Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 10 December 2012

(တ တရုတ်ကြီး ဂုတ်ခွစီး).. သင်ပုန်းကြီးဖတ်စာသစ်(သူဝေး)

က ကချင်ပြည် ချင်းချင်းနီ
ခ ခနောက်စိမ်း ၀’ တို့သိမ်း
ဂ ဂရန်မြေ ပြန်ပေးလေ
င ငရဲချိုး ကပ်မယ်မျိုး
စ စခန်းသာ သွေးစီးဖြာ


ဆ ဆရာမ ကျူရှင်ပြ
ဇ ဇရပ်ပုဒ် တို့ရွာလုပ်
ည ညနေခင်း ဗုံးတက်နင်း

တ တရုတ်ကြီး ဂုတ်ခွစီး
ထ ထမင်းရည် လုသောက်နေ
ဒ ဒညင်းသီး ခြောက်စိတ်လှီး
ဓ ဓနရှင် ထိပ်ဆုံးတွင်
န နဖားကြိုး တို့ကိုထိုး




ပ ပထွေးကို ဆီးလို့ကြို
ဖ ဖအေကျ မျက်လွှဲကျ
ဗ ဗလာကျင်း ဆန်အိုးတွင်း
ဘ ဘ၀ဆိုး ကျွတ်နိုးနိုး
မ မကွေးတိုင်း အကြွေးဝိုင်း

ယ ယတိပြတ် မပြောတတ်
ရ ရခိုင်ပြည် အကြမ်းဖက်မည်
လ လစာနှုန်း ဘယ်လိုသုံး
ဝ ၀ရမ်းပြေး တသားမွေး


သ သဝေထိုး ရှေ့မတိုး
ဟ ဟ ဟာဟ ငိုလိုက်ရ
အ အမိမြေ တို့တိုင်းပြည
ငါတို့ ………………….
…………….. ချစ်တဲ့ …မြေ ……………………
(အ အဖေရေ တို့တိုင်းပြည် သင် ထကြည့်လှည့်လေ …….)။

ခင်မောင်ထွေး( မဟာချိုင်း)--

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...