Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Wednesday, 12 December 2012

ဦးသိန်းစိန်ပုံကို ဘူးသီးတောင်ပညာရေးရုံးက မယူမနေရ ရှစ်ထောင်ကျပ်ဖြင့် ရောင်းနေ


 ဘူးသီးတောင်မြို့နယ်၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများသည် ယနေ့ နိုဝင်ဘာလကုန်ရက် ဝန်ထမ်းလစာများ ထုတ်ယူရာ၌ လစာငွေဖြတ်တောက်ရခြင်း နှင့် နိုင်ငံတော်သမ္မတ၏ ဓါတ်ပုံတစ်ပုံစီ ကို ငွေကျပ် ရှစ်ထောင်နှုန်းဖြင့် မယူမနေရ ရောင်းချခြင်းတို့ကြောင့် ၀ယ်ယူရသူ ၀န်ထမ်းများက မကျေမနပ် ဖြစ်လျက်ရှိကြသည်။
ယနေ့ လစာငွေဖြတ်တောက် ခံရခြင်းနှင့်ပတ်သက်၍ အမည်မဖေါ်လိုသူ ကျောင်းအုပ်ဆရာကြီးတစ်ဦးက “မူလတန်း ကျောင်းဆရာ ဆရာမတစ်ဦးကို အားကစားကြေးဆိုပြီး နှစ်ထောင့်ငါးရာကျပ် ဖြတ်ယူပါတယ်။ အလယ်တန်းပြ၊ မူလတန်းကျောင်းကနေ အထက်ပိုင်းကို သုံးထောင်ကျပ်စီ ဖြတ်ယူပါတယ်။

နောက်ပြီး မူလတန်းလွန်ကျောင်းတို့၊ အလယ်တန်း ကျောင်းခွဲတို့ ဆိုရင် နိုင်ငံတော်သမ္မတဓါတ်ပုံတစ်ပုံကို မယူမနေရ ထုတ်ပေးပါတယ်။


အဲဒီဓါတ်ပုံ အတွက် ရှစ်ထောင် (၈၀၀၀)ကျပ်ကို လစာကနေ ဖြတ်ပါတယ်။ ကျွန်တော် က ကျောင်းအုပ်ဖြစ်တဲ့အတွက် စုစုပေါင်း တစ်သောင်းတစ်ထောင် အဖြတ်ခံခဲ့ရတယ်” တစ်ဦးက Coral Arakan အားရှင်းပြပါသည်။

အခြားကျောင်းအုပ်ဆရာတစ်ဦးကလည်း “တကယ်လို့ ရုံးတိုင်း၊ ကျောင်းတိုင်းမှာ နိုင်ငံတော် သမ္မတဓါတ်ပုံကို ချိတ်ရမယ်ဆိုရင်လည်း အဲဒီကုန်ကျစရိတ်ကို ဌာန ဘတ်ဂျက် ခွဲဝေတဲ့အထဲကပဲ ကျခံသင့်ပါတယ်။

အခုလိုမျိုးကြီး လစာထဲက ဖြတ်တောက်တာတွေ လုပ်တာမျိုးကျတော့ ကျွန်တော်တို့တွေ ရဲ့ သမ္မတ အပေါ်လေးစားချစ်ခင်မှုကို အသုံးချပြီး စီးပွါးရေး လုပ်စားသလိုမျိုး ဖြစ်နေတယ်ဗျာ။ တကယ်လို့ ရောင်းချမယ်ဆိုရင်လည်း ငွေကြေးတတ်နိုင်ပြီး နိုင်ငံတော် သမ္မတ ဓါတ်ပုံ လိုချင်တဲ့ သူတွေကို ရောင်းပေါ့ဗျာ။ အခုလိုမျိုး ငွေတစ်သောင်းကျော်လောက် လစာထဲက ပါသွားတယ် ဆိုတာ ကျောင်းဆရာတစ်ယောက်အတွက် တော်တော်ကိုများတဲ့ ပမာဏပါပဲ။ ကျွန်တော်တို့ နိုင်ငံတော်သမ္မတကို တကယ်ချစ်ခင်လေးစားပါတယ်။ ဒါပေမဲ့ ပိုက်ဆံတော့ မတတ်နိုင်ဘူးဗျ” ဟု ပြောပါသည်။

“မကြေနပ်မှုကို တိုင်ကြားရင် စစ်ဆေးရေးအဖွဲ့ လာမယ်။ စစ်ဆေးဆိုတာ လုပ်မယ်။ ပြီးရင် ပေးတာယူပြီးပြန်မယ်။ တိုင်တဲ့လူက ဘာမှ အကျိုးမထူးဘူး။

လကုန်ရင် စစ်ဆေးရေးအဖွဲ့ အတွက် ကုန်ကျစရိတ်ဆိုပြီး လစာထဲက အဖြတ်ခံရဦးမယ်။ ပြီးရင် တိုင်တဲ့သူပဲ နေရာပြောင်းရတာတို့ ဘာတို့လိုမျိုး အရေးယူတာခံရဦးမယ်။ များများတိုင်ရင် လစာများများ အဖြတ်ခံရမှာမို့ မတိုင်ရဲတော့ဘူး” ဟု ဆရာမ တစ်ဦးက ရင်ဖွင့် သည်။

ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးသည် ဌာနဆိုင်ရာရုံးများအနက် ဝန်ထမ်း အချင်းချင်း မောက်မာစွာ ဆက်ဆံခြင်း၊ လစဉ် လစာထဲမှ အကြောင်း အမျိုးမျိုးပြ လစာငွေ ဖြတ်တောက်ခြင်းများကြောင့် နာမည်ကျော်ကြားနေသော ဌာနတစ်ခု ဖြစ်သည် ဟု နီးစပ်သူအချို့က မှတ်ချက်ပေးကြသည်။

(ဗေဒါပျံ ရေးသားပေးပို့သည်။)

Coral Arakan News
https://www.facebook.com/CHITTHUCO မှကူးယူဖော်ပြသည်

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...