Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Thursday 28 February 2013

အာဆီယံ ကားမောင်း ပြိုင်ပွဲဝင် အေးမြတ်သူ မန္တလေး ပရိသတ်များ ကြိုစေချင်

 အာဆီယံ ကားမောင်း ပြိုင်ပွဲဝင် သရုပ်ဆောင် အေးမြတ်သူက ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေးသို့ ရောက်ရှိမည် ဖြစ်၍ ကြိုဆိုစေချင်ကြောင်း ပြောသည်။
ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ အေးမြတ်သူက အာဆီယံလေးနိုင်ငံ ကားမောင်း ပြိုင်ပွဲ အတွက် အိန္ဒိယနိုင်ငံကို ထွက်ခွာသွားခဲ့သည်။ ယင်း ပြိုင်ပွဲ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကြိုတင် ရက်ကို စီစဉ်ထားကြောင်း ပြိုင်ပွဲမှာ ကိုယ့် နိုင်ငံ အတွက် ကြိုးစား သွားမှာဖြစ်ကြောင်း အေးမြတ်သူ က ဆိုသည်။
”ဆုရဖို့ အတွက်တော့ မှန်းမထားပါဘူး။ အားလုံး စည်းစည်းလုံးလုံး သွားမယ့် ရည်ရွယ်ချက်ပါ။ ဘာဆုကြီးရပါစေ ဆိုပြီး မမှန်း ထားဘူး။ လောက မှာ မျှော်မှန်း ထားပြီး မရရင် တအား ခံရခက်တယ်လေ။ ဒါပေမဲ့ ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ”ဟု ၄င်းက ပြောသည်။
အေးမြတ်သူက ပြိုင်ပွဲ မသွားခင် ဓာတ်ပုံ ရိုက်ကူးမှုတွေပဲ လုပ်ဖြစ်ပြီး ‘ဘုန်းကညာ တစ်ပါး’ ဒီဗီဒီ ဇာတ် ကား အထူးပွဲကိုလည်း တက်ရောက် ကြောင်း
သိရသည်။
”ဒီဇာတ်ကားကို ပြန်ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။ ရယ်စရာကား ဆိုတော့ ပျော်ဖို့လည်း ကောင်းတယ်။ ဇာတ်ကားက ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက် တစ်ခု လက်မခံ နိုင်တဲ့ အရာကို သံယောဇဉ် မေတ္တာ တရားထားပြီး ဖြေရှင်းသွားတာ သဘောကျတယ်”ဟု ၄င်းကဆိုသည်။
မေမွန်မောင်
popular myanmar.com မှ သိသမျှ ။

သင်းခွေချပ်(Pangolin) ရဲ့ အစွမ်းသတ္တိ...

Photo: သင်းခွေချပ်

သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။ အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့်
မာကျောသော အလုံးကြီးဖြစ်သွားသည်။

သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း
အများစုမှာ မတက်တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍
ပုရွက်ဆိတ်စားကောင် (Anteater)နှင့် သဏ္ဍာန်တူသည်။ ပုရွက်ဆိတ်စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများသာပါရှိသည်။

သင်းခွေချပ်သည် အမေရိကတိုက်တွင်တွေ့ရသော မျောက်ပျင်း၊ ပုရွက်စားကောင်၊ အာမာဒီလိုကောင်တို့နှင့်အတူ ဖော်လီဒိုးတားမျိုးဝင် သွားမရှိသည့် နို့တိုက်သတ္တဝါချင်းတူသော်လည်းမျိုးရင်းကားမတူချေ။ သင်းခွေချပ်သည် မင်နီဒီးမျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒ အလိုအရ
မေနစ်ကရပ်စီကော်ဒေးတား ဟုခေါ်သည်။ သင်းခွေချပ်များကို
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အိန္ဒိယကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသ များတွင်တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှကိုယ်ထည်အထိအမြီးမပါဘဲ
နှစ်ပေမှနှစ်ပေခွဲအထိရှည်၍ အမြီးသပ်သပ်သည်တစ်ပေခွဲရှည်သည်။

သင်းခွေချပ်အမျိုးမျိုးရှိရာတွင် အချို့အမျိုးတွင်အမြီးသည် ကိုယ်ထည်တစ်ခုလုံးထက်တို၍ အချို့အမျိုးတွင်နှစ်ဆမျှ ရှည်သည်လည်းရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှတစ်ပါး အခြားကိုယ်ထည်တစ်ခုလုံးသည် အိမ်အမိုးတွင်အုတ်ကြွပ်ပြားများ မိုးထားဘိသကဲ့သို့မာကျောသောအကြေးခွံကြီးများဖြင့် တစ်ခုနှင့်တစ်ခု
အနားချင်းထပ်ကာ ဖုံးအုပ်လျက်ရှိနေလေသည်။ အရောင်မှာအညိုရင့်ရောင်ဖြစ်သည်။ နှာတံရှည်၍ချွန်သည်။
အပြင်သို့ထုတ်နိုင်သော ရှည်၍စေးကပ်သည့်လျှာလည်း ရှိသည်။
ခြေလက်တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုယ်မိမိ
ခုခံကာကွယ်သည့်အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ လုံးနေအောင်ကွေးလိုက်ရာ တော်ရုံအားဖြင့်ပြန်၍မဆန့်နိုင်ချေ။
အကြေးခွံများသည် အကာအကွယ်လက်နက်သဖွယ် ကြံ့ကြံ့ခံနိုင်လေသည်။
ဝမ်းဗိုက်ပိုင်းတွင်အမွေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများကြားတွင်လည်း အနည်းငယ်စီရှိကြသည်။

သင်းခွေချပ်များသည်များသောအားဖြင့် မြေတွင်းအောင်း၍နေကြပြီးလျှင်
ခြနှင့်ပုရွက်ဆိတ် တောင်ပို့များကိုတူးကာ ခြ၊ ပုရွက်ဆိတ်နှင့် ယင်းတို့၏ဥများကိုသာ အဓိကထား၍ စားသောက်ကြသည်။ ဤသို့တောင်ပို့များကိုတူးနိုင်ရန် ရှည်၍အနည်းငယ်ကောက်နေသော လက်သည်းခြေသည်းများရှိသည်။ မြေတူးရာ၌ရှေ့လက်နှင့်တူးသောကြောင့်
ရှေ့လက်သည်းများသည် နောက်ခြေသည်းများထက်ရှည်သည်။

ခြတောင်ပို့တစ်ခုကိုတွေ့သည့်အခါ ရှေ့လက်ရှိ သန်မာသောလက်သည်းများနှင့် ပြိုအောင်ဖြိုပြီးလျှင် ခြအုံရှိရာတွင်းထဲသို့
၎င်း၏ ချွန်နေသောနှာတံကိုထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့်လျက်ကာလျက်ကာ ခြများကိုမျိုသွင်းလေသည်။
လမ်းလျှောက်သည့်အခါ သင်းခွေချပ်သည် ခါးကို အနည်းငယ်ကုန်းထားပြီးလျှင် အမြီးကိုထောင်ထားတတ်သည်။
နောက်ခြေများဖြင့်မတ်တပ်ရပ်၍ အဘက်ဘက်သို့ကြည့်နိုင်သည်။ သင်းခွေချပ်သည် မြေကြီးပေါ်၌ကျက်စားလေ့ရှိသော်လည်း
သစ်ပင်ပေါ်သို့လည်း အလွယ်တကူတက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကိုလိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့
ရှေ့လက်သည်းများနှင့်ကုပ်တွယ်၍ ဖက်တက်သည့်အပြင် အမြီးဖြင့်လည်း
သစ်ကိုင်းတွင်လိမ်ထားသေးသည်။ သင်းခွေချပ်၏မျက်စိများသည်ငယ်၍ နားရွက်မှာမရှိသလောက်ဖြစ်သဖြင့် မြင်မသန်သည့်အပြင်
ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင်အာရှတိုင်းပြည်များတွင်
တွေ့ရသော သင်းခွေချပ်များသည် ညဥ့်အခါမှသာတွင်းမှထွက်၍ သွားလာကျက်စားတတ်သောကြောင့်နေ့တွင်တွေ့ရခဲသည်။ နေ့အချိန်၌ကား
မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံး ကျောက်ဆောင်များကြားတွင်ဖြစ်စေ
ကွေး၍နေတတ်ကြသည်။ အိပ်သည့်အခါ ခေါင်းကိုလုံးနေအောင်
ကွေးထားသည့် ရှေ့ခြေနှင့်အမြီးကြားတွင်ထား၍အိပ်သည်။
မွေးခါစသင်းခွေချပ်ကလေးများသည်အကြီးမြန်၍ အကြေးခွံကလေးများမှာ ပျော့နေသည်။
၁၈ လက်မခန့်ရှည်သောသင်းခွေချပ်သားငယ်ကလေးသည်
အမိနို့ရည်ကိုစို့ရင်း လေးလအတွင်း အလေးချိန်နှစ်ဆအထိ
တိုးလာလေသည်။ မိခင်သင်းခွေချပ်သည် သားကလေးအား
အမြီးပေါ်တင်၍ သွားရာသို့သယ်ဆောင်သွားလေ့ရှိသည်။
သားငယ်ကလည်း မိခင်၏အမြီးတွင် ကန့်လန့်ဖြတ်ထိုင်၍ လက်သည်းများဖြင့် ကုပ်တွယ်ထားသည်။ အကြောင်းတစ်ခုခုကြောင့် ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့သော် မိခင်သည်
လုံးနေအောင်ကွေးလိုက်ပြီးလျှင် သားငယ်ကိုရင်ခွင်တွင်ထား၍ ကာကွယ်စောင့်ရှောက်တတ်သည်။ သင်းခွေချပ်အသားသည်
အလွန်ကောင်းသည်ဆိုကာ အချို့လူများကြိုက်နှစ်သက်ကြသည်။

