Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Saturday 30 March 2013

အနမ်းနဲ့ ကျမ်းမာရေး

အနမ်းနဲ့ ကျမ်းမာရေး

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။

နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။

၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ

ကုထုံး တစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

Miraculous Master For English Language

Friday 29 March 2013

Michael Learns to Rock အဖွဲ့ရန်ကုန်သို့ရောက်ရှိ

ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်
ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ၂၉ ရက်နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေ
ကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ဇနီး၊သားနှင့်
သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ မိုက်ကယ်
လန်းအဖွဲ့သုံးဦးနှင့်အတူ စက်အဖွဲ့သားများအပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာ
ရီတွင် ၄င်းတို့ ခေတ္တတည်းခိုမည့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
မိုက်ကယ်လန်းအဖွဲ့၏ ဖျော်ဖြေပွဲကိုရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင်မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည်
ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင်ဆီဒိုးနားဟိုတယ်၌ ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။ မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ တေးသီချင်းများစွာမှာ မြန်မာပ
ရိသတ်များနှင့်ရင်းနှီးပြီးဖြစ်ပြီး ၄င်းတို့၏ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲများမှာ အာရှနိုင်ငံ တော်တော်များများ
တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ်ခဲ့သော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ပြု
လုပ်နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လလ ၃၁ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံဖျော်ဖြေပွဲကို ပြုလုပ်နိုင်
ပြီဖြစ်ကြောင်း သိရသည်။

EMG

ဒီနှစ်သင်္ကြန်မှာ လုံလုံခြုံခြုံဝတ်မယ်လို့ စဉ်းစားထားတဲ့ သင်ဇာဝင့်ကျော်

မနှစ်က သင်္ကြန်မှာ နာမည် ကြီးချင်လို့ ဝတ်လိုက်တာ မဟုတ်ပါဘူး။ စိတ်ကူးထဲမှာ ပေါ်တာကို ဝတ်လိုက်တာ။ ဒီနှစ်လည်း အဲဒီပုံစံ မဖြစ်အောင် နည်းနည်းတော့ ဆင်ခြင် ရမှာပေါ့။ မနှစ်က အင်္ကျီက အပြဲပေါ့နော်။ ရေမစိုခင် ကြည့်လို့ ကောင်းတယ်။ ရေလည်း စိုရော ကြည့်မကောင်း တော့ဘူး ဖြစ်သွားတယ်။ ဒီနှစ်လည်း အင်္ကျီကို ရေစို ရင်ရွဲနိုင်လား မရွဲနိုင်လား ဆိုတာ ကြည့်ပြီး ဝတ်ရမှာပါ။ သင်ဇာ အမေ ကလည်း အပြင်သွားရင် လုံလုံခြုံခြုံ ဝတ်ဖို့ မှာထားတယ်။ သင်ဇာ ကတော့ ဘာမှ ဂရုမစိုက် တတ်တဲ့သူ။ ဘယ်သူ ပြောပြော ဘာမှ မဖြစ်တတ် တတ်တဲ့သူ။ ကိုယ့်စိတ်နဲ့ ကိုယ်ဆို ဒီနှစ်လည်း ဝတ်ဖြစ်မှာပဲ။ ဒါပေမဲ့ အမေ့စကား တစ်ခွန်းကြောင့် လုံလုံ ခြုံခြုံ ဝတ်မယ်လို့
စဉ်းစားပါတယ်။ မော်ဒယ်တွေ Show လျှောက်ကြ တယ်။ ပြက္ခဒိန်တွေ ရိုက်ကြတယ်။ ရင်ဘတ်တွေပေါ် ဘာပေါ်ကြတော့ ပရိသတ်တွေ လက်ခံပေး ကြတယ်။ သင်ဇာ မင်းသမီး တစ်ယောက်ဖြစ် နေလို့လား မသိဘူး။ ပရိသတ်က လက်မခံ နိုင်ကြဘူး။ မော်ဒယ်နဲ့ မင်းသမီးတောင် ကွဲပြားခြားနားတယ် လို့ စိတ်ထဲမှာ ထင်မိတယ်။ မင်းသ မီးတွေ လျှပ်ပေါ်လော်လီတဲ့ ပုံစံတွေ ပရိသတ် တွေက လက်မခံနိုင် ဘူးဆိုတာတော့ တွေးမိတယ်။ ကိုယ့်ထက် ဆိုးတဲ့သူ ရှိတာတောင်မှ ကိုယ့်ကိုပဲ သတိထား မိသွားတာက ကိုယ့်ကိုပဲ ပြောချင်ကြလို့ပဲ ထင်ပါ တယ်။ ကိုယ့်ကိုပဲ ရွေးပြီးပြောချင် ကြတယ်လို့ ထင်ပါတယ်။ ဒီနှစ် သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ 
8day news

တီရှပ်ဝတ်ရင်း သူဌေး ဖြစ်သွားသူ

တီရှပ်ဝတ်ရင်း သူဌေးဖြစ်နိုင်မယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ပုံမှာ တွေ့မြင်နေရတဲ့ Jason Sadler ကတော့ သူဌေး ဖြစ်ပြီး ယခုဆိုရင် ဝန်ထမ်းများစွာနဲ့ သူ့လုပ်ငန်းကို လည်ပတ်နေပြီ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကပါ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန် အတွေး တစ်ခု ဝင်လာပါတယ်။ ဒါကတော့ ဘေလ်ဘုတ်ကြော်ငြာပဲ ဖြစ်ပါတယ်။ လူသား ဘေလ်ဘုတ် ကြော်ငြာစနစ်မရှိသေးပါဘူး။ ဒီတော့ သူက စတင်ဖို့ စိတ်ကူးရပြီး ဝဘ်ဆိုဒ် တစ်ခု လုပ်ပါတယ်။ ကုမ္မဏီ နဲ့ ထုတ်ကုန်ပစ္စည်းအကြောင်း ကြော်ငြာထားတဲ့ တီရှပ်ကို တစ်ရက်ဝတ်ခ ၁ ဒေါ်လာနှုန်းနဲ့ စတင်ပါတယ်။

ယင်းထုတ်ကုန်ပစ္စည်းကြော်ငြာထားတဲ့ တီရှပ်ကို မနက်အိပ်ယာထက စလို့ ညအထိ ဝတ်ဆင်ပြီး ရောက်တတ်ရာရာ သွားပါတယ်။ လူစည်ကားရာ သွားပါတယ်။ ဆန်းလဲဆန်းတော့ လူသိများလာပြီး သူ့ဝဘ်ဆိုဒ်လည်း လူဝင်ကြည့်များ၊ သူ့ကြော်ငြာစနစ်ကိုလည်း စိတ်ဝင်စားလာ

ကြပါတယ်။ နောက်တော့ တစ်ရက် ၁ ဒေါ်လာ ကနေ ၂ ဒေါ်လာ၊ ၃ ဒေါ်လာ၊ ၄ ဒေါ်လာ ဈေးအဆင့်ဆင့် တက်လာပြီး ၂၀၀၉ ခုနှစ် တစ်နှစ်ထဲမှာကို အမေရိကန်ဒေါ်လာ ၈၃၀၀၀ တောင် ရှာဖွေနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပထမ နှစ်ကိုအခြေခံလို့ ဒုတိယ နှစ်မှာ တစ်ယောက်တည်း မဟုတ်တော့ပဲ အဖွဲ့လိုက်လုပ်ပါတယ်။ ကုမ္မဏီပေါင်းများစွာလည်း လာရောက်ပြီး စာချုပ်ချုပ်ပါတယ်။ တစ်လဝတ်ဆင်ကြော်ငြာပေးခ၊ ၆ လ ကြော်ငြာပေးခ အစရှိသဖြင့် ရရှိတဲ့ ဝင်ငွေတိုးလာပြီး ကြော်ငြာအေးဂျင့် ကုမ္မဏီကြီး တစ်ခုလို ဖြစ်လာပါတယ်။ ယနေ့မှာဆိုရင် လုပ်ငန်းကို အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာအနှံ့ နယ်ချဲ့ တော့မှာ ဖြစ်ပါတယ်။

ယင်း ကြော်ငြာစနစ်က အတွေးကောင်းတဲ့ Jason Salder ကို တီရှပ်ဝတ်ရင်း ပိုက်ဆံရသူလို့ ယနေ့တိုင် လူသိများစေခဲ့ကြောင်း သိရပါတယ်။
 International news for myanmar

Thursday 28 March 2013

သမ္မတနဲ့ဆိုင်ရာဝန်ကြီးဌာနများသို့ အိတ်ဖွင့်ပေးစာပို့.....

ကိုနေမျိုးဝေမှ မင်္ဂလာတောင်ညွန့် အခြေအနေအား သမ္မတနဲ့ဆိုင်ရာဝန်ကြီးဌာနများသို့ အိတ်ဖွင့်ပေးစာပို့......
.......................................
သို့
(၁) နိုင်ငံတော်သမ္မတကြီး
(၂)ကာ/လုံ
(၃) ၀န်ကြီး ၊ ပြည်ထဲရေးဝန်ကြီးဌာန
(၄) ၀န်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

