ဒီလို မိုင်းခွဲခံရလို့ မီးရထားသံလမ်း ပျက်ဆီးသွားပေမယ့် မန္တလေး -
မြစ်ကြီးနား မီးရထားခရီးစဉ်တွေကို ရပ်ဆိုင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်း
ခုတ်မောင်းသွားမှာ ဖြစ်ပြီး သံလမ်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနီးအနားကနေ
ခရီးသည်တွေကို ရထားဟိုဘက်ဒီဘက် ကူးပြောင်းစီစဉ်ပေးမှာ ဖြစ်တယ်လို့
သိရပါတယ်။ ဒဏ်ရာရမီးရထားဝန်ထမ်း ၃ ဦးကို အခုအခါ
မြစ်ကြီးနားဆေးရုံမှာကုသဖို့ ပို့ဆောင်ထားတယ်လို့
မြစ်ကြီးနားဘူတာရုံပိုင်ကြီးက ဆိုပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ တစ်နှစ်ကျော်ကာလအတွင်း မီးရထားသံလမ်းမိုင်းကွဲမှုတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူတွေကဆိုပါတယ်။
Rfa
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ တစ်နှစ်ကျော်ကာလအတွင်း မီးရထားသံလမ်းမိုင်းကွဲမှုတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူတွေကဆိုပါတယ်။
Rfa
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group