Ref > wikimyanmar

Ref > wikimyanma

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား
၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့်
ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား
Thursday, February 28, 2013 
    
မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက
ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်
ရုံးချိန်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ဆင့်ခေါ်စာဖြင့် တရားလိုဘက်ကို စတင်ခေါ်ယူခဲ့သော်လည်း မိန်းကလေး၏ မိခင်နှင့် တရားလိုပြု တိုင်ကြားသူ ဦးတင်ဌေးထံသို့ အဆိုပါ အကြောင်းကြားစာ
ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယရုံးချိန်းတွင် တရားလိုဘက်မှ စစ်ဆေးမေးမြန်းခံရမည့် ဦးတင်ဌေးမှာ ကျန်းမာရေး အခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ တရားလိုမိန်းကလေး၏ မိခင်ဒေါ်တင်ထွေးက ပြောသည်။

တရားလို မိန်းကလေး၏မိခင် ဒေါ်တင်ထွေးက "ကျွန်မသမီးလေးကို အဓမ္မပြုကျင့်တယ်။ ပြီးတော့ ခိုးမှုနဲ့ ပြန်ပြီးအမှုဖွင့် အရေးယူထားတယ်။ အခုလည်း ကျွန်မသမီးလေးနဲ့ တွေ့ခွင့်မရပါဘူး။ ကျွန်မတို့မိသားစု အနေနဲ့ အရှက်လည်းရတယ်။ သိက္ခာလည်း ကျပါတယ်။ အဲဒီကြားထဲက ခိုးတယ်
ဆိုပြီး ဆိုင်ရှင်ရဲ့ဇနီးက ပြန်တရားစွဲသေးတယ်" ဟု ၎င်းတို့မိသားစု၏ နစ်နာမှုများကို ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်၏ဇနီးမှ အဆိုပါမိန်းကလေးကို အခြားနေရာများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ မိန်းကလေး၏ မိဘများကိုမူ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြောဆို
ခဲ့ခြင်းကြောင့် တရားလိုဘက်မှ အဓမ္မပြုကျင့်ခံရသည့် အမှုအပြင် လူကုန်ကူးမှုပုဒ်မဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်က မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းအနေဖြင့် အဓမ္မပြုကျင့်ခံရသည့် ပုဒ်မ ၃၇၆ ဖြင့်သာ အမှုဖွင့်ပေးခဲ့ကြောင်း တရားလိုမိန်းကလေး၏ အမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်လေးလေးက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဒေါ်လေးလေးက "တရားလို ပြုလုပ်တိုင်တန်းတဲ့ဘက်က မိန်းကလေးရဲ့ အမေရော၊ ဦးလေးရောက ဆင်းရဲတဲ့ တောသူတောင်သား
တွေဖြစ်တဲ့အတွက် ဥပဒေကြောင်း အရဆိုတာတွေ၊ ဆင့်ခေါ်စာတွေကို နားမလည်ကြပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်းမှ လက်ခံစစ်ဆေးပြီး အဓမ္မပြုကျင့်ခံရသူ တရားလိုဘက်မှ ဥပဒေအရာရှိအဖြစ် ဦးတင်မောင်ထွေး၊ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Groupမြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက
ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်
ရုံးချိန်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ဆင့်ခေါ်စာဖြင့် တရားလိုဘက်ကို စတင်ခေါ်ယူခဲ့သော်လည်း မိန်းကလေး၏ မိခင်နှင့် တရားလိုပြု တိုင်ကြားသူ ဦးတင်ဌေးထံသို့ အဆိုပါ အကြောင်းကြားစာ
ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယရုံးချိန်းတွင် တရားလိုဘက်မှ စစ်ဆေးမေးမြန်းခံရမည့် ဦးတင်ဌေးမှာ ကျန်းမာရေး အခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ တရားလိုမိန်းကလေး၏ မိခင်ဒေါ်တင်ထွေးက ပြောသည်။

တရားလို မိန်းကလေး၏မိခင် ဒေါ်တင်ထွေးက "ကျွန်မသမီးလေးကို အဓမ္မပြုကျင့်တယ်။ ပြီးတော့ ခိုးမှုနဲ့ ပြန်ပြီးအမှုဖွင့် အရေးယူထားတယ်။ အခုလည်း ကျွန်မသမီးလေးနဲ့ တွေ့ခွင့်မရပါဘူး။ ကျွန်မတို့မိသားစု အနေနဲ့ အရှက်လည်းရတယ်။ သိက္ခာလည်း ကျပါတယ်။ အဲဒီကြားထဲက ခိုးတယ်
ဆိုပြီး ဆိုင်ရှင်ရဲ့ဇနီးက ပြန်တရားစွဲသေးတယ်" ဟု ၎င်းတို့မိသားစု၏ နစ်နာမှုများကို ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်၏ဇနီးမှ အဆိုပါမိန်းကလေးကို အခြားနေရာများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ မိန်းကလေး၏ မိဘများကိုမူ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြောဆို
ခဲ့ခြင်းကြောင့် တရားလိုဘက်မှ အဓမ္မပြုကျင့်ခံရသည့် အမှုအပြင် လူကုန်ကူးမှုပုဒ်မဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်က မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းအနေဖြင့် အဓမ္မပြုကျင့်ခံရသည့် ပုဒ်မ ၃၇၆ ဖြင့်သာ အမှုဖွင့်ပေးခဲ့ကြောင်း တရားလိုမိန်းကလေး၏ အမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်လေးလေးက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဒေါ်လေးလေးက "တရားလို ပြုလုပ်တိုင်တန်းတဲ့ဘက်က မိန်းကလေးရဲ့ အမေရော၊ ဦးလေးရောက ဆင်းရဲတဲ့ တောသူတောင်သား
တွေဖြစ်တဲ့အတွက် ဥပဒေကြောင်း အရဆိုတာတွေ၊ ဆင့်ခေါ်စာတွေကို နားမလည်ကြပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်းမှ လက်ခံစစ်ဆေးပြီး အဓမ္မပြုကျင့်ခံရသူ တရားလိုဘက်မှ ဥပဒေအရာရှိအဖြစ် ဦးတင်မောင်ထွေး၊ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မန်မာဝတ်စုံမြတ်နိုးတဲ့ ကိုရီးယားမင်းသမီး ဂျောင်ဆိုယောင်း

Photo: မြန်မာဝတ်စုံမြတ်နိုးတဲ့ ကိုရီးယားမင်းသမီး ဂျောင်ဆိုယောင်း

February 28, 2013

နာမည်ကြီး ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဂျောင်ဆိုယောင်း ဟာ
မြန်မာပြည်ကို ခေတ္တ ရောက်နေ ပါတယ်။ အခုလို ရောက်ရှိခိုက်မှာ သူ့ကို မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြလာပါတယ်။ 

