Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 17 December 2012

အစိုးရရဲ့ ဆောင်ရွက်မှု သံဃာတွေ စောင့်ကြည့်သွားမည်


မန္တလေးမြို့က ဂဠုန်နီ ဆရာတော်ရဲ့ ငွေငါး ကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတော်တွေကို အစိုးရက ၀န်ချတောင်းပန်တဲ့ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင်သံဃာတော်တွေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆိုထားချက် အားလုံးကို အာဏာပိုင်တွေဘက်က ဖြည့်ဆည်း ဆောင်ရွက်ပေးမှု ရှိ၊ မရှိ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
Photo : RFA/San Oo
မန္တလေးမြို့မှ သံဃာတော်များ ထိုင်သပိတ်စတင်

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်(၃)ချက်ထဲက ပထမဆုံးအချက် ကိုပဲလိုက်လျောမှုရသေးတာဖြစ်ကြောင်း၊ကျန်နှစ်ချက်ဖြစ်တဲ့ သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကိုအရေးယူပေးရေးနဲ့ လက်ပန်တောင်းတောင်အရေးကြောင့် ဖမ်းဆီခံရသူတွေကိုခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့တောင်ဆိုချက်တွေအပေါ် စုံစမ်းရေးကော်မရှင်ရဲ့လုပ်ဆောင်ချက်နဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ၀န်းရံလိုက်ပါခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲကိုဂဠုန်နီဆရာတော်ဦးကာဝိယ၊ဘ၀အလင်းဆရာတော်တွေဖြစ်တဲ့ဦးသောဘိတ၊ ဦးဥတ္တမသာရ အပါအ၀င်ဦးဆောင်ဆရာတော်(၁၂)ပါး၊ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေတက်ရောက်ကြပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ပုဒ်မ(၁၈)ကိုပြင်ပေးရေး၊ ဖမ်းဆီးခံထားရတဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့တခြားအဖွဲ့အစည်းတွေက   ရဲဘော်တွေကိုချက်ခြင်းလွှတ်ပေးရေး၊ တရားမဲ့ဖမ်းဆီးမှုနဲ့ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီတန်းလှည်လည်မှုကြောင့်တရားစွဲခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရားစွဲထားတာတွေကို အမှုပိတ်သိမ်းပေးရေး အချက်တွေပါဝင်တဲ့ သဘောထားကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။
အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်အနေနဲ့ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ(၁၈)ကိုလုံးဝဖျက်သိမ်းတဲ့အထိ
ဆက်လက်တိုက်ပွဲဝင်သွားကြမယ်လို့လည်း သိရပါတယ်
RFA သတင်းဌာန

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...