မင်္ဂလာဈေးအနီး ကုလားရပ်ကွက်များ တုတ်ဓါးကိုင်ဆောင်၍ ညာသံပေးဟစ်အော် နေခြင်းကိစ္စ
မင်္ဂလာတောင်ညွန့် (မင်္ဂလာဈေးအနီး ) ၁၃၂ လမ်း - ၁၃၃ လမ်း - ၁၃၄ လမ်း - ၁၃၅ လမ်း တွင် ယနေ့နံနက် တစ်နာရီခန့်မှာ လမ်းထိပ်တွေကို အချိန်မတော်ထွက်၍ လူစုနေတာကိုတွေ့ရပါတယ် ။ လမ်းထိပ်တိုင်းမှာ ကုလား အယောက် ၂၀ ကျော်ခန့် စုနေပြီး လက်ထဲမှာလည်း တုတ်ရှည် နှင့် ဓါးရှည်များကိုယ်စီကိုင်ဆောင်ထားတာကိုတွေ့ရပါတယ် ။
လမ်းအတွင်းတွေထဲမှာလည်း လေးငါးအိမ်ခန့်အကွာမှာ လူတစ်စု နှုန်းဖြင့် လမ်းတောက်လျှောက် ဖြန့်ကျက်ထားပါတယ် ။ ညည့်အချိန် တက်စီကားများ ဆိုက်ကပ်လာပါက တုတ်ဓါးများကို ၀င့်လျှက် ညာသံပေးကာ တစ်လမ်းလုံးသံပြိုင် ညာသံပေးကာ ဟစ်အော်ပါတယ် ။
အဲသလို ရပ်ကွက် ထဲမှာရှိတဲ့ လမ်းတိုင်းက သံပြိုင် ဟစ်အော် ခြိမ်းခြောက်နေတဲ့အတွက် လူနည်းစု ဗမာများအလွန်ထိတ်လန့်နေပါတယ် ။ ဖုန်းဆက်အကူအညီတောင်းလာပါတယ် ။ အတွင်း ရေးမှူး ဦးအောင်မျိုးဦး နှင့်အဖွဲ့ ညက ကိုယ်တိုင် လှည့်လည် ကြည့်ရှု စုံစမ်းခဲ့တဲ့အခါမှာ ဖြစ်စဉ်မှန် ကန်နေ ပါတယ် ။
အဲဒီရပ်ကွက် ထဲက လူနည်းစုဗမာတွေအတွက် ပြင်ပကနေဗမာတွေသွားရောက်ကူညီဖို့လို အပ်တဲ့ အခြေ အနေ - ဒါမှမဟုတ် ယာယီရွှေ့ပြောင်းရမဲ့အညေခအနေမျိုးဖြစ်လာပါတယ် ။ အဲဒီအချိန်မှာ ရဲတပ်သား ၅၀ လောက်ကတော့ လမ်းတစ်လမ်းကို ပိတ်ပစ်လိုက်ပါတယ် ။ ဒါပေမဲ့ ရဲအင်အားက ဆယ်ပုံတစ်ပုံလောက် ဘဲဖြစ်နေပါတယ် ။
အဲဒီရပ်ကွက် အတွင်းမှာ တုတ်ဓါးလက်နက်တွေကို ရှာဖွေသိမ်းဆည်းဖို့ စာရင်းပြုစုယာယီသိမ်း ဆည်းဖို့ လို အပ်နေပါတယ် ။ အစိုးရအနေနဲ့ အဲသလို စီမံဆောင်ရွက်နိုင်ခြင်းမရှိရင် ကျန်ပြင်ပ ဒေသတွေက ဗမာ အမျိုးသား တွေက သွားရောက် စောင့်ရှောက်ဖို့ ပြင်ဆင်ရပါလိမ့်မယ် - ပြင်ဆင်နေပါတယ် -
အဲဒီအဆင့်မရောက်ဖို့ ရဲနှင့် တပ်အင်အား တိုးချဲ့ချထားဖို့ အရေးပေါ်အဆင့်ကြေညာထားဖို့ တိုက်တွန်း ပါတယ် ။ ညမထွက်ရအမိန့်ချထားဖို့ လိုအပ်နေပါပြီ ။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါကြောင်းအကြံပြုတင်ပြအပ်ပါတယ် ။

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
Credit By: Nay Myo

လိမ်အပြောနိုင်ဆုံး လူသား

စာသင်ခန်းထဲမှာ ကလေးနှစ်ယောက်ငြင်းခုံနေပါတယ်။

ဒါကြောင့် ဆရာမ ရောက်လာပြီး မေးတဲ့အခါ ကျောင်းသား နှစ်ယောက်က ခုလို ပြန်ဖြေပါတယ်။
"သားတို့ နှစ်ယောက် ပိုက်ဆံ ၅ထောင်တန်ကို တူတူကောက်ရထားပါတယ် ဆရာမ။ အဲဒါ အလိမ်ပြောတတ်ဆုံးလူကို ပိုက်ဆံပေးကြေး ငြင်း ခုံ ပြိုင်နေကြတာပါ"
ဆရာမ  ။      ။  " မင်းတို့ကွယ်။ ပိုက်ဆံငါးထောင်ကို အလကား မလိုချင်စမ်းပါနဲ့။ ဆရာမတောင် ငယ်ငယ်လေးကတည်းက ဒီအရွယ်ထိ ငွေ တစ်ကျပ်တောင် လိမ်မယူခဲ့ဘူး"
ဒီတော့ ကျောင်းသား နှစ်ဦးက
ဆရာမကို ငါးထောင်တန်ပေးလိုက်ပါတယ်။

yoyarlay မှ သိသမျှ ။

သင်ဇာဝင့်ကျော် -ရဲ့အချစ်နှင့်ပက်သက်သောဖွင့်ဆိုချက်

တစ်ယောက်နဲ့တစ်ယောက် ရေရှည်တည်မြဲနေတယ်ဆိုတာ သံယောဇဉ်ကြောင့်ပါ။
မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုးသင်ဇာခံစားဖူးလား။
မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ ခံ စားမှုမျိုးတော့မခံစားဖူးဘူး။ လူတစ် ယောက်
ကိုမြင်သွားတယ်ဆိုရင် လည်း ဒါသူ့ကိုကြိုက်သွားတာ မ ဟုတ်ဘူး။ သူ့ရဲ့

နေထိုင်ပြောဆိုမှု အပြုအမူတွေကို သဘောကျတာ မျိုးပဲဖြစ်လိမ့်မယ်။ ချစ်ဖို့ဆိုတာက သူ့အကြောင်းကိုလည်း ကိုယ်ကသိ ဦးမှ ချစ်မှာလေ။ အဲဒီလောက်ကြီး မြင်မြင်ချင်းချစ်ရတဲ့ အချစ်မျိုးတော့ သင်ဇာ့ဘ၀မှာ တစ်ခါမှမကြုံဖူးသေး ဘူး။

ဆယ်ကျော်သက်တုန်းက အချစ်ကိုခံစားမိတဲ့ ခံစားမှုကရော

အဲဒီတုန်းကတော့ အရမ်းကို Serious ဖြစ်တာပေါ့။ ကိုယ်သ ဘောကျတဲ့
လူတွေ ကိုယ်ကြိုက် တဲ့လူတွေ ကိုယ့်အနားမှာရှိရင် အရမ်းရင်ခုန်တာ
မျိုးတော့ရှိတယ်။

ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး ခြေဖျားလက်ဖျားတွေ အေးလာ တယ်။ ငယ်ရွယ်သေးတဲ့ အချစ်ဆို တော့ တည်တည်ငြိမ်ငြိမ်မရှိဘူးပေါ
့။

သဘောကျတဲ့လူတွေကလည်းဆယ် ကျော်သက်တုန်းကအများကြီးပဲ။
အချစ်နဲ့အိမ်ထောင်ပြုခြင်းက ဘယ်လို အချိုးကျတယ်လို့သင်ဇာ ထင်လဲ
အချစ်မပါဘဲယူလိုက်တဲ့လူတွေ လည်း ဥပမာ နှစ်တွေကြာလာတဲ့ အချိန်မှာ ချစ်ကြတာ မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်သံ ယောဇဉ်တွေဖြစ်သွား
တဲ့အတွက် ကြောင့်မို့လို့ ဆက်ပြီးတည်မြဲနေတာ၊ ခိုင်မြဲနေတာပေါ့။

ချစ်တယ်ဆိုတာ တကယ်တမ်းကျတော့ ဘာမှအရေး မကြီးတဲ့အရာတစ်ခု။ မိသားစု အ ချစ်၊ ဒါမှမဟုတ် သူငယ်ချင်းအချစ်၊ သင်ဇာအဲဒီလောက်ပဲ
ယုံကြည်တော့ တယ်။

နောက်ပိုင်းအချစ်တွေကျ တော့ သိပ်မယုံကြည်တော့ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ချစ် တယ်ဆိုတာ အစပိုင်းတော့ ချစ်ကြ မှာပါ။ နောက်ပိုင်း
ကျတော့ ရေရှည် တည်မြဲနေတယ်ဆို တာသံယောဇဉ် ကြောင့်ပါ။

လက်ရှိမှာ လက်ခံထားတဲ့ အချစ်ဆိုတာမျိုးကရော

အချစ်ဆိုတာမျိုးကတစ်ခါတ လေ လိုအပ်ပါတယ်။ တစ်ခါတလေ လည်း
အချစ်မရှိရင်ပျင်းသလိုလိုဖြစ် တယ်။ အချစ်ရှိပြန်တဲ့အခါကျတော့ လည်း မွှမ်းကျပ်တာတွေ စိတ်ဆင်း ရဲခဲ့ရတာတွေ၊ စိတ်ညစ်ရတာတွေ ကြုံခဲ့ရဖူး
တယ်။

အဲဒီလိုကြုံခဲ့ရဖူး တယ်ဆိုတော့ သင်ဇာ့ဘ၀မှာ ပျော် ပျော်ပဲနေချင်တယ်။ ၁၅၀၀ အချစ် မရှိလည်းဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးအခု ဖြစ်နေတယ်။

အချစ်ဇာတ်ကားတွေ သရုပ် ဆောင်တာများလာတော့ အချစ် ကို လက်ခံယုံကြည်တာကကိုယ်ကိုယ်တိုင်လည်းမချစ်ဖူး တာမဟုတ်ဘူး။
ချစ်ဖူးပါတယ်။ ကိုယ်ကလည်း ပုထုဇဉ်လူသားဖြစ် နေတဲ့ အတွက် အချစ်ဆိုတာလူ တိုင်းနဲ့ မကင်းဘူး။

ကိုယ်တကယ် တမ်း ကားရိုက်တဲ့အခါ အပြင်မှာ ဒီလိုဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုဖြစ် မလဲဆိုပြီးအမြဲ တမ်းသရုပ်ဆောင် တယ်။ ဒါပေမဲ့အဲဒီလို
မျိုးတွေ ခံစားဖူးလို့ မဟုတ်ဘူး။ မင်းသမီးဆို တာ ကိုယ်ခံစားဖူးမှ ဒီ
ဟာကိုလုပ် နိုင်ရမှာ မဟုတ်ဘူး။ ကိုယ်မခံစားဖူး လည်း ကိုယ်သာဆို ဘယ်လိုဖြစ်နိုင် မလဲ၊ ဘယ်လိုလုပ်မလဲ ဆိုတာကို တွေဆပြီးတော့လုပ်
နိုင်မယ် လို့သင်ဇာထင် တယ်။

ကလောင် - မိုးထက်ကျော်
Myawady New

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုး
တက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာက“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေး
ခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်
မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀
လောက်ထိ တိုးလာတယ်”ဟု ပြော သည်။

နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်
မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာ
အဲ့သ၀ါ က“HIV ဖြစ်နှုန်းက တိုးလာတယ်။

ဒါပေမယ့် တချို့ပြောင်းရွှေ့လုပ်သားတခ
ျို့က ကျန်းမာရေး အာမခံမရှိတော့
ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက်အိမ်တိုင်ရာရောက် စောင့်
ရှောက်မှုပေးတာတွေတော့ လုပ်တယ်”ဟု ပြော သည်။

