နေတယ်ဆို။
ဖြေ ။ ဟုတ်ပါတယ်။ 'ကြယ်ကလေးများရဲ့ ဂီတမိုးကောင်းကင်' အစီအစဉ်မှာ မနှစ်က နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့သူတွေနဲ့ အခုနှစ် နောက်ဆုံးအဆင့်ကို ရောက်လာတဲ့သူတွေစုပြီး စီးရီးတစ်ခွေ လုပ်နေပါတယ်။

Ref: Eleven Media Group

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...