Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Sunday 23 December 2012

ကျောက်တော်မြို့တွင် အသားဈေးမြင့်တက်မှုကြောင့် စားသုံးသူများနှင့် ဈေးသူ/သားများအခက်တွေ့


ရခိုင်ပြည် ကျောက်တော်မြို့တွင် စည်ပင်က ယခင်သတ်မှတ်ထားသော
အသားဈေးနှုန်းမှာ ဈေးမြင့်တက်သွားသောကြောင့် ဝယ်ယူစားသုံး
သူများနှင့် ဈေးသူ/သားများမှာ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ယခုမြင့်တက်နေသော ဈေးနှုန်းကိုလျှော့ချပြီး ယခင်စည်ပင်က တရားဝန်သတ်မှတ်ထားသော ဈေးနှုန်းကိုထားပေးရန် လိုလားကြောင်း ဝယ်ယူစားသုံးသူများက ပြောသည်။

" ကျနော်တို့မြို့မှာ အမဲသား၊ ဆိတ်သားနဲ့ ဝက်သားတွေ ဈေးအရင်းမြင့်တက်နေပါတယ်။ အရင်တုန်းက စည်ပင်ကသတ်မှတ်ထားတာက တစ်ပိဿာကို ၄၀၀၀ ကျပ် ရှိပါတယ်။ အခု တစ်ပိဿာကို ၅၀၀၀ ကျပ် ဖြစ်သွားပါပြီ။ ဈေးသူ/သားတွေနဲ့ ကျနော်တို့ ဝယ်ယူစားသုံးသူတွေကြားမှာ ပြဿနာရှိလာပါတယ်။

 ဒါကြောင့် စည်ပင်ကနေပြီးတော့ အရင်သတ်မှတ်ထားတဲ့ ဈေးနှုန်းကိုထားပေးဖို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ဘူးဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ "  ဟု ကိုအောင်မြင့်ကျော်က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

ရခိုင်ပြည်သူများမှာ ဘင်္ဂလီများနှင့် ပြဿနာ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စီပွားရေးအဆင်မပြေကြသူများနှင့် ဒုက္ခရောက်နေကြသူများရှိနေသည့်အတွက် အခုလိုအသားဈေးနှုန်းနှင့် တခြားကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဈေးနှုန်းများမြင့်တက်သွားခြင်းသည် ဆိုးဝါးသော အန္တရာယ်များဖြစ်လာနိုင်ကြောင်း ကိုအောင်မြင့်ကျော်က ဆက်လက်ပြောကြားခဲ့သည်။

Arakan Times သတင်းဌာန

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...