မယ်တော်ဆေးခန်း ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုရယူသည့် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစု မှာ အမျိုးသမီးများဖြစ်
ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏
ဆေးဝါးကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သ၀ါ က ပြောသည်။

သို့သော် ရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေနိုင်
မည့် နေရာဒေသများသို့ ရွှေ့ပြောင်းနေရခြင်းများ ရှိရာ တချို့ ရပ်ကွက်များ
တွင် ကူးစက်ခံရမှုနှုန်း လျော့ကျသည်များလည်း ရှိကြောင်း HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် မဲဆောက် အခြေစိုက် World Vision မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ တာဝန်ယူရတဲ့ ရပ်ကွက်တွေမှာ ပြောင်းရွှေ့မှုနှုန်း အရမ်းများတော့ အသိပညာပေး လုပ်ငန်းတွေလုပ်ရတာ သိပ် မထိ ရောက်သလို ဖြစ်တယ်။ သေသွားတာတွေ၊ ပြောင်းရွှေ့
သွားတာတွေကြောင့် တချို့ရပ်ကွက်တွေမှာ လျော့တယ်”ဟု
World Vision မှ ဦးနေဦး က ပြောသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာ ကလည်း ARV ကုထုံးလိုအပ်နေသည့် HIV Positive များအတွက် ဆေးဝါးရရှိမှု အခြေအနေ အခက် အခဲများရှိပြီး အကူညီပေးမှုများ လိုအပ်ကြောင်း ပြောသည်။

“ARV လွယ်လွယ်ကူကူ ရဖို့အတွက်က အလုပ်သမား တော်တော်များများမှာ တရားဝင် လက်မှတ် အထောက်အထား မရှိကြဘူး။

ကျနော်တို့အဖွဲ့က စောင့်ရှောက်ထားတဲ့ လူတွေ အတွက်တော့ အလှူရှင် တယောက်က ၀ယ်တိုက်နေပါတယ်”ဟု ဦးရာဇာက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့ရှိ NGO များနှင့်ဆက်သွယ်ကာ ဆေးဝါးကု
သနေသူများ အတွက် မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံ ကြီး
တို့မှ ARV ရရှိသော်လည်း အကန့်အသတ်ရှိကြောင်း Social Action
for Woman(SAW) အဖွဲ့မှ သိရသည်။

SAW မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးမင်းမင်းက“ ARV ရဖို့အတွက်က အကန့်အသတ် တွေရှိပါတယ်။ ဘယ်ကမှ မရဘူးဆိုရင် ၀ယ်တိုက်ရတာ များတယ်။ လူနာတယောက်ကို ARV ဆေးဝါးဖိုး ကုန်ကျစရိတ်က ၁ လမှာ ဘတ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြားမှာ ရှိပါတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ရွှေ့ပြောင်း လုပ်သားများအကြား HIV ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည့် လူမှု အဖွဲ့အစည်းများမှာ မယ်တော်ဆေးခန်း၊ SAW ၊ MAP ဖောင်ဒေးရှင်း၊ World Vision နှင့် SHDA တို့ဖြစ်ကြောင်း သိရသည်။

မဲဆောက် ဒေသ၌ လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်း
ပြောဆိုကြသည်။

မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)
ဧရာဝတီ

Tuesday 26 March 2013

“ ဧပြီ၁ဝ ရက်နေ့ မွေးနေ့ရှိုးနဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံအကြောင်းပြောပြသူ စိုင်းစိုင်းခမ်းလှိုင်

‘စိုင်းစိုင်းကို ချစ်တယ်’ဇာတ်ကား အကြိုပြသတဲ့ပွဲမှာ စိုင်းစိုင်း ခမ်းလှိုင်နဲ့ တွေ့ခဲ့ရပါတယ်။ ဒီဇာတ် ကားမှာတော့ စိုင်းစိုင်းခမ်းလှိုင်က သရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရသလို ရူးရူးမူးမူးချစ်တဲ့ ပရိသတ်တစ်ယောက်အကြောင်းကို လည်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး စိုင်းစိုင်း ခမ်းလှိုင်က “ဒီ ‘စိုင်းစိုင်းကိုချစ်တယ်’ ဇာတ်ကားဇာတ်ညွှန်းလေးကျွန်တော့် ဆီရောက်လာတဲ့အချိန်မှာ ပိုင်ဖြိုးသု က ကျွန်တော့် ပရိသတ်တွေကိုယ်စား သရုပ်ဆောင်မယ်။

ကျွန်တော်က တော့ စိုင်းစိုင်းနေရာကပဲ သရုပ် ဆောင်မယ်ဆိုတော့ ကျွန်တော် စိတ် ဝင်တစား၊ စိတ်လှုပ်ရှားစွာနဲ့ လက် ခံဖြစ်ခဲ့ပါတယ်။အပြင်မှာလည်း ကျွန် တော့်ကိုသဲသဲလှုပ်ချစ်တဲ့ ပရိသတ် တွေကိုကြုံဖူးပါတယ်။ တစ်ယောက် ကဆို ကျွန်တော့်နာမည်ကို တက်တူး ထိုး ထားတာမြင်ရတော့ ပထမဆုံးအကြိမ် တအားကို မှင်တက်သွားခဲ့တယ်။ ဒီဇာတ် ကားမှာက ‘အာဒံရယ်၊ဧဝရယ်၊ဒသရယ်’ ဇာတ်ကားလို မျိုး သရုပ်ဆောင်ကြီးတွေမပါဘူး။ မင်းသမီးကလည်း အသစ်မင်းသားကလည်း ကျွန်တော်တစ်ယောက် တည်း ဆိုတော့ ကြည့်ပြီးမှ ဝေဖန် ပေးပါ။

တကယ်တမ်းအလုပ်လုပ်တဲ့ နေရာမှာတော့ ပိုင်ဖြိုးသု ရိုက်ကွင်း ပေါ်မှာ အသစ်တစ် ယောက်မဟုတ် ပါဘူး။

တကယ်ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ ကျွန်တော့်ထက်ပို ကြိုးစား၊ ပိုပြီးအလုပ်ကို လေးစားပါ သေးတယ်။ ရိုက်ကူးရေးပိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ရလာတဲ့ ရလဒ်အပေါ်မှာ ပရိသတ် ကကျေနပ်မယ်လို့ထင်ပါတယ်။ ကျွန် တော်ဒီဇာတ်ကားရိုက်တဲ့အခါ ကျွန် တော်ကို ရူးရူးမူးမူးချစ်မြတ်နိုးတဲ့ ပရိ သတ်တွေနဲ့ တွေ့တဲ့အချိန်မှာဘယ်လိုတုံ့ပြန်လဲ၊ အပြင်မှာဆို စိတ်ခံစား မှုဖြစ်စေခဲ့ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ မေတ္တာအသွား အပြန်ဆိုတာကိုယုံကြည်တယ်။ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေကို ကျွန်တော်ကလည်း ချစ်တယ်”လို့ ပြောပါတယ်။

ဧပြီ ၁ဝ ရက်နေ့မွေးနေ့ကိုတော့ ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင် ကျွန်းမှာ ကျင်းပမှာဖြစ်ရာ ည နေ၅ နာရီလောက်ကနေ တံခါးစဖွင့်ပြီး ၆နာရီလောက်ကျရင် ပွဲစမယ်လို့ဆို သူ စိုင်းစိုင်းခမ်းလှိုင်က “၂နှစ်စာ ပေါင်းပြီးကျင်းပရမယ့်ပွဲဖြစ်တဲ့ အတွက် အစီ အစဉ်ကို ပထမပိုင်း၊ ဒုတိယပိုင်း ၂ ပိုင်းခွဲပြီးတင်ဆက်ပါမယ်။ အရင် နှစ်တွေက အတိုင်းပဲမို့ ဖျော်ဖြေ ပွဲတစ်ခုဆိုတာထက်ပိုတဲ့ Fun gathering party တစ်ခုဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ၊ ပျော်ရွှင်ပွဲတစ်ခုဖြစ်ပါ တယ်။ ကျွန်တော်လည်း ပျော်ချင်ပါတယ်။ ကျွန် တော့်ပွဲကိုပရိသတ်အားလုံး တက် ရောက်ချီးမြှင့်ပါလို့ ဖိတ်ချင်ပါတယ်။ ရှိုးပွဲလက်မှတ်တစ်စောင်ကို ၆၅ဝဝ နဲ့ရောင်းပါမယ်။ ပထမဆုံးဝယ်တဲ့ လက်မှတ်အစောင် တစ်ထောင်ကို Birthday Show T Shirt လက် ဆောင်ပေးမယ်။နောက်ကျွန်တော် ‘ဒိတ်ဒိတ်ကြဲ’ သီချင်းခွေ ထွက်တုန်းက Form လေး ဖြည့်ပြီးတော့ ကျွန်တော့် ကိုပို့ပေးပါလို့တောင်း ဆိုခဲ့ဖူးတယ်။ အဲဒီမှာ ပရိသတ်တွေက သူတို့ရဲ့ Data တွေပေးထားပါတယ်။ ကျွန်တော့် ပရိသတ်တွေရဲ့ လိပ်စာ၊ Email၊ ဖုန်းနံပါတ်တွေ၊ ဖေ့စ်ဘုတ်တွေ ရှိပါတယ်။ ဒီအထဲကနေ အယောက်တစ်ထောင်ကို မဲနှိုက်ရွေးချယ်ပြီး ဖိတ်မယ်။ မဲနှိုက်ရွေးချယ်မှပဲ တရားမျှတမှာလေ။ ကျွန်တော့်ကိုနှစ်စဉ်နှစ်တိုင်းပွဲလုပ်တိုင်း ရုပ်ရှင်ရိုက်တိုင်း အခွေထွက်တိုင်း မျက်နှာမငယ်ရအောင် အားပေးခဲ့ကြတဲ့ပရိသတ်တွေ ကျွန်တော့်ကြောင့် မျက်နှာမငယ် ရအောင် ကြိုးစားပါ့မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဒီနှစ်သင်္ကြန် အစီအစဉ်နဲ့ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က “ဒီနှစ်သင်္ကြန်က မဏ္ဍပ်ထိုးမှာပေါ့။ ရန်ကုန်မှာပဲ Alpineမဏ္ဍပ်လုပ်မယ်။