ဂျောင်ဆိုယောင်းဟာ ရသစုံလင် လောကတခွင်ဆိုတဲ့ အစီအစဉ်အတွက်
မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး မြန်မာဝတ်စုံနဲ့ မြန်မာ့ရိုးရာ အစားအစာကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုး ရှိတယ်လို့ ပြောပါတယ်တဲ့။နာမည်ကြီး ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဂျောင်ဆိုယောင်း ဟာ
မြန်မာပြည်ကို ခေတ္တ ရောက်နေ ပါတယ်။ အခုလို ရောက်ရှိခိုက်မှာ သူ့ကို မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြလာပါတယ်။

ဂျောင်ဆိုယောင်းဟာ ရသစုံလင် လောကတခွင်ဆိုတဲ့ အစီအစဉ်အတွက်
မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး မြန်မာဝတ်စုံနဲ့ မြန်မာ့ရိုးရာ အစားအစာကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုး ရှိတယ်လို့ ပြောပါတယ်တဲ့။

Wednesday 27 February 2013

မြန်မာအလုပ်သမား ၁၆၇ ဦးကို ထိုင်းရဲက ဖမ်းဆီး

Photo: မြန်မာအလုပ်သမား ၁၆၇ ဦးကို ထိုင်းရဲက ဖမ်းဆီး
Wednesday, February 27, 2013

ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်ကနေ တခြား မြို့နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရောက်နေ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသား လူဦးရေ စုစုပေါင်း ၁၆၇ ယောက်ကို နယ်မြေခံ ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းအရ သိရှိရပါတယ်။ 

မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဒီလ ၂၄ ရက် နေ့က ရောက်ရှိ
နေတာပါ။ လူပွဲစားနဲ့ လာမလာကိုတော့ ထိုင်းသတင်းမှာ
ဖော်ပြထားတာ မရှိပါဘူး။ 

ဒါပေမယ့် မြန်မာနိုင်ငံသားတွေကို နေတဲ့ နေရာကို ထိုင်း ဒေသခံတွေက နယ်မြေခံ ရဲတွေဆီ တိုင်ကြားခဲ့လို့ အခုလို့ အဖမ်းခံရတာ ဖြစ်တယ်လို့ TNA သတင်း အင်တာနက် စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။ 

ထိုင်းရဲက အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် စာရွက်စာတမ်း ရှိမရှိ စစ်ဆေးပြီး တရားမ၀င် လာတဲ့ သူတွေ ရှိပါက ထိုင်း ဥပဒေအရ
ဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။ 

ဓာတ်ပုံ - ဓာတ်ပုံ- mcot.net 
သန်းထိုက်ဦး 
ဧရာဝတီ

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း 
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု 
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် 

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

‎မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင်

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။
 
RND: 27.2.2013
 Popular Myanmar News:

အုပ်ချုပ်ရေးမှူးအခွင့်အာဏာဖြင့် ထိတ်ထုံးခတ်ခွင့်ရှိမရှိ

Photo: အုပ်ချုပ်ရေးမှူးအခွင့်အာဏာဖြင့် ထိတ်ထုံးခတ်ခွင့်ရှိမရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်  နတ်ကြီးချောင်ကျေးရွာသည် ရန်ကုန်  မော်လမြိုင် ကားလမ်းမကြီးဖြတ် သန်းသွားရာရွာကြီးတစ်ရွာဖြစ်ပါ သည်။ တောင်အရှေ့ကရင်တိုင်း ရင်းသားကျေးရွာများနင့် မွန်တို့ အများဆုံးနေထိုင်ရာကွင်းရွာတို့၏  လမ်းဆုံရွာကြီးတစ်ရွာဖြစ်ပါသည်။
တောရွာနေတိုင်းရင်းသားတို့ ၏ ဓလေ့စရိုက်များအတိုင်းရိုးရာ မပျက်နေထိုင်ကြပြီး ရိုးသားဖြောင့်  မတ်ကြသည်။ ရုံး၊ ရဲစခန်းများနင့် လုံးဝပတ်သက်လိုစိတ်မရှိကြချေ။ ကျိုးကြောင်းကြီးငယ်၊ ကိစ္စ  တစ်စုံတစ်ရာပေါ်လာပါက တိုးတိုး တိတ်တိတ်နှင့်သာပြီးသွားတတ်ကြ   သည်။ အကျယ်အကျယ်မငြင်းဖွယ်  မဖြစ်ကြချေ။
နတ်ကြီးချောင်ကျေးရွာနေ လုပ်သားပြည်သူများမှာ ကျေးရွာ  အုပ်ချုပ်ရေးမှူးရုံးသို့သွားလာရ သည့်အခါရုံးရှေ့အ၀င်ပေါက်တွင် ချထားသော ခြောက်ပေါက် (ခေါ်) ထိပ်တုံးကြောင့် မ၀ံ့မရဲ ဖြစ်ကြရသည်။
ရှေးခေတ်အဆက်ဆက်က ပွဲလမ်းသဘင်များတွင် ခြောက်လှန့် သည့်သဘောမျိုးဖြင့် တောရွာ အတော်များများတွင် ထားတတ် ကြသည်ယခုအခါနေရာအတော် များများ၌ မတွေ့ရတော့ချေ။
ဘုရားပွဲတော်နင့်သင်္ကြန်တို့ တွင် မူးယစ်ရမ်းကားပါကပွဲတော်  ပြီးသည့်အထိ ထိပ်တုံးခတ်ခံရ သည်။ ထိပ်တုံးခတ်ခံရဖူးသူ ကိုဇာနည်အားမေးမြန်းကြည့်ရာ   အမူးပြေသည့်အခါတွင် အလွန်  အရှက်တကွဲဖြစ်ရကြောင်းနှင့်ခြင်၊  ယင်၊ မှတ်တို့အပြင်ပုရွက်နီသေး သေးလေးတို့၏ဒဏ်ကိုတစ်ညလုံး  ခံစားရပါသည်ဟုဆိုသည်။မွန်ပြည်နယ်၊ ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာသည် ရန်ကုန် မော်လမြိုင် ကားလမ်းမကြီးဖြတ် သန်းသွားရာရွာကြီးတစ်ရွာဖြစ်ပါ သည်။ တောင်အရှေ့ကရင်တိုင်း ရင်းသားကျေးရွာများနင့် မွန်တို့ အများဆုံးနေထိုင်ရာကွင်းရွာတို့၏ လမ်းဆုံရွာကြီးတစ်ရွာဖြစ်ပါသည်။
တောရွာနေတိုင်းရင်းသားတို့ ၏ ဓလေ့စရိုက်များအတိုင်းရိုးရာ မပျက်နေထိုင်ကြပြီး ရိုးသားဖြောင့် မတ်ကြသည်။ ရုံး၊ ရဲစခန်းများနင့် လုံးဝပတ်သက်လိုစိတ်မရှိကြချေ။ ကျိုးကြောင်းကြီးငယ်၊ ကိစ္စ တစ်စုံတစ်ရာပေါ်လာပါက တိုးတိုး တိတ်တိတ်နှင့်သာပြီးသွားတတ်ကြ သည်။ အကျယ်အကျယ်မငြင်းဖွယ် မဖြစ်ကြချေ။
နတ်ကြီးချောင်ကျေးရွာနေ လုပ်သားပြည်သူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့သွားလာရ သည့်အခါရုံးရှေ့အ၀င်ပေါက်တွင် ချထားသော ခြောက်ပေါက် (ခေါ်) ထိပ်တုံးကြောင့် မ၀ံ့မရဲ ဖြစ်ကြရသည်။
ရှေးခေတ်အဆက်ဆက်က ပွဲလမ်းသဘင်များတွင် ခြောက်လှန့် သည့်သဘောမျိုးဖြင့် တောရွာ အတော်များများတွင် ထားတတ် ကြသည်ယခုအခါနေရာအတော် များများ၌ မတွေ့ရတော့ချေ။
ဘုရားပွဲတော်နင့်သင်္ကြန်တို့ တွင် မူးယစ်ရမ်းကားပါကပွဲတော် ပြီးသည့်အထိ ထိပ်တုံးခတ်ခံရ သည်။ ထိပ်တုံးခတ်ခံရဖူးသူ ကိုဇာနည်အားမေးမြန်းကြည့်ရာ အမူးပြေသည့်အခါတွင် အလွန် အရှက်တကွဲဖြစ်ရကြောင်းနှင့်ခြင်၊ ယင်၊ မှတ်တို့အပြင်ပုရွက်နီသေး သေးလေးတို့၏ဒဏ်ကိုတစ်ညလုံး ခံစားရပါသည်ဟုဆိုသည်။

