ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ်
Ekmeleddin Ihsanoglu ဦးဆောင်သည့် OIC နိုင်ငံခြားရေးဝန်ကြီးများ
ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ မကြာမီ လာရောက် လည်ပါတ်ရန်ရှိကြောင်း
သိရသည်။
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ
လာရောက်ရခြင်းဖြစ်ကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် OIC
အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်သည်ဟု Arab News တွင် ဖော်ပြပါရှိသည်။
အီဂျစ်နိုင်ငံ၊
ကိုင်ရိုမြို့တွင် ကျင်းပမည့် OIC အစည်းအဝေးပွဲတွင် ဆီးရီးယား၊
ပါလက်စတိုင်း၊ မြန်မာနှင့် အစ္စလာမ် မုန်းတီးမှု အရေးကိစ္စရပ်များကို
ထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။
သမ္မတ ဦးသိန်းစိန် က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့က ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း
ပဋိပက္ခများ စတင်ဖြစ်ပွားပြီးနောက် သြဂုတ်လဆန်းပိုင်းတွင် OIC ၏
ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet
Davutoglu ဦးဆောင်သည့် အဖွဲ့ မြန်မာနိုင်ငံသို့
ရောက်ရှိလာကာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့လည်း သွားရောက် လေ့လာခဲ့ကြသည်။
နိုဝင်ဘာ
လလယ်က ကျင်းပခဲ့သည့် OIC ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ ၏ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသား
အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် ဒုက္ခသည်များ အမြန်ဆုံးပြန်လာနိုင်ရေး
အတွက် ပိုမိုကြိုးစားအားထုတ်ကြရန် အဖွဲ့ဝင် ၅၇ နိုင်ငံအား
တိုက်တွန်းဆော်သြထားဖူးသည်။
မဇ္ဈိမသတင်း
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group