လက်ပံတောင်းတောင် ဆန္ဒပြ
ပွဲနှင့်
ပါတ်သက်၍ အကြမ်း
ဖက်ရက်စက်မှုကား မြင်ရကြား
ရသူအပေါင်းများအတွက် စိတ်မသက်သာစရာဖြစ်သည်
။
ဆန္ဒပြထုတ်ဖေါ်နေသော အိပ်နေသူများကို ပစ်ခတ်ရန် လုံးဝနလန် မထူနိုင်အောင် ပြုလုပ်ခြင်းများကား
ခုအချိန်ထိ မည်သို့ မျှ အရေးယူခြင်းမရှိသေး ။ စင်စစ်အားဖြင့် ယခုဖြစ်စဉ်မှာ စီးပွါးရေးဂယက်များ
အခြေခံနေသည် ။
ထို့ ကြောင့် စီးပွါးရေးပြသနာများကို ဖြေရှင်းနိုင်ရေးအတွက် စီးပွါးရေးသမားများဖက်မှ
အခုလို အကြမ်းဖက် ရပ်တည်ခြင်းသာဖြစ်သည် ။ တိတိကျကျ ပြောရလျှင် စုံစမ်းစစ်ဆေးရေးအဖွဲ
့ကို ဖွဲ့ လိုက်ပြီးပြီ ဆိုပါက ၄င်းအဖွဲ့ မှာ မည်သူ့ ကို စုံစမ်းစစ်ဆေးမည်နည်း ဆိုသော
အကြောင်းက စကားပြောလာသည် ။ ကျွန်တော်ထင်သည် ။
စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် ဆေးရုံရောက်
လူနာများ၊ သက်သေမျက်မြင်များကို စုံစမ်းစစ်ဆေးစေမည့် နှမ်းဖြူးမည့် အခြေခံအချက်အလက်များကို
ဆောင်ရွက်ကြမည်လား ။ တကယ်တမ်းဆိုရလျှင် ဤလက်ပံတောင်းပြသနာသည်
စီးပွါးရေးသမားတို့  တနည်းအားဖြင့် ၀မ်ပေါင်ကုမဏီနှင့် ဦးပိုင် ကုမဏီတို့ ၏ ဂယက်တွေကြောင့်ဖြစ်သည်
။
ဦးပိုင်ကုမဏီနှင့် အိုင်ဗင်ဟိုကုမဏီတို့ ကို ကြားခံပွဲစား ဆောင်ရွက်ခဲ့ သော ဦးတေဇသည်
မြန်မာငွေသန်း( ၅၀ ) ရရှိခဲ့ သော လက်ပံတောင်းတောင် ပွဲစားကြီးဖြစ်သည် ။
ယခုအချိန်တွင်
ငုပ်ကောင်ဖြစ်သော ဦးတေဇက ပျောက်နေသည်။ သို့ ဖြစ်၍ ယခုဖြစ်စဉ်မှာ ငုပ်ကောင်ဦးတေဇကိုသာ
စုံးစမ်းစစ်ဆေးရန်လိုသည် ။ သူမှတဆင့် ဆက်လက်ပြီး ဦးပိုင်ကုမဏီကို စစ်ဆေးရန်သာရှိသည်
။
အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဖွဲ့ စည်းထားပြီဆိုလျှင်
ဒါးခုတ်ရာ လက်ဝင်လျှိုခံသော သူများအဖြစ် မကျရောက်စေရန် ငုပ်ကောင်ဦးတေဇနှင့် မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီ တို
့မှာ အဓိကတာဝန်ရှိသည် ။ ဦးပိုင်ကို န၀တ လက်ထက်ကတည်းကပင် ဖွဲ့ စည်းခဲ့ ပြီး အားလုံးမှာ
စစ်အာဏာရှင်များသာဖြစ်သည် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥသျှောင်ဖြစ်ပြီး ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး
ခင်ဇေါ်ဦးဖြစ်သည် ။ တိကျစွာပြောရလျှင် စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးခံစားမှုသက်သက်သာဖြစ်သည်
။
ဤစစ်ဗိုလ်ချုပ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ေ သာ စုံစမ်းစစ်ဆေးရေးအဖွဲ