အမေရိကန်တွင် ကိုးနှစ်သား ကလေးက ဘဏ်ဓားပြတိုက်ခဲ့

                   ၁၉၈၁ ခုနှစ်မတ်လတုန်း က ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Manhattan ခရိုင်က ဘဏ်တစ်ခုမှာ ဖြစ်ပြီး ကိုးနှစ်သား ကလေးငယ်က သေနတ်အတုနဲ့ ဘဏ်ဝင်စီးပါတယ်။ ဒီတော့ အချိန်မှီတားဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။

တရားရုံးတင်စစ်ဆေးကြည့်တဲ့အခါ ယင်း ကလေးငယ်ဟာ အိမ်ထောင်ကွဲ မိသားစုမှ ပေါက်ဖွားပြီး ဖခင်နဲ့အတူနေသူ ဖြစ်ပါတယ်။ အိမ်မှာ အဖေ ဖြစ်သူက ဘဏ်ဓားပြတိုက်တဲ့ ရုပ်ရှင်တွေကို အမြဲလိုလိုကြည့်ရှုတဲ့ အတွက် သူ့စိတ်ထဲမှာ ဘဏ်ဓားပြတိုက်တာဟာ လူစွမ်းကောင်း လုပ်ရပ် တစ်ခုလို စွဲလမ်းနေပြီး ယခုလို မထင်မှတ်ပဲ လုပ်ဆောင်မိခြင်း ဖြစ်ပါတယ်။

ကလေးငယ်မှာ ငွေပစ္စည်း ရယူဖို့အတွက် ဆန္ဒလုံးဝ မရှိပါဘူး။ ရုပ်ရှင်တွေက ဇာတ်လိုက်တွေကို အားကျပြီး လိုက်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သူကြည့်တဲ့ ရုပ်ရှင်များကတော့ ''Adam 12,'' ''The Rockford Files'' နဲ့ ''Hogan's Heroes' အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ ယင်း ရုပ်ရှင်များထဲက လုပ်ဆောင်ချက်များ၊ ဇာတ်ဝင်ခန်းများကို စွဲလမ်းပြီး လိုက်လံ ပြုမူခြင်း ဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နောက်ပိုင်း အမေရိကန် ရုပ်ရှင်နဲ့ အနုပညာာ လောကမှာ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ Privacy နဲ့ Content Warning ဖြစ်ပြီး အသက် ၁၃ နှစ်အောက်မကြည်ရ၊ ၁၆ နှစ်အောက်မကြည့်ရ၊ ၁၈ အောက်မကြည့်ရ ဆိုတာမျိုး Rank အသီးသီး ခွဲတဲ့ စနစ် အရှိန်အဟုန်နဲ့ ထွန်းကားလာပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်တွင်းနဲ့ ပြည်ပ က ရောက်ရှိသမျှ ရုပ်ရှင်တွေကို Rank ဖို့ထက် စနစ်တကျ လမ်းကြောင်း ဖန်တီးပြုလုပ်ပေးဖို့တောင် အားနည်းနေပါတယ်။ ဒါကြောင့် လူငယ်ရော၊ လူကြီးရော၊ လူလတ်ရော အားလုံး Content Warning, Privacy ခံထားသည်ဖြစ်၊ မခံထားသည်ဖြစ် ခွေများ ဝယ်လို့ ၊ငှားလို့ ကြည့်ရှုနေကြပါတယ်။ ဆိုးကျိုး အနေနဲ့ ရုပ်ရှင်ထဲက အပြုအမူများဟာ သင်ယူမှုမြန်ဆန်တဲ့ ကလေးငယ်နဲ့ လူလတ်ပိုင်းတွေကြားမှာ အတုယူမှားစရာ ဖြစ်လာနိုင်ချေများတယ်လို့ သတိပေထားကြကြောင်း သိရပါတယ်။
myanmardailynews

အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း

ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မ***ျား ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မ***ျားကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မ***ျားကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

Kyawthu- Facebook

Sunday 24 February 2013

အမေရိကန် ပြည်ထောင်စုတွင် နျူကလီးယား ယိုစိမ့်မှုနှင့် စပ်လျဉ်း၍ သတိပေးချက်များ ထုတ်ပြန်

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ် ဆီးရက်တယ်လ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃ဝဝ အကွာရှိ ဟန်းဖော့ဒ် နျူကလီးယား ဆိုင်ရာ လုပ်ငန်းခွင်မှ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း သိုလှောင် ကန် ခြောက်ခု နီးပါး ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရှိ အာဏာပိုင် များက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြား ခဲ့သည်။
ဟန်းဖော့ဒ် နျူကလီးယား လုပ်ငန်းခွင်သည် ဒုတိယ ကမ္ဘာစစ် အတွင်းက နျူကလီးယား ဗုံးများ ပြုလုပ်ရန် အတွက် လောင်စာများ ပထမဆုံး ထုတ်လုပ်သည့် နေရာ ဖြစ်ပြီး လွန်ခဲ့သော ၂၅ နှစ်က အဆိုပါ လုပ်ကွက် ကို ပိတ်ပစ် ခဲ့ကြောင်း ဝါရှင်တန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေအင်ဆလီက ပြောကြား ခဲ့သည်။ ဟန်းဖော့ဒ် နျူကလီးယား လုပ်ကွက်မှ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း ယိုစိမ့်မှု ပမာဏသည် စိုးရိမ်ဖွယ် ရှိကြောင်း ၎င်း က ဆက်လက် ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါ ယိုစိမ့်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေး အခြေ အနေကို ချက်ချင်း အန္တရာယ် မပေး နိုင်ကြောင်း၊ သိုလှောင်ကန် များနှင့် ပတ်သက်၍ ပြဿနာ များကို ဖော်ထုတ်နိုင်ရန် စွမ်းအင် ဝန်ကြီး ဌာနသည် ဝါရှင်တန် ပြည်နယ်မှ အာဏာပိုင်များ၊ အခြား အရေးပါသော ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင် လျက် ရှိကြောင်း ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် စွမ်းအင် ဝန်ကြီး စတီဗင်ချူက ပြောကြား ခဲ့သည်။

သို့သော် ထိုသတင်းသည် ဝါရှင်တန် ပြည်နယ်ရှိ ဒေသခံ ပြည်သူများ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

ထို့ပြင် ဟန်းဖော့ဒ် နျူကလီးယား လုပ်ကွက်ရှိ ရေဒီယို သတ္တိကြွ အရည်နှင့် အနည် အနှစ်များ သိုလှောင် ထားသည့် သိုလှောင်ကန် ၁၄၉ လုံးနှင့် ပတ်သက်၍လည်း လုံခြုံ စိတ်ချမှု ရှိ၊ မရှိဟူသော စုံစမ်း မေးမြန်းမှု များသည် အရှိန် အဟုန် မြင့်မား လာခဲ့သည်။

ထို့ကြောင့် သိုလှောင်ကန်များ ယိုစိမ့်မှုနှင့် စပ်လျဉ်း၍ သတင်း အချက်အလက် များကို မကြာမီတွင် ထပ်မံ ထုတ်ပြန် ပေးနိုင်ရန် ဝါရှင်တန် ပြည်နယ်ရှိ အာဏာပိုင် များက မျှော်မှန်း ထားကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြား ခဲ့သည်။
Myawady News

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့်
ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ
နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း
သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း
အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည်
ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိက
တာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်
ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

တောင်ကြီးတိုင်းမ်

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း
တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ
Sunday, February 24, 2013 

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့်
ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ
နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း 
သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း
အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည်
ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိက
တာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်
ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

