Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Tuesday 30 April 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မည်

၂၀၁၅ ရွေးကောက် ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင် စေရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ United Nation Plaza တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာများ တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်ကြောင်း မြန်မာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (နယူးယောက်) အတွင်းရေးမှူး ဦးခိုင်အောင်ကျော်က ပြောကြားသည်။
"ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကျွန်တော်တို့ လိုလားပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသွားကြောင်း ဦးခိုင်အောင်ကျော်က ဆိုသည်။ ပြည်သူလူထုအတွက်
ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် သမ္မတ ဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံသားနှင့် အိမ်ထောင်ကျထားပြီး ၄င်း၏ သားနှစ်ဦး မှာလည်း ဗြိတိန်နိုင်ငံသား ခံယူထားသူများ ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်းစုကြည် မှာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရှိ ဖြစ်နေသည်။
ယင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှသာ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်သည်။ နိုင်ငံသားတိုင်း သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသော ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် အချို့ကို ပြင်ဆင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ၄င်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာအုပ်တွင် အကြံပြုထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ တရားဝင်သား သမီးတစ်ဦးဦး သော်လည်းကောင်း၊ ၄င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော် ခံယူစောင့်ရှောက် ရိုသေသူ၊ တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံရမည့် အပြင် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် ထက်ဝက်ကျော်၏ ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့် အညီ ပြင်ဆင် နိုင်ရန် ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်များကို ပြည်ထောင် စုလွှတ်တော်က ဖွဲ့စည်းသွားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ အရေးကြီး အဆိုကို မတ်လ ၁၅ ရက်နေ့က တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တပ်မတော်အစိုးရက ကမကထပြု ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တစ်ဖက်သတ်ရေးဆွဲထားခြင်း ဖြစ်၍ တရားမျှတမှု မရှိကြောင်း၊ ရွေး ကောက်ပွဲနည်းဥပဒေ များသည်လည်း ကန့်သတ်ချက် များလွန်းသည်ဟု ဆိုကာ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော NLD ပါတီ သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ နည်းဥပဒေအချို့ ဖြေလျှော့မှု ပြုလုပ်ပေးခြင်းကြောင့် ပါတီ မှတ်ပုံတင်ကာ မဲဆန္ဒနယ် ၄၃ နေရာ ဝင်ပြိုင်ရာ ၄၂ နေရာ အနိုင်ရရှိခဲ့သည်။