ကျွန်တော့် သူငယ်ချင်းတွေ၊ ပရိသတ် တွေလည်း ရှိမယ်။ ပျော်ပျော်ပါးပါး ရေ ကစားကြတာပေါ့။သင်္ကြန်မဏ္ဍပ်ထိုးတာက နာတာရှည်ရောဂါ တစ်ခုလိုပါပဲ။ သင်္ကြန်ပိုး ကိုသတ်နိုင်တဲ့ အန်တီဗိုင်းရပ်စ်ကပေါ်လည်း မပေါ်သေးဘူး။ဘယ်တော့မှလည်း ပေါ်လာမှာ မဟုတ်ဘူး။ အခုမနက်မိုးလင်းလာရင် ဦးညီထွဋ်ရဲ့ Rock N Roll သင်္ကြန်အခွေနဲ့ ကျွန်တော် အိပ်ရာထတယ်။ ရှုတင်သွားရင် သင်္ကြန်သီချင်းတွေ ဖွင့်တယ်။ရှုတင်မှာလည်း သင်္ကြန်သီချင်းတွေပဲအော် ဆိုနေတယ်။ အဲဒီလောက်ဆို ကျွန်တော် ဘယ်လောက် ဖြစ်နေလဲဆိုတာသိမှာပါ”လို့ ပြောပါတယ်။လတ် တလော အွန်လိုင်းပေါ်က ဓာတ်ပုံတစ်ပုံနဲ့ ပတ် သက်ပြီးလည်း စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော် ဖေ့စ်ဘုတ် သုံးပါတယ်။ တခြားဖေ့စ်ဘုတ်သုံးတဲ့ လူငယ်တွေနည်းတူပဲ ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေတွဲ ရိုက်ပြီးဖေ့စ်ဘုတ် ပေါ်တင်တယ်။

အဲဒီလိုပဲ ကျွန်တော့်ပရိသတ်တွေကလည်း Junction Center၊ ရန်ကင်းစင်တာ၊ရှုတင်မှာ၊ တစ်နေရာရာမှာတွေ့ရင် ဓာတ်ပုံတွေ တွဲရိုက်တယ်။ ဓာတ်ပုံတွေတင်တယ်။ ပရိသတ် တွေ၊ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေက အွန်လိုင်းပေါ်မှာ နေ့စဉ်နဲ့အမျှ တက်နေမှာပါပဲ။ အဲဒီအတွက် အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေရှိနေတဲ့ အပေါ် ဖြေရှင်းစရာမဟုတ်ပါဘူး။ အားလုံးလည်း နားလည် သဘောပေါက်ပါတယ်”လို့ ပြောပါတယ်။

မေမွန်မောင်
 popularmyanmarjournal

ဇာတ်ကားနာမည်ကို’သမ္မတထံပေးစာ’ကနေ ‘လူကြီးမင်း ခင်ဗျား’လို့ပြောင်းလိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပြေတီဦး

လတ်တလောမှာ ပြေတီဦးက ‘လူကြီးမင်းခင်ဗျား’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ဝတ်မှုံရွှေရည်နဲ့ ပြင် ဦးလွင်မှာရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားကို အရင်တုန်းက သမ္မတထံ ပေးစာလို့ နာမည်ပေးထားတာဖြစ် ပြီး ဒီနာမည်က ခွင့်ပြုချက်မရတဲ့ အတွက်’လူကြီးမင်းခင်ဗျား’ လို့ ပေး ဖြစ်သွားတြာ ဖစ်ကြောင်း ပြောပါ တယ်။ ‘သမ္မတထံပေးစာ’ ဆိုတဲ့ နာ မည်ကို ဘာကြောင့် ခွင့်ပြုချက်မရ တာလဲဆိုတာကို နားမလည်ဖြစ်ရ ကြောင်း ကို ပြေတီ ဦးက”ကျွန် တော် တို့က အပျက်သဘောဆောင်ပြီး ရိုက်တဲ့ဇာတ်ကားမျိုးလည်းမဟုတ် ဘူး။

ဒါအပြုသဘောဆောင်ခြင်း အားဖြင့် သမ္မတရဲ့ဂုဏ်ကို လည်း မြှင့်တင်ပေးတာတောင် ဘာကြောင့် ဒီနာမည်ပေးလို့မရတာလဲဆိုတာကို ကျွန်တော်လည်း နားမလည်ဘူး။ သမ္မတနဲ့ ပတ်သက်တဲ့အေ ကြာင်း အရာတွေ နည်းနည်းပါး ပါးပါတယ်။အခက်အခဲတွေတင်ပြတဲ့ သဘောမျိုး တွေ ပေါ့။ဒါကို သမ္မတဘက်က လိုက်လျောပေးလို့ အားလုံးစိတ် ချမ်းသာပြီးပျော်ရွှင်သွားကြတဲ့ ပုံစံ မျိုးတွေပါပါတယ်။ကျွန်တော်တို့က အပျက်သဘောဆောင်လို့ ခွင့်မပြု ဘူးဆိုရင် တစ်မျိုးပေါ့။ ကျွန်တော် တို့က
အပြုသဘောဆောင်တာပါ။ အဲဒါကို မရဘူးဆိုတော့ တော်တော် နားမလည်နိုင်ဘူး”

လို့ပြောပါတယ်။လတ်တလောမှာ ရုပ်ရှင်အစည်း အရုံးမှာဖြစ်ေ ပ်ါနေတဲ့ကိစ္စရေးရာ တွေအပေါ် သူ့ရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အမှန်ကတော့ အားလုံးက ပြေပြေလည်လည်ညှိညှိနှိုင်းနှိုင်း နဲ့သွားနေတဲ့ လမ်းကြောင်းတစ်ခုကို အားလုံးအကောင်းဆုံးဝိုင်းဝန်း စဉ်း စားပြီး ပူးပေါင်းသင့်တာပေါ့။ ဒီ ရုပ်ရှင်အစည်းအရုံးဆိုတာ ကျွန် တော်တို့ ကိုယ်တိုင် အပါအဝင် အားလုံးကသဘောတူညီစွာနဲ့ ရွေးကောက်တင် မြှောက်ထားတဲ့ ရုပ်ရှင်အစည်းအရုံးလေ။အနုပညာ လောကမှာ ကိုယ်ပိုင်ဆုံြး ဖတ်ချက်တွေနဲ့ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဥာဏ်တွေနဲ့ အားလုံးအောင်မြင်အောင်ကြိုး စားခဲ့တဲ့ လူတွေတော်တော်များများပါတယ်။ ဒီလောက်
လူတွေအများကြီးကဒီအဖွဲ့အစည်းကိုတစ်ညီတစ်ညွတ်တည်း ထောက်ခံထား တယ်ဆိုရင် ဒါက အကြောင်းမဲ့ သက်သက်တော့ မဖြစ်နိုင်ပါဘူး။ဒီ အပေါ်မှာ အပြုသဘော ဆောင်တယ် ဆိုတာကိုလည်း နားလည်တယ်။လက်ခံလို့ရတယ်။ဒါပေမဲ့အပြုသဘောဆောင် တယ်ဆိုရင်ပြေပြေလည် လည်ညှိညှိနှိုင်းနှိုင်း လေးနဲ့ ၊စည်းစည်းလုံးလုံးလေးနဲ့ သွားမယ်ဆိုတဲ့ လမ်းကြောင်းကိုပဲ စတင်ရွေးချယ်သင့်တယ်။အခုကတော့ ပြဿနာတွေ မဖြစ်စေချင်ဘဲနဲ့ ဖြစ်သွားပြီပေါ့လေ။ ဒီအပေါ်မှာ ကျွန်တော်တို့ ဘာမှ ပြန်ပြီးလုပ်လို့မရတော့ဘူး။ ရှေ့ဆက်ပြီး တော့ စည်းစည်းလုံးလုံးနဲ့သွားနိုင် ပါစေပဲ ဆုတောင်းပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
 popularmyanmarjournal

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်က
လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီး
နေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြားလိုက်ပါတယ်။

“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်းအနား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာရပ် သတင်းဌာန တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီ
းတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င်
ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင် အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား Khaled က ပြောပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံးအတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက် ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိကိုလည်း ပြန်လည် ပြုစု ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်
တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေရဖို့ လေ့ကျင့်သင်ကြား
ပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။
မြန်မာ ၄ ဦး အလုပ်ခန့်ထားမှုကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူ ထား ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အစီအစဉ်မှာထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာမွတ်ဆလင်
၃ သိန်းခွဲလောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်း ပေါ်ထွက်လာတာပါ။

ဓာတ်ပုံ- arabnews.com
အိမ့်သံစဉ်
ဧရာဝတီ

Monday 25 March 2013

မြန်မာနိုင်ငံသား ၂၉ ဦး ရောင်းစားခံရ

Photo: မြန်မာနိုင်ငံသား ၂၉ ဦး ရောင်းစားခံရ

မတ်လ ၂၅ ရက်၊ ၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်း တရန်း(Trang)မြို့နယ်ရှိ ကန်တန် (Kantang) လှေဆိပ်တွင် ရေလုပ်သားအဖြစ် ရောင်းစားခံ ထားရသည့် မြန်မာ နိုင်ငံသား ၂၉ ဦးကို ထိုင်း အာဏာပိုင်းများက မကြာသေးခင်ရက်ပိုင်းက သွားရောက်ကယ်ခဲ့သည်။

ရောင်းစားခံထားရသူများ တိုင်ကြားချက်အရ မတ် ၁၀ ရက်၊ ၂၂ ၊ ၂၃ ရက်နေ့များတွင် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေး ရေးဌာန (DSI)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT)၊ မြန်မာ အစိုးရ အလုပ် သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက် ရေး ဖောင်ဒေး ရှင်း (FED)တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့ကြောင်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။

မတ်လ ၁၀ ရက်နေ့တွင် ၁၅ဦး၊ ၂၂ ရက်နေ့တွင် ၁၁ ဦးနှင့် ၂၃ ရက်နေ့ တွင် ၃ ဦး စုစုပေါင်း ၂၉ ဦးတို့ကို ကယ်တင်ခဲ့ပြီး ယင်း မြန်မာ နိုင်ငံသား ၂၉ ဦးနှင့် ဆက်စပ်၍ လူကုန်ကူးမှုနှင့် ပတ်သက်သူ မြန်မာနိုင်ငံသား ၁ဦးကိုလည်း ထိုင်း အာဏာပိုင်များက ဖမ်းဆီးထားပြီး ပြန်လည် လွတ်မြောက်လာသူများကို လတ်တလော ကန်တန် ရဲစခန်းတွင် ထိန်းသိမ်း စောင့်ရှောက်ထားကာ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း အာဏာပိုင်များ အနေနှင့် ပြန်လည် လွတ်မြောက် လာသူ တချို့တို့ကို ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပို့မည့် နေရက်ကို မသိရှိရ သေးသော်လည်း မကြာမီ ပြန်ပို့မည်ဟု ယူဆရကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။
ယင်း မြန်မာနိုင်ငံသား တချို့မှာ ထိုင်းနိုင်ငံရှိ ကြက်သား အလုပ်ရုံတခုတွင် အလုပ်ရမည် ဆိုသောကြောင့် မကွေးတိုင်း မင်းဘူးမြို့ နယ်မှ ပွဲစားများနှင့် ဆက်သွယ် ရောက်ရှိလာကြပြီး ယင်းသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ကြက်သားအလုပ်ရုံမှာ တစ်လ ဘတ်ငွေ ၁၀၀၀၀ ရမယ်ဆိုပြီးတော့ ခေါ်လာတာ နောက်ဆုံးတော့ လှေဆိပ်မှာ သွား ရောင်းစားခံရ တာ”ဟု ပြန်လည် လွတ်မြောက်လာသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဦးကျော်သောင်းက ဆိုသည်။

