ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ မောင်တင်အောင်မြင့်(ဘ)ဦးစံရွှေလှ၊ ၂၅ နှစ် နှင့် မောင်ကျော်သန်းစိုး(ဘ) မောင်ကျော်သောင်း၊ ၂၄ နှစ်တို့ နှစ်ဦး
သည် ကဏန်းပုံးများထောင်နေစဉ်
ယနေ့ နံနက် ၁၀း ၃၀ အချိန်ခန့်တွင် ဒုံရွာမှ ဘင်္ဂလီများက လာရောက်တိုက်ခိုက်သဖြင့် မောင်တင်အောင်မြင့်မှာ သေဆုံးခဲ့ရပြီး
ကျော်သန်းစိုးမှာ ဒဏ်ရာများစွာရရှိထားကြောင်းသိရသည်။
ထိုနေရာသည် သပြာကျွန်းနှင့်လည်းနီးစပ်ကြောင်းသိရသည်။
ထိုရခိုင်နှစ်ဦးက အော်ဟစ်အကူအညီတောင်းသဖြင့် ရက်ချောင်းကျေးရွာမှ စက်လှေများဖြင့်လိုက်သွားသော်လည်း ဘင်္ဂလီများသည် ဂျင်ကလိများ၊
မြှားစူးများဖြင့် ပစ်ခတ်သဖြင့် အနီးသို့ ကပ်ခွင့်မရခဲ့ကြောင်း၊ အလားတူ စိုင်းတုတ်ရွာ မှလည်း လိုက်သွားသည်တိုင် လေးဂွများ၊ဂျင်ကလိများ၊ မြှားစူးများဖြင့် ပစ်ခတ်ခြင်းကိုခံရသဖြင့် အချိန်မီကယ်တင် နိုင်ခြင်းမရှိကြောင်းလည်းသိရသည်။
လက်ရှိတွင် ရဲများရောက်ရှိသွားပြီဖြစ်သည့်တိုင် တရားခံအားဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းနှင့် သေဆုံးသူအားပြန် လည်ရရှိရန် ကြိုးစားလျက်ရှိကြောင်းသိရသည်။

0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group