တောင်ကြီးတိုင်းမ်

Thursday 21 February 2013

တောင်ကိုရီးယားအား မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယား အပေါ် ပိတ်ဆို့မှု ချမှတ်ရန် ကုလ သမဂ္ဂကို ဆက်လက် တိုက်တွန်းပါက ပျက်စီးခြင်းနှင့် ကြုံတွေ့ရမည်ဟု တောင်ကိုရီးယားအား မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား အစီအစဉ် နှင့်စပ်လျဉ်း၍ ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ချမှတ်ရန် တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ် နိုင်ငံများက ကုလသမဂ္ဂကို ဆက်လက်တိုက်တွန်း လုပ်ဆောင်မည် ဆိုပါက တောင်ကိုရီးယား နိုင်ငံအနေဖြင့် ပျက်စီး ခြင်းနှင့် တွေ့ကြုံ ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယား နိုင်ငံက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှု များအား ၎င်းနိုင်ငံ အနေဖြင့် အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း မြောက်ကိုရီးယား သံတမန် ဂျွန်ယုံရောင်းက လက်နက် ဖျက်သိမ်းရေး ဆိုင်ရာ ကုလ သမဂ္ဂ ညီလာခံတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုအား ကမ္ဘာ့နိုင်ငံ အသီးသီးက ပြစ်တင်ဝေဖန် ခဲ့ကြသော်လည်း မြောက်ကိုရီးယား အစိုးရကမူ မိမိကိုယ် မိမိကာကွယ်ရန် အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်သည် ဟု ပြောကြား ထားသည်။

တစ်ချိန် တည်းမှာပင် မြောက်ကိုရီးယား နိုင်ငံသည် အလွန်ကြီးမားသည့် ၎င်းတို့၏ အရင်း အမြစ်များကို နျူကလီးယား လက်နက်များနှင့် ဒုံးကျည်များ ထုတ်လုပ်ရာတွင် အလွန်အကျွံ အသုံးပြုလျက် ရှိပြီး နိုင်ငံအတွင်း၌ ကာလရှည်ကြာ အစားအစာ ပြတ်လပ်မှု များ ဖြစ်ပေါ် လျက် ရှိကြောင်းနှင့် နိုင်ငံအတွင်းရှိ ပြည်သူများကို ဆက်လက်ခြိမ်းခြောက် နိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယား သံအမတ် ကင်ဟေးယုန်က တုံ့ပြန်ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ရန် နိုင်ငံ တကာ၏ တောင်းဆိုချက်ကို ထပ်တလဲလဲ ငြင်းဆိုထားပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေ အနေနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စု အပေါ် ပြစ်တင် ဝေဖန်လျက် ရှိကြောင်း သိရသည်။

http://bit.ly/XmD6Ch
 
ဂျနီဗာ ဖေဖော်ဝါရီ ၂ဝ

ဆရာကြီး ဒေါက်တာအေးကျော် အရိုးပြာ အုတ်ဂူ တည်ဆောက်ပြီးစီး

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ၌ ကွယ်လွန် အနစ္စရောက်သွားခဲ့သည့် ရခိုင်အမျိုးသား သမိုင်းပညာရှင် ဒေါက်တာအေးကျော်၏ ကြွင်းကျန်ရစ်သည့် အရိုးပြာကို သူ့ ၏ ဇာတိချက်မြှပ်ရွာဖြစ်သော တောင်ကုတ်မြို့ နယ် တန်းလွဲချောင်း ရွာမကျေးရွာ တစ်ဖက်ကမ်း ရွာသာယာရွာအနီးရှိ သိမ်တောင်ပြင်တောင်ပေါ်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့ က အုတ်ဂူတည်ဆောက် ထည့်သွင်းပြီးစီးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အရိုးပြာကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ ဆရာကြီး ဒေါက်တာအေးကျော်၏ သမီးလတ် ဒေါ်ဥမ္မာကျော်၏ နေအိမ်တွင် တစ်နှစ်ခန့် ကြာ သိမ်းဆည်းထားခဲ့ပြီးနောက် သားကြီး ဦးအောင်မြတ်ကျော်ကိုယ်တိုင် ရခိုင်ပြည် တောင်ကုတ်မြို့ နယ် တန်းလွဲချောင်း ရွာမကျေးရွာသို့  ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်ထဲတွင်သယ်ယူပို့ ဆောင် အုတ်ဂူထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ တွင် လက်ရှိ နေထိုင်လျက်ရှိသော ဆရာကြီး ဒေါက်တာအေးကျော်၏ အစ်မရင်းဖြစ်သူ ဒေါ်အေးသန့် ၏ မိသားစုများနဲ့ ရန်ကုန်မှနေ တန်းလွဲချောင်း ရွာမသို့ ခရီးနှင်ကာ ရှစ်ပေါင်ခန့် ရှိသည့် အရိုးပြာကို အုတ်ဂူထည့်သွင်းခဲ့ပြီး တန်းလွဲချောင်းဒေသမှ ဆရာတော် သံဃာတော်များကိုပင့်ဖိတ်ကာ ဆွမ်းကျွေး တရားနာ ရေစက်ချ အမျှပေးဝေခဲ့ကြောင်း ဦးအောင်မြတ်ကျော်က အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ကျနော့် အဖေရဲ့ အစ်မအရင်း ဒေါ်အေးသန့် ရဲ့ မိသားစုတွေနဲ့ အတူ ရန်ကုန်ကနေ တိုယိုတာကားလေးတစ်စီးငှာပြီးတော့ ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် အစောပိုင်း စထွက်သွားခဲ့ပြီးတော့ တောင်ကုတ်ကို အဲဒီနေ့ ည ကိုးနာရီလောက်မှာ ဆိုက်ရောက်ပါတယ်။ တောင်ကုတ်ကနေ တန်းလွဲချောင်း ရွာမကို တစ်နာရီကျော်လောက် ဆက်မောင်းသွားရပြီးတော့ ရွာမ ရွာအ၀င်ဝမှာ အဖေ့ဘက်က ဆွေးမျိုးတွေက ကျနော်တို့ ကို စောင့်ကြိုနေခဲ့ကြပြီး အဖေ့ရဲ့ အရိုးပြာကို ရွာမကျေးရွာ တစ်ဖက်ကမ်းရှိ သိမ်တောင်ပြင်တောင်ပေါ်ကို သယ်ယူပို့ ဆောင်ကြပါတယ်။ ဇန်န၀ါရီလ ၂၅ ရက် နံနက်ပိုင်းမှာတော့ အဖေ့ရဲ့ အရိုးပြာ အုတ်ဂူ ခေါင်းရင်းက အဖိုး

ဦးမောင်လူနှင့်အဖွား ဒေါ်လှဝင်းဦးတို့ အုတ်ဂူကိုပါ ဆေးသုတ်မွမ်းမံပြီးတော့ အဖေ့ရဲ့ အရိုးပြာကို အုတ်ဂူထည့်သွင်းခဲ့ကြပါတယ်။ အဖိုးအဖွားနဲ့ အဖေ့အတွက် တန်းလွဲချောင်းဒေသ အနီးအနားက ဆရာတော် သံဃာတော်တွေကိုပါ ပင့်ဖိတ်ကာ ဆွမ်းကျွေး တရားနာ ရေစက်ချ အမျှပေးဝေခဲ့ကြပါတယ်" ဟု ကုန်ခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်ထဲတွင် ရခိုင်ပြည်နယ်မှ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ဦးအောင်မြတ်ကျော်က
အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

ဆရာကြီး ဒေါက်တာအေးကျော်ကို ရည်စူး၍ တန်းလွဲချောင်းဒေသမှ ကျောင်းကန်ဘုရားများ နှင့် တောင်ကုတ် ရိုးတောင်ကြားလမ်းဖောက်လုပ်မှုတွင် အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြောင်းလည်း ဦးအောင်မြတ်ကျော်က ဆက်လက်ပြောကြားသည်။

"အဖေ့ရဲ့ ဇာတိရွာဖြစ်တဲ့ ရွာမ-ရွာသစ် တဖက်ကမ်းက လက်ပံကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းထဲမှာ ဆောက်လုပ်နေတဲ့ သိမ်တော်အတွက် အဖိုးအဖွား နှင့်အဖေ့ကိုရည်စူးကာ အလှူငွေတွေ ထည့်ဝင်ခဲ့ပါတယ်။ တောင်ကုတ်-ရိုးတောင်ကြားလမ်းဖောက်လုပ်နေရာမှာလည်း အလှူငွေတွေထည့်ဝင်ခဲ့ပါသေးတယ်" ဟု ဦးအောင်မြတ်ကျော်က ပြောဆိုသည်။