့မှ စစ်ဆေး၍ ရနိုင်ပါ့မည်လားဆိုသော မေးခွန်းက ခုအချိန်မှာ ထွက်နေပြီဖြစ်သည် ။
လက်ပံတောင်းတောင်၏
အဓိကပြသနာသည် မြန်မာနိုင်ငံသူနိုင်ငံသားတို့ ၏ မတရားသိမ်းပိုက်ခံရသော လယ်ယာမြေများနှင့်
သဘာဝပတ်ဝန်းကျင်များ ဆုံးရှုံးသွားခြင်းအတွက် သူတို့ ၏ နစ်နာမှုများကို တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည်
။
ထို့ ကြောင့် ၄င်းတို့ ၏ တောင်းဆိုချက်များကို လက်ခံရန်လိုသည် ။ ချဥ့်လည်းပြေးသာ ပျားလည်းစွဲသာ
ဆိုသောထုံးဖြင့် ပြည်သူတို့ ၏ လူ့ အခွင့်အရေးကို မချိုးဖေါက်မိရန် လိုသည် ။
ဤလက်ပံတောင်းတောင် စီမံကိန်းရပ်တန့် လိုက်၍ မည်သည့်လျော်ကြေးကိုမှ
ပေးစရာမလို ဟု သိရသည်။
ဒီမိုကရေစီနိုင်ငံတို့ တွင် လွပ်လွပ်လပ်လပ်
ဆန္ဒထုတ်ဖေါ်တတ်အောင် မူလတန်းကျောင်းသားအရွယ်လောက် ကပင် သင်ကြားပေးနေသည်ကို ကျောင်းအားကစားကွင်းများတွင်
တွေ့ ရတတ်သည် ။
နိုင်ငံတော်အလံများကို ဝှေ့ယမ်းကိုင်ပြပြီး လမ်းပေါ်တွင် လျှောက်သွားနေသော
မူလတန်းကလေးများမှာ မမြင်ချင်အဆုံးဖြစ်သည် ။ ထို့ ကြောင့် ဒီမိုကရေစီနိုင်ငံတွင် စီတန်းလမ်းလျှောက်ပြီး
လွပ်လွပ်လပ်လပ် ဆန္ဒထုတ်ဖေါ်ပြတတ်သည်မှာ အဆန်းမဟုတ်တော့ ။
စီတန်းဆန္ဒထုတ်ဖေါ်ပြခြင်း၌ နိုင်ငံရေးတောင်းဆိုမှုများ
ဖြစ်လာသည့် အတွက် ခွင့်ပြုချက်ပါမစ်ယူစေခြင်းနှင့်  ဥပဒေစည်းကမ်းချက်များကို နိုင်ငံတော်ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများတွင် ထည့်သွင်းရေးဆွဲထားရသည် ။
လူ( ၅ ) ဦးထက်ကျော်သော
စီတန်းဆန္ဒပြခြင်း၌ အသံချဲ့ စက်သုံးစွဲခွင့်လျှောက်လျှင် ငွေပေးသွင်းခြင်းများဖြင့်
ခွင့်ပြုချက်ယူရသည် ။
အသံချဲ့ စက်မသုံးစွဲလျှင် မည့်သည့်ငွေကြေးတပြားတချပ်မျှ ပေးသွင်းစရာမလို
။အသံချဲ့ စက် မသုံးစွဲသောကြောင့် ခွင့်ပြုချက်ပါမစ်ကိုလည်း ယူဆောင်စရာမလိုချေ ။
အရေးပေါ်ထုတ်ဖေါ်
ဆန္ဒပြကြရာ၌ အချိန်ကာလကို တွက်ချက်ပြီး အခွင့်အရေးအဖြစ် နိုင်ငံတိုင်းတွင် ၄င်းကဲ့သို
့ ခွင့်ပြုထားခြင်းဖြစ်သည် ။
လူ( ၅ ) ဦးထက်ကျော်လွန်ပြီး ရုန်းရင်းဆန်ခတ် အဓိကရုဏ်း
ဆန္ဒပြပွဲမျိုးဖြစ်လာပါက နိုင်ငံတော် လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် ပုဒ်မ္မ(
၁၄၄ ) အမိန့် ကို ထုတ်ပြန်ပြီး ထိမ်းသိမ်းပေးရသည် ။
အကယ်၍ ပုဒ်မ္မ ( ၁၄၄ ) ဖြင့် ကြေညာသော်လည်း
လူစုလူဝေးက ထိမ်းမနိုင်သိမ်းမရ ဖြစ်လာလျှင် မူ နေ့ ခင်းကြောင်တောင် လူမြင်ကွင်းမှာ
