Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Wednesday, 12 December 2012

အလှမ်းဝေးသော နေရာများသို့ မြင်ရသည့် CCTV ယခုနှစ်မကုန်မီ ရန်ကုန်တွင် တပ်မည်”

မီးလောင်မှုဖြစ်ပွားပါက အချိန်မီသိရှိနိုင်ရေး အတွက် ၅ မိုင်အကွာမှ လှုပ်ရှားမှုမှန်သမျှကို ပြတ်သားစွာ ဖော်ပြပေးနိုင်သည့် CCTV ကင်မရာ များကို ရန်ကုန်မြို့ နေရာ လေးခုတွင် တပ်ဆင်သွားမည်ဟု မီးသတ်ဦးစီးမှ သိရသည်။
ရန်ကုန်မြို့၌ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသိရှိနိုင်စေရေးနှင့် မီးလောင်မှုအား လျင်မြန်စွာငြှိမ်းသတ်နိုင်ရေး အတွက် မြို့တွင်းနေရာ လေးခုတွင် CCTV ကင်မရာများ အား ယခုနှစ်မကုန်မီ အပြီးသတ်တပ်ဆင် သွားမည်ဟု မီးသတ်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
လတ်တလော၌ မီးလောင်မှုဖြစ်ပွားပါက မီးလောင်မှုဖြစ်ပွားသော နေရာအနီး တစ်ဝိုက်တွင် နေထိုင်သူများက အကြောင်းကြား၍သာ သိရှိရသည့်အတွက် အချိန်အားဖြင့် နောက်ကျမှုရှိခြင်း၊ မီးလောင်မှုပမာဏ ပိုမို ကြီးထွားလာရခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ ယခု CCTV ကင်မရာများ တပ်ဆင်ပြီးပါက မီးခိုးထွက်သောနေရာကို အဆိုပါ ကင်မရာများမှတစ်ဆင့် မီးလောင်မှုဟုတ်၊ မဟုတ်သိရှိနိုင်မည်ဖြစ်သောကြောင့် သတင်းပေးချက်ကို စောင့်ဆိုင်းစရာမလိုဘဲ အချိန်မီသွားရောက် ငြှိမ်းသတ်နိုင်မည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
”အခုတပ်မယ့် CCTV ကင်မရာတွေက မီးပွိုင့်တွေမှာ တပ်ထားတဲ့ CCTV ကင်မရာလိုမျိုးမဟုတ်ဘူး။ ဒီကင်မရာတွေက ၃၆ဝ ဒီဂရီလှည့်ပတ် နိုင်တယ်။ ဒီကင်မရာတွေကို မီးလောင်မှုတစ်ခုတည်းမှာသာမကဘူး။ အခြား ဒုစရိုက်နှိမ်နှင်းရေးလုပ်ငန်းတွေမှာလည်းသုံးလို့ရတယ်”ဟု ၄င်းက ဆိုသည်။
အဆိုပါ ကင်မရာများအား ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်၊ ဘုရင့်နောင်လမ်းရှိ ဘုရင့်နောင်တာဝါ၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ဆက်သွယ်ရေးရုံး တာဝါတိုင်နှင့် ရန်ကင်း ဘောက်ထော်လမ်းရှိ မြဝတီ ရုံးတို့၌ ယခုနှစ်မကုန်မီ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

popularmyanmar

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...