Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 10 December 2012

မေဃ၀တီ၏ အနာဂတ်ကို မျှော်ကြည့်ခြင်း

ကောင်းမြတ်သူ စီးနင်းလိုက်ပါ လာသည့် တွင်အော်တာ ခေါ် ခရီး တိုသွားလေယာဉ်ငယ်သည် ဘင်္ဂလား ပင်လယ်အော်ကို ရခိုင်ကမ်းခြေအနီးမှ ပျံသန်းဖြတ်သန်းလျက်ရှိသည်။ ဆောင်းဦးပေါက်ရာသီဖြစ်၍ ရာသီဥ တုမှာ သာယာကြည်လင်နေသည်။ မိုးတိမ်မိုးသားမရှိ။ ပကတိ ကြည်လင်လျက်ရှိသည်မို့ လေယာဉ်ပေါ်မှ အောက်သို့ကြည့်လိုက်လျှင် စိမ်းညှို့မှိုင်းနေသည့် ပင်လယ်ပြင်ကို လှမ်းမြင်ရသည်။ ပင်လယ်ရေပြင်သည် အစိမ်း။ ထို့ထက် နက်မှောင်သော အစိမ်းရောင်ဖြစ်သည်။ အပေါ် က ကြည့်မြင်ရသည်မှာ ပင်လယ်ပြင်၌ လှိုင်းလုံးများ မရှိသလိုဖြစ်နေသည်။ ပင်လယ်ပြင်တွင် ပိုက်လောင်း ငယ်တချို့ကို ဟိုတစ်စီး သည်တစ်စီး မြင်တွေ့ရသည်။ ကမ်းနီးငါး ဖမ်းလှေငယ်တို့ဖြစ်သည်။
          တွင်အော်တာ လေယာဉ်ငယ် သည် စစ်တွေမှ မာန်အောင်ကျွန်းသို့  ပျံသန်းနေခြင်း ဖြစ်သည်။ တကယ်တော့ မာန်အောင်ကျွန်းမှာရခိုင်ကမ်း ရိုးတန်းရှိကျွန်းများအနက် ဒုတိယ အကြီးဆုံး ကျွန်းဖြစ်သည်။ ရခိုင် ဒေသတွင် ဓညဝတီ၊ မေဃဝတီ၊ ရမ္မာဝတီ၊ ဒွာရာဝတီဟု ဒေသကြီး လေးရပ်ပိုင်းခြားထားရှိသည့်အနက်  ကျွန်းတစ်ကျွန်းထဲကိုကွက်၍ ဝတီ တစ်ရပ်အဖြစ် သတ်မှတ်ထားခြင်း ခံ ရသည်မှာ ထူးခြားသည့် ကျွန်း လည်းဖြစ် သည်။ ပထမအကြီးဆုံး ကျွန်းမှာတော့ ရမ္မာဝတီ ခေါ် ရမ်း ဗြဲကျွန်းဖြစ်သည်။ ကျောက်ဖြူမြို့ နယ်နှင့်ရမ်းဗြဲမြို့နယ်တို့ဖြင့် ဖွဲ့စည်း ထားသော ကျွန်းဖြစ်သည်။ ရမ်းဗြဲ ကျွန်းသည် ကျွန်းဟု ဆိုငြားသော် ငြား ကမ်းရိုးတန်း ကုန်းမြေနှင့် တစ် ဆက်တစ်စပ်တည်းကဲ့သို့ ရှိနေ သည်။ ထို့ကြောင့်ပင် ရမ္မာကျွန်း သားတို့မှာ ကုန်းတွင်းပိုင်းဒေသ များနှင့် ဆက်သွယ်သွားလာမှုတွင် လွယ်ကူနေသည်။ သို့ရာတွင် မာန် အောင်ကျွန်းမှာကား ကုန်းတွင်း ကမ်းခြေများနှင့် ထိစပ်ခြင်းမရှိ။  ပင်လယ်ထဲတွင် သီးသန့် ကျွန်းကြီး တစ်ခုအဖြစ် ရှိနေသည်။ ကုန်းတွင်း ကမ်းခြေနှင့် ငါးမိုင်ခန့် ကျယ်ပြော သည့် ရေလက်ကြားဖြင့် ပိုင်းခြား ထားရှိသည်မို့လည်း ပင်လယ်တွင်း ၌ တစ်သီးတသန့်ရှိနေသည်။
