Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Thursday, 13 December 2012

ရခိုင်သံဃာထု လက်ပံတောင်းတောင် ရဟန်း၊ ပြည်သူများနှင့် ထပ်တူ ရှိဟုဆို

မောင်အေး
ရခိုင်သံဃာထုဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရှိနေတယ်လို့ ရခိုင် သံဃာတော်များ စည်းကမ်း ထိမ်းသိမ်းရေးနဲ့ တည်ငြိမ်ရေး အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောပါတယ်။

Photo by RSV
Photo by RSV
ဒီဇင်္ဘာလ ၁၂ ရက်နေ့က စစ်တွေ ဘုရားကြီး ရင်ပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး နိရဉ္စရာက ဆက်သွယ်မေးမြန်းရာမှာ ဆရာတော် ဦးဥာဏက “ ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရခိုင် ရဟန်းတော်တွေ ရှိနေတယ်ဆိုတာကို ပြသလိုတဲ့ အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
စစ်တွေမြို့ အတုမာရဇိန် ဘုရားကြီးမှာ ရခိုင် ရဟန်းတော် (၆၀) ခန့်ဟာ မနေ့  နေ့လည် တစ်နာရီ ခန့်မှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒ ဖေါ်ထုတ်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
“  ဦးဇင်းတို့ ဘုရားကြီး ရင်ပြင်ထဲမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အမြန်ဆုံး ကျန်းမာလာဖို့ ဦးဇင်းတို့ ဆုတောင်း မေတ္တာပို့ခဲ့တယ်” လို့ ဦးဥာဏက ဆိုပါတယ်။
“ ထိခိုက်ခဲ့ရတဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂ္ဂိုလ်တွေနည်းတူ ရခိုင်ပြည်နယ်က သံဃာတော်တွေလည်း ထပ်တူ ထိခိုက် ခံစားရတယ်။ ဒီရဟန်းတော်တွေရဲ့ လုပ်ရပ်ဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ ပြည်သူ ပြည်သားတွေဘက်က ရပ်တည် တောင်းဆို တိုက်ပွဲဝင်တာသာ ဖြစ်တယ်။ ဒီလို ရဟန်းတော် တွေကို  အကြမ်းဖက် ဖြိုခွင်းတာဟာ လုံးဝ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံသစ်ကို လျှောက်လှမ်းစ ပြုနေတဲ့  မြန်မာနိုင်ငံ အဖို့လည်း  ကြီးလေးတဲ့ အဟန့် အတား ဖြစ်စေပါတယ်” လို့ ပြောပါတယ်။
အဲဒီ ဆန္ဒ ထုတ်ဖေါ်ပွဲမှာ အချက် (၆) ချက်ပါတဲ့ တောင်းဆိုချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတောင်းဆိုချက်တွေထဲမှာ အစိုးရက လက်ပံတောင်းတောင် အကြမ်းဖက်မူကို တရားဝင် ၀န်ချ တောင်းပန်ရန်၊ ရဟန်းတော်တွေကို အခမဲ့ လုံလောက်သော ဆေးဝါး ကုသပေးရန်၊ အကြမ်းဖက်မူကို ဦးဆောင်လုပ်တဲ့ တာဝန်ရှိသူ တွေကို အရေးယူ အပြစ်ပေးရန်၊ ဖမ်းဆီးထားတဲ့ သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ ပုသိမ်၊ စစ်ကိုင်းအပါအ၀င် တခြား မြို့ကြီးအတော်များများတွင်လည်း ပြုလုပ်ခဲ့ကြပါတယ်။

narinjara 

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...