BGB on Nafမြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလာဒေခ်ျ့
ကို ၀င်လာတဲ့ မွတ်ဆလင် အရေအတွက်
ဟာ တစ်နေ့ထက် တစ်နေ့ များပြား
လာနေပြီး ဒီလို ဖြစ်အောင် မြန်မာ
နယ်ခြားစောင့်တပ်ဖွဲ့ နစကမှ
ပြုလုပ်နေတယ်လို့ ဒီကနေ့ထုတ် Daily Sun သတင်းစာက သတင်း တစ်ပုဒ်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံကနေ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ နယ်စပ်ဒေသဖြစ်တဲ့ ကော့စ်ဘဇား ခရိုင် အတွင်းက တက်ကနက် မြို့နယ်မှာ တစ်နေ့ထက် တစ်နေ့ ပိုများလာနေတယ်။
ခုလို ဖြစ်အောင် နစကတပ်ဖွဲ့ကနေ အားပေး အားမြှောက် ပြုလုပ်နေတယ်လို့ ဒေသခံ ဘင်္ဂင်္လားဒေခ်ျ့တွေနဲ့ မြန်မာဘက်က မွတ်ဆလင်တွေရဲ့ စွပ်စွဲ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာက ရေးသားပါတယ်။
တက်ကနက် မြို့နယ်ဟာ မောင်တောမြို့နယ်နဲ့ မျက်နာချင်းဆိုင်မှာ တည်ရှိပြီး နယ်စပ်ကို ခွဲခြားထားတဲ့ နတ်မြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရခိုင်က မောင်တောမြို့နယ် တည်ရှိပြီး အနောက်ဘက်ခြမ်းမှာတော့ ဘင်္ဂလာဒေခ်ျ့က တက်ကနက်မြို့နယ် တည်ရှိပါတယ်။
တက်ကနက်ကို ရခိုင်လို ကယုချောင်းမြို့လို့ ခေါ်ပြီး အဲဒီမြို့ဟာ မြန်မာနိုင်ငံက ကုန်သည်တွေ နေ့စဉ် ၀င်ထွက် သွားလာနေတဲ့ နယ်စပ်မြို့ တစ်မြို့ ဖြစ်ပါတယ်။
အဲသလို မြန်မာဘက်က မွတ်ဆလင် ၀င်လာတာများတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီ၊ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နယ်စပ်မှာ တိုးမြှင့်ချထားပြီး စောင့်ကြပ်နေတယ်လို့ ဆိုပါတယ်။
ဝင်လာတဲ့သူတွေကိုလည်း တွေ့တာနဲ့ ချက်ချင်း ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်လည် မောင်းထုတ်နေတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ နံနက်ပိုင်းက တက်ကနက်မြို့နယ်နဲ့ နတ်ချောင်းဆရီမြို့နယ်အတွင်းကို နယ်စပ် မှောင်ခိုလမ်းတွေက ၀င်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးမိပြီး နေ့လည်ပိုင်းမှာ ပြန်လည် နှင်ထုတ်လိုက်တယ်လို့ ပြောပါတယ်။
သူတို့တွေဟာ အလုပ်အကိုင် ရှာဖွေဖို့ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ် (၂) ခုက ၀င်လာတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်လို့ Daily Sun သတင်းစာက ပြောပါတယ်။
နိရဉ္စရာသတင်းဌာန

0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group