          မာန်အောင်ကျွန်းအား လေယာဉ် ပေါ်မှ မြင်ရသည်မှာ ဝိုင်းဝန်းသော ဒေသအသွင်ရှိနေသည်။ တွင်အော် တာ လေယာဉ်ငယ်သည် လေယာဉ် ကွင်းသို့ဆင်းသက်ရန် တဖြည်းဖြည်း  နိမ့်ဆင်းလာသည်နှင့်အမျှ မာန် အောင်ကျွန်း၏ ပုံရိပ်ကိုအပေါ်မှ နီးနီးကပ်ကပ် တွေ့မြင်နေရသည်။ မာန်အောင်ကျွန်းပေါ်မှာ သစ်ပင် တောတောင်တို့နည်းပါးလွန်းသည်။ ထူးထူးခြားခြား မြင်တွေ့ရသည်က တော့ စီတန်းနေသော အုန်းပင်တန်း များဖြစ်သည်။ မာန်အောင်ကျွန်း၏ ပတ်လည်တွင် သဲသောင် ဖြူဖြူများ ဝိုင်းပတ်ထားသည်ကိုလည်း မြင်ရ သည်။ သဲသောင်ဖြူဖြူများသို့ တလိပ်လိပ် ပြေးတက်လာနေသော လှိုင်းခေါင်းဖြူဖြူများကိုလည်း လေယာဉ်ထက်မှ မြင်တွေ့နေ ရသည်။ ကောင်းမြတ်သူသည် မာန် အောင်ကျွန်း၏ အလှကို လေယာဉ် ပေါ်မှ ငေးစိုက်ကြည့်လာမိသည်။ မေဃဝတီတဲ့။ မိန်းမလှကျွန်းလို့ လည်းခေါ်ကြသည်မဟုတ်လား။ အသားအရေ ဖြူဖြူလွှလွှ၊ အရပ် အမောင်းကောင်းကောင်းလှသည့် မာန ထောင်သူ သူငယ်ချင်းများကိုလည်း  မြင်ယောင်ဖြစ်လိုက်မိသေးသည်။ အသားအရေဖြူသည်ဆိုသော်လည်း  ဖြူဆွဆွမဟုတ်။ မာန်အောင်သူတို့၏ အသားအရေမှာ ဖြူဝင်းချောမွတ်နေ ခြင်းဖြစ်သည်။
          ကြာခဲ့ပါပြီ။ ကောင်းမြတ်သူ ရောက်ခဲ့သည့်အချိန်မှာ ၁၉၈၄ ခုနှစ်က ဖြစ်သည်။ ယခုဆိုလျှင် နှစ် ပေါင်း ၂၅ နှစ်ကျော်ခန့်ပင်ရှိခဲ့ပြီ ကော လား။ လွန်ခဲ့သော ၂၅ နှစ်ကျော်ကာ လက မာန်အောင်ကျွန်းသို့ ကုန်းတွင်း ဒေသများမှ သွားလာခဲ့ရသည့် ခရီး လမ်းကြောင်းကိုလည်း ကောင်းမြတ် သူ အမှတ်ရမိနေသေးသည်။ ကုန်း တွင်းဒေသများနှင့် မာန်အောင်ကျွန်း တို့၏ အဆက်အသွယ်မှာ ရေ ကြောင်းခရီး တစ်ခုတည်းသာရှိခဲ့ သည်။ လေကြောင်းခရီး မရှိမဟုတ်။ ရှိခဲ့ဖူးပါ၏။ ၁၉၇၄-၇၅ ခုနှစ် ခန့်က ဖြစ်သည်။ မာန်အောင်နှင့် ဂွမြို့များသို့ ဒါကိုတာ လေယာဉ်ကြီးများ ဆင်း သက်ပျံသန်းပေးခဲ့ဖူးသည်။ဒါကိုတာ လေယာဉ်များကို အနားပေးလိုက်ပြီး နောက် ခရီးတိုပြေးဆွဲနိုင်သည့် တွင် အော်တာ လေယာဉ်များဖြင့် အစား ထိုးပျံသန်းပေးခဲ့ဖူးသည်ကိုလည်း အမှတ်ရနေမိသည်။ တွင်အော်တာ လေယာဉ်ငယ်များသည် မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ မာန် အောင်၊ အမ်း၊ ဂွမြို့များသို့ ပျံ သန်းပြေးဆွဲခဲ့ဖူးကြောင်းလည်း အမှတ် ရမိနေသေးသည်။ သို့ရာတွင်  ၁၉၈၅ ခုနှစ်နောက်ပိုင်းမှ စ၍ ပျံ သန်းခြင်းမရှိတော့။ မာန်အောင် မြို့  သားတို့ကား လှိုင်းကြီးလေကြီးထဲ တွင် မာန်အောင်ရေလက်ကြားကို ဖြတ်၍ သက်စွန့်ဆံဖျား ကူးသန်း သွားလာနေခဲ့ကြရသည်။ လမ်းပန်း ဆက်သွယ်ရေး၏ မလှမပသော ပုံ ရိပ်များဖြစ်ပါ၏။ မာန်အောင်မြို့သို့ အသွားအလာ အခက်အခဲမှာ ထိုစဉ် မှသည် ယနေ့ထက်ထိတိုင် ဖြစ်နေ သေးသည်ကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေရသေးသည်။
