Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 22 December 2012

ရခိုင်ပြည်နယ်တွင် ယာယီစာသင်ကျောင်းများ ဖွင့်လှစ်ရန် စီစဉ်


နယ်မြေမငြိမ်မသက်မှု ဖြစ်ပေါ်နေ သော ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ယာယီစာသင်ကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ပဋိပက္ခဖြစ်ပွားစဉ်က ပိတ်ထားခဲ့ရသော အခြေခံပညာကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ထားခဲ့ပြီးဖြစ်သော်လည်း အချို့ဒေသရှိ အခြေခံပညာကျောင်းများမှာ ဖွင့်လှစ်နိုင်မှု မရှိသေးခြင်းကြောင့် ကျောင်းသားများနစ်နာဆုံးရှုံးမှုမဖြစ်စေရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။
“မဖွင့်နိုင်သေးတဲ့ ကျောင်းတွေက ၆၀ ကျော်၊ ၇၀ နီးပါးရှိနေသေးတယ်။ အဲဒီ ကလေးတွေက ပညာသင်ခွင့် မဆုံးရှုံးရအောင် အတတ်နိုင်ဆုံး ဒေသဆိုင်ရာအစိုးရအဖွဲ့က ယူနီဆက်ဖ်တို့၊ Save The Children ၊ ကုလသမဂ္ဂရဲ့ ထောက်ပံ့မှုနဲ့ စီစဉ်နေကြတယ်။ ကလေးတွေ ကျောင်းမတက်လိုက်ရဘဲနဲ့ တစ်နှစ်ဆုံးရှုံးသွားမှာစိုးလို့ပါ။ ထိုက်သင့်တဲ့ပညာ သင်ကြားပေးနိုင်ဖို့ နည်းလမ်းရှာနေပါတယ်။ ယာယီစာသင်ကျောင်းတွေဖွင့်ပြီး သင်ဖို့၊ လိုအပ်တဲ့ဆရာတွေ ငှားဖို့၊ ငှားတဲ့စရိတ်ကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အင်န်ဂျီအိုတွေက ကူညီလှူဒါန်းမယ်။ အဲဒီနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားနေကြတာပေါ့” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ဒေသတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ယွင်းနေချိန်၌ လုံခြုံရေးအာမခံမှု မပေးနိုင်သော ဒေသများတွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။ တိုင်းရင်းသူဆရာမများသည် လူမျိုးခြားအများစုရှိသော ဒေသများသို့ သွားရောက်ပညာသင်ကြားပို့ချနိုင်ရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံဆရာ၊ ဆရာမများကို ယာယီခန့်ထားခြင်းဖြင့် ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ၎င်းတို့ နှင့် နီးစပ်ရာဒေသများတွင် ယာယီနေရာပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေ၍ လစာခံစားခွင့်ပြုထားပြီး နယ်မြေငြိမ်းချမ်းသွားပါက ပြန်လည်သွားရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိ ရသည်။
အခြားတိုင်းဒေသကြီးနှင့် နှိုင်းယှဉ်လျှင် ကျောင်းထွက်နှုန်း အမြင့်မားဆုံး နေရာ၌ရှိနေသော ရခိုင်ပြည်နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၂၇၀၀ ကျော်ရှိနေပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ငါးသိန်းနီးပါး ပညာသင်ယူလျက်ရှိကာ အကြမ်းဖက်မှုအခြေအနေများကြောင့် ကျောင်းသား သောင်းနှင့်ချီ၍  အခက်အခဲကြုံတွေ့ခဲ့ရသည်။
.7daynewsjourna

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...