Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 10 December 2012

ကြေးနီတောင် စီမံကိန်းသပိတ်စခန်းမှာ ဒဏ်ရာရ သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ကုသမည်

မန္တလေးမှာ ဆေးဝါးကုသမူ ခံယူနေကြတဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲမှာ မီးလောင်ဒဏ်ရာရခဲ့ရှိတဲ့ သံဃာတော် ၅ ပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီးဆေးဝါးကုသမူခံယူဘို့ ဆောင်ရွက်နေပါတယ်။


Photo: RFA
latpadaung-injured-mdy-75
ထိုင်းနိုင်ငံကိုပို့ဆောင်မယ့် သံဃာတော်တွေအနက် ဒီကနေ့ ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ ဆရာတော် ဦးသိက္ခဥာဏကို ပထမဆုံးရန်ကုန်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ဆေးဝါးကုသမူအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ဦဇန္ဒက အခုလိုမိန့်ပါတယ်။
သံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒဏ်ရာရရှိကြတဲ့ သံဃာတော်များကို မန္တလေးဆေးရုံကြီးနဲ့ ကန်တော်နဒီ ဆေးကုခန်းတွေမှာ သွားရောက်ကြည့်ရူပြီး ဒဏ်ရာရသံဃာတွေအပြင် သံဃာတွေကိုပြုစုစောင့်ရှောက်နေတဲ့ ဆရာတော်များ အဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့မှာရှိတဲ့အလှူရှင်တွေက ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကတစ်ဆင့် လှူလိုက်တဲ့ အလှူငွေ ကျပ် ၁၄သိန်း ၈သောင်းကို လှူဒါန်းခဲ့ပါတယ်။
ဒီကနေ့ ကန်တော်နဒီ ဆေးခန်းမှာ တက်ရောက်ကုသနေတဲ့ သံဃာတော်တွေထဲက ဒဏ်ရာ သက်သာလို့ သံဃာ ၈ပါးဆေးရုံက ဆင်းခဲ့ပြီး မနေ့က သံဃာ ၁၂ ပါးဆေးရုံက ဆင်းတယ်လို့ သိရပါတယ်။

Rfa သတင်းဌာန

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...