နိုဝင်ဘာ(၂၉)ရက်နေ့ညပိုင်းက လက်ပန်းတောင်းတောင်းတောင်ကြေးနီ သတ္ထုတူးဖော်ရေးစီမံကိန်းကြီးရပ် ဆိုင်း ရေးအတွက် ဆန္ဒပြမှုတွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွဲနှိမ်နင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော ဆရာတော်သံဃာတော်များအား လိုအပ်သည့်ဆေးဝါးများဝယ်ယူကုသရန်အ တွက် အလှူငွေ(၂၅)သိန်းကျပ်တိတိလှူဒါန်းခဲ့သည်။
“ဘုန်းကြီးက ရန်ကုန်တရားပွဲတစ်ခုကနေအပြန်ကား ပေါ်မှာ ကပ္ပိရကသူ့ရဲဟမ်းဖုန်းနဲ့အင်တာနက်သုံးနေပြီး မုံရွာ မှာဖြစ်နေတာတွေကိုပြတယ်။မြင်မကောင်းရှု့မကောင်းတွေ့ရတော့ ဘုန်းကြီးတော်တော်လေးစိတ်မကောင်းဖြစ် သွားတာနဲ့ ဒါနဲ့မုံရွာကိုကြွလာတာ။
အခုလိုလက်တွေ့မြင်လိုက်ရတော့ပို ပြီးစိတ်မကောင်းဖြစ်မိတယ်။ကိုယ် တော်တို့ ရေနဲ့တော့ဘဲပက်တာပါ ဒါပေမဲ့ ပက်တဲ့ရေက ငရဲပြည်ကရေတွေဖြစ်နေတယ်။ကိုယ်တော်တို့အနေနဲ့အခု မီးလောင်ခံထားရတဲ့သင်္ကန်းတွေကို သေသေချာချာသိမ်းကြပါ။ကမ္ဘာကျော်သင်္ကန်းတွေပါ။တန်ဘိုးအလွန်ရှိတယ်။ အဖိုးဖြတ်လို့မရအောင်တန်တယ်။ ဘုန်းကြီးမှာတောင်ဒီလိုသင်္ကန်းမျိုးတစ်စုံမှမရှိဘူး”ဟုလည်း မုံရွာဆေးရုံကြီးတွင်တက်ရောက်ကု သနေသောဆ ရာတော်သံဃာတော်များကို မိန့်တော်မူခဲ့ပါသည်။
အဆိုပါလှူဒါန်းငွေ(၂၅)သိန်းကျပ် အား လက်ပန်းတောင်းတောင်ကယ်တင်ရေးကော်မတီမှ ကော်မတီဝင်တစ်ဦး က မုံရွာပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးရုံခန်းတွင်လက်ခံ ရယူခဲ့ပါသည်။

“ဘုန်းကြီးက ရန်ကုန်တရားပွဲတစ်ခုကနေအပြန်ကား
အခုလိုလက်တွေ့မြင်လိုက်ရတော့ပို
အဆိုပါလှူဒါန်းငွေ(၂၅)သိန်းကျပ်
Posted in: ပြည်တွင်းသတင်း
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group