Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 17 December 2012

ယနေ့ ကာမိုင်းမြို့နယ်(ခွဲ) ရဲစခန်းအား KIA က ၀င်ရောက်စီးနင်း


ကချင်ပြည်နယ် ဖားကန့်မြို့နယ်
ကာမိုင်းမြို့နယ်(ခွဲ)ရဲစခန်းအား ဒီဇင်ဘာ
 ၁၈ ရက် နံနက် ၄ နာရီခွဲအချိန်တွင် KIA
တပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်းတိုက်


ခိုက်ခဲ့ကြောင်း ကာမိုင်းမြို့ဒေသခံများထံမှ သတင်းရရှိသည်။

ကာမိုင်းမြို့ အနောက်ဘက်ခြမ်းမှ KIAတပ်ဖွဲ့များချီတက်လာပြီး ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ကာ တစ်ဘက်နှင့်တစ်ဘက် နာရီဝက်ခန့် လက်နက်တိုက်ခိုက်ပစ်ခတ်သံများကြားခဲ့ရသည်။ ကာမိုင်းမြို့အထွက် တံတားကိုလည်း မိုင်းခွဲ၊မိုင်းထောင်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် KIA တပ်ဖွဲ့များမှာ မြို့ထဲမှ ပြန်လည်ထွက်ခွာသွားကြကြောင်း မြို့ခံများက ပြောကြားသည်။

အသေအပျောက်နင့် ပျက်စီးဆုံးရှုံးမှုအတိအကျမသိရသော်လည်း ရဲစခန်းလက်နက်တိုက်ရှိ လက်နက်များအားလုံး KIA အဖွဲ့က ယူဆောင်သွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဆွေမျိုး သူနာပြုဆရာမတစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ အနည်းဆုံး လူ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် လူနာ ၂ ဦးကို မိုးကောင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း ဒေသခံများကြား သတင်းထွက်ပေါ်နေသည်။

သို့သော် ယခုအချိန်ထိ သက်ဆိုင်ရာမှ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိရန် 7Day News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ရဲစခန်းတွင် စခန်းမှူးအပါအ၀င် အင်အား ၁၇ ဦးသာရှိပြီး၊ ထိုသို့ဖြစ်ပွားပြီးနောက် အချိန်အတော်ကြာအထိ ဒေသခံများ အိမ်ပြင်မထွက်ရဲကြသလို တံတားပေါ်တွင် မိုင်းထောင်ထားသည်ဟူသောသတင်းကြောင့် နေ့လည် ၁၀ နာရီခွဲအချိန်ခန့်အထိ ဖားကန့်မြို့သို့ သွားရောက်မည့်ခရီးသည်များ ကာမိုင်းမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများကပြောသည်။

ကာမိုင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၆ နာရီကျော်အချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးများ ၁၀ချက်ခန့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဖားကန့်မြို့ခံများကဆိုသည်။

ရက်သတ္တပါတ်အတော်ကြာ နယ်မြေငြိမ်သက်နေသလို ခရစ်စမတ်ကာလ ပြီးဆုံးချိန်အထိ နယ်မြေတည်ငြိမ်ဆေးချမ်းမည်ဟု ဒေသခံများကမျော်လင့်ခဲ့ကြသော်လည်း ယခုကဲ့သို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာ၍ ဒေသခံများ စိုးရိမ်ပူပန်လာကြောင်း ဖားကန့်မြို့ခံများကပြောသည်။

7 Day News

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...