ဆရာကြီး ဒေါက်တာအေးကျော်အတွက် ယခုလို အုတ်ဂူတည်ပေးခဲ့ခြင်းမှာ အလွန်ကောင်းမြတ်ပြီး ဆရာကြီး မကြာခဏမှာကြားထားခဲ့သည့် ဆန္ဒလည်း ပြည့်ဝသွားခဲ့ကြောင်း ဆရာကြီးနဲ့ ရပ်ရွာဆွေမျိုးတော်စပ်သည့် ကိုချစ်ဆွေက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ဆရာကြီး မကွယ်လွန်ခင် ကတည်းကပင် သူ့ ရဲ့ အရိုးပြာကို သိမ်တောင်ပြင်တောင်ပေါ်မှာရှိတဲ့ သူ့ အဖေ အမေရဲ့ အုတ်ဂူခြေရင်းမှာ အရိုးပြာ အုတ်ဂူတည်ဖို့ မှာကြားထားခဲ့ပါတယ်။ ဆရာကြီး သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း သူ့ အစ်မ ဒေါ်အေးသန်းနဲ့ ဖုန်းပြောတဲ့ အခါတိုင်းလည်း မကြာခဏ မှာကြားရင်း မျက်ရည်ဝဲတာတွေတောင် ရှိခဲ့ပါတယ်။ ဆရာကြီးဟာ သူ့ ရပ် သူ့ ရွာ၊ ရခိုင်ပြည် နှင့် ရခိုင်လူမျိုးကို ဘယ်လောက် ချစ်ခင်တွယ်တာမှုရှိခဲ့တယ်ဆိုတာကိုတော့ အားလုံးအသိပါပဲ" ဟု ကိုချစ်ဆွေက ပြောဆိုသည်။

တန်းလွဲချောင်း ရွာမ တစ်ဖက်ကမ်းရှိ အဆိုပါ သိမ်တောင်ပြင်တောင်ပေါ်တွင် ထင်ရှားလူသိများသည့် သိမ်တောင်ပြင်ဘုရားတည်ရှိပြီး နှစ်စဉ်နှစ်တိုင်းလိုလို တပေါင်း တန်းခူးလများတွင် ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ၊ လှေပြိုင်ပွဲနှင့် တခြား ရိုးရာပွဲတော်များပါ ထည့်သွင်းပြီး ထိုသိမ်တောင်ပြင်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိကာ တန်းလွဲချောင်း ဒေသအနီးတ၀ိုက်မှ လူပေါင်း ထောင်သောင်းချီ လာရောက် ဆင်နွှဲလေ့ရှိကြောင်းလည်း သိရှိရသည်။

 http://arakantimes.net/burmese

ပုဂံ ဟိုတယ်ဇုန်သို့ နိုင်ငံခြားသားဧည့်သည် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်ခ

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပုဂံဟိုတယ်ဇုန်သို့ နိုင်ငံခြားသား
ခရီးသည် ဝင်ရောက်မှု ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။

“ပုဂံဟိုတယ်ဇုန်ကို ပြည်တွင်းဧည့်သည်ရော၊ ပြည်ပဧည့်သည်ပါ ဝင်ရောက်မှု ရှိပါတယ်။ ၂၀၁၂ ဇန်နဝါရီလ ကနေ ဒီဇင်ဘာလအထိ ဧည့်သည်ဝင်ရောက်မှု
က မနှစ်ကထက် ၃၅-၄၀ ရာခိုင်နှုန်းလောက်အထိ တိုးလာပါတယ်”ဟု
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း-ပုဂံဇုန်မှ အတွင်းရေးမှူး ဦးဇော်ဝိတ် က ပြောသည်။

ထိုင်းလူမျိုးများ အများဆုံး လာရောက်ပြီး ဒုတိယ အများဆုံးမှာ တရုတ်လူမျိုး
များ ဖြစ်ကာ ပြင်သစ်နှင့် ဂျာမန်လူမျိုးများလည်း လာရောက်မှု များပြား
သည်ဟု ဆိုသည်။

“ပုဂံကို လာတဲ့ နိုင်ငံခြားဧည့်သည် အများစုက ပုဂံဘုရားတွေကို
လေ့လာကြတယ်။ ဘုရားတွေမှာရှိတဲ့ နံရံ ဆေးရေး ပန်းချီတွေကို
လေ့လာကြတယ်။ ဒေသရဲ့ လက်မှုပညာ လုပ်ငန်းတွေဖြစ်တဲ့ ယွန်းလုပ်ငန်းတွေ၊ ယွန်းပန်းချီတွေကို လေ့လာကြတယ်” ဟု
ဧည့်လမ်းညွှန် ဦးညီဇော် က ပြောသည်။

ထို့အပြင် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၊ ပုပ္ပါးတောင် ဘေးမဲ့တော
ဥယျာဉ် စသည့် နေရာများသို့လည်း လည်ပတ်လေ့လာကြသည်။

“ပုဂံ ဟိုတယ်ဇုန်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ
နိုင်ငံခြားသား ဧည့်သည် တသိန်း နှစ်သောင်း ခွဲကျော် ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁၀၂,၅၂၁ ဦး ရှိခဲ့ပါတယ်” ဟု ဇုန်ဝင်ကြေး ကောက်ခံသည့် ဌာနမှ ဒေါ်ကျော့မှုးခိုင် က ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်များအသင်း-ပုဂံဇုန်တွင် ဟိုတယ် ၇၅ လုံး ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
ပုဂံ ဟိုတယ်ဇုန်သို့ နိုင်ငံခြားသားဧည့်သည် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့
Thursday, February 21, 2013

ရက်အနည်းငယ် ရပ်နားထားခဲ့တဲ့ ကျောက်ဖြူ သမိုင်းဝင် ကျောက်တစ်လုံး ဘုရားတောင် ပြန်လည်မိုင်းခွဲ

မီဒီယာတွေက သတင်းဖေါ်ပြပြီးတဲ့ နောက်ပိုင်း ရက်အတန်ငယ်ကြာ ရပ်နားခဲ့တဲ့ ကျောက်ဖြူမြို့ သမိုင်းဝင် ကျောက်တစ်လုံး ဘုရားတောင်ကို ဒီကနေ့ နံနက် စပြီး ပြန်လည် မိုင်းခွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၉ နာရီ ၄၅ မိနစ် ကနေ စပြီး မိုင်းခွဲနေတယ်လို့ အဲဒီ မိုင်းခွဲတဲ့ နေရာ အနီးက ဒီကနေ့ ဖြတ်သွားခဲ့တဲ့ ဆရာ ဆရာမတွေကို ကိုးကားပြီး ကျောက်ဖြူ ဒေသခံ ဦးသန္တမောင်က ပြောပါတယ်။

ကျောက်ဖြူ ဒေသခံတွေ အနေနဲ့ အဲဒီ မိုင်းခွဲနေတဲ့ နေရာကို သွားရောက် ကြည့်ရှု့ဖို့ မဖြစ်နိုင်တာကြောင့် ဒီအခွင့်အရေးကို ယူပြီး Myanmar Golden Crown ( မြန်မာ့ ရွှေသရဖူ) ကုမ္ပဏီနဲ့ ခြေမြန် တပ်ရင်း ၅၄၃ တပ်ရင်းက ပူးပေါင်းပြီး ကျောက်တွေထုတ်လုပ်ဖို့ မိုင်းခွဲနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ သွားရောက်ကြည့်ရှု့ဖို့ မဖြစ်နိုင်တာက မိုင်းခွဲနေတဲ့ ကျောက်တောင် အနီးမှာ အောက်တိုဘာ အရေးအခင်းတုန်းက ကျောက်ဖြူမြို့ထဲက ထွက်ခွာသွားကြတဲ့ မွတ်ဆလင်တွေကို နေရာ ချပေးထားတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ခမရ ၅၄၃ တပ်ရင်းက အဲဒီ မိုင်းခွဲကျောက်တွေကို ထုတ်ယူရာမှာ ဒုက္ခသည် စခန်းက မွတ်ဆလင်တွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ခုမိုင်းခွဲ ကျောက်ထုတ်နေတဲ့ နေရာဟာ ရှေးဟောင်း သမိုင်းဝင် ကျောက်တစ်လုံးဘုရားတွေ တည်ရှိရာကနေ ပေ ၆၀၀ လောက်သာ ကွာဝေးတယ်လို့ ပြောပါတယ်။

