Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 22 December 2012

ရခိုင် ပဋိပက္ခ ပုံကြီးချဲ့ မထုတ်လွှင့်သင့်ဟု ကုလသမဂ္ဂဆို


ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော
ပဋိပက္ခအခြေအနေများကိုပုံကြီးချဲ့ထုတ်
လွှင့်မှုများသည် ဒေသခံများ၏ စိတ်ခံ
စားမှုကိုပိုမိုဆိုးဝါးအောင်လှုံဆော်ရာ
ရောက်ပြီး ပြသာနာပိုမိုရှုပ်ထွေးစေနိုင်

သဖြင့်မဟုတ်အမှန် ပုံကြီးချဲ့ထုတ်လွင့်မှုမျိုးကို မလုပ် သင့်ကြောင်း
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ
အကြံပေးအထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားက ပြောကြားသည်။

ကာတာ အခြေစိုက် အယ်ဂျာဇီးယားသတင်းဌာနက ထုတ်လွင့်သော The Hidden
Genocide (ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု) ရုပ် သံနှင့် ပတ်သက်၍
ဒီဇင်ဘာ ၁၉ရက်နေ့ကသတင်းမီဒီယာများ၏ မေးမြန်းမှုကို ၄င်းက ပြန်
လည်ဖြေကြားခြင်းဖြစ်သည်။

“ပုံကြီးချဲ့လွှင့်တာထက် ပဋိပက္ခဖြစ်ပွါးနေတဲ့ ဒေသကိုလာရောက်လေ့လာပြီး
ပြသာနာကို ဖြေရှင်းမယ့် အကြောင်းအရာတွေကို ထုတ်လွှင့်သင့်တယ်“ ဟု
နမ်ဘီးယားက သုံးသပ်သည်။

အဆိုပါ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ
၁၇ရက်နေ့တွင်ရောက်ရှိပြီး ဒီဇင်ဘာ ၁၈နှင့် ၁၉ ရက်နေ့ တို့တွင်
ရခိုင်ပြည်နယ် သို့သွားရောက်လေ့လာခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီကမှု အယ်ဂျာဇီးယား သတင်းဌာနက ထုတ်လွှင့်ခဲ့သော ရုပ်သံမှတ်တမ်းမှာ
ရခိုင်ပြည်နယ် မြေပုံမြို့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီးသတင်းထုတ်လွှင့်မှုနှင့် မြို့ပုံမြို့
တွင် ပဋိပက္ခဖြစ်ပွါးခဲ့သောအခြေအနေကွဲလွဲနေပြီး လုံးဝမှန်ကုန်မှုမရှိကြောင်း နမ်းဘီးယားနှင့်
သတင်းမီဒီယာများကို ရှင်း ပြသည်။

အယ်လ်ဂျာဇီးရား သတင်းဌာနတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍
ရိုဟင်ဂျာဟူသော လူမျိုးကို မျိုးတုံးသတ်ဖြတ်နေသော ရုပ်သံမှတ်တမ်း အစီစဉ်
တစ်ခုကို The HiddenGenocide အမည်ဖြင့် အာရပ်ဘာသာဖြင့် လည်းကောင်း၊
 အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ထုန်လွှင့်ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
သိန်းဌေးကမှု ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ် ဖြတ်မှု မရှိခြင်းကို
ဘင်္ဂါလီလူမျိုးများ၏ လူဦးရေတိုးပွါ့းမှုနှုန်းဖြင့် နှိုင်းယှဉ်ကာ
ရှင်းပြခဲ့သည်။

“ဘင်္ဂါလီ လူဦးရေ ၁၉၈၀ မှာ နှစ်သိန်းခွဲရှိတယ်။ ၂၀၁၂ မှာ ၁၀
သိန်းရှိပါတယ်။ လူမျိုးတုံးသတ် မသတ်ဆိုတာကို ကိုယ့် ဟာကို စဉ်းစား
လို့ရပါတယ်။“ ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခကြောင့် လူပေါင်း (၁၆၇)ဦး၊
ဒဏ်ရာရရှိသူ(၂၂၃)ဦး၊ အိမ်ထောင်စုပေါင်း (၁၆,၉၈ ၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး
အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြသည်။
 
 The Voice Weekly 

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...