Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Sunday, 9 December 2012

ရခိုင်မှာစကားရှိတယ်၊စာပေရှိတယ်၊နယ်မြေရှိတယ်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းရှိတယ်

ရခိုင်ပြည်နယ်လာသည့် သူများ
ကို ယဉ်ကျေးမှုကပွဲနဲ့ ဖြေဖျော်
တင်ဆက်ပြီး

 တနေ့ က သတင်းထောက်
တယောက်က ပြောပြတယ် ။


ကုလသမ္မဂက လာတဲ့ အမျိုးသမီးကို သူကမေးလိုက်တဲ့  သတင်းကို ပြောပြတာပါ ။

 မြန်မာနိုင်ငံမှာ သမ္မတ-က-မြန်မာနိုင်ငံမှာ မရှိတဲ့  လူမျိုးကို ဘာဖြစ်လို့  နာမည်ထုတ်ပြီး ပြောရတာလဲလို့  သူမေးခဲ့ တယ်ဆိုတဲ့ အကြောင်း ပြောပြတာပါ။  သူပြောတဲ့ အခါ ဒါကိုရေဒီိယိုကတောင် မလွှင့်သေးပါဘူး ။ ကျွန်တော့်ကို သူပြောပြတော့ ကျွန်တော် စဉ်းစားမိဖြစ်လာပါတော့တယ် ။ 
ခုတော့ အဲဒီသူမေးတဲ့ သတင်းကို လွှင့်လိုက်ပါပြီ ။ ကျွန်တော်စဉ်းစားမိတာတွေ အများကြီးရှိနေပါတော့တယ် ။

    ကမ္ဘာ့ကုလသမ္မဂ ကဘဲလာလာ အမေရိကန်ကဘဲလာလာ တခုခုတော့ သူတို့ သိသွားအောင် လုပ်ဖို့  နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲက ထိတွေ့ ဆက်ဆံ ရင်ဘတ်ထဲဝင်သွားမဲ့ နည်းလမ်းတခုကို စဉ်းစားမိဖြစ်ပါတယ် ။
 တခါတလေမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ရခိုင်သမိုင်းနဲ့ ပတ်သက်တဲ့  စာအုပ်စာတမ်းတွေကို နိုင်ငံခြားက လာတဲ့  သူတွေကို ပေးအပ်ကြတာ ရှိပါတယ် ။ တခါတလေ လူကိုယ်တိုင်တွေ့ ဆုံပွဲလုပ်တာတွေ ရှိပါတယ် ။
 ခုတော့ ရခိုင်အမျိုးသားကွန်ယက်ဆိုတာလဲ ဖွဲ့ စည်းထားပြီဆိုတော့ သက်ဆိုင်ရာကဏ္ဍတွေနဲ့  တာဝန်ခံတွေ့ ဆုံဖို့ လိုအပ်လာတဲ့ အခါ ဆက်သွယ်တွေ့ ဆုံကြဖို့  ဖွဲ့ စည်းထားကြတာရှိနေတာ တွေ့ ရပါတယ် ။
 

    နိုင်ငံခြားက လာတဲ့ သူတွေကို စာအုပ်စာတမ်းတွေ ပေးအပ်ဖို့ နဲ့  လူကိုယ်တိုင်တွေ့ ဆုံဖို့ ဆိုရာမှာ ကြိုတင်စီစဉ်ထားမှုများရှိမှသာ ဖြစ်တတ်တာမို့  တခါတလေမှာ သတိမထားမိလို့  ဘာမှ အလုပ်မဖြစ်ဘဲ လစ်ဟာမှုများ ဖြစ်သွားတတ်ပါတယ် ။ စောစောကပြောသလို ကမ္ဘာ့ကုလသမ္မဂ က လာတဲ့  အမျိုးသမီးလိုဖြစ်သွားတတ်ပါတယ် ။ 
သူတို့ တွေက ပြောချင်ရာ ပြောသွားတော့ ကျွန်တော်တို့  ရင်ထဲမှာသာ အနာတရ ကျန်ရစ်ခဲ့ တတ်ပါတယ် ။ ဒါပေမဲ့ အခုတခေါက်မှာတော့ အဲဒီအမျိုးသမီးကိုယ်တိုင် ရခိုင်လူမျိုးတွေရဲ့  တကယ့်ဖြစ်ရပ်မှန် သမိုင်း သိသွားတယ်လို့  ပြောရင်ရပါတယ် ။

