Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Friday, 14 December 2012

သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး


အမေရိကန်ပြည်ထောင်စု Connecticut
 ပြည်နယ်မှာ သေနတ်သမားတဦး
က စာသင်ကျောင်းတခုကို
ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

ခဲ့တာကြောင့် ၊ ကလေး အယောက် ၂၀ နဲ့ လူကြီး ၆ ယောက်သေဆုံးခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံး ကွဲကြေသွားတဲ့အထိ ခံစားရပါတယ်လို့ အမေရိကန်သမ္မတအိုဘားမားက မျက်ရည်လည်ရွဲ နဲ့ အမေရိကန်ပြည်သူလူထုကို သောကြာနေ့ကပြောလိုက်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း သေနတ်သမားလည်း သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ် အပေါ်မှာ တနိုင်ငံလုံး ၀မ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အပါအ၀င် အစိုးရအဆောက်အအုံတွေကို အလံတိုင်ဝက်လွှင့်ထူခဲ့ပြီးတဲ့နောက် ၊ သမ္မတအိုဘားမားက ပြောကြားလိုက်တာဖြစ်ပါတယ်။ နယူးယောက်မြို့မြောက်ဘက် မိုင် ၁၀၀ လောက်မှာရှိတဲ့ Newtown မြို့ မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ နာရီပိုင်းအကြားမှာ သမ္မတအိုဘားမားက ပြောကြားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေထဲက အများစုဟာ အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြားမှာရှိတဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ ဒီကလေးငယ်တွေမှာ အနာဂတ် ကြီးကြီးမားမားရှိနေတာပါဆိုပြီး သမ္မတအိုဘားမားက ပြောပါတယ်။ မနေ့နေ့လည်ပိုင်းမှာတော့ ဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့နေရာတခုလုံး လုံလုံခြုံခြုံရှိသွားပါပြီလို့ Connecticutပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မနေ့ မနက်ပို်င်း ၉ နာရီခွဲအကျော်မှာပဲ ၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေကို ရဲဘက်က စသိခဲ့တယ်လို့ ပြောပါတယ်။ သိသိချင်းပဲ ရဲတပ်ဖွဲ့က အဲဒီနေရာကို သွားပြီး ကျောင်းတွင်းကို ၀င်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ကလေးငယ် ၁၈ ဦးနဲ့ လူသတ်သမားအပါအ၀င် လူကြီး ၆ ဦးကို ကျောင်းတွင်းက အခန်း ၂ ခုမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ နောက်ကလေးငယ် ၂ ဦးကတော့ ဒဏ်ရာနဲ့ ပဲ ဆေးရုံမှာ သေဆုံးသွားပါတယ်။

VOA (မြန်မာပိုင်း)

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...