မြန်မာနိုင်ငံသည် ယခင်ကအခြေအနေအရပ်ရပ်ကြောင့် အခြားနိုင်ငံများမှ ငွေများကို ချေး ယူကာ သုံးစွဲခဲ့ပြီး ယခုအစိုးရ လက်ထက်ပွင့်လင်းမြင်သာလာချိန် တွင် မြန်မာနိုင်ငံ တင်ရှိနေသော
အကြွေးများအား အချို့ သော နိုင်ငံများက လျှော်ပစ်ခြင်း၊
ကိုယ်စားဆပ်ပေးခြင်းနှင့်အခြား သော အကူအညီပေးခဲ့ပြီး ယခု ကဲ့သို့
ကူညီမှုမှာလည်း မည်သည့် နိုင်ငံကမှ မြန်မာနိုင်ငံတင်နေသော အကြွေးကို
အလကားမဆပ်ပေး ကြောင်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ လ ၈ရက်နေ့က ရန်ကုန်မြို့ ဗဟန်း
မြို့နယ်ရှီ တော်ဝင်နှင်းဆီစား သောက်ဆိုင်တွင်ပြုလုပ်ခဲ့သော
နိုင်ငံတကာငွေကြေးအဖွဲ့အစည်း များနှင့်မြန်မာနိုင်ငံအခွင့်အလမ်း
နှင့်စိန်ခေါ်မှုများ ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းရွှေက ပြောကြား သည်။
““အရင်တုန်းက နိုင်ငံရေးပွင့် လင်းမှုမရှိလို့ဆိုပြီး ဘယ်သူမှ မြန်မာနိုင်ငံကို အကြွေးမပေးဘူး၊ အခုတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီ ခိုင်၊မြန်မာပြည်ကိုအထင်ကြီးတယ်။ ငွေချေးတာနဲ့ပတ်သက်ပြီး ပဲရစ် မှာ ဆွေးနွေးတဲ့အခါကျရင် လျော့လျော့ပေါ့ပေါ့စဉ်းစားမယ် လို့ ပြောတယ်။အဲအခါကျရင် အခု ဂျပန်က နေရင်းထိုင်ရင်း ကမ္ဘာ ဘဏ်က အကြွေးတွေကော၊ အာရှဘဏ်က အကြွေးတွေကော မြန်မာပြည်ကိုယ်စားပြန်ဆပ်ပေး တယ်။ပြန်ဆပ်ပေးတယ်ဆိုသည် မှာ ပြန်ဆပ်တဲ့ ချေးငွေကို စာချုပ် ချုပ်ရမှာ။ဂျပန်က ကမ္ဘာ့ဘဏ်တို့၊ အာရှဘဏ်တို့ ပြန်ဆပ်ပေးတဲ့ငွေ ကို ကျွန်တော်တို့က ဂျပန်ကိုပြန်ဆပ် ရမှာ။ အခုသတင်းတွေထဲမှာပါ တာက ချေးငွေဆပ်ပေးတယ်လို့ ပဲပါတယ်။နောက်ပိုင်းက စာချုပ် ချုပ်ထားတာကျတော့မပါဘူး””ဟု ပြောကြားခဲ့သည်။
ဖြိုးအောင်
The Hot News

0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group