ရောင်းစားခံရသူများထဲတွင် အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အရွယ် ၃ ဦး အပါအ၀င် အသက် ၂၀ ကျော် အရွယ်များ ဖြစ်ပြီး မကွေး တိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များမှ လာရောက်ကြသူများလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင် ရေလုပ်သား အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၂၂ ဦးကိုလည်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ Anti-Human Traffic king Division (AHTD)နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT)တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့သေးသည်။

၂၀၁၂ ခု နှစ်ဆန်းပိုင်းမှ စတင်၍ ယခုလ အတွင်း လူကုန်ကူးခံရသူ လူ ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှုနှင့် ပတ်သက်သူ ဟု ယူဆရသူ ၈ ဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ယခုလအထိ လူ ၅၀ ခန့်ကို ကယ်တင် ထားကြောင်း MAT အဖွဲ့က ပြောသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သတင်းများ အရ သိရ သည်။ သို့သော် မြန်မာပြည်သားအများစုက ပွဲစားများ အပါအ၀င် နည်းလမ်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီးအစစ် အဆေးများကြားမှ နေ့စဉ်ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကိုလည်း ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နှင့် တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယမြောက်ရုံးကို ကရင်ပြည်နယ် မြ၀တီ မြို့၌ ယခုနှစ် မကုန်ခင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘောတူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ် သမား ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

(အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်) ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။

အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်
ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသား ထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူ
ကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ကော်ဖီဧ။် ဈေးနှုန်းမှာလည်း
အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်
းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ
နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။........

မိုးသောက်ကြယ်

စားပွဲတင်တင်းနစ် အားကစားနည်းနှင့်ဟိန်းဝေယံတို့ မောင်နှမ

အခုတစ်ပတ် ပေါ်ပြူလာဂျာ နယ် ဆီးဂိမ်းလှုံ့ဆော်ရေးကဏ္ဍမှာ တော့ စားပွဲတင်တင်း
နစ် အားကစား နည်းကို အနုပညာရှင် ဟိန်းဝေယံနဲ့ စွဲညှို့ ရှင်တို့မောင်နှမနဲ့ ရန်ကုန်မြို့ Indonesian International School Yangon (IISY) ကျောင်း မှာ စီစဉ်ရိုက်ကူးဖြစ်
ခဲ့ပါတယ်။ နိုင်ငံအတွက် ဂုဏ်ေ ဆာင်မယ့် ဆီးဂိမ်းမှာ တစ်ထောင့်တစ်နေရာက နေပါဝင် ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ဆိုလာသူ ဟိန်းဝေယံက “ဆီးဂိမ်းပြိုင်ပွဲ က နိုင် ငံအတွက်ဂုဏ်လည်းတက်သလို အကျိုးအမြတ်တွေလည်းရှိစေတဲ့ အတွက် တအားကောင်း တဲ့ပြိုင်ပွဲ

တစ်ခုလို့ ခံစားမိပါ တယ်။နိုင်ငံ သား တစ်ေ ယာက် အနေ နဲ့ လည်း ဂုဏ် ယူ မိ ပါတယ်” လို့ပြောပြပါတယ်။

ဟိန်းဝေယံ က ဆီးဂိမ်းအပေါ် သူ့ရဲ့မျှော်လင့်ချက် တွေကို “နိုင်ငံအနေနဲ့ စခံစားရ မှာက ဂုဏ်ပေါ့။ စီးပွားရေးအကျိုးအမြတ် တွေလည်းရမယ်။ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး စတဲ့အကျိုးအမြတ်တွေ ကို အိမ်ရှင်အနေနဲ့ အများကြီး ရမယ် လို့ထင်ပါတယ်။

နိုင်ငံခြားသားတွေ ဆီးဂိမ်းကျရင် ဒီကိုပိုဝင်လာပြီး မြန် မာနိုင်ငံက အထင်ကရနေရာတွေ၊ တန်ဖိုးဖြတ်လို့မရတဲ့ အလှတ ရားတွေ ကိုပိုသိသွားမယ်။ ဒီပြိုင်ပွဲကြီးကြောင့် မြန်မာဆိုတာ ပိုထင်ရှားလာမယ်လို့ ထင်ပါတယ်” လို့ပြောပါတယ်။

ပြည် သူချစ်တဲ့ အနုပညာရှင်ေ တွဖြစ်တဲ့ အတွက် အနုပညာရှင်တွေရဲ့ လှုံ့ ဆော်နိုင်စွမ်း
က ပရိသတ်ကို ဘယ် လို အကျိုးသက်ရောက်မှုရှိမလဲလို့ မေးကြည့်တော့ “အနုပညာရှင်
တွေဆိုတာ ပရိသတ်တွေလက်ခံထား တဲ့၊ ပရိသတ်ချစ်တဲ့သူတွေဖြစ်တယ်။ အဲဒီတော့ သူတို့ချစ်တဲ့ အနုပညာ ရှင်တစ်ယောက်ပြောတာက ပရိသ တ် တွေအတွက် တခြား
သာမန်လူတွေ ထက်စာရင် ပိုပြီးသက်ရောက်မှုရှိနိုင် တယ်။

အနုပညာဆိုတာကလည်း အမျိုးသားရေး၊ နိုင်ငံ့အရေးမှာ ပါဝင် တယ်လို့ ကျွန်တော်မြင်ပါ
တယ်” လို့ ဟိန်းဝေယံကပြောပြပါတယ်။

ဟိန်းဝေယံက ဆီးဂိမ်းပြိုင် ပွဲဝင်မယ့် မြန်မာအားကစား အသင်းတွေကို ကိုယ်တိုင် ကိုယ်ကျကွင်းထဲမှာ အား မပေးဖြစ်ခဲ့ရင် တောင် ရုပ် သံကတစ် ဆင့် အား ပေးမှာ
ဖြစ်ကြောင်း ဆက်ပြော ပြပါတယ်။စားပွဲတင်တင်းနစ် ကစားနည်းမှာပါဝင်သရုပ်
ဆောင်ခဲ့တဲ့ ဟိန်းဝေယံရဲ့ညီမဖြစ်သူ စွဲညှို့ရှင် ကလည်း “ဝမ်းသာမိသလို တအား
လည်း ပျော်မိပါတယ်။

ကိုယ့်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် ကိုယ့် အနုပညာနဲ့ တစ်နေရာကပါဝင်ခွင့်ရတာကိုဂုဏ် ယူမိပါတယ်” လို့ပြောပြပါတယ်။ဝါသနာပါတဲ့အားကစား
နည်းတွေအကြောင်းနဲ့ သူ့ရဲ့ ငယ် ဘဝအားကစား အကြောင်းကို စွဲညှို့ရှင်က “ငယ်ငယ်က
တည်းကအားကစားကို အများကြီး လုပ်ချင်တာ။ ဝါသနာပါတဲ့ အားကစား နည်းတွေက
လည်း ယောက်ျားေ လး တွေလိုဘောလုံးကန်တာတို့၊ ဝူရှူးတို့၊ ရေကူးတို့စတဲ့ ဟာကြီးတွေပဲ။

အိမ်က မလုပ်ရဘူး ဆိုတော့မလုပ်ဖြစ်တော့ပါဘူး”လို့ ပြောပါ တယ်။ဆီးဂိ မ်းဖွင့် ပွဲတွေကိုလည်း ကိုယ်တိုင် ကွင်းထဲသွားပြီး အားပေး ချင်ကြောင်း၊ ပရိသတ် တွေ
အများကြီးနဲ့ အားပေးစေချင် ကြောင်း စွဲညှို့ရှင်က ပြောပါ တယ်။ ဆီးဂိမ်း ပြိုင်ပွဲ
ဝင်မယ့် အားကစား သမားတွေအတွက် အားပေး စကားကို “မြန်မာနိုင်ငံ ကိုယ်စား
ပြု အားကစားသမားတွေ၊ အသင်းတွေ အကုန်လုံးအနိုင်ရစေချင်တယ်”လို့ စွဲညှို့ရှင် က ပြောပြခဲ့ပါတယ်။

သီဟ
Popular Journal

Saturday 23 March 2013

လက်မပါ ပန်းချီပညာရှင်

Huang Guofu အမည်ရ တရုတ်လူမျိုးဟာ အသက် ၄ နှစ်သားတုန်းက အက်ဆီးဒန့်တစ်ခုကြောင့် လက်နှစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ အသက် ၁၂ နှစ်သားကစလို့ ခြေထောင်ဖြင့် ပန်းချီဆွဲခြင်းကို ကိုယ်တိုင်လေ့ကျင့် သင်ကြားခဲ့ပြီး နေ့မအိပ်၊ညမအိပ်ကြိုးစားခဲ့ပါတယ်။

 အသက် ၁၈ နှစ်ရောက်တော့ ပန်းချီဆွဲရင်း အသက်မွေးမယ် ဆုံးဖြတ်ချက် နဲ့ ကျောင်းထွက်ပါတယ်။ ဖျားနေတဲ့ အဖေအိုအတွက် ဆေးဖိုးလည်း လိုအပ်နေလို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကြိုးစား ပန်းစားဆွဲရင် Huang ရဲ့  ပန်းချီကားများ လူသိများ အောင်မြင်လာပြီး နိုင်ငံခြားသားများတောင် ဝယ်ယူလာကြ ပါတယ်။

ယခု ဆိုရင် Chonqing Talents Museum မှာလည်း သူ့ပန်းချီကားများ ကို မြင်တွေ့နိုင်ပြီး
ကမ္ဘာတစ်လွှားကနေ အော်ဒါမှာ ဝယ်ယူသူ များပြားကြောင်း သိရ ပါတယ်။

