လက်ပံတောင်းတောင် အရေး ကြောင့် ၁၁ရက်ကြာမီးလောင်ဒဏ်ရာ ခံစားနေကြရသည့် သံဃာတော် ၅ပါးကို ထိုင်းနိုင်ငံသို့ပို့ဆောင်ကာ ဆေးဝါး ကုသပေးမည်ဖြစ်ကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေး အဖွဲ့ ၏ဦးဆောင်သူဆရာတော်ဦးသု(ခ) ဦးဝိမလထံမှသိရသည်။
''ဦးတိက္ခဉာဏ
ဆိုရင်
ရန်ကုန် ကိုဒီနေ့မနက်ကရောက်တယ်။ ရန်ကုန် ဆေးရုံကြီး မျက်နှာ၊မေးရိုးနဲ့
အရေပြား ဌာနမှာဆေးကုသနေတယ်။ ထိုင်းနိုင်ငံ ကိုသွားဖို့အတွက်
ပက်စပို့၊ဗီဇာတွေ လည်းလုပ် နေတယ်။ နောက်ထပ်သံဃာ တော်တွေကိုလည်း
ထပ်ပြီးထွက်ခွာနိုင် ဖို့စီစဉ်နေတယ်''ဟု အဆိုပါ ဆရာတော်
ကရန်ကုန်မီဒီယာဂရု(ပ်)သို့ ဒီဇင်ဘာ၁ဝရက်နေ့ကမိန့်ကြားသည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေ သောရွှေညဝါဆရာတော် ဦးပညာသီဟက ဒဏ်ရာရသံဃာ၅ပါးကို ထိုင်းနိုင်ငံရှိဆေး ရုံတစ်ခုတွင် တာဝန်ယူကာ အာမခံဖြင့် ကုသပေး မည်ဖြစ်ဆိုသည့်အတွက် ပို့ဆောင်ပေး ရန်စီစဉ် နေကြောင်း အဆိုပါဆရာတော် မှဆက်လက်မိန့်ကြား သည်။
''အခုသံဃာတော်၅ပါးကို တော့ရွှေညဝါဆရာတော်ကထိုင်းနိုင်ငံ
မှာတာဝန်ယူ ကုသပေးမှာဖြစ်ပြီး ကျန်တဲ့ သံဃာတော်တွေ ကိုလည်း ဦးဇင်းတို့
အလှူငွေကောက်ခံရရှိထားတဲ့ ငွေသိန်း ၃၀ဝကျော်ထဲက ဆက်လက် ကုသပေး
သွားမှာဖြစ်ပါတယ်''ဟု ဆက်လက်မိန့် ကြားသည်။
လက်ပံတောင်းတောင်အရေး တွင်မီးလောင်ဒဏ်ရာရခဲ့သည့် သံဃာ တော်များ ကို ပြည်တွင်း ဆရာဝန်ကြီး များ ဖြင့်ကုသပေးနိုင်ကြောင်း ကိုလည်း မန္တလေး ပြည်သူ့ဆေးရုံမှ လက်ထောက်ဆေး ရုံအုပ် ကြီးဒေါက်တာ ဦးဝင်းမောင်မောင်က ပြောသည်။
''ဆေးပညာအရဆိုရင်ဒဏ် ရာရသံဃာတော်တွေထဲကပြင်းထန်တဲ့ သံဃာတော်တွေဆိုရင် ၄၅ရာခိုင်နှုန်း လောက်တော့ ရှိတယ်။ တစ်ပါးနှစ်ပါး လောက်ပဲ အရေပြားအစားထိုးကုသဖို့ လိုအပ်ကောင်းလို အပ်မယ်ဆို ရင်လည်း ပလတ်စတစ် ဆာဂျရီအထူးကု ဆရာဝန် တွေရှိ ပါတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေလည်း ဒီလောက်မညံ့ ကြပါဘူး။ မြန်မာဆရာဝန်တွေနဲ့ ကုသမယ်ဆိုရင်လည်း ပျောက် ကင်း နိုင်ပါတယ်''ဟုယင်းက ရန်ကုန် မီဒီယာ ဂရု(ပ်) ကိုပြန်လည် ရှင်းလင်းပြောကြား သည်။
ဒဏ်ရာရသံဃာတော်များ ကိုထိုင်းနိုင်ငံသို့သွားရောက်ကုသရေး အတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဝန် ကြီးနှင့်လူမှုရေးဝန်ကြီးတို့ကလည်း ကူညီလုပ်ဆောင်ပေးမည်ဟုသိရသည်။
''သံဃာတော်တွေဆေးကုသ နေရတာက ၁၁ရက်ကြာပြီ။ ဦးတိက္ခဉာ ဏဆိုရင် ဆေးကောင်း တွေနဲ့ကုသပေမယ့် အခြေအနေကတိုးတက် မလာတာတွေ့ရ တယ်။ ဒဏ်ရာရသံဃာတော်တွေထဲ မှာလည်း သူကဒဏ်ရာရတာ အဆိုးဆုံးပဲ။ လူနာအခန်းထဲကို ဝင်ထွက်ကြည့် ရှုမှု တွေများတော့ ရောဂါပိုးတွေကြောင့်ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့်စိတ်ချရတဲ့ထိုင်းနိုင် ငံကဆေးရုံ
