Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Tuesday, 11 December 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအား သက်ဆိုင်ရာတရားရုံးမှ အာမခံဖြင့် ပြန်လွှတ်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအား  ယနေ့ (ဒီဇင်ဘာလ ၁၁ရက်နေ့) မွန်းလွဲ ၁ နာရီဝန်းကျင်က ကိုယ်ပိုင် ခံဝန် အာမခံဖြင့် သက်ဆိုင်ရာ တရားရုံးမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် အလုပ်သမား၊ လယ်သမားအရေးများ ဆောင်ရွက်နေသူ ကိုဝေဠု၏ ပြောကြားချက်အရသိရသည်။
“လက်ရှိဖြစ်ပျက်နေတဲ့ လယ်သမားအရေး၊ အလုပ်သမားအရေးတွေကို ပြန်လည်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ပြန်လာပါပြီ။ အခုလို အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ဒီလိုမျိုး အဖမ်းဆီးခံရတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ပုဒ်မ ၁၈ နဲ့အမှုဖွင့်အရေးယူတာမျိုး မဟုတ်ဘဲ ၅၀၅ (ခ) နိုင်ငံတော် အသရေဖျက်မှုဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ကို အရေးယူတာမျိုးကတော့ မဖြစ်သင့်ပါဘူး” ဟု ကိုဝေဠုက ပြောကြားခဲ့သည်။
ကိုယ်ပိုင်ခံဝန်အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသူများမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က တရားစွဲဆိုခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကိုဝေဠု၊ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကိုညီညီ တို့ဖြစ်ကြောင်း သိရသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများ အင်အားသုံးဖြိုခွင်မှုအား ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကိုလည်း ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်နေ့) မွန်းလွဲ ၂ နာရီ ၄၀ အချိန်ဝန်းကျင်တွင် ဗဟန်းတရားရုံးက ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်ကိုလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ညပိုင်းတွင် သန်လျင်မြို့နယ် တရားရုံးမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

eleven media group

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...