Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Tuesday, 25 December 2012

မင်းပြားမြို့နယ်အတွင်းမှရခိုင်များကိုထပ်မံ လိုက်လံဖမ်းဆီးနေ


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်
ရခိုင်တိုင်းရင်းသားများကိုလိုက်လံ
ဖမ်းဆီးနေခြင်းနှင့်ပတ်သက်ပြီး ရခိုင်တိုင်း
ရင်း သားများ ရွာလုံးကျွတ်နီးပါး
ထွက်ပြေးတိမ်းရှောင်နေရတယ်လို့


သိရပါတယ်။ အဓိကတော့ ပန်းမြောင်းဝန်းကျင်က ကျေးရွာသားတွေ ဖြစ်တယ်။

ဖမ်းရတဲ့အကြောင်းကလည်း သရက်အုပ်ကျေးရွာကို မီးရှို့ရာမှာပါဝင်တယ်လို့ ဘင်္ဂလီတွေက စွပ်စွဲထားတာ ကြောင့် ဖြစ်တယ်လို့သိရတယ်။ အဲဒီအတွက်လည်း ပြည်နယ်အစိုးရအနေနဲ့ မီဒီယာတွေကို ပြောတဲ့အထဲမှာ ဘဂ်လီ ၁၀၀ လောက်က စပြီးမီးရှို့ခဲ့တာလို့ ပြောထားပြီးဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

 အဲဒါကို ဒုရဲအုပ် စောရွှေက ဘင်္ဂလီတွေဆီကနေ ငွေ သိန်း ၅၀ ယူပြီး ရခိုင်တွေရှို့တယ်လို့ စွဲချက်ပြန်တင်တယ်။ ဒါကြောင့် ဘင်္ဂလီ တွေကိုခေါ်ပြီး ဘယ်သူပါသလဲလို့မေးတော့ တွေ့ရာလူတွေကို အမည်ပေးလိုက်တယ်။

အဲဒီအမည်ရှိ သူတွေကို အခုလိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။
အဲဒါအပြင် အုပ်ချုပ်ရေးမှူး ၂ဦးဖြစ်တဲ့ ဦးငလုံးချေနဲ့ ဦးမောင်ဆန်းဝင်းကို မျက်မြင်သက်သေအဖြစ် လုပ်ခိုင်းပြီး ရခိုင် တွေရှို့တာဖြစ်တယ်လို့ စစ်တွေမြို့နယ်တရားရုံးမှာ မနေ့က အတင်းအားဓမ္မထွက်ဆိုခိုင်းတယ်လို့ တရားရုံးဆိုင်ရာ လုပ်နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။

 နောက်ပြီး ရခိုင်တွေထဲမှာလည်း ဘယ်သူတွေပါတယ်ဆိုတာကို စာ ရွက်မှာရေးပြီး အဲဒီအတိုင်းထွက်ဆိုခိုင်းတယ်။ ဒါပေမယ့် မနေ့က ဘယ်လို့ ထွက်ဆိုခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

တကယ်တော့ သရက်အုပ်ကျေးရွာမီးရှို့တဲ့ကိစ္စမှာ ဘင်္ဂလီတွေရှို့တယ်ဆိုတာကို အစိုးရအဖွဲ့က ပြောထားပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် အခု ဟာက ဒုရဲအုပ်စောရွှေ က တစ်ကျော့ပြန်တင်ပြခြင်းဖြစ်ပြီး သူဟာလည်းရခိုင်သားတစ် ဦးဖြစ်တယ်။ အခု ပန်းမြောင်းမှာ အသစ်ခန့်အပ်ခြင်းခံရတဲ့ စခန်းမှူးဖြစ်တယ်လို့သိရတယ်။


အစီအစဉ်က တော့ ရခိုင်တွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့အတွက် သက်သေတွေရှာတာဖြစ်ပါတယ်။ ကျေးရွာအုပ် ချုပ်ရေးမှူး ၂ ယောက်ကိုလည်း မျက်မြင်အဖြစ်ဆွဲထည့်တဲ့သဘောဖြစ်ပြီး စာရင်းထဲငါးဆယ်ပါရင် ပါတဲ့လူတွေကို ဖမ်းဖို့ပြောမယ်။ ငွေပေးရင် ပြန်လွှတ်မယ်။

မပေးနိုင်တဲ့လူ ဆယ်ကိုးယောက်လောက်ကို ထောင်ချလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးဖြစ်ပါတယ်။ တစ်ယောက်က တစ်သိန်းဆိုရင်လည်း သိန်းသုံးလေးဆယ်တော့ အသာလေးရမယ်ဆို တဲ့ လုပ်ဇာတ်ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့လည်း မီဒီယာသမားတွေကို ပြောထားပြီးသားကိစ္စကို မမေ့ဘဲ ရခိုင်တွေကို ဖမ်းဆီးနေ တာကို ရပ်ဖို့ ပြောသင့်ပြီလို့ မြင်ပါတယ်။

အခုက အကွက်ဆင်နေတာဖြစ်တယ်။ အခုထိ ဘင်္ဂလီတစ်ယောက်ကိုမှ မဖမ်းဆီးသေးသလို မောင်တောဖြစ်စဉ်မှာလည်းမဖမ်းဘူး။ မြောက်ဦးကိစ္စမှာလည်းမဖမ်းဘူး။ မြောက်ဦးမှာဆိုနေ့ တိုင်း ရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်ခံနေရတယ်။

ဒီလိုလုပ်တာဟာ ပြန်လည်ပြဿနာဖြစ်လာအောင်ဖန်တီးတာဖြစ်တယ်။ နောက်ပြီး မီးလောင်ပြင်မှာ မည်သူမျှ မကျူးကျော်ရဆိုပြီး သရက်အုပ်ကျေးရွာမီးလောင်ပြင်မှာ ဘင်္ဂလီတွေကို နေရာချပေးထားတယ်လို့ သိရပါတယ်။

စည်းကမ်းတွေကို ထိန်းဖို့လိုပြီလို့ ထင်ပါတယ်။ အစိုးရအနေနဲ့ မျက်လုံးဖွင့်ပြီးကြည့်သင့်တယ်။ သရက်အုပ်ရွာမီး လောင်ပြင်မှာ နေရာချထားပေးတာဟာ အစိုးရပြောထားတာနဲ့ ဘာမှမဆိုင်ဘူးဖြစ်နေတယ်။

 ပြီးတော့ အနီးမှာရှိတဲ့ ရခိုင်ရွာသားတွေဟာ ကြောက်လန့်နေကြရတယ်။ လုံခြုံမှုမရှိဘူးလို့လည်း သိရတယ်။ နောက်တစ်ခုကတော့ သရက် အုပ်ပတ်ဝန်းကျင်မှာ နို့သောက်၊ ဒုတ်ထောက်နဲ့ အမျိုးသမီးတွေဘဲကျန်တော့တယ်။

 ဖမ်းမှာကို ကြောက်ပြီး ထွက်ပြေးနေကြရပါတယ်။မတရားမှုအကိုအမြန်ရပ်
တန့်ပေးပါလို့ ပြည်နယ်အစိုးရသိအောင် တင်ပြခြင်းဖြစ်ပါတယ်။

Rakhine Straight Views

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...