yoyarlay

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့အတည်ပြု ပြောဆိုသည်။
ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ်တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေးသာ နေလိုသောကြောင့်မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သားစံသိန်းထွေးက ရှင်းပြသည်။
တပ်သားစံသိန်းထွေးမှာ ၎င်း တာဝန်ထမ်းဆောင်နေသော နေရာကို ဖော်ထုတ်ပြောဆိုရန်နှင့် ဧရာဝတီ သတင်းဋ္ဌာနနှင့်လူချင်းတွေ့ဆုံရန်လည်း ငြင်းဆိုသည်။
“ကျနော် အေးအေးဆေးဆေးပဲ
နေချင်တယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်ချင်ဘူး” ဟု သူက ပြောသည်။
ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အ
မှတ် ၂၅ မှ တာဝန်ကျ အရာရှိ၏ အဆိုအရ
တပ်သားစံသိန်းထွေးကို ၎င်းတို့ ဋ္ဌာန အင်အားမှ ထုတ်နုတ်သွားပြီ ဖြစ်ပြီး နေပြည်တော်မှ ခေါ်ယူထားသည်ဟုသာ နောက်ဆုံး သိရှိရကြောင်း သိရသည်။
နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးရုံးကမူ ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးကို နေပြည်တော်တွင် ခေါ်ယူထားခြင်းမှာ မဟုတ်မှန်ဘဲရန်ကုန်ရုံးသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သောကြောင့် ရန်ကုန်တွင်သာ စုံးစမ်းမေးမြန်းရန် ပြောကြားသည်။
ယခုအခါ တပ်သား စံသိန်းထွေးမှာ ရန်ကုန်မြို့ရှိ ၅၁ လမ်း ယဉ်ထိန်းရုံးတွင် တာဝန် ထမ်းဆောင်နေကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ စုံစမ်း သိရသည်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး
နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက မတ်လကုန်ပိုင်းတွင် ခေါ်ယူခဲ့သေးသည်။ နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိရဘဲ နေပြည်တော် ယဉ်ထိန်း တပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့်မသိရှိနိုင်ကြောင်း ကမာရွတ် ယာဉ်ထိန်းရုံးမှ အရာရှိတဦးက မတ်လ ၂၁ ရက်နေ့က ပြောပြခဲ့ဖူးသည်။
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူ
များ အင်အားစုမှ ဦးထင်ကျော်က ဖိုးလပြည့်
လက်သီးနှင့် ထိုးခဲ့သည့် ကိစ္စနှင့် ပတ်သက်
၍ မခံနိုင်သောကြောင့် နိုင်ငံသားတဦး၏ တ
ရားဥပဒေ စိုးမိုးရေးကို ပုံဖော်သည့် ပုံစံဖြင့်
ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့သို့ သွားရောက်အ
မှုဖွင့် တိုင်ကြားခဲ့ရာ စခန်းမှူး ဦးအောင်မော်က အမှုတိုင်တန်းချက်ကို လက်ခံခဲ့သော်လည်း အမှုဖွင့်မပေးခဲ့ကြောင်း သိရသည်။
“အမှုဖွင့်တဲ့ တိုင်စာကို လက်ခံထား လိုက်တယ်။ သူ့ဆီမှာ ကမာရွတ် ယဉ်ထိန်းတပ်ဖွဲ့စု၅ က လာရောက် တိုင်ကြား ထားတာ မရှိဘူး။ ကာယကံရှင် ဖြစ်တဲ့ ရဲတပ်သား စံသိန်းထွေးကလည်း လာရောက် တိုင်ကြားထားတာ မရှိတဲ့အတွက် တိုင်စာကို လက်ခံတယ်။
အမှုဖွင့် မပေးဘူး။ လူကြီးကို တင်ပြပေးပါ့
မယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။
တာဝန် ထမ်းဆောင်နေသောယူနီဖောင်း ၀တ် အစိုးရ၀န်ထမ်းတဦး တာဝန်ချိန်တွင် ပါးရိုက်ခံရခြင်းသည် တရားဥပဒေ စိုးမိုးရေး
ကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့
သို့ ကာယကံရှင် ကိုယ်စား အမှုလိုက်ဖွင့်နေခြင်းမှာသက်ဆိုင်သူများကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ ဥပဒေအထက်တွင်မည်သူမျှမရှိကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဦးထင်ကျော် က ဆိုသည်။
“သူ့ဟာသူ အမှုဖွင့်တာ ဖြစ်ပါလိမ့်မယ်။ ကျ
နော်နဲ့ မဆိုင်ပါဘူး” ဟု တပ်သား စံသိန်း
ထွေးက ဧရာဝတီသို့ ပြောသည်။ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကိစ္စကိုတရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိ
စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ေ
ကြာင်း၊ ကာယကံရှင် ကိုယ်တိုင်မဆောင် ရွက်လိုသော ကိစ္စကို ၀င်ရောက် ဆောင်ရွက်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“တရားဥပဒေ စိုးမိုးရေးဆိုတာက အာဏာရှိ
သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပစ္စည်းဥစ္စာ
ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မျက်နှာကြီးငယ် မလိုက်ဘဲနဲ့
ကျောသားရင်သား မခွဲခြားဘဲနဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံး အညီအမျှဖြစ်ရမယ်။ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေအားလုံး ဥပဒေရဲ့အကာ အကွယ်ကို ရရှိခံစားရမယ်။ အဲဒီလိုမှ တရား
ဥပဒေ စိုးမိုးရေးက ပြည့်စုံတယ်လို့ ပြောလို
့ရမယ်” ဟု ၎င်းက ဆိုသည်။
မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်
ဖိုးလပြည့်သည် ၉ ဂ/ ၉၉၁၄ ကို မောင်းနှင်
လာပြီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင်
ကားလမ်းရှင်းပေးရန်တောင်းဆိုသော
ကြောင့် ယဉ်ထိန်းရဲတပ်သားစံသိန်းထွေးက လမ်းရှင်း ပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကိုလက်သီးဖြင့်ဆင်းထိုးခဲ့
ကြောင်း၊ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားခဲ့ရာ ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း စုံစမ်းမေးမြန်း ချက်များအရ သိရသည်။
အစိုးရ ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း၊ တာဝန် ၀တ္ထရား နှောင့်ယှက်မှုတွင်နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တား နှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ်
ကျပ် ၅ ရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ၀န်ထမ်း
ကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါ
က ထောင်ဒဏ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ခံရ
နိုင်ကြောင်း သိရသည်။
ထက်နိုင်ဇော်