၎င်းပုဒ်မ္မ ( ၁၄၄ ) ပါဥပဒေအတိုင်း ဆောင်ရွက်ကြရသည် ။
လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နှင့်ခြင်းမျိုး လို
မည်သည့်ဒီမိုကရေစီနိုင်ငံများမှာမှ အိပ်စက်နေသောအချိန်မှာ မီးလောင်တိုက်သွင်းပြီး ပစ်သတ်ကြသည်
မတွေ့ ဖူးဖူး ။
ယခု မြန်မာနိုင်ငံတနံတလျား လက်ပံတောင်းတောင်
အကြမ်းဖက်မှုများကို တကိုယ်တော် ဆန္ဒထုတ်ဖေါ်ပြပွဲတွေ ပေါ်လာသည် ။
ယင်းသို့ ထုတ်ဖေါ်ဆန္ဒပြလာသည်မှာ
ဗုဒ္ဒဘာသာ သာသနာတော်ကို ထိမ်းသိန်းစောင့်ရှောက်နေသည့် ရဟန်းသင်္ဃာတော်မြတ်များအား လူမဆန်စွာ
ရက်စက်မှုကြောင့် ထိရောက်စွာ အရေးယူပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်
။ လမ်းမပေါ်တွင် သူတို့ ၏ တောင်းဆိုချက်ထုတ်ဖေါ်သော ဆန္ဒပြပွဲ၌ နိုင်ငံတော်လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေး ၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လာခြင်းလည်း မတွေ့ ရ ။
ယုတ်စွအဆုံး
သူတို့ ၏ လက်ထဲမှာ လူတွေကို သေစေတတ်သော ဒုတ်ဒါးလက်နက်ဆို၍ အပ်တိုတချောင်းတောင် မပါချေ
။ နော်အုံးလှ ၊ ကိုဝေဋ္ဌု ၊ ဒေါ်ရှမ်းမ၊ ကိုမျိုးချစ် နှင့် ကိုညီညီ ၊ ကိုရဲလင်းဦး တို့ တွေကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို
မြင်ရသောအခါ ကျွန်တော့်စိတ်ထဲမှာ မကောင်းလှပါ ။ ကြည့်နေမြင်နေရသည်မှာ အရုပ်ဆိုးလွန်းလှပါသည်
။
ကိုမိုဃ်းသွေးနှင့် ကိုအောင်စိုးတို့ ကို ဖမ်းဆီးနေသည်ကိုမြင်တော့ စစ်အစိုးရ၏ ရုပ်ဆင်းလက္ခဏာများကို
ပြေးမြင်ရပြန်ပါသည် ။
စစ်တွေမှ ဒေါ်ညိုအေးက တကိုယ်တော် ဆန္ဒထုတ်ဖေါ်နေသည်ကို မြင်တော့
ရဲများက ပိုစတာဆိုင်းဘုတ်ကို သိမ်းဆည်းယူဆောင် သွားသည်ဟု ဆိုသောအခါ မြန်မာနိုင်ငံသားများအဖို
့ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အကျိုးခံစားခွင့်များ ချိုးဖေါက်ခံနေရပြီဆိုသည်ကို
မြင်ရသည် ။
အလုပ်အကိုင် မရှိ၍ စားရမဲ့ သောက်ရမဲ့ ဖြစ်နေသောကြောင့်
အလှူခံပါသည်ဟု စာတမ်းများကို ချိတ်ဆွဲထားပြီး လမ်းမပေါ်မှာ သွားနေသည်ကို ကျွန်တော်တို
့ မြင်တွေ့ နေရသည် ။
ကမ္ဘာမှာ ချမ်းသာကြွယ်ဝပြီး စက်မှုလက်မှုအထွန်းကားဆုံး နိုင်ငံဟု
ကြေညာထားသော ကမ္ဘာ့မြို့ တော် နယူးယောက်မြို့ မှာ ၄င်းကဲ့ သို့  စာတမ်းပါ ပိုစတာကို
လည်မှာဆွဲပြီး တောင်းရမ်းစားသောက်နေသော သူများကို မြင်တွေ့ နေရပါသည် ။