International news for myanmar မှ သိသမျှ ။

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး PNLO နှင့် အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့ဆုံ

ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာဦးဆောင်သည့်အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် မတ်လ
၂၃ရက်နေ့ ကမာရွက်မြို့နယ်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ
တွင်မနက် ၉နာရီမှစတင်ကာ ညနေ ၄နာရီခွဲအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင်မလုပ်ခင်
ကတည်းက မူလ PNO ရလဖခေါင်းဆောင်တွေ ရဟန်းသံဃာ
တွေနဲ့ တွေ့ပြီး အားလုံးသဘောတူမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့
လုပ်တာပါ။ အားလုံးက ဆန္ဒမရှိရင်တော့ မလုပ်ပါဘူး PNLO
ဥက္ကဋ္ဌ ဦးခွန်ဥက္ကာမှ သတင်းထောက်များ၏မေးမြန်းမှု၌ ပြော
ကြားသည်။

ယနေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းပြီးဆုံးသွားပါက PNLO မှ ၎င်းတို့တပ်ဖွဲ့သည် အင်အား ၃၀၀နီးပါးခန့်ရှိသည့် မိသားစုတို့၏ စားဝတ်နေရေး၊ စီးပွားရေးရပ်တည်မှုတို့နှင့် ပတ်သက်၍ အဓိက
ဆွေးနွေးကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ယခုလက်ရှိအချိန်၌ ဆက်ဆံရေးရုံးအား တောင်ကြီးမြို့တမြို့
ထဲတွင်သာ ဖွင့်ထား နိုင်သေးကြောင်းနှင့် စီးပွားရေးလုပ်ငန်းပြု လုပ်ရန်အတွက် ရုံးတစ်ခုကို သထုံတွင်တိုးချဲ့ဖွင့်လှစ်ရန် သဘောတူထားကြောင်း သိရသည်။

ထိုပြင် ပအို့ဝ်အမျိုးသားရေးအဖွဲ့ချုပ် (PNLO)သည် ပြည်နယ်
အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအား ပြီးခဲ့သည့်နှစ် သြဂုတ်လ
၂၅ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးအား သဘောတူလက်မှတ်
ရေးထိုးခဲ့ရာ ၆လအကြာတွင် ပြည်ထောင်စုအဆင့်ဆွေးနွေးခဲ့
ကြောင်း သိရှိရသည်။

The Myanma Age

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး PNLO နှင့် အစိုးရငြိမ်းချမ်းရေး
အဖွဲ့ တွေ့ဆုံ
Saturday,, March 23, 2013

တောင်ကုတ်ဆန္ဒဖော်ထုတ်ပွဲ အောင်မြင်စွာပြီးဆုံး

Demonstration_in_TaungKok_01_copy

                 မနက်ပိုင်းက တောင်ကုတ်လူမှုကွန်ယက်မှ ဦးဆောင်ပြုလုပ်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ ဘင်္ဂလီ များအား စီစစ်ခြင်း မရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့် လူ(၃၀၀)ကျော် ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲမှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများသည် မတ်လ(၂၃)ရက်နေ့ မနက်(၉း၄၀)နာရီတွင် တောင်ကုတ်၊ ဖောင်တော်ဦးဘုရားမှ ဦးဥတ္တမ လမ်းအတိုင်း စတင်ထွက်ခွာခဲ့ကြပြီး၊ အမ်းလမ်းမှတဆင့် ချောင်းကောက် ဦးဥတ္တမလမ်းသို့ချီတက်ကာ နေ့လည်(၁၀း၁၅)နာရီတွင် ဖောင်တော်ဦး ဘုရား၌ စီတန်းလမ်းလျှောက်ခြင်းကို အဆုံးသတ်ခဲ့ကြသည်။
” ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်မှုဥပဒေနှင့်စီစစ်မရှိဘဲနဲ့ အိမ်ဆောက်ပေးမယ့်ကိစ္စကို တောင်ကုတ်မြို့အနေနဲ့ အပြတ်အသတ်ကန့်ကွက်ရှုတ်ချတာကိုထုတ်ဖော်ပြသလိုက်တဲ့အပေါ်အားရကျေနပ်မှုရှိတယ်။ “ဟုတောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျကျော်ကဆိုသည်။
ဆန္ဒဖော်ထုတ်ပွဲကို ခွင့်ပြုချက်မရဘဲ လုပ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကိုဇေယျကျော်က ” ကျနော်တို့မြို့နယ်မှာ မတ်လ (၁၅)ရက်နေ့မှာတင်တယ်။ မတ်လ(၁၇)ရက်နေ့မှာ မြို့နယ်က ပလပ်တယ်။ ဒီတော့ ကျနော်တို့က ပြည်နယ်ကို မတ်လ (၁၈)ရက်နေ့မှာ အယူခံတယ်။ ဒါကိုလည်းပြည်နယ်က မတ်လ (၂၁)ရက်နေ့မှာ ပြည်နယ်ရဲမှူးကိုယ်စား ဒုရဲမှူးကြီးအောင်ကျော်ဦးလက်မှတ်နဲ့ ပလပ်ခဲ့တယ်။ ” ဟုရှင်းပြသည်။
မတ်လ (၇)ရက်နေ့မှ မတ်လ (၁၀)ရက် အတွင်း ပြုလုပ်ခဲ့သော စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၏ ဆန္ဒဖော်ထုတ်သည့် စီစဉ်သူ (၆)ဦးကို ထိုနေ့ညနေပိုင်း၌ ရဲစခန်းသို့ခေါ်ယူကာ အာမခံများပြုလုပ်ပြီး ပြန်လွှတ်ပေးထားရာ ယခုအချိန်ထိ အာဏာပိုင်များဘက်မှ ဆက်သွယ်ဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသေးကြောင်း စစ်တွေဆန္ဒပြပွဲကို ဦးဆောင်စီစဉ်၍ ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့်ပြန်လွတ်လာသူ စစ်တွေလူမှုကွန်ယက်ခေါင်းဆောင် ဒေါ်ညိုအေးကဆိုသည်။
ဒေါ်ညိုအေးက ” သူမအပါအ၀င် (၅)ဦးတို့ကို နောက်ထပ်တစ်စုံတစ်ရာအရေးယူခြင်း မရှိသေးသည်မှာ သူမ၏နောက်၌ ရခိုင်ပြည်သူလူထု ရှိနေခြင်းကြောင့်ဖြစ်နိုင်ကြောင်း။ ” ဆိုပါသည်။
တောင်ကုတ်မြို့ ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ အာဏာပိုင်များဖက်မှ မတ်လ(၂၃)၊ နေ့လည် (၁၂း၀၀)နာရီအထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်းသိရသည်။

 http://rakhinethar.wordpress.com

မိထ္ထီလာ အရေးအခင်းအပေါ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အင်တာဗျူး)

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်
မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင်
အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။

အုပ်စုဖွဲ့၍ အားနည်းသူကို အနိုင်ကျင့်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ
ဖြင့် အမှောင်လွှမ်းသော မိထ္ထီလာ နေ့ရက်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရရုံ
နှင့် မပြီးဘဲ အရေးပေါ်အခြေအနေအဖြစ် အကြေညာလိုက်သည်အထိ အခြေအနေ ဆိုးရွားခဲ့ရသည်။

အခင်းဖြစ်ပွားရာ မိထ္ထီလာသို့ အခြေအနေ ဝိုင်းဝန်းထိန်းသိမ်းရန် သွားရောက်ခဲ့ကြသူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်များလည်း ပါဝင်သည်။

ကိုယ်တိုင် သွားရောက်ခဲ့သည့် ကိုမင်းကိုနိုင်အား ၎င်းမြင်တွေ့ခဲ့ရသည့် အခြေအနေနှင့် အလားအလာကို သုံးသပ်ပေးရန် မဇ္ဈိမက တွေ့ဆုံမေး
မြန်းခဲ့သည်။

အကြမ်းဖက်မှု၊ မတရားမှုများ ကျယ်ပြန့်ကြီးမားလာရပုံနှင့် လုံခြုံရေး တာဝန်ရှိသူများ၏ အားနည်းချက်များကို ကိုမင်းကိုနိုင်ကထောက်ပြ
အကြံပြုထားပြီး ၎င်းတို့ အတွေ့အကြုံအရ ထိုသို့သော အဖြစ်အပျက်
များဖြစ်လာနိုင်ချေရှိကြောင်း ကြိုတင်စိုးရိမ် တွေးထင်ခဲ့သည်ဟု ကို
မင်းကိုနိုင် က အစချီ ပြောပြထားသည်။

မိတ္ထီလာကို ရောက်ရောက်ချင်း ဘယ်လို အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။

မင်း။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းကတည်းက စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်။ အဲဒါတွေက မိတ္ထီလာမှာ စဖြစ်တယ်။ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မသိတာ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ
ကတော့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေတော့ ဖြစ်လာတော့မယ်လို့တော့ ကျနော်တို့ရဲ့ အသက် ၅၀၊ နိုင်ငံရေး အသက် ၂၅၊ ထောင်သက် ၂၀၊ အဲဒီအတွေ့အကြုံက တခုခု ဖြစ်လာတော့မယ်လို့ ထင်နေခဲ့တာ။ မိထ္ထီ
လာမှာ စဖြစ်တယ် ဆိုတော့ အတိုင်းအဆကို ကျနော် မေးလိုက်တယ်။
ပောတာက လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုတော့ ကျနော်တို့ ညတွင်းချင်း လိုက်သွားတယ်။

ပြဿနာတွေကို ဘယ်လိုညှိနှိုင်းခဲ့ရလဲ။

မင်း။ ။ လူတွေ ပိတ်မိရင် အရေးကြီးတယ်။ ကယ်ဆယ်ရေးက အဓိကပဲ။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဆက်အသွယ် ရတယ်။ ကျနော်တို့တွေ တိုင်းဒေသကြီး ဝန်ကြီးလည်း ရှိနေတဲ့အတွက် သွားတွေ့တယ်။ ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ အဖွဲ့တွေနဲ့တွေ့ပြီးတော့ လူထုကို စည်းရုံးသိမ်းသွင်းပေးဖို့
ပြောတယ်။ သူတို့တွေကလည်း ဖြေရှင်းဖို့ကို တက်တက်ကြွကြွရှိပါတယ်။

လုံခြုံရေးတွေက အထက်အမိန့် မရသေးတဲ့ အတွက် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတယ် ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။