          ထိုစဉ်ကတော့ မာန်အောင်မြို့ မှာ မြို့ဟုသာ ဆိုသည်။ ကျေးရွာ ကြီး တစ်ရွာနှင့် ဘာမျှ ခြားနားခြင်း မရှိ။ ဖုန်ထူထူ လမ်းကြောင်းတွေမှာ သွားလာနေကြရသည်။ ဆိုက်ကား မရှိ။ မော်တော်ဆိုင်ကယ်မရှိ။ စက် ဘီးမရှိ။ မော်တော်ကားမရှိ။ ထိုစဉ် တုန်းကတော့ ရှိဦးတော့ ဖုန်များ အကြားတွင် သွားလာလှုပ်ရှားဖို့က လည်း လွယ်မည်မဟုတ်သည်မှာ သေချာသည်။
မာန်အောင်မြို့၏ စီးပွားရေး
          ကောင်းမြတ်သူတို့သိထားခဲ့ သည့် မာန်အောင်မြို့၏ စီးပွားရေး မှာ အုန်းစိုက်ပျိုးခြင်းလုပ်ငန်းဖြစ် သည်။ ပြီးတော့ ရေလုပ်ငန်း။ မာန် အောင်မြို့နယ်ရှိ ရဲကျွန်းတွင် စိုက် ပျိုးသည့် ရဲကျွန်းကြက်သွန်နီမှာ နာမည်ကြီးသည်။ တစ်နှစ်ပတ်လုံး  အထားခံသည့် ကြက်သွန်နီဥနီရဲရဲ များဖြစ်ကြသည်။ ပြီးတော့ ၁၉၇၂ ခုနှစ် မတိုင်မီ ကာလအထိ စစ်တွေ  ဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံခြားသို့  ဆန်စပါးများ တင်ပို့ခဲ့ရာတွင် နာမည် ကြီးခဲ့သည့် ချီဒူဘာဆန် ခေါ် မာန် အောင်ကျွန်းထွက်ဆန်ကိုလည်း  အမှတ်ရစရာဖြစ်သည်။ ဖြူဖြူဝင်း ဝင်းဖြင့် လှပသည့် ဆန်ဖြစ်သည်။ မာန်အောင်ကျွန်းတွင် မြေပဲများကို လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ ပြီး တော့ မာန်အောင်ဆေးရွက်ကြီးက နာမည်ကြီးသည်။ မာန်အောင်ဆေး  သားလိပ်မှာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ပင် တင်ပို့ရောင်းချနိုင် ခဲ့သည်။
          မာန်အောင်ကျွန်းနှင့် ပတ်သက် ၍ ထူးခြားချက်ကို ကောင်းမြတ်သူ  သတိထားမိခဲ့တာရှိသည်။ ဤသည် မှာ မာန်အောင်မြို့နယ်သားတို့ အတွက် စားရေရိက္ခာ မပူမပင်ရ ခြင်းဖြစ်သည်။ ဆန်လိုသလား။ ဆန်ရှိသည်။ ဆီလိုသလား။ ဆီရှိ သည်။ ကြက်သွန်အပါအဝင် ဆား၊ ငါးပိ၊ ငါးခြောက်တို့က ဒေသတွင်းမှာ ရသည်။ ဆန်ကိုပင်လျှင် နိုင်ငံခြား တင်ပို့ဖို့ စိုက်ပျိုးထုတ်လုပ်နိုင်သေး သည်။ ပြီးတော့ မာန်အောင်ကျွန်း တွင် နွားမွေးမြူရေးလုပ်ငန်းကလည်း တွင်ကျယ်ခဲ့သည်။ ယနေ့ထိတိုင် မာန်အောင်ကျွန်းမှာ နွားများကို မွေး မြူပြီး ရခိုင်ပြည်နယ် ဒေသများရှိ နွားလိုအပ်ချက်ရှိသည့် မြို့နယ်များ သို့ တင်ပို့ရောင်းချရဆဲရှိသည်။ မာန်အောင်ကျွန်းမှ အကြီးအကျယ်  စိုက်ပျိုးနေသည့် အုန်းသီးဆန်များ၊ အုန်းဆန်မျှင်များကလည်း မာန်အောင် သားတို့အတွက် စီးပွားရေးလုပ်ငန်း  တစ်ခုဖြစ်သည်။ အုန်းဆန်မျှင်များကို အုန်းဆန်ကြိုး ထုတ်လုပ်သည့် စက်ရုံတစ်ရုံကိုပင် နိုင်ငံတော်မှ ထူ ထောင်ပေးခဲ့သည်ကိုလည်း အမှတ် ရစရာဖြစ်သည်။ ယခုလက်ရှိတွင် တော့ အုန်းဆန်မှ အုန်းဆီထုတ်လုပ် ရောင်းချနေကြသည်။ မာန်အောင် အုန်းဆီ ဆိုသည်က အမျိုးသမီးများ ၏ လက်စွဲဖြစ်သည်။
          မာန်အောင်ကျွန်း ၏ စီးပွားရေး  ကို လျှပ်တစ်ပြက် လှမ်းကြည့်မိခြင်း ဖြစ်သည်။ ပြည့်ပြည့်စုံစုံတော့ မဟုတ် သေး။ မာန်အောင်ကျွန်းသား တစ်ဦးတလေအတွက်လည်း တစ်ခါ တစ်ရံ ကံကောင်း၍ ရတနာပုံဆိုက်ခဲ့ သည့် အကြောင်းများကိုလည်း ကြား သိခဲ့ရဖူးသည်။ ထိုသည်မှာ ပင်လယ် ပြင်မှ ကံကောင်းလျှင်ရရှိတတ်သည့် ငါးကြီးအံဖတ်များဖြစ်ကြသည်။ တစ် ပိဿာ သိန်းရာချီရှိသည့် ပစ္စည်း အမယ်အဖြစ်လည်း မှတ်သားရသည်။
ပစ္စက္ခမာန်အောင်
အနာဂတ် မာန်အောင်
          ကောင်းမြတ်သူသည် မာန် အောင်မြို့သို့ ၁၉၈၄ ခုနှစ်တွင် နောက် ဆုံးရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ 
ပြီးတော့ မာန်အောင်ကျွန်းနှင့် အလှမ်း ပြီးတော့ မာန်အောင်ကျွန်းနှင့် အလှမ်း ဝေးသလိုဖြစ်နေခဲ့သည်။ သို့ရာတွင် ကောင်းမြတ်သူသည် မာန်အောင် ကျွန်းကို မမေ့။ မာန်အောင်မြို့နယ်က ထွက်သည့် ချီဒူဘာဆန် အကြောင်း ကို တွေးမိနေဆဲဖြစ်သည်။ ရဲကျွန်း ကထွက်သည့် ကြက်သွန်နီများကို လည်း မမေ့ဖြစ်။ ထို့ထက်စွဲလမ်း ချစ်ခင်ခဲ့ရဖူးသည့် တိတ်တခိုး ကြိုက် နှစ်သက်ခဲ့ရဖူးသည့် မာန်အောင်မြို့သူ အကြောင်းကိုလည်း မမေ့နိုင်ခဲ့တာပါ မည်။ အထူးသဖြင့်တော့ မိမိကိုယ်၌ က စီးပွားရေး သတင်းဆောင်းပါး များရေးသူတစ်ဦးအဖြစ် ရပ်တည်လာ ခဲ့သည့်အခါ ရခိုင်ပြည်နယ်တစ်နံ တစ်လျားက စီးပွားရေးအကြောင်း များလေ့လာရင်း မာန်အောင်ကျွန်း၏ စီးပွားရေးပုံရိပ်များကို လှမ်းမျှော်ကြည့်  မိဖြစ်သည်။
          လက်ရှိ ပစက္ခပုံရိပ်တွင် မာန် အောင်ကျွန်း၏ အသွင်သဏ္ဌာန်မှာ အားတက်ဖွယ်ရာ မြင်သိကြားနေ ရသည်။ မာန်အောင်ကျွန်း ပတ်လမ်း ကို ဖောက်လုပ်နေကြပြီဖြစ်သည်။ ကျွန်းပေါ်တွင် ထော်လာဂျီတွေ၊ မော် တော်ဆိုင်ကယ်တွေ၊ ကားတွေ သွား လာနေကြပြီဟုလည်းသိရသည်။ မာန်အောင်ကျွန်းမှာ မော်တော်ဆိုင် ကယ် ကယ်ရီသမားများကလည်း  များလှသည်တဲ့။ စစ်တွေပြီးလျှင် မာန်အောင်မြို့မှာ မော်တော်ဆိုင်ကယ်  