    ဒီတော့ နိုင်ငံတကာက ဘယ်သူမဆို ရခိုင်ပြည်နယ်ကို ခြေချဝင်လာပြီဆိုရင် ရခိုင်ပြည်နယ်အစိုးရက ဧည့်သည်တော်များကို ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ အကအဖွဲ့ များနဲ့  ကပြဖြေဖျော်ပေးဖို့ လိုအပ်လာပြီလို့  ထင်မြင်ယူဆပါတယ်  ။ 
ဒါဟာ ပါးစပ်က စကားလုံးတရာကို ပြောနေတာထက် ယဉ်ကျေးမှုတခုကို ကပြဖြေဖျော်လိုက်တာနဲ့  ဒီလူမျိုးရဲ့  ယဉ်ကျေးမှုစာပေ ဓလေ့ထုံးစံ မည်မျှ ကြွယ်ဝချမ်းသာတယ်ဆိုတာ ချက်ချင်း ရင်ဘတ်ထဲ ၀င်ပြီး သိရှိသွားစေပါတယ် ။   အချိန်ပိုင်းအနေနဲ့  မအားလပ်ဘူးဆိုရင် တောင်မှ ညအိပ်ရပ်နားချိန် တညတာမှာတော့ ဧည့်ခံ ဖြေဖျော်ပွဲ ပြုလုပ်လို့  ရပါတယ် ။
 ဒီ့ နောက်မှာ ရခိုင်သမိုင်းစာအုပ်များ ကို  လက်ဆောင်များ ပေးအပ်ဖို့ လိုပါတယ် ။ အကယ်၍ ရခိုင်ပြည်နယ်အစိုးရက အဲဒီလို မဆောင်ရွက်နိုင်ဘူးဆိုရင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဖြစ်စေ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ များမှဖြစ်စေ အဲဒီလို ဂုဏ်ပြုဧည့်ခံအခန်းအနားများကို ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက် ကူညီပေးရန်လိုအပ်ပါတယ် ။ 
 စစ်တွေလေဆိပ်မှာ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဝင်အမျိုးသမီးတွေက ပန်းစည်းဆက် ကြိုဆိုတာကို တကြိမ်တခါမျှ မမြင်ရသေးဘူးလို့  ပြောရင် ရလိမ့်မယ်ထင်ပါရဲ့ ။

    ကျွန်တော်တို့ ဟာ အခြားသောနိုင်ငံတကာက ဧည့်သည်တော်များကို သိရှိရန်အတွက် မည်သို့ မည်ပုံ ချဉ်းကပ်ပြီး မိမိတို့  သမိုင်းမှန်ကို သိရှိစေဖို့  နည်းလမ်းများကို ချပြနိုင်ဖို့  ဘယ်သို့ ဘယ်ပုံ ဆောင်ရွက်ရမည်ဆိုတာကို ဦးစွာ တွေးတောစဉ်းစားထားရန် အရေးကြီးနေပါပြီ ။ 
ကမ္ဘာကို လှည့်ပတ်ပြီး ကျွန်တော်တို့  နိုင်ငံက ယဉ်ကျေးမှုအဖွဲ့ ဝင်တွေဟာ ကပြဖျော်ဖြေ မသွားနိုင်သေးဘူးဆိုရင် ကျွန်တော်တို့  ရခိုင်ပြည်နယ်ကို လာတဲ့  သူတွေက ခြေချလာပြီဆိုရင် ကျွန်တော်တို့ ရဲ့ ကြီးကျယ်ခန်းနားလွန်းတဲ့  ကြွယ်ဝချမ်းသာတဲ့  ရိုးရာယဉ်ကျေးမှု အ၀န်းအ၀ိုင်းကို ဂုဏ်ကြက်သရေရှိစွာ တင်ပြကြဖို့  လိုပါတယ် ။ 
ရခိုင်မှာ စကားရှိတယ် ။ စာပေရှိတယ် ။ နယ်မြေရှိတယ် ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းရှိတယ် ။ ပထ၀ီနယ်မြေရှိတယ် ။ ရခိုင်လူမျိုးစုနွယ်ရှိတယ် ။ စီးပွါးရေးအချက်အချာ ပြည်နယ်ဖြစ်တယ် ။ ဒါကို သိစေဖို့  လှပသိမ်မွေ့ ပြီး ကြွယ်ဝတဲ့  အနုပညာ အားမန်တွနဲ့  ရခိုင်ကိုအလှဆင်ပေးဖို့  အချိန်ကျရောက်နေပြီဖြစ်ပါတယ် ။


ခိုင်အောင်ကျော် ( နယူးယောက် ) 
  ကူးယူဖော်ပြ http://shwemyanmarmediagroup.blogspot.com/

   

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...