ရခိုင်စုံစမ်းစစ်ဆေးရေးအစီအရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းလင်း

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ခင်း ၂ နာရီမြန်မာငြိမ်းချမ်းရေး
စင်တာမှာ ရခိုင်ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်တာဝန်ရှိသူတွေက အချက်အလက်ရှာဖွေခြင်းနဲ့ နောက်
နောင်မဖြစ်ပွားအောင်အကြံပြုတင်ပြတဲ့
အပိုင်း၂ပိုင်းကိုဦးစားပေးဆောင်ရွက်ခဲ့
ကြောင်းရှင်းလင်းပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက “ဒီကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့်အပိုင်း ၂ ပိုင်းရှိပါတယ်။တပိုင်းကအချက်အလက်ရှာ
ဖွေပြုစုခြင်းပါ။ အဲဒါက ဒီကိစ္စဖြစ်ပေါ်တဲ့ လတ်တလော အကြောင်းရင်းတွေနဲ့ ဒီကိစ္စဖြစ်ပေါ်စေတဲ့ အခြေခံ အ
ကြောင်းရင်းတွေ။ အဲဒါတွေကို အတတ်နိုင်ဆုံးလူတွေ့မေးမြန်းချက်တွေနဲ့ ကိုယ်တိုင် ကွင်းဆင်းလေ့လာမှုတွေ၊ နောက်ပြီးတော့ သမိုင်းစာရွက်စာတမ်း အထောက်အထားမှတ်တမ်းများနဲ့
စာကြည့်တိုက်များကနေရှာဖွေစုဆောင်းတဲ့ အချက်အလက်တွေ အစရှိသဖြင့် အတတ်နိုင်ဆုံးရှာဖွေပြုစုခဲ့ပါတယ်။”
“နောက်တခုကတော့ အကြံပြုချက်အပိုင်းပါ။လက်ရှိဖြစ်နေတာ
တွေကို ကျနော်တို့က ပကတိအတိုင်း လက်ခံနိုင်အောင်၊ နားလည်နိုင်အောင်
ကြိုးစားပြီးတော့ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ အနိမ့်ဆုံးအဆင့် နောက်တကြိမ် မဖြစ်
ပွားအောင် ဘယ်လိုကြိုတင်စီမံမှုတွေ၊ အကာကွယ်တွေလုပ်ကြမလဲ။ ပြီးရင် တဖြည်းဖြည်းချင်း ပျော့ပျောင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းက ခေါင်းေ
ဆာင်တွေအချင်းချင်းတွေ့ဆုံညှိနှိုင်းတာ
တွေကစပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင်ဘယ်လိုဆောင်ရွက်ကြ
မလဲ ဆိုတဲ့ လူမှုရေးသဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ အကြံပြုတင်ပြထားတယ်။”
“တဆက်တည်းမှာပဲ အင်မတန်အကဲဆတ်တဲ
့ကိစ္စဖြစ်တဲ့ ကျနော်တို့ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်ပြီးတော့ နှစ်ဘက်ကြားထဲမှာ ရှိတဲ့ မယုံသင်္ကာမှု၊ အဲဒါတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖို့ ကျနော်တို့ ရေရှည်အချိန်ယူသွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရှုထောင့်အသီးသီးကနေ ပြည့်ပြည့်စုံစုံ ချဉ်းကပ်နိုင်ဖို့ ကော်မရှင်က ကြိုးစားခဲ့ကြောင်းနဲ့ ကော်မရှင်အစီရင်
ခံစာမှာ ပထမဦးဆုံး နံပါတ် ၁ ဦးစားပေးဖော်ပြထားတဲ့ ကဏ္ဍဟာ ဒုက္ခသည်များကိစ္စဖြစ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေး
နဲ့ပတ်သက်တဲ့ ရှုထောင့်၊ လူသား အသက်ရှင်နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လောက်အလေးထားတယ်ဆိုတာ အထင်အရှားပေါ်လွင်ကြောင်း ရှင်းပြသွားပါတယ်။
ဒါဟာ ဒုက္ခသည်တွေ အစားအစာနဲ့ အမိုးအကာရရှိရေးကိစ္စကို နံပါတ် ၁ ဦးစားပေးအနေနဲ့ ဖော်ပြထားကြောင်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လူမှုရေး၊ စီးပွားရေး၊ပညာရေးနဲ့ ပြန်လည်သဟဇာတဖြစ်ဖို့အတွက်
ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အစရှိသဖြင့် ကျနော်တို့ အခန်းကဏ္ဍ ၁၂ ခု ခွဲထားပြီးတော့ ပြုစုထားပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တဲ့အတွက် စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာမရှိကြောင်းနဲ့ ကော်မရှင်အနေနဲ့ကတော့တွေ့ရှိတဲ့အချက်အလက်တွေ၊ဖြစ်သင့်ဖြစ်ထိုက်တဲ့အကြံပြု
ချက်တွေ တင်ပြတာသာဖြစ်ပြီး ပံ့ပိုးကူညီ၊ ဖြေရှင်းမယ့်ကိစ္စတွေကိုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ကိုင်ဆောင်ရွက်သွားမယ်
လို့ ဦးကိုကိုကြီးကရှင်းလင်းပြောပြသွားပါ
တယ်။
From DVB TV News
-http://maruthura.blogspot.com-