ကျောက်ဖြူ လူငယ် အဖွဲ့က ကျောက်ဖြူခရိုင် ဥက္ကဌကို အစပိုင်း မိုင်းခွဲကတည်းက သွားရောက် တိုင်ကြားထားတဲ့ အတွက် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ စာထုတ်တားမြစ်ခဲ့ပေမယ့် တစ်ရက်ခန့် အကြာမှာ ပြန်လည် မိုင်းခွဲမူကို ပြုလုပ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှေးဟောင်း သမိုင်းဝင် ကျောက်တစ်လုံးတောင်ဟာ ရခိုင် လူမျိုးတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ နေရာ ဖြစ်တယ်ဆိုတာကို စစ်တပ်က ဗမာလူမျိုး အရာရှိကြီးတွေ သိသိကြီးနဲ့ မိုင်းခွဲ ကျောက်ထုတ်နေတာဟာ လူမျိုးရေးအရ မထီမဲ့မြင် ပြုလုပ်တဲ့ သဘောမျိုး ပါဝင်နေတယ်လို့ ဦးသန္တာမောင်က ပြောပါတယ်။

ရခိုင်ဘုရင် မင်းဗာကြီးက ကောဇာသက္ကရာဇ် ၈၉၈ ခုနှစ်မှာ အဲဒီ ကျောက်တစ်လုံးတောင်ကို ဂူထွင်းပြီး ဂူဘုရား ၅၄ ပါးကို တည်ထားခဲ့တဲ့ အတွက် ကျောက်တစ်လုံးတောင် ဘုရားဟာ ကျောက်ဖြူမှာ နာမည်ကြီး ဘုရား ဖြစ်ပါတယ်။

အခုလို သမိုင်းဝင် ဘုရားတည်ရှိရာ ကျောက်တောင်ကို မိုင်းခွဲနေတဲ့ အတွက် ဂူဘုရားတွေကို ကွဲအက် ထိခိုက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ MGC ကုမ္ပဏီတို့က ပေါင်းပြီး ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းအတွက် လိုအပ်တဲ့ ကျောက်တွေကို သမိုင်းဝင် ဘုရား တည်ရှိရာ ကျောက်တောင်ကနေ ဆက်လက်ပြီး မိုင်းခွဲ ထုတ်ယူနေတဲ့ အတွက် ဒေသခံ ပြည်သူတွေကတော့ အတော့ကို စိတ်ထိခိုက်နေကြရတယ်လို့ ဦးသန္တာမောင်က ပြောဆိုပါတယ်။
  Arakan News
 
http://www.narinjara.com/burmese/?p=4465

တိုက်စစ်မှူးကျော်ကိုကိုအား လက်ရွေးစင်အသင်းမှထုတ်ပယ်

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏
သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့်
အပြင် အသင်း၏အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပြစွာပြုမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့
လက်ရွေးစင်အသင်းမှ ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာများပေါ်တွင် အမြဲလိုဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမူများပြုလုပ်ခြင်း၊ အသင်းအစည်းအဝေးများပြုလုပ်ချိန်တွင် မလေးမစားအပြုအမူများ
ပြုလုပ်ကာ အစည်းအဝေးမှထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့်ပြုလုပ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း နည်းပြအဖွဲ့များ၏ သဘောထားထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့သော အပြုအမူများကြောင့် အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၎င်းအား စည်းရုံးမှုများ ပြုလုပ်ခဲ့သော်လည်း လိုက်နာမှုမရှိကြောင်း သိရသည်။

အဆိုးဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းလေ့ကျင့်ရေးကွင်းမှ
ပြန်လာချိန်တွင် နည်းပြများရေးဆွဲထားသည့် တစ်နေ့တာ အချိန်ဇယားဘုတ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပဏာမလက်ရွေးစင် နည်းပြအဖွဲ့ဝင်များ၏ သဘောထား
ထုတ်ပြန်ချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

အသင်းနည်းပြချုပ်ပက်ဆောင်ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့်
ပတ်သက်၍ မည်သို့မျှ မဖြေကြားနိုင်သေးကြောင်း မိမိအနေဖြင့် နိုင်ငံ
အတွက်ပေးဆပ်ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆိုပါကြောင်း
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွားမည်ဖြစ်ပြီး ဥက္ကဌ၏အဆုံး
အဖြတ်ပေါ်တွင် မူတည်၍ ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလေ့ကျင့်မှုများပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင်
အသင်းသည် မတ်လ ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်းဖြစ်သည်။

7Day News Journal

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ် အာလာမ်ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီး
များဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

“အိပ်မရတဲ့ ညပေါင်း မနည်းတော့ဘူး။ ခေါင်းရင်းနားလောက်မှာ
ရွှေတူးစက် မြည်သံ နှိပ်စက်တာက တကြောင်း၊ ဘိန်းစားတွေ ဘယ်အချိန် လာခိုးမလဲလို့ ကြောက်နေရတယ်။ ဒီလိုသာ ရွှေဆက်တူးဖော်နေမယ် ဆိုရင်တော့ ဒီနှစ်မိုးတွင်းမှာတော့ ငါတို့ရွာ ရေလွှမ်းတော့မှာဘဲလို့ အမြဲကြောက်နေရတယ်”ဟု အလာမ်ကျေးရွာသား ကိုဒွဲဒွဲ က ဆိုသည်။

အလာမ်ကျေးရွာ ပတ်လည်တွင် ရွှေတူးဖော်စက်များ စုစုပေါင်း ရွှေဆိုင်း ၃၀ ခန့် ရှိပြီး မြစ်ကြီးနားမှ မြစ်ဆုံအထိ ဧရာဝတီမြစ်ရိုးတလျှောက် ရွှေဆိုင်းပေါင်း ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ထိုသို့ ရွှေကျင်မှုကြောင့် ဧရာဝတီမြစ် ပျက်စီးသည်သာမက လူမှုရေး
ပြသနာများနှင့် ရွှေဆိုင်းများ ရွှေစုရာတွင် အသုံးပြုသော ပြဒါးများ၏ အန္တရာယ်များကြောင့် မြစ်ရေကို အသုံးပြုရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ကျမတို့ ရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူခိုးဆိုတာ လုံးဝမရှိဘူး။ အခုတော့ ဒီရွှေမှော်ကြောင့် ကျမတို့ရွာမှာ လူစုံရောက်ပြီး သူခိုးတွေ၊ ဘိန်းစားတွေ၊ ဖခင်မပေါ်တဲ့ ကလေးတွေ၊ အိမ်ထောင် ဖောက်ပြန်တဲ့ မိန်းမတွေလည်း ပိုများလာတယ်။ ပြီးတော့ အခုလို မြစ်ကမ်းဘေးမှာ စည်းကမ်းမဲ့ စက်ကြီး၊ စက်ငယ်တွေက အန္တရာယ်ရှိလှတဲ့ ပြဒါသား သုံးပြီး ရွှေကျင်နေတာကလည်း အခုအတွက်ရော၊ အနာဂတ်အတွက်ပါ တကယ်ကို စိုးရိမ်တယ်။ မြစ်ရေကိုတောင် မသုံးရဲ၊ မသောက်ရဲ
တော့ဘူး”ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

ထိုကဲ့သို့ ရွှေကျင်နိုင်ရန် အလာမ်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၅ သိန်း၊ ကျေးရွာဖွံ့ဖြိုးရေး ရံပုံငွေအတွက် ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၃ သိန်း၊ စုစုပေါင်း ကျပ် ၈ သိန်း ပေးရပြီး ရဲသားများနှင့် သစ်တောအရာရှိများကိုလည်း လာရောက်တောင်းခံတိုင်း ငွေပေး
ရကြောင်း ရွှေဆိုင်း ပိုင်ရှင်တဦးက ပြောပြသည်။

