Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Friday 19 April 2013

နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ

ငွေကြေးအကျပ်အတည်းကြောင့် ဆိုက်ပရပ်စ်ဗဟိုဘဏ်မှ ရွှေထုတ်ရောင်းချမှု၊ ဆိုက်ပရပ်စ် ဗဟိုဘဏ်မှ IMF-EU ၏ Bailout အစီအစဉ်အရ အပေါင်တင်ထားသည့် ရွှေ ၁၄ တန်အား ထုတ်ရောင်းမည့် သတင်းထွက်ပေါ်မှုနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ဧပြီလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ဒေါ်လာအထိ ကျဆင်းခဲ့ရသည်။

ဧပြီလ ဒုတိယပတ်အထိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၈၀ ကျော်အထိ ရှိနေရာမှ ထိုးဆင်း ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၄ ဒသမ ၅၆ အထိသာ ပြန်လည်မြင့်တက်သေးသည်အထိ အကျဈေးတွင်သာ တည်ရှိနေခဲ့သည်။ကမ္ဘာ့ရွှေဈေးပေါ် မူတည်၍ ဈေးဖွင့်သည့် မြန်မာ့ရွှေဈေး အနေဖြင့် ကမ္ဘာ့ရွှေဈေး ကျသည့်အတွက် လိုက်ပါကျဆင်းခဲ့ကြောင်း တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ မှ ကျပ် ၈၀၀၀၀ အထိပင် ကျဆင်းခဲ့သည်။

သင်္ကြန်ကာလ မတိုင်မီက ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇၃၉၅၀၀ ဖြင့် ဈေးပိတ်သွားခဲ့သော်လည်း မြန်မာနှစ်ဆန်း ၂ ရက်နေ့ (ဧပြီလ ၁၈ ရက်နေ့) ရွှေဈေးပြန်ဖွင့်သည့် အချိန်တွင် တစ်ကျပ်သားလျှင် ကျပ် ၆၆၈၅၀၀ ဖြင့်သာ ဈေးဖွင့်နိုင်ခဲ့သည်အထိ ကျဆင်းခဲ့သည်။မြန်မာ နှစ်ဆန်း ၂ ရက်နေ့တွင် အဖွင့်ဈေး ကျပ် ၆၆၈၅၀၀ ဖြင့် စတင်ခဲ့သော်လည်း ညနေပိုင်းတွင် ဈေးပြန်တက်ခဲ့ပြီး ကျပ် ၆၉၁၀၀၀ ဖြင့် ဈေးပိတ်ခဲ့ရကြောင်း၊ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

သို့သော် သင်္ကြန်ကာလ မတိုင်မီ နောက်ဆုံးဈေးဖြင့် တွက်ချက်ပါက တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ၀န်းကျင် ထိုးဆင်းခဲ့ခြင်းဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိပါသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က "ငွေကြေး အကျပ်အတည်းကြောင့် နိုင်ငံတကာက ဘဏ်တွေ ရွှေထုတ်ရောင်းတဲ့အတွက် နိုင်ငံတကာ ရွှေဈေးကျဆင်းတာပါ။

နိုင်ငံတကာ ဈေးကျလို့ ပြည်တွင်းရွှေဈေး ကျတာပါ။ မြန်မာ့ရွှေဈေးက နိုင်ငံတကာဈေးနဲ့ပဲ ချိတ်ဆက်ထားတာဖြစ်လို့ နိုင်ငံတကာ ဈေးအတက်အကျပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိပါတယ်။ ထိန်းချုပ်ဖို့ မရှိဘူး။ နိုင်ငံတကာ ဈေးအတက်အကျအတိုင်းပဲ သွားမှာပါ" ဟု ပြောကြားခဲ့ပါသည်။

Eleven Media Group

Friday, April 19, 2013

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...