မင်း။ ။ တခုတော့ ရှိတာပေါ့ဗျာ။ အမိန့်မရဘဲ လူတွေရဲ့ အသက်ကို ကယ်မိမယ်၊ ရာဇဝတ်သားကို ဖမ်းလိုက်မယ် ဆိုရင် ဘာဖြစ်သွားမလဲပေါ့။ သူတို့ကိုယ်တိုင်လည်း သိဟန် မတူပါဘူး။ ဘယ် ဥပဒေမှလည်း ကျနော်တို့ တိတိကျကျ ပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုံမျိုး သူတို့တွေရဲ့ အသက်ဟာ အမိန့်နာခံမှု ဖြစ်နေတယ်။ အဲတော့ တချို့
ကိစ္စတွေဟာ ရှုတ်ထွေးနက်ရှိုင်းပေမယ့် မျက်စိရှေ့မှာတင် လက်နက်မျိုးစုံ ကိုင်ထားပြီးတော့ လူတယောက်ကို အစစ်ဆေး မေးမြန်းမရှိ ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ကိစ္စ၊ ဥပဒေမဲ့ အိုးအိမ်တွေ ဖျက်ဆီးနေတာကို ဘာမှ အထွေအထူး အမေးအမြန်း လုပ်နေစရာမလိုဘူး။ ကျနော်တို့ လူသားဝါဒ
အရ ချက်ချင်းလက်ငင်း ကာကွယ်ပေးဖို့ ပါပဲ။ ပြီးတော့မှ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်မှုနဲ့ ကြိုးစင်ကို တက်ဆိုရင်လည်း တက်ဖို့ အဆင်သင့်ပါပဲ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းအပေါ် ဘယ်လိုသုံးသပ်လဲ။

မင်း။ ။ သက်သက် ညှာညှာ စဉ်းစားမယ်ဆိုရင်တော့ တော်တော့်ကို အားမရစရာ ကောင်းပါတယ်။ ကျနော်တို့ အပြန်မှာ ဆိုရင် ဓါတ်ဆီဆိုင် တဆိုင်မှာ ကင်ဒိုဓါးကိုင်ပြီးတော့ ဆိုင်ကယ်တစီးနဲ့ တယောက်ထဲ ရမ်း
နေတာကို တွေ့ရတယ်။ အုပ်ချူပ်ရေးပိုင်းက၊ လုံခြုံရေးပိုင်းက လူတွေက ဒီအတိုင်းကို မတ်တပ်ရပ် ကြည့်နေကြတာ။

ဒီပုံအတိုင်းဆို အမိန့်တစုံတရာ စောင့်စရာ မလိုတော့ဘူး။ ဘာကြောင့်လဲ
ဆိုတော့ တရားဥပဒေ စိုးမိုးရေ ဆိုတာဟာ လက်နက်ကိုင်ပြီးတော့ ချိုးဖောက်နေပြီ ဆိုရင် အဲဒီဓါတ်ဆီဆိုင် ကို ကာကွယ်ပေးထားရမယ်။

အဲဒါကို ရဲတွေက ဘာလို့ ဝိုင်းပြီး ကြည့်နေတာ လဲ။ ရဲတပ်ဖွဲ့ဝင်တွေ
က အမိန့်မရလို့ပြောတယ်။ ကျနော့် သဘောကတော့ အမိန့်မလိုပါ
ဘူး။ အမိန့်မရဘဲနဲ့ ရာဇဝတ်ကောင် တကောင်ကို ဖမ်းလိုက်လို့ အပြစ်ပေးမယ်ဆိုရင် ကြိုးစင်တက်ဖို့ပဲ ရှိတော့တယ်။ ဒီလောက် လက်နက်တွေနဲ့ ရမ်းကားနေတာတွေကို မသိလို့လည်း မဟုတ်ဘူး။

အဲဒါတွေက သိပ်သံသယဖြစ်ဖို့ ကောင်းတယ်။ နောက်တခုက တားထားတဲ့ ဒိုင်းတွေ ကြားထဲကနေ တိုးဝှေ့ပြီး ဝင်သွားကြတာတွေ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေတုန်းကတော့ ဆက်ဆံပုံက တမျိုး၊ အခုလို ဖျက်ဆီးနေကြတာကျတော့ တမျိုးနဲ့ဗျာ။ စိတ်အပူရဆုံး လို့တော့ မဟုတ်ဘူးဗျ။

ကျနော် ခေါင်းစဉ်ခွဲ ပြောရမယ်ဆိုရင် ကျနော်တို့တွေဟာ ဘဝတွေကို
ပေးဆပ်ပြီး သုညဘဝကနေ ပြီးတော့ အစက နေပြန်စရတာ။ အခုကတော့ ဖျက်ဆီးခံရတာတွေနဲ့ စိုးရိမ်စရာ ဖြစ်နေတယ်။ တယောက်နဲ့ တယောက် မျိုးတုံး သတ်ဖြတ်ပစ်ဖို့ ဆိုတာမျိုး တိုင်းရင်းသား လူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မရှိခဲ့တဲ့ အပေါ်မှာ အဲလိုမျိုး လုပ်နေပါတယ်လို့ အစွပ်စွဲခံရပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့နဲ့ နားလည်မှု လွဲနေတယ်။ မဖြစ်သင့်တဲ့ အရာတွေ၊ ဒုက္ခတွေ နောက်ထပ် အကြပ်အတည်း
ပေါင်းစုံတွေ ရင်ဆိုင်ရမှာ တွေးပူမိတယ်။

တသက်လုံးမှာ ကျနော်တို့က ဘာသာလူမျိုးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီအစဉ်အလာ ဆိုတဲ့ဟာတွေ ပျောက်သွား
ပြီးတော့ သံသယတွေနဲ့ တချိန်လုံးမအေးချမ်းမှုတွေ ဖြစ်လာနိုင်တာ
တွေကိုလည်း စိုးရိမ်ရတယ်။ စိုးရိမ်မှုတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်တော့ဘူး။

ဝါဒဖြန့်မှုတွေက ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိသွားမလဲ။

မင်း။ ။ အထူးသဖြင့် အွန်လိုင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အရာတွေက ရေးတဲ့သူ၊ တင်ထားတဲ့ လူတွေက ကိုယ်လုပ်တဲ့ဟာ
ကို ကိုယ်တာဝန်ယူတယ်။ အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ နာမည်နဲ့ မ
တင်ထားတဲ့ လူတွေက တွေ့အကြောင်း ထိုင်ပြီး မကောင်းပြောမယ်။

ညစ်ညမ်းတာတွေ ရေးမယ်။ အကောင်းဘယ်လောက်ပဲ လုပ်လုပ် မဟုတ်တမ်းတရား စွပ်စွဲမှာပေါ့။ အဲတော့ အွန်လိုင်းမှာ တက်လာတဲ့
သတင်း (သို့) ဝါဒဖြန့်ချီမှုတွေကို မျက်စိမှိတ်ပြီးတော့ မယုံပါနဲ့၊ ဓါတ်
ပုံတွေက အစ လုပ်ကြံလို့ ရနေတာကိုဗျာ။

ကမ္ဘာ့ တနေရာမှာဗျာ သတ်ဖြတ်ခဲ့တဲ့ ဟာကိုမြန်မာပြည်တနေရာလို့ ပြော
မယ်ဆိုရင်လည်း ယုတ္ထိရှိအောင် လုပ်လို့ ရနေတယ်။ တတ်နိုင်သမျှကတော့ ဆန်းစစ်ဖို့ လိုပါတယ်။

ဘယ်လောက်အထိ သက်ရောက်နိုင်လဲ ဆိုတော့ တိုင်းပြည်ပျက်သွား
တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဉာဏ်အမြော်အမြင် ရှိမှု
နဲ့ တဦးကို တဦးအပြန်အလှန် ထိန်းကြောင်းနိုင်မှုတွေနဲ့ပဲ ဒီကိစ္စကို ကာကွယ်နိုင်ပါလိမ့်မယ်။

အစိုးရကို ဘယ်လိုအကြံပေးချင်လဲ၊ ဘာတွေလုပ်ဖို့ လိုနေတယ်လို့
ပောချင်လဲ။

မင်း။ ။ ရဲတွေ၊ လုံထိန်းတွေက အထက်က အမိန့်မပေးရင် ရပ်ကြည့်ဆိုရင်လည်း ကြည့်နေတာပဲ မနာခံလို့ မရဘူး ။ သူတို့ရှေ့
မှာ လက်နက်တွေ ကိုင်ပြီးတော့ သွားလာနေကြတာကို ဘုရားသွား
ဖို့ ပန်းကလေးတွေ လက်မှာ ကိုင်သွားသလိုပဲ ရပ်ကြည့်နေတာ။ အ
ကုန်လုံး တုံ့နှေးတုံ့နှေးပဲ။ ပွဲဖျက်ပြီးတော့မှ ကယ်တင်ရှင် ဝင်လုပ်
မှာလားလို့ တွေးမိတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

မင်း။ ။ အရေးတကြီး လိုအပ်ချက်က ကိုယ့်အိမ် လုံခြုံရေးကို ဂရုစိုက်ကြဖို့။ ဂရုစိုက်တယ် ဆိုတဲ့နေရာမှာ သံသယ အခြေခံပြီးတော့ ရန်သူရှာတာမျိုး မဖြစ်စေရဘူး။ ကျနော်တို့ ဈေးထဲမှာ တယောက်နဲ့တယောက် ပုခုံးချင်း တိုက်မိမှာပဲ။ အဲဒီအခါမျိုး ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို တိုက်မိတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရိုးသားလား ရည်ရွယ်သလား ဆိုတာတော့ သေသေချာချာ ပိုင်းခြားရလိမ့်မယ်။ သူတို့ ကိုယ်တိုင်မှပဲ သိလိမ့်မယ်။ အဲဒီကနေပြီးတော့ ပျံ့ပြီးတော့ နည်းဗျူဟာက ပြောင်းလဲ
တာတွေ ရှိနိုင်ပါတယ်။

နောက်တချက်ကတော့ ဝါဒဖြန့်မှုတွေပါ။ ဒီနေရာမှာ ဘယ်သူက ဘယ်
သူကို ဘာတွေ လုပ်သွားလဲ ဆိုတာမျိုး အဲဒါတွေကို သေချာ ဆန်းစစ်ပါ။ တကယ်အကြံအစည် တခုခု ရှိနေတဲ့ လူတွေဟာ အဲဒီနည်းတွေကို သုံးပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဘာမဆို ဆန်းစစ်မှ ရပါမယ်။ ကာကွယ်တာနဲ့ အတူသွားပြီးတော့ ကျူးကျော်တိုက်ခိုက်တာကို ခွဲခြားနိုင်ရပါမယ်။

