Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 24 December 2012

မြောက်ဦးခြံသမား နှစ်ဦးကို ကုလားများဝိုင်းဝန်းတိုက်ခိုက်သဖြင့် ဒဏ်ရာရ


မြောက်ဦးမြို့နယ် ဇေယျဝတီကျေး
ရွာသား နှစ်ဦးကို အနီးရှိ ပေါင်းတုတ်
ရွာသားကုလားများက မနေ့က ဒီဇင်
ဘာ (၂၃) ရက်နေ့တွင် ၀ိုင်းဝန်းတိုက်

ခိုက်သောကြောင့် ဒဏ်ရာများရကာ တစ်ဦးကို မြောက်ဦးဆေးရုံတွင် လည်းကောင်း နောက်တစ်ဦးကို စစ်တွေဆေးရုံတွင်လည်းကောင်း တင်ပို့ကုသထားရသည်။

ယမန်နေ့ မွန်းတည့်ချိန်တစ်ဝိုက်တွင် ဇေယျဝတီရွာသား ညီအစ်ကို ဦးစိန်လှ နှင့် ဦးသာထွန်းစိန် တို့ မိမိတို့၏ ဥယျဉ်ခြံထဲတွင် အလုပ်လုပ်နေကြစဉ် ခြံအတွင်းပုံထားသော ထင်းချောင်းများကို လာခိုးသော ကုလားအား လက်ပူးလက်ကြပ်ဖမ်းမိခဲ့ရာ၊ ထိုခိုးယူသူ ကုလားက အော်ဟစ်အကူအညီတောင်းသဖြင့် ခြံအနီးတွင် ကျောက်တူးနေကြသော ကုလားအယောက်(၃၀)ကျော်က ခြံအတွင်းသို့ ၀င်လာကာ လက်တွင်ကိုင်ဆောင်ထားသော တူရွင်း အစရှိသော ကျောက်တူးကိရိယာများဖြင့် ခြံပိုင်ရှင် ရခိုင်အမျိုးသားနှစ်ဦးအား ၀ိုင်းဝန်းရိုက်နှုက်နေကြသည် ဟု ဆိုသည်။

ထိုကဲ့သို့ဖြစ်ပျက်စဉ် ချက်ချင်းပင် ရခိုင်ရွာသားများက အချိန်မီ လာရောက်ကယ်တင်နိုင်လိုက်သောကြောင့် အသက်လုနိုင်လိုက်ခြင်းဖြစ်သည် ဟု ဦးစိန်လှ၏ မိသားစုဝင်များက Coral Arakan အားပြောကြားသည်။

အစ်ကိုဖြစ်သူ ဦးစိန်လှ(၅၆-နှစ်)မှာ ညာနဖူးကွဲ နှင့် ဘယ်ဘက် လက်မောင်းကျိုး ဒဏ်ရာများ ရရှိသွားကာ ညီဖြစ်သူ ဦးသာထွန်းစိန် (၅၄-နှစ်)မှာ ညာဘက်မျက်ခုံးကွဲ နှင့် အခြားကျောကုန်းဒဏ်ရာများရသွားသည်။

လက်မောင်းကျိုးသွားသူ ဦးစိန်လှအား ယနေ့မနက်ပိုင်းတွင် ရွှေလွန်းပျံမော်တော်ဘုတ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ရာ စစ်တွေဘုတ်ဆိပ်တွင် နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့ဝင်များက ယနေ့ (၁၂)နာရီ ခွဲခန့်တွင် လူနာတင်ယာဉ်ဖြင့် လာရောက် တင်ဆောင်ကာ စစ်တွေဆေးရုံကြီးသို့ ပို့ခဲ့ကြသည်။

မင်းခရီ
Coral Arakan News

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...