ရခိုင်အစီရင်ခံစာ ထုတ်ပြန်ပြီ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်းမေးမြန်းချက်များအပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည်သူသို့ ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကိစ္စ၊ ယာယီနေရာချထားရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးများ၊ နယ်စပ်ပိုင်နက်လုံခြုံရေးနှင့် လူဦးရေ ပြန့်ပွားမှုနှုန်းမြင့်မားသည့် ကိစ္စရပ်များဆိုင်ရာ အကြံပြုချက်များအပါအ၀င် အခန်း ၁၄ ခန်းနှင့် စာမျက်နှာ ၁၃၈ မျက်နှာ ပါရှိသည်။

လူပေါင်း ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များဖြစ်ခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်း ခက်ခဲမှုများကြောင့် မိသားစုစားဝတ် နေရေးများ ထိခိုက်မှုရှိနေကြောင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ထို့အတူ လူမျိုးစု တစ်စုနှင့်တစ်စုအကြား မယုံကြည်မှုများတိုးပွားလာနေခြင်း၊ ဆက်ဆံရေး ပြတ်တောက်ခြင်းနှင့် တင်းမာမှုများမြင့်တက်နေခြင်းများလည်း ဖြစ်ပေါ်နေရာ ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လုံခြုံရေးတပ်အင်အားများ ရုတ်တရက် များပြားစွာ လျှော့ချခြင်းမပြုရန်၊ တပ်မတော်ရေတပ် အင်အားတိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်ရေယာဉ်များ၊ CCTV စောင့်ကြည့်ရေး ကင်မရာများ၊ လူလုပ် အတားအဆီးများချထားရန် စသည့်အချက်များ ပါဝင်သည့် အကြံပြုချက် ၁၆ ချက်ကိုလည်း အကျဉ်းချုပ်ဖော်ပြထားသည်။

ထို့ပြင် လ.၀.က ၀န်ထမ်းများနှင့် ပတ်သက်သည့်အချက်များ၊ စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် အထူးအဖွဲ့များ ဖွဲ့စည်းရေး ဆိုင်ရာအချက်များ၊ ရခိုင်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ တရားစီရင်ရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြံပြုချက်များလည်း ပါဝင်သည်။

ကလေးသူငယ်များ၏ အာဟာရ ချို့တဲ့မှုဆိုင်ရာ ပြဿနာနှင့် စာတတ်မြောက်မှုနှုန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း သီးခြားထည့်သွင်း အကြံပြုထားသည်။

