ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ကန့်ကွက်တဲ့အတွက်
ရွေးချယ်ပွဲ ပျက်သွားတာနဲ့ ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ်
ပြည်သူ့လွှတ်တော်အမတ်ကို အမတ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ထိ ဆက်လက်
ဆောင်ရွက်သွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကိုထွန်းထွန်းကျော်က RFA ကို
ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသူတွေဟာ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းထိပ်ကနေ အထက်ကြည့်မြင်တိုင်လမ်း၊ အောက်ကြည့်မြင်တိုင်လမ်း။ သီတာလမ်း၊ ကမ်းနားလမ်း၊ ဗားကရာလမ်းထိ တစ်နာရီကျော်ကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
ဒီကနေ့ ကြည့်မြင်တိုင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တွေက ကန့်ကွက်ရှုတ်ချဆန္ဒပြတာဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး၊ဒီဆန္ဒပြပွဲကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
RFA news

0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group