Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 15 December 2012

အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံ


နိုင်ငံတော်အစိုးရက ယနေ့မွန်း
လွဲ ၂ နာရီတွင် မဟာအတုလဝေယံ
(အတုမရှိ)ကျောင်းတော်ကြီး၌ ပြု
လုပ်ခဲ့သည့် ၀န်ချတောင်းပန်သော
 အခမ်းအနားမှာ


ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက
 ကျေနပ်လက်ခံခဲ့ကြသည်။

အခမ်းအနားတွင် မဟာဂန္ဓာရုံကျောင်းတိုက် ဒုတိယနာယကချုပ် ဆရာတော်က ငါးပါးသီလချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အစိုးရအဖွဲ့က သံဃာတော်များ
ကိုတောင်းပန်သော တောင်းပန်ချိုးကို ဆရာတော်ဝီရသူက တိုင်ပေးကာ
အစိုးရအဖွဲ့ဝင်များက လိုက်ဆိုကြသည်။

 ကန်တော့ချိုးမှာ "အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါသည်။

 အရှင်ဘုရား ထိုတပည့်တော်တိုးအား သံဃာတော်သည် နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား" ဟု၍ ဖြစ်သည်။ နိုင်ငံတော်အစိုးရကိုယ်စား သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များကို တောင်းပန်ကြောင်း ထပ်မံလျှောက်ထားခဲ့သည်။

 ထို့နောက် မုံရွာမြို့မှ ဇောတိကရာမကျောင်းထိုင်ဆရာတော်၊ မြို့မဂါတ်ကျောင်းဆရာတော်၊ ဂဠုန်နီဆရာတော်ဦးက၀ိရတို့က သြ၀ါဒစကားမိန့်ကြားခဲ့သည်။

ဂဠုန်နီဆရာတော်ဦးက၀ိရက အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များအနေဖြင့် ကျေနပ်ပါက သာဓုခေါ်ရန် မိန့်ကြားသောအခါ အခမ်းအနားတက်ရောက်လာသော သံဃာအားလုံးက သာဓုခေါ်ကြသည်။

အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များက ကျေနပ်ပြီဖြစ်သည့်အတွက် သံဃာတော်များက ဆန္ဒပြမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ဂဠုန်နီဆရာတော်ဦးက၀ိရက 7Day News သို့ မိန့်ကြားသည်။

 ထိုအခမ်းအနားတွင် ဒဏ်ရာပြင်းထန်သော သံဃာလေးပါးကို နိုင်ငံခြားသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုပေးရန် ဂဠုန်နီဆရာတော်ဦးက၀ိရက မိန့်ကြားရာ၌ ၀န်ကြီးဦးလှထွန်းက အဆိုပါသံဃာလေးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံခြားသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။


7  Day News




0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...