အများဆုံးဖြစ်ကြောင်းလည်း လေ့လာ သိရှိရပြန်သည်။ ၁၉၈၄ ခုနှစ်တုန်း က ကောင်းမြတ်သူတို့ မာန်အောင်မြို့ ၏ အနောက်ဘက်ကမ်းခြေရှိ နာ မည်ကြီး တောင်နီတောင်ကို မာန် အောင်မြို့မှ တစ်ညအိပ်ခရီး သွား ခဲ့ရသည်ကိုလည်း အမှတ်ရမိသေး သည်။ ယခုတော့ နေ့ချင်းပြန် သွား ရောက်နိုင်တော့မည်။ မာန်အောင်မြို့ တစ်နံတစ်လျားမှ ရေလုပ်ငန်း လုပ် ကိုင်သူများ မာန်အောင်မြို့ပေါ်ရှိ ငါး၊ ပုစွန်အဝယ်ဒိုင်များသို့ အချိန်မလင့်မီ လာရောက် ရောင်းချနိုင်ကြပြီဖြစ် သည်။ ဒါတွေက တိုးတက်လာသော ပြယုဂ်မြင်ကွင်းတွေဖြစ်သည်။
          မာန်အောင်ကို အခြေပြု၍ ရေ လုပ်ငန်းလုပ်ကိုင်သူတွေ များလာ သည်။ ထို့အပြင် အုန်းသီးရောင်းချ မှုများကလည်း တွင်ကျယ်လာသည်။  အုန်းဆီ ထုတ်လုပ်မှုကို တစ်ပိုင် တစ် နိုင် လုပ်ကိုင်လာကြသည်။ များများ ထုတ်လုပ်နိုင်ကြဖို့ လိုအပ်ပါလိမ့် မည်။ အုန်းသီးထွက်ပစ္စည်းများကို အခြေပြု၍ စီးပွားဖြစ်လုပ်နိုင်၊ ကိုင် နိုင်တာတွေ အများအပြားရှိသည်။ တစ်နေ့ ထိုတစ်နေ့ကား မဝေးတော့ သောကာလတွင် ဖြစ်လာလိမ့်မည်ဟု လည်း မှန်းဆရသည်။ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ရခိုင်ဒေသနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှု တိုးတက်လာနိုင်ကြောင်း ဆိုကြ သည်။ မာန်အောင်ကျွန်းမှ ထွက် သည့် အုန်းသီးများသည် အိန္ဒိယ နိုင်ငံသို့ပို့ကုန်အဖြစ် မျှော်လင့်နိုင် သည်လည်းဖြစ်သည်။
          မာန်အောင်မြို့စမုံတဲ လေယာဉ် ကွင်းကိုလည်း တိုးချဲ့ပြုပြင်ရန် တိုင်း တာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မာန်အောင်မြို့သို့ လေ ယာဉ်ဆင်းသက် ပြေးဆွဲနိုင်လျှင် နိုင်ငံခြားခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်သည်။ မာန်အောင်ကျွန်း အနောက်ဘက် ကမ်းခြေ၊ မြောက်ဘက်ကမ်းခြေ များမှာ အလွန်လှပသည့်ကမ်းခြေများ ဖြစ်သည်။ ကျယ်ပြောသော ဘင်္ဂလား ပင်လယ်အော်ကြီးကို မျက်နှာမူ ထားသည့် ပင်လယ်ကမ်းခြေရှိနေ သဖြင့် အဆိုပါနေရာများမှ သင့်တော် သည့် နေရာများတွင် ပင်လယ်ဆိပ် ကမ်းခြေများအဖြစ် တည်ဆောက် ပေးနိုင်လျှင် နိုင်ငံခြားသား ကမ္ဘာ လှည့်ခရီးသည်များ လာရောက်လည် ပတ်နိုင်သည့် ခရီးသွား လုပ်ငန်းကို ထူထောင်နိုင်ကြပါလိမ့်မည်။ မာန် အောင်ကျွန်းသားတို့မှာ ခရီးသွား လုပ်ငန်း အလုပ်အကိုင် အခွင့်အလမ်း များပေါ်ထွန်းလာနိုင်ပါလိမ့်မည်။