ယင်းအစီရင်ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ အမိန့် ဖြင့် ၂၀၁၂ နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည့် ကော်မတီခွဲ ၇ ခုက တာဝန်ဆက်လက်ယူသွားမည် ဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“အခု ကျနော်တို့ ရင်ဆိုင်နေရတာတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက ပြဿနာဟောင်းတွေပါ။ ကျနော်တို့က ဒုက္ခသည်တွေ အမိုးအကာနဲ့ အစားအစာရရှိရေးအတွက်ကို အဓိကထား စဉ်းစားမယ်။ လူသားတယောက် အသက်ရှင် ရပ်တည်နိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားသွားမယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂါလီဟု သုံးစွဲထားသည်။

မြန်မာနိုင်ငံတွင်း နေထိုင်လျှက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်သင့်သူများကိုလည်း နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သင့်ကြောင်း စုံစမ်းရေးကော်မရှင်က အကြံပြုထားသည်။

ယင်းအချက်နှင့်ပတ်သက်၍ ဦးကိုကိုကြီးက“နိုင်ငံသားဆိုရင် နိုင်ငံအပေါ်မှာ သစ္စာစောင့်သိဖို့ လိုအပ်တဲ့အကြောင်းတွေကို နိုင်ငံသားလျှောက်ထားသူတွေ လေးလေးနက်နက် လက်ခံ လာအောင် အများကြီး လုပ်ဖို့လိုအပ်တယ်။ အစိုးရကလည်း နိုင်ငံသားအားလုံးကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ လိုအပ်တယ်။ ဒါမှ လစ်ဘရယ် ဖြစ်လာမယ်၊ နိုင်ငံအပေါ် သစ္စာစောင့် သိမှုတွေရှိလာမယ်။ လူမျိုးစုတွေကြားမှာ သဟဇာတ ဖြစ်မှုတွေရှိလာမယ်” ဟု ဆက်လက်ပြောသည်။

ယင်းအစီရင်ခံစာကို အဖွဲ့ဝင် ၂၅ ဦးပါဝင်သည့် ကော်မရှင်အဖွဲ့က ၇ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး ယနေ့ အများပြည်သူသို့ မီဒီယာများတဆင့် ယနေ့ထပ်မံထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ လက်ထောက်ဒါရိုက်တာ ဖေလ်ရောဘတ်ဆန်ကမူ ယခု အစီရင်ခံစာတွင် “ယမန်နှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သန့်စင်မှုတွေအတွက် တာဝန်ခံဖို့ လိုအပ်တာကို ထောက်ပြပြောဆိုမှုတွေ မပါဝင်ဘူး” ဟု ပြောဆိုကြောင်း အေပီသတင်းတပုဒ်က ရေးသားထားသည်။

ပြီးခဲ့သည့်အပတ် အဆိုပါ အဖွဲ့က ယမန်နှစ်အတွင်း ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော သွေးစွန်းသော အဓိကရုဏ်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို လူသားမဆန်သော ရာဇ၀တ်မှုများအဖြစ် ဖော်ပြခဲ့ပြီး မြန်မာအာဏာပိုင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ရခိုင်ပြည်ရှိ မွတ်စလင်များကို “လူမျိုးတုန်းသန့်စင်ရေး” လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဧရာဝတီ

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်းဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာနေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ်များ UWSA လက်ထဲသို့ရောက်ရှိကြောင်း အတည်ပြု ခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့သားကောင်း

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့ 

ဧပြီ-၃၀

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ

ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။မှ-HN

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

ဖြိုးအောင်

Wednesday 24 April 2013

ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်

စစ်တွေကမ်းခြေတွင် ဗုံးဖောက်ခွဲမည့်သတင်းများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ် လျက်ရှိကာ ခရီးသွားဧည့်သည် ၀င်ရောက်မှု ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"စစ်တွေ လူစည်ကားတဲ့ ကမ်းခြေ၊ သဘောင်္ဆိပ်၊ ဘုတ်ဆိပ်နဲ့ ဗွီဒီယိုရုံတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲကြမယ် လို့ သတင်းတွေ ထွက်နေတာကြာပြီ သင်္ကြန်မတိုင်ခင်က။ ဒေသခံတွေရော လာလည်တဲ့ ခရီးသည်တွေရော စိုးရိမ်နေကြရတယ်"ဟု စစ်တွေမြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

