Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 15 December 2012

ဒုတိုင်းမှူး၏ ၀င်ရောက်စွက်ဖက်မူကြောင့် အကြမ်းဖက်သူများကို ဖမ်းဆီးတရားစွဲဆိုရန် အခက်ကြုံ


9ug0xsရခိုင်ပြည်နယ် မောင်တောမြို့
နယ်တွင် ဇွန်လ အတွင်းက ဖြစ်
ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ
အတွင်း ဖမ်းဆီး ခံထားရ သူများ
ကို အနောက်ပိုင်းတိုင်း


 ဒုတိုင်းမှူးက အပြစ်မရှိဟု ဆိုကာ ထောက်ခံချက်များ ပေးပြီး လွှတ်ပေးရန် ဖိအားပေးနေသဖြင့် ရဲတပ်ဖွဲ့ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲ ဖြစ်ပေါ် နေသည်ဟု သိရသည်။


အမည်မဖေါ်လိုသူ မောင်တောမြို့မှ ရဲအရာရှိ တစ်ဦးက ယခုကဲ့သို့ ဒုတိုင်းမှူးက စာရေး ထောက်ခံချက်ပေးပြီး တရားခံများကို လွှတ်ခိုင်းနေသဖြင့် မောင်းတောမြို့နယ်တွင် ဖမ်းဆီးခံထားသူများ အားလုံးကို လွှတ်ပေးရမည့် အခြေအနေ ဖြစ်နေသည်ဟု ပြောသည်။

“ ကျွန်တော်တို့က အခု စိုးရိမ်လာတယ်။ နောက်ဆိုရင် ပြဿနာဟာ ရဲအရာရှိတွေရဲ့ ခေါင်းတွေပေါ် ပုံကျလာနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ကို ဖိအားပေးလာတာတွေများလာတယ်။

ဒါကြောင့် အမူတွေကို မစစ်ဆေးဘဲ အားလုံးကို လွှတ်ပေးရမလို ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။
မောင်တောမြို့နယ် အတွင်း ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ပါဝင်သူဟု သင်္ကာမကင်းသူ ဘင်္ဂလီ လူမျိုး ၆၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း သူက ပြောသည်။

အနောက်ပိုင်း တိုင်းမှူး၏  ထောက်ခံချက်ထဲတွင် မည်သူသည် အပြစ်မရှိကြောင်း၊ မည်သူက အရေးအခင်းတွင် ဘာမှ ပတ်သက်မူ မရှိကြောင်း ပြောဆိုပြီး ထောက်ခံချက်ပေးကာ လွှတ်ပေးရန် ရဲအဖွဲ့အား ဖိအားပေး တောင်းဆိုနေသည်ဟု ဆိုသည်။

“  ဖမ်းဆီးခံထားရတဲ့ မိသားစု ဆွေမျိုးတွေက စစ်တပ်ကို ချဉ်းကပ်တော့ သူတို့က အခုလို ထောက်ခံချက် ပေးပြီး လွှတ်ခိုင်းနေတာ။ နောက်ကွယ်က ဘယ်အကြောင်းအရာတွေ ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ အနောက်ပိုင်းတိုင်း ဒုတိုင်းမှူး အပေါ် စွပ်စွဲ ပြောကြားချက်နှင့် ပတ်သက်ပြီး နိရဉ္စရာက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

သို့သော်လည်း  ချမ်းသာသော မွတ်ဆလင် မိသားစု တချို့သည် သူတို့၏ ဆွေမျိုးတော်စပ်သူများ ဖမ်းဆီးခံနေရရာမှ လွှတ်မြောက်ရန် အတွက် စစ်တပ် အရာရှိများကို နည်းမျိုးစုံဖြင့် ချဉ်းကပ် ကြိုးစား နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်အရ သိရသည်။

ထိုသို့ လွှတ်မြောက်ရာတွင် ကျပ်ငွေ သိန်း ရာဂဏန်းထိ ပေးကမ်း အသုံးပြုနေသူများလည်း ရှိသည်ဟု အဆိုပါ သတင်း ရပ်ကွက်က ပြောသည်။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...