          ယခုအခါမာန်အောင်သို့ သွားလို လျှင် စစ်တွေမှ တောင်ကုတ်သို့ သင်္ဘောစီး၊ တောင်ကုတ်တွင် တစ်ည အိပ်ပြီးမှ မာန်အောင်သို့ ခရီးဆက် ကြရသည်။ ပြန်လျှင်လည်း သို့နှယ် ပင်။ တောင်ကုတ်တွင် တစ်ညအိပ် ပြီး ခရီးဆက်ကြရသည်။ မကြာမြင့် မီကာလတစ်ခုတွင် စစ်တွေမှ မာန် အောင်သို့ နေ့ချင်းပေါက် ခရီး သွားနိုင် ဖို့ စီစဉ်နေကြသည်။ ထိုခရီးစဉ်မှာ  စစ်တွေမှ ကျောက်ဖြူ(သို့မဟုတ်) စစ်တွေမှ ရမ်းဗြဲသို့ အမြန်သင်္ဘော စီးပြီး ရမ်းဗြဲမှ အောင်လှပြင်သို့ ကား ဖြင့်သွားကာ အောင်လှပြင်ဆိပ်ကမ်း မှ မာန်အောင် ခအုံးမော်ဆိပ်ကမ်းသို့  မော်တော်ဖြင့် ကူးခြင်းဖြစ်သည်။ မာန် အောင်ဒေသခံတစ်ဦး၏ အဆိုအရ အောင်လှပြင်မှ မာန်အောင်ကျွန်း ခအုံးမော် ဆိပ်ကမ်းသို့အရောက် မော်တော်ဖြင့် တစ်နာရီခန့်သာ ကူး ဖြတ်ရကြောင်း ဆိုသည်။ စစ်တွေ မှ နံနက် ၇ နာရီထွက်လျှင် မာန် အောင်သို့ ညနေ ၅ နာရီ ခန့်တွင် ရောက်နိုင်သည်တဲ့။ သူကိုယ်တိုင်သည်ခရီးကို သွားခဲ့ဖူးပြီး ဖြစ်ကြောင်းလည်းဆိုသည်။
          ကောင်းမြတ်သူသည် ကြားသိ နေရသော သတင်းများနှင့် အတူ မာန်အောင်ကျွန်းခေါ် မေဃဝတီ အနာဂတ်ကို ပုံဖော်နေမိခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးသို့ ၂ဝ၁၄-၁၅ ခုနှစ်တွင် လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်ကြောင်း ကြား သိနေရသည်။ ရမ်းဗြဲကျွန်း ကမ်းခြေမှ မာန်အောင်ကျွန်းသို့ လျှပ်စစ်မီးကြိုးသွယ်တန်းနိုင်မည့် အခြေအနေများကိုလည်း လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ အများပြည်သူနှင့် တွေ့ဆုံပွဲတစ်ခုတွင် ပြောကြား ခဲ့သည်ကိုလည်း ကြားခဲ့ရသည်။ မေဃဝတီ၏ အနာဂတ် မျှော်လင့်ချက်များဖြစ်ပါ၏။ ဤမျှော်လင့်ချက်များသည် မာန်အောင် သူ၊ မာန်အောင်သားတို့အတွက် အားဆေးတစ်ခုပင်လည်းဖြစ် ပါလိမ့်မည်။
          မေဃဝတီ၏ အနာဂတ်ကို လှမ်းကြည့်ခြင်းမှာ စိတ်ကူးယဉ်ခြင်းတော့ မဟုတ်။ လောကကြီးတွင် မဖြစ်နိုင်သော အရာ ဟူသည် မရှိဟုဆိုကြသည်။ မဖြစ်သေးတာသာ ရှိသည်ဟု ဆိုသည်။ သို့ဆိုလျှင် စိတ်ကူးများကို အကောင်အထည် ဖော်လာသည်နှင့် အမျှ မေဃဝတီ၏ အနာဂတ်မှာ လင်းလက် ထွန်းတောက်လာနိုင်မည် ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲဟု ဆိုရပေလိမ့်မည်။


   မူရင်း  ဈေးကွက်ကျွန်းသားငမန်း

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...