အဆိုပါသတင်းများကြောင့် စစ်တွေကမ်းခြေသို့ ခရီးသည်ဝင်ရောက်မှုကျဆင်းကာ ဟိုတယ်လုပ်ငန်းအချို့ ရပ်နားဖွယ်ရှိကြောင်း စစ်တွေဟိုတယ်လုပ်ငန်းများထံက သိရှိရသည်။

"ဗုံးဖောက်ခွဲမယ်ဆိုတာတွေကြောင့် ကမ်းခြေအပန်းဖြေစခန်းတွေက ပိတ်မလား၊ မပိတ်ဘူးလားဆိုတာတော့ အတိအကျ မသိသေးဘူး။ စစ်တွေဟိုတယ်က ပိတ်ရက်မရှိဖွင့်လှစ်ပါတယ်။ အဲဒီသတင်းတွေကလည်း ကောလ ဟာလလို့ပဲ ယူဆပါတယ်။ မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်"ဟု စစ်တွေကမ်းခြေမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တွေကမ်းခြေသို့နေ့စဉ်အပန်းဖြေလာရောက်သူဦးရေ (၃၀၀)မှ (၅၀၀)၀န်းကျင်ရှိပြီး အစိုးရရုံးပိတ်ရက်များ၌ လာရောက်အပန်းဖြေသူဦးရေသောင်းဂဏန်းကျော် ၀င်ရောက်လည်ပတ်လေ့ရှိကြောင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ၀င်ရောက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

"အဲ့ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် ပိတ်ဖို့ ပြောတာ အကြောင်းကြားမျိုးတော့မရှိသေးပါဘူး။ ခရီးသည်တော့ အ၀င်တော်တော်လေးနည်းသွားတယ်။ လုံခြုံရေးအာမခံချက်မရရင်တော့ ရက်အကန့်အသတ် မရှိ ပိတ်ထားဖို့ပဲ ရှိတယ်"ဟု ကမ်းခြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါသတင်းများကြောင့် စစ်တွေသို့ လာရောက်အပန်းဖြေလေ့လာလည်ပတ်သူဦးရေ သိသိ သာသာကျဆင်းလာခဲ့ပြီး ဒေသခံများအနေဖြင့်လည်း ယခုကဲ့သို့ ထွက်ပေါ်နေသော သတင်းများကြောင့် လုံခြုံရေး တိုးမြှင့်ချထားပေးရန် မျှော်လင့်မှုများရှိလာကြောင်းကိုလည်း သိရှိရသည်။

Myanmar Online News

ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်
Tuesday, April 23, 2013

အာရကန်ကိုကို (မြစ်မခ) 
Myit Makha Mediagroup

Saturday 20 April 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့်  MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။
MECTel တံဆိပ်ပါ  တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။
ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း  ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက်  ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။

ငွေဖြည့်ကတ်
ငွေဖြည့်ကတ်
၁။ နေပြည်တော် ကောင်စီနယ်မြေ
လင်း မိုဘိုင်း၊ နေပြည်တော်။
Best One ၊ နေပြည်တော်။
လူကြီးမင်း၊ နေပြည်တော်။
Laser Mobile ၊ ပျဉ်းမနား။
Sky Light ၊ ပျဉ်းမနား။
         
