Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Friday, 14 December 2012

ရခိုင်အရေးနှင့် ဆက်စပ် ဖမ်းဆီးထားသူ လူပေါင်း ၁၁၂၁ ဦးရှိ


after-burned-Arakan 
ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်ခဲ့သောရခိုင်-ဘင်္ဂလီ အရေးအခင်းတွင်
 လူပေါင်း ၁၁၂၁ ဦးကို ဖမ်းဆီး ထားသည်ဟု မြန်မာတိုင်းစ်မှ နယ်စပ်ရေး
ရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ကိုးကားပြီး ရေးသား ဖေါ်ပြသည်။

ဖမ်းဆီးထားသူများ အထဲတွင် ရခိုင် ၂၃၃ဦး၊  ဘင်္ဂလီ ၈၄၉ ဦး၊ ဟိန္ဒူ ၂၇ ဦး၊ မာရမာကြီး ၄ ဦးနှင့် မြန်မာ ၈ ဦးဖြစ်ပြီး မြို့နယ် ၁၂ မြို့နယ်ကဟု ဖေါ်ပြသည်။

ဇွန်လနှင့် အောက်တိုဘာလအတွင်း ပဋိပက္ခ အတွင်း လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ရာချီသော လူများ သေဆုံးခဲ့သည်ဟုဆိုသည်။ ၎င်းပြင် တုတ်၊ ဓါး လက်နက် ၄၈၀၂ ခုကို မြို့နယ် (၁၁) ခုမှ ဖမ်းဆီးမိခဲ့သည်ဟု ပြောသည်။ ဖမ်းဆီးမိသော လက်နက်များမှာ သေနတ်၊ ဓါး၊ လှံ၊ ဒူးလေး၊ မျှား၊ လေးဂွနှင့် မှိန်းတို့ ဖြစ်ကြသည်။

၎င်းလက်နက်များကို ဒေသခံများက ရိုးရာ အစဉ်အလာအရ အမဲလိုက်ရာတွင် အသုံးပြုကြသည်ဟု ဆိုသည်။

အမဲလိုက် သေနတ်များကို လူတချို့ပိုင်ဆိုင်ကြသည်မှာ အဆန်းတကြယ် မဟုတ်သော်လည်း အဆိုပါ လက်နက်များကို ရခိုင်တွင်ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူအတွင်း အသုံးပြုခဲ့ကြသည်ဟု ဗိုလ်ချုပ်သိန်းဌေးက ပြောဆိုသည်။
တရားဥပေဒ စိုးမိုးရေး အတွက် အဆိုပါလက်နက်များကို သိမ်းယူရခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အဆိုပါ ကိန်းဂဏန်းများကို ဒီဇင်္ဘာလ ၈ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်ဟု မြန်မာတိုင်းစ်က ဆိုသည်။

ရခိုင်-ဘင်္ဂလီ အရေးအခင်းတွင် လူ ၂၀၀ သေဆုံးပြီး အိမ်ပေါင်း ၁၀၆၈၉ လုံး၊ ဗလီ ၄၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း၊ မူလတန်းကျောင်း ၃ ကျောင်းလည်း မီးရှို့ခံခဲ့ရသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...