Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Thursday, 13 December 2012

အစိုးရ အတည်ပြုချက် ရလျှင် Visa ကတ် မြန်မာ နိုင်ငံသားများ ပြည်ပတွင် အသုံး ပြုနိုင်မည်



ရန်ကုန်၊ ဒီဇင်ဘာ ၁၃

နိုင်ငံတကာ အီလက် ထရောနစ် ငွေပေးချေခြင်း တစ်ရပ် ဖြစ်သော Visa ကတ် စနစ်ကို မြန်မာ နိုင်ငံသားများ ပြည်ပ တွင် အသုံး ပြုနိုင်ရန် မြန်မာ အစိုးရ၏ အတည် ပြုချက် ရရှိရန်သာ လိုအပ် ကြောင်း Visa မှ ထုတ်ကုန်များ ဖော်ထုတ်ရေး အကြီးကဲ Niki Manby က The Voice Weekly သို့ ပြောကြားသည်။

Visa ကတ်ကို မြန်မာ နိုင်ငံတွင် နိုင်ငံခြားသား များ အသုံး ပြုနိုင်ရေး ကို ပထမ ဦးစားပေး လုပ်ဆောင် နေခြင်း ဖြစ်ပြီး ဒုတိယ အဆင့်တွင် မြန်မာ နိုင်ငံသားများ ပြည်ပတွင် အသုံး ပြုနိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြားသား များ အသုံးပြု နိုင်ရေးမှာ အချိန် အတော်ကြာ ယူရဦးမည် ဟု သမဝါယမ ဘဏ်၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။ ကမ္ဘောဇဘဏ်၊ သမဝါယမ ဘဏ်၊ မြန်မာ အရှေ့တိုင်း ဘဏ်နှင် Visa ကုမ္ပဏီ တို့သည် နိုဝင်ဘာလ ၃ ရက် နေ့တွင် လိုင်စင် သဘောတူ စာချုပ် ရေးထိုး ခဲ့သောကြောင့် မြန်မာ နိုင်ငံ၏ ခရီးသွား လုပ်ငန်း များစွာ အထောက် အကူ ဖြစ်မည် ဖြစ်ကြောင်း Visa ၏ သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။

The Voice Weekly

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...