ရန်ကုန်၊ ဒီဇင်ဘာ ၁၀။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အင်းလျား လိတ်ဟိုတယ်တွင် ကျင်းပသော အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက
မိန့်ခွန်းပြောကြားရာတွင် “ကျွန်တော်တို့ရဲ့အမကြီး
ဒေါ်အောင်ဆန်းစုကြည်”ဟု ထည့်သွင်းကာ ခေါ်ဝေါ်သုံးနှုန်း ခဲ့သည်။
“အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တိုင်းပြည်တွင်း ပြုပြင်
ပြောင်းလဲရေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ယခုအခမ်းအနားမှာ ထူးခြားမှု တွေရှိနေတယ်လို့ ပြောကြားလိုပါ တယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က အမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို အခမ်းအနားမျိုးကို အတူတက်ရောက်ခွင့်ရလိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်နိုင်ခဲ့ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားသည်။
ယင်းအပြင် အခြားသော နိုင်ငံရေးခေါင်းဆောင်များကိုလည်း အသိအမှတ်ပြု ထည့်သွင်းပြောကြားသွားခဲ့ရာ “ထို့အတူ ကျောင်းသားခေါင်းဆောင်များ
ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့တွေဟာလည်း အရပ်ဘက် အဖွဲ့အစည်းများကို ဦးဆောင်ပြီး ပြည်သူများအကျိုးကို သယ်ပိုးပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးဟာ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ရှမ်းတိုင်းရင်းသားဖိုရမ်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကျင်းပခဲ့ပါသေးတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။
ဆုဝေ
The Myanma Age
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group