ဓာတ်ပုံ - The Myanma Age

ခိုင်ခိုင်
Mizzima

ရုတ်တရက်ကျရောက်သော တိုနာဒို မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၂၀ သေဆုံး

ယခုနှစ် အတွင်း ပတမ ဆုံး အကြိမ် ရုတ်တရက် ကျရောက် ခဲ့သော တိုနာဒို ( Tornado) မုန် တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၂၀ သေဆုံးပြီး အနည်းဆုံး လူ ၂၀၀ ထိခိုက် ဒဏ်ရာ ရရှိသွား ခဲ့သည်။

တိုနာဒို ကျရောက်ပြီးနောက် မြင်ကွင်း။

သေဆုံး သူများ ထဲတွင် ကလေး တစ်ဦးနှင့် အမျိုး သမီး နှစ်ဦး ပါဝင်သည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) နေ့ ညနေ ၅ နာရီ မိနစ် ၃၀ တွင် ရုတ်တရက် ကျရောက်ခဲ့သော မုန်တိုင်း သည် ရာပေါင်း များစွာသော သက်ကယ်မိုး အိမ်များအား ဖျက်ဆီးပစ်ခဲ့ပြီး မြောက်များ စွာသော စပါး စိုက်ခင်း များအားလည်း လဲပြိုစေခဲ့သည်ဟု ဆိုသည်။

သစ်ပင် များအား အမြစ်နုတ်ကာ ပြောင်းပြန် လှန်ပစ်ခဲ့သည်ဟု သတင်းစာများက ရေးသား ဖေါ်ပြသည်။

ဒက္ကားမြို့ အနီးတွင် တည်ရှိသော ဘြမ်မာ ဘာရီယာ ခရိုင်အတွင်းမှ မြို့နယ် (၃) ခုတွင် ကျရောက်ခဲ့သော တိုနာဒို မုန်တိုင်း သည် ၁၅ မိနစ်သာ အချိန်ကြာသော်လည်း အပျက်အစီး များစေခဲ့သည်ဟု ဆိုသည်။

ကျေးရွာ အများအပြားမှာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရပြီး အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသော ကျေးရွာ များမှာ မြို့နယ် (၃) ခု အတွင်းမှ Ramril ၊ Machhihata ၊ Basudev နှင့် Sultanpur ကျေးရွာ အုပ်စုမှ ရွာများ ဖြစ်ကြသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ဘီအန်ပီပါတီ ခေါင်းဆောင် ခါလစ်ဒါ ဇီယာ တို့မှ ချက်ချင်း ကျေညာချက်များ အသီးသီး ထုတ်ပြန်ကာ ယခု အဖြစ်အပျက် အတွက် ၀မ်းနည်း တုန်လူပ် ရကြောင်း ဖေါ်ပြသည်။

သက်ဆိုင် ရာမှ ချက်ချင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဒုက္ခရောက် သွားသော မိသားစု တစ်ခု ကို တာကာငွေ နှစ်သောင်းနှင့် ဆန် ကီလို ၂၀ စီ ခွဲဝေပေးခဲ့သည်ဟုဆိုသည်။ ဒဏ်ရာ ရသူ တစ်ဦး ကိုလည်း တာကာ ၅၀၀၀ စီ ဆေးကုသရန် ထောက်ပံ့ခဲ့သည်ဟု သိရသည်။

နိရဉ္စရာ

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံ
ရေး လုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာ
ပိုင်များးနင့် မြိုခံလူမှုရေး အဖွဲအစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။

အရေးပေါအခြေအနေ ကြေညာပြီးနောက် မိတ္ထီလာမြို့တွင် တည်ငြိမ်အေး
ချမ်းမှုများပြန်လည်ရရှိစေရန်အတွက် အမှတ်၇၇ ခြေမြန်တပ်မလက်အောက်
ခံ တပ်ရင်းများ၊ မိတ္ထီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန် တပ်မ လက်အောက်
ခံတပ်ရင်းများသာမက တပ်မတော် (လေ )တပ်ဖွဲဝင်များ က လုံခြုံရေးဆောင်
ရွက်ပေးလျက်ရှိသည်။

ခရိုင်အားကစားကွင်းက မွတ်စလင်ဘာသာဝင်ဒုက္ခသည်တွေကို ဘုန်းတော်ကြီးတွေက သွားရောက်အားပေး နေတယ်။အမိုးအကာ
တွ ခုထိမရသေးဘူး၊ ရေသန့်ဗူးတွေ ဆန်အိတ်တွေ ပေးနေတယ်ဟု
The Voice Weekly သတင်းထောက်က ဆက်လက်သတင်းပေးပိုသည်။

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်
လ ၂၂ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

The Voice Weekly ·

တောင်ကုတ် ဆန္ဒဖော်ထုတ်ပွဲ ယနေ့စနေပြီ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စီစစ်ခြင်းမရှိပါဘဲ၊
လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် တောင်ကု
တ်မြို့နယ် လူမှုကွန်ယက်မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို စတင်ရန်ပြင်ဆင်နေပြီ
ဟု သိရသည်။
" ကျနော်တ နာရီဝက်အတွင်း စထွက်တော့မှာ။ အခု ဖောင်တော်ဦးဘုရားမှာလူစုနေတယ်။
အားလုံး ခုနစ်ဆယ်ကျော် လောက်ရှိနေပြီဗျ။ခွင့်ပြုချက်မဲ့ လုပ်ပေမယ့် ပွင့်ပွင့်လင်းလင်းဟ
န့်တားနှောင့်ယှက် တာမျိုးမရှိ သေးဘူးခင်ဗျ။ဟု တောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျေ
ကျာ်က ပြောသည်။ဆန္ဒဖော်ထုတ်ပွဲ တောင်းဆိုသည့်အချက်များမှာ (၁) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကိုလေးစားရန်၊ (၂) ဒေသခံတိုင်းရင်း သားများ၏သဘောထားမပါဘဲ ဒေသအရေးကိုမဆုံးဖြ
တ်ရန်၊ (၃) နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးရန်၊ (၄) ၁၉၈၂ နိုင်ငံ
သားဖြစ်မှု ဥပဒေကိုအမြန်ဆုံး (အမြန်ဆုံး)အကောင်အထည် ဖော်ပေးရန်၊ (၅) တရားမ
ဝင် နေထိုင်သူများအား ဥပဒေကြောင်းအရအမြန်ဆုံး အရေးယူပေးရန်၊ (၆) ဘင်္ဂလီအေ
ရး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိစေရန် ဟူသောအချက် ခြောက်ချက် ပါဝင်ကြောင်းသိရ
သည်။ခွင့်ပြုချက်ရရှိရန် မြို့နယ်နှင့် ပြည်နယ်သို့ တင်ပြတောင်းခံခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်
း ကိုဇေယျကျော်က ဆိုပါသည်။ဤကိစ္စနှင့် ပတ်သက်၍ ကိုဇေယျကျော်က " ဥ
ပဒေနဲ့မညီလို့ အရေးယူမယ်ဆိုလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ပဲရှိတယ်။ ပြည်သူ
အတွက် ဆောင်ရွက်တာပဲလေ။ " ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မတ်လ (၇) ရက်နေ့မှစ၍စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊
ရသေ့တောင်မြို့နယ်များ၌ ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပရာခဲ့တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရ
ာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရပြုလုပ်ခြင်းမဟုတ်၍ မတ်လ (၇)ရက်နေ့ ညနေ၌ စစ်တွေ
ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့ နှစ်ဦးအား လည်းကောင်း၊
ကျောက်တော် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများဖြစ်ကြသည့် ဦးမောင်သိန်းလှိုင်၊ ဦးမောင်
ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့ လေးဦးအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ် ရဲ
တပ်ဖွဲ့မှူးများက တစ်ဦးစီ အတွက်အာမခံ ပုဂ္ဂိုလ်နှစ်ဦးစီ ထားလျက်ခံဝန်ချက်ကို လက်မှတ်ေ
ရးထိုးစေပြီး အာမခံဖြင့်ပြန်လွှတ်ပေးထားကြောင်း သိရသည်။

Google Play မြန်မာနိုင်ငံတွင် သုံး၍ရပြီ

မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်စောင့်စားနေသော Google Play ကို ယနေ့ နံက်မှစတင်၍ အသုံးပြု၍ရပြီဖြစ်ကြောင်းသိရသည်။ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။

ယင်းသတင်း ပတ်သက်ပြီး အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေး
ရှင်းအသုံးပြုသူတစ်ဦးက " အရမ်းမိုက်ပါတယ်ဗျ၊ အရင်က ကျနော်တို့ အယ်ပလီကေးရှင်း တစ်ခုအသုံးပြုချင်ဆို Google Play က ကျွန်တော်
နိုင်ငံအနေနှင့် သုံးမရတော့ သိပ်အဆင်မပြေပါဘူး၊ ဒီမနက်မှာတော့ ကျွန်
တော်စမ်းသုံးကြည့်တော့ သုံးလို့ရတာတွေ့ရပါတယ် " ဟု ၎င်းကပြောသည်။

Popular Myanmar News Journal

Friday 22 March 2013

ရခိုင်လူမျိုးမှာ ကုလားမရှိပါ

ရခိုင်လူမျိုး

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။

မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။

ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။

ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။

သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။

ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။

ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ရခိုင်ပြည်နယ်ရှိမြို့များ

ပြည်နယ်မြို့တော် စစ်တွေ

အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်

လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)

ခရိုင် ၅ ခရိုင်

မြို့နယ် ၁၇ မြို့နယ်

ကျောက်တော်မြို့

ကျောက်ဖြူမြို့

ဂွမြို့

စစ်တွေမြို့

တောင်ကုတ်မြို့

ပုဏ္ဏားကျွန်းမြို့

ပေါက်တောမြို့

ဘူးသီးတောင်မြို့

မာန်အောင်မြို့

မောင်တောမြို့

မင်းပြားမြို့

မြေပုံမြို့

မြောက်ဦးမြို့

ရသေ့တောင်မြို့

ရမ်းဗြဲမြို့

သံတွဲမြို့

အမ်းမြို့

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ

၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. ရခိုင်လူမျိုး

2. ကမန် မျိုးနွယ်စု

3. ခမွီး မျိုးနွယ်စု

4. ဒိုင်းနက် မျိုးနွယ်စု

5. မရမာကြီး မျိုးနွယ်စု

6. မြို မျိုးနွယ်စု

7. သက် မျိုးနွယ်စု

ရည်ညွှန်းကိုးကား

ရခိုင်ရာဇ၀င် ။ အောင်သာဦး

စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု

အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅

မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

* ရခိုင်ဂီတ ဒေါ့ကွန် [1]

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...