ဆီကိုကုသ ဖို့စီစဉ်ရတာ ပါ။ လူမှုရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီး တွေကလည်း
ကူညီ ပေးကြမယ် လို့ပြောတယ်။ နောက်ထပ် လနဲ့ချီကုသရမယ့် သံဃာတော်တွေ ကို လည်း
အလှူငွေတွေ ထဲကဆက်လက် ကုသပေးသွား မှာပါ''ဟု ယင်းဆရာတော် ကမိန့်ကြားသည်။
လက်ရှိမန္တလေးဆေးရုံကြီး နှင့်ကန်တော်နဒီဆေးရုံတို့တွင် ကုသနေ သောသံဃာတော်နှင့် လူ စုစုပေါင်း ၆၀ ရှိကြောင်း လက်ထောက်ဆေး ရုံအုပ်ကြီး ထံမှသိရသည်။
ထိုင်းနိုင်ငံတွင်ရောက်ရှိနေ သောရွှေညဝါဆရာတော် ဦးပညာသီဟက ဒဏ်ရာရသံဃာ၅ပါးကို ထိုင်းနိုင်ငံရှိဆေး ရုံတစ်ခုတွင် တာဝန်ယူကာ အာမခံဖြင့် ကုသပေး မည်ဖြစ်ဆိုသည့်အတွက် ပို့ဆောင်ပေး ရန်စီစဉ် နေကြောင်း အဆိုပါဆရာတော် မှဆက်လက်မိန့်ကြား သည်။
''အခုသံဃာတော်၅ပါးကို တော့ရွှေညဝါဆရာတော်ကထိုင်းနိုင်င
လက်ပံတောင်းတောင်အရေး တွင်မီးလောင်ဒဏ်ရာရခဲ့သည့် သံဃာ တော်များ ကို ပြည်တွင်း ဆရာဝန်ကြီး များ ဖြင့်ကုသပေးနိုင်ကြောင်း ကိုလည်း မန္တလေး ပြည်သူ့ဆေးရုံမှ လက်ထောက်ဆေး ရုံအုပ် ကြီးဒေါက်တာ ဦးဝင်းမောင်မောင်က ပြောသည်။
''ဆေးပညာအရဆိုရင်ဒဏ် ရာရသံဃာတော်တွေထဲကပြင်းထန်တဲ့ သံဃာတော်တွေဆိုရင် ၄၅ရာခိုင်နှုန်း လောက်တော့ ရှိတယ်။ တစ်ပါးနှစ်ပါး လောက်ပဲ အရေပြားအစားထိုးကုသဖို့ လိုအပ်ကောင်းလို အပ်မယ်ဆို ရင်လည်း ပလတ်စတစ် ဆာဂျရီအထူးကု ဆရာဝန် တွေရှိ ပါတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေလည်း ဒီလောက်မညံ့ ကြပါဘူး။ မြန်မာဆရာဝန်တွေနဲ့ ကုသမယ်ဆိုရင်လည်း ပျောက် ကင်း နိုင်ပါတယ်''ဟုယင်းက ရန်ကုန် မီဒီယာ ဂရု(ပ်) ကိုပြန်လည် ရှင်းလင်းပြောကြား သည်။
ဒဏ်ရာရသံဃာတော်များ ကိုထိုင်းနိုင်ငံသို့သွားရောက်က
''သံဃာတော်တွေဆေးကုသ နေရတာက ၁၁ရက်ကြာပြီ။ ဦးတိက္ခဉာ ဏဆိုရင် ဆေးကောင်း တွေနဲ့ကုသပေမယ့် အခြေအနေကတိုးတက် မလာတာတွေ့ရ တယ်။ ဒဏ်ရာရသံဃာတော်တွေထဲ မှာလည်း သူကဒဏ်ရာရတာ အဆိုးဆုံးပဲ။ လူနာအခန်းထဲကို ဝင်ထွက်ကြည့် ရှုမှု တွေများတော့ ရောဂါပိုးတွေကြောင့်ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့်စိတ်ချရတဲ့ထိုင်းနိုင်
လက်ရှိမန္တလေးဆေးရုံကြီး နှင့်ကန်တော်နဒီဆေးရုံတို့တွင် ကုသနေ သောသံဃာတော်နှင့် လူ စုစုပေါင်း ၆၀ ရှိကြောင်း လက်ထောက်ဆေး ရုံအုပ်ကြီး ထံမှသိရသည်။
ကျော်သူ yangone media
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group