၂။ ကချင်ပြည်နယ်
Best One ၊ မြစ်ကြီးနားမြို့။
OVI၊ မြစ်ကြီးနားမြို့။
ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။
၃။ ကယားပြည်နယ်
တောင်ပေါ်သား၊ လွိုင်ကော်မြို့။
Orbit Mobile၊ လွိုင်ကော်မြို့။
၎။ ကရင်ပြည်နယ်
နေလ၊ ဘားအံမြို့။
အတ္ထရံ၊ ဘားအံမြို့။
K-Mobile၊ မြဝတီမြို့။
၅။ စစ်ကိုင်းတိုင်းဒေသကြီး
Hello Mobile ၊ စစ်ကိုင်းမြို့။
Mobile One၊ မုံရွာမြို့။
Star Mobile ၊ ချောင်းဦးမြို့။
လင်း လျှပ်စစ်၊ ရွှေဘိုမြို့။
ဟန်ထူးမွန်၊ မြင်းမူမြို့။
၆။ တနင်္သာရီတိုင်းဒေသကြီး
Alpha ၊ ထားဝယ်မြို့။
To Mobile ၊ မြိတ်မြို့။
၇။ ပဲခူးတိုင်း ဒေသကြီး
စိန်ဟင်း၊ ပဲခူးမြို့။
ရွှေကမ္ဘာ၊ ပြည်မြို့။
ဝင်းကမ္ဘာ၊ တောင်ငူမြို့။
ရွှေမျက်မှန်၊ ဖြူးမြို့။
Future Mobile ၊ ဖြူးမြို့။
ရွှေကျီး၊ ပေါက်ခေါင်းမြို့။
သန္တာထွန်း၊ အင်းမမြို့။
၈။ မကွေးတိုင်းဒေသကြီး
Advance Telecom ၊ မကွေးမြို့။
နေနတ်သား၊ ပခုက္ကူမြို့။
အင်းဝမိုဘိုင်း၊ ချောက်မြို့။
ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။
တန်ခိုးရှင်၊ မင်းဘူးမြို့။
၉။ မန္တလေးတိုင်းဒေသကြီး
Best One ၊ မန္တလေးမြို့။
I-Phone ၊ မန္တလေးမြို့။
Any Call ၊ မန္တလေးမြို့။
Win Mobile ၊ ပြင်ဦးလွင်မြို့။
Easy Call ၊ မိတ္ထီလာမြို့။
Zest Mobile ၊ ပျော်ဘွယ်မြို့။
လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။
ဝင်းစတိုး၊ ပုဂံမြို့။
Sky Ace ၊ မြင်းခြံမြို့။
ဖူဂျီ၊ ရမည်းသင်းမြို့။
၁ဝ။ မွန်ပြည်နယ်
Best One ၊ မော်လမြိုင်မြို့။
ဂျပန်၊ မော်လမြိုင်မြို့။
ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။
စိုးရတနာ၊ သထုံမြို့။
တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။
ပုလဲရွှေစင်၊ မုဒုံမြို့။
၁၁။ ရခိုင်ပြည်နယ်
Super ၊ စစ်တွေမြို့။
ရွှေကိန်းအင်း၊ စစ်တွေမြို့။
စွယ်တော်ဖြူ ၊ အမ်းမြို့။
အားမာန် ၊ အမ်းမြို့။
၁၂။ ရန်ကုန်တိုင်းဒေသကြီး
TMHC-ZK ၊ ကမာရွတ်မြို့နယ်။
MTS ၊ စမ်းချောင်းမြို့နယ်။
Best One ၊ လသာမြို့နယ်။
MobilTel ၊ လသာမြို့နယ်။
MTC ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
09 ၊ မရမ်းကုန်း မြို့နယ်။
လူကြီးမင်း၊ သင်္ဃန်းကျွန်း။
Mobile King ၊ တာမွေမြို့နယ်။
Mobile King ၊ ကြည့်မြင်တိုင်မြို့နယ်။
ISN Net ၊ အင်းစိန်မြို့နယ်။
Missed Call ၊ ဒေါပုံမြို့နယ်။
ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။
၁၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း)
ကျားခေါင်း၊ လားရှိုးမြို့။
Pioneer ၊ လားရှိုးမြို့။
Hello ၊ မူဆယ်မြို့။
၁၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
ပန်းစံအိမ်၊ ကျိုင်းတုံမြို့။
အဆွေတော်၊ တာချီလိတ်မြို့။
ကျော်အောင် ၊ မိုင်းတုံမြို့။
၁၅။ ရှမ်းပြည်နယ် (တောင်ပိုင်း)
စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။
စင်ဒရဲလား၊ တောင်ကြီးမြို့။
ရွှေကမ္ဘာ၊ ကလောမြို့။
တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။
၁၆။ ဧရာဝတီတိုင်းဒေသကြီး
Best One ၊ ပုသိမ်မြို့။
Hello ၊ ပုသိမ်မြို့။
Mobile World ၊ ဟင်္သာတမြို့။
Goldern Star ၊ ကျောင်းကုန်းမြို့။
Victory ၊ မြောင်းမြမြို့။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...