ပြည်သူလူထု ကောင်းစားရေး အတွက် လုပ်ပေးချင်တဲ့ ဆန္ဒ ရှိတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတ ဖြစ်ချင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တနသာင်္ရီတိုင်း ခရီးစဉ် အတွင်းက နောက်ဆုံး မြို့ဖြစ်တဲ့ ကျွန်းစုမြို့ အမှတ် ၄ ရပ်ကွက် မြို့သစ် အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဒီကနေ့ လူထုတွေ့ဆုံပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်းကို ၂ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့သောင်း နဲ့ မြိတ်မြို့တွေမှာ ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီး၊မနက်ဖြန်မှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ မြိတ်မြို့မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်
RFA
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group