သို့ သော် သူတို
့အား လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်နေသော သူမှန်ပေမင့် ဆန္ဒထုတ်ဖေါ်ရာ၌ ပါမစ်မယူဘဲ ဆန္ဒထုတ်ဖေါ်ခြင်းဆိုပြီး
ဖမ်းဆီးခြင်းများ မပြုလုပ် ။ မြန်မာနိုင်ငံမှာမူ ယင်းသို့ ဆန္ဒထုတ်ဖေါ်ပြီး သွားလျှင်ကား
နိုင်ငံကို သိက္ခာကျစေတတ်သည်ဆိုပြီး ဖမ်းဆီးခံရမည်လား မပြောတတ် ။
မည်သို့ ပင်ဆိုစေ နိုင်ငံတော်ဖွဲ
့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအချ က်အလက်များကို မြန်မာနိုင်ငံသားတိုင်း မခံစားရလျှင်
၎င်းနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေစာအုပ်ကို ဖြဲဆုပ်လွှင့်ပစ်ရုံသာ ရှိတော့သည်။
လမ်းမပေါ်မှ တကိုယ်တော် ဆန္ဒပြသူများသည် လူအများကို ကိုယ်စားပြုနေသည်ကို သတိထားရန်
လိုသည်။ လူထုလူတန်းစား၏ ဆန္ဒသဘောတရားများကို ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းသည် အစိုးရမှ
ထိရောက်စွာအရေးယူရန် တောင်းဆိုနေခြင်းဖြစ်သည် ။
တကိုယ်တော် ဆန္ဒပြသူများသည် ယင်းသို
့ပြ၍ အဖမ်းခံရလိမ့်မည်ဆိုကာ ပေါ်ပြူလာလုပ် စတန့် ထွင်ကာ နိုင်ငံရေးအမြတ် ထုတ်နေသူများ
မဟုတ် ။ ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန်
လိုအပ်သလို နောက်ထပ်လည်း မည်သူ့ ကိုမျှ ဖမ်းဆီးခြိမ်းခြောက်ရန်
အားမထုတ်သင့် ။
တကိုယ်တော် ဆန္ဒထုတ်ဖေါ်သူများမှာ အစိုးရကို လူထုကိုယ်စား တိုက်ရိုက်တောင်းဆိုသူများဖြစ် ရာ
သူတို့ ၏ ဆန္ဒသဘောထားများကို လေးစားစွာဖြင့် သူတို့ ၏ အသံကို နားထောင်ပြီး လက်ပံတောင်းတောင်
မုန်တိုင်းကို ငြိမ်သက်စေရန် ဖန်တီးရမည်ဖြစ်သည် ။
ယခုကား တကိုယ်တော် ဆန္ဒပြသူများကို
ခြိမ်းခြောက် ဖမ်းဆီး ခြင်းသည် လက်ပံတောင်းတောင် မုန်တိုင်းကို ဆက်လက်တိုက်ခိုက် အဓိကရုဏ်းဖြစ်အောင်
ဖန်တီးခြင်းဖြစ်သည် ။
၎င်းဖန်တီးခြင်းကို အစိုးရကိုယ်တိုင်ဖြစ်လာနေရာ
စီးပွါးရေးဂယက်ပြသနာကို မဖြေရှင်းဘဲ ပြည်သူတရပ်လုံး၏ သွေးကိုမှ လည်ချောင်းစီးကျစေပြီး
မျိုဆို့ စားသောက်ရန် ကြံစည်အုံးမည်ဆိုပါက လက်ပံတောင်းတောင်မှသည် အစိုးရပြုတ်ကျရေး
ဆန္ဒပြပွဲများ နိုင်ငံအနှံ့ဖြစ်ပေါ် တောင်းဆိုလာမှာ သေချာသည် ။
အဘယ့်ကြောင့်ဆိုသော် လက်ပံတောင်းတောင်ကို
ရပ်တန့် ရေးအတွက် ဆက်လက်တောင်းဆိုကြအုံးမည် ဆိုတော့ ဦးပိုင်က ပြုတ်မှ- ဦးပိုင်မပြုတ်လျှင်
လက်ပံတောင်းတောင်မှာ ယခုလို သွေးချောင်းစီးမျိုး ဆက်တိုက်ဖြစ်လာအုံးမည်လား ။။