ဓာတ်ပုံ - MYANMAR. Myitkyina. Gold digger on the Aye-Yar-Waddy river. (Patrick Zachmann)

မဇ္ဈိမ

မင်းကိုနိုင် အင်္ဂလိပ်စာ အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရ

နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ဟာ နော်ဝေနိုင်ငံကို
ရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အော်စလိုက ထရွန်ဟုမ်း
မြို့တော်ခန်းမမှာ The Role of students in Burma’s development ဆိုတဲ့ “ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းသားများ၏အခန်းကဏ္ဍ”
ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ဟောပြောခဲ့ချိန်မှာ အင်္ဂလိပ်စာတစ်လုံးခြင်းအား ထစ်အ-ထစ်အဖြင့် စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှု
ကြောင့် ဟောပြောပွဲတက်ရောက်သူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရပါတယ်။

ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က
“ မင်းကိုနိုင် အနေဖြင့် ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာ အားနည်းမှန်းသိရင် အင်္ဂလိပ်လို မပြောသင့်ကြောင်း၊ မြန်မာလိုပြောပြီး စကားပြန်နဲ့
ပြောဆိုသင့်ကြောင်း ” ပြောကြားခဲ့ပြီး အခုတော့ ၈၈ ကျောင်းသားများ
ကိုယ်စား နိုင်ငံတကာမှာ အရှက်ကွဲခဲ့ရတယ်လို့ ဝေဖန်သွားပါတယ်။

နောက်ပြီး ဆွေးနွေးပွဲတက်ရောက်လာတဲ့ သူတွေက သိလိုတာတွေ
ပြန်လည်မေးမြန်းရာမှာ ဘာမှနားမလည်ဘဲ ဘာမှ ပြန်မဖြေနိုင်တဲ့
အတွက် တော်တော်အရုပ်ဆိုး အကျည်းတန်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်ဆောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာ ဆုလက်ခံပွဲတွေနဲ့
တွေ့ဆုံဟောပြောပွဲတွေမှာ အင်္ဂလိပ်လို ကောင်းမွန်စွာပြောဆိုနိုင်တဲ့
အတွက် နိုင်ငံတကာက အားပေးချီးမြှောက်မှုတွေ၊ အထင်ကြီးမှုတွေ
ရရှိခဲ့တာဖြစ်ပြီး၊ မင်းကိုနိုင် လုပ်ရပ်အတွက်တော့ နိုင်ငံတကာကနေ ၈၈ ကျောင်းသားဟောင်းတွေကို အထင်သေးခံရမှုတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်လို့ အဆိုပါ ကျောင်းသားမှ ဆက်လက်ပြောကြားသွားပါတယ်။

အမေ့အိမ်

Thursday, 21 February 2013

ပညာရေးပြုပြင်ပြောင်းလဲရေး ဥရောပတက္ကသိုလ်မှ ပါမောက္ခများ ပညာရေးကော်မတီနှင့်ဆွေးနွေး

ဥရောပနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကော်မတီမှ ဦးဟန်သာမြင့်၊ ဒေါက်တာ သိန်းလွင် နှင့် ဒေါက်တာတင်လှိုင် တို့သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါမောက္ခများက မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု၌ ပညာရေးကော်မတီ၏ပါဝင်မှု၊ တက္ကသိုလ် ဥပဒေပြဌာန်းချက်များ နှင့် ပညာရေးကော်မတီ၏လက်ရှိဆောင်ရွက်ချက်များကို မေးမြန်းခဲ့သည်။ ဒေါက်တာသိန်းလွင်နှင့် ဦးဟန်သာမြင့်တို့မှ ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေးမူကြမ်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်တင်သွင်းရာတွင်ထောက်ခံမဲ ၂၈၆မဲဖြင့် အောင်မြင်ခဲ့ကြောင်း ပညာရေးကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ဗဟိုထိန်းချုပ်မှုကင်းမဲ့သောပညာရေးစနစ် နှင့် တက္ကသိုလ် များကိုယ်တိုင် တက္ကသိုလ်ဥပဒေများ ပြဌာန်းနိုင်စေရန်ဖြစ်သည်ဟုရှင်းပြခဲ့သည်။ ထို့ကြောင့်ပညာရေးကော်မတီအနေဖြင့် လူထုအမြင်ကို စုဆောင်းထားသော အခြားပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆွေးနွေးပွဲများကို ၂၀၁၃နှစ်လယ်ပိုင်းတွင်ပြုလုပ်၍ ပညာရေးမူကြမ်းကို ၂၀၁၄အမှီ လွှတ်တော်တွင် အဆိုပြုနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းဆွေးနွေးခဲ့သည်။ ထို့အပြင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးကော်မတီတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်တွင် အသက်မွေးမှု ပညာသင်တန်းကျောင်းကိုစတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုမှ တဆင့် ဒေသတစ်ခုခြင်းစီဧ။် စီးပွားရေးနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းများကို မန္တလေးနှင့် အခြား တိုင်းရင်းသားဒေသများ တွင်ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ဆက်လက်၍ ဒေါက်တာတင်လှိုင်မှလည်း လက်ရှိ ပညာရေးမူဝါဒကြောင့် နှစ်ပေါင်း ၂၀ကျော်အတွင်း မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍသည် တဖြေးဖြေးမှေးမှိန်လာသည့်အတွက် အရည်အသွေးပြည့်ဝသောဆရာ/ဆရာမများကို ပျိုးထောင်ပေးရန်လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်

Nld Central
Photo: ပညာရေးပြုပြင်ပြောင်းလဲရေး ဥရောပတက္ကသိုလ်မှ ပါမောက္ခများ ပညာရေးကော်မတီနှင့်ဆွေးနွေး

နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား

နေပြည်တော် ဒက္ခိဏသီရိ၊ ဇဗ္မူသီရိ နဲ့ ဥတ္တရသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။

တရားဝင်ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း ၂၆ ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးနဲ့ သံဃာ့နာယက အဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။

အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊ ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့ အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး ဘုန်းကြီးကျောင်းတစ်ချို့ကို မီးရှို့ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။
RFA
Photo: နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား

လက်ပန်းတောင်းသံဃာဖြိုခွဲမှုကိစ္စ မီးလောင်ဗုံး သုံးတယ်လို့ " THE NEW YORK TIMES "

သတင်းစာကထုတ်ဖေါ်ပြီ
====================================================

ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကိုသုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖေါ်ပြောဆို

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် Phosphorousပါတဲ့ မီးလောင်ဗုံးကိုသုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ဇန်န၀ါရီလ ၃၀ရက်နေ့ ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေတွေနဲ့ မြန်မာနိုင်ငံသားရှေ့နေတွေ ပူးပေါင်းတဲ့အဖွဲ့ဟာ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းနေရာမှာ စုံစမ်းစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဲဒီ သပိတ်စခန်းဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ အဖြူရောင် Phosphorous ဟာ စစ်မြေပြင်တွေမှာသာ သုံးစွဲလေ့ရှိတယ်လို့ သတင်းစာက ရေးသားပါတယ်။ ဒေသခံတွေပြောဆိုချက်ကို ကိုးကားပြီးဖေါ်ပြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ မီးလောင်ဗုံးလိုမျိုးအခွံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဓါတ်ခွဲခန်းတစ်ခုမှာ စမ်းသပ်ကြည့်ရာမှာ အဲဒီလို အတည်ပြု ပြောနိုင်တာလို့ဆိုပါတယ်။

၁၉၉၃ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်ပြဌာန်းချက်မှာ Phosphorus အမျိုးအစားကို ဓါတုလက်နက်လို့ သတ်မှတ်ထားတာမရှိပေမယ့် ထိခိုက်ဒဏ်ရာရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲခွင့်ကိုတော့ ပိတ်ပင်ထားကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး လေ့လာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောကြောင်း နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ရေးသားပါတယ်။

(ဖီလော်ဆိုဖာမောင်မြသာ)
Photo: လက်ပန်းတောင်းသံဃာဖြိုခွဲမှုကိစ္စ မီးလောင်ဗုံး သုံးတယ်လို့ " THE NEW YORK TIMES "

တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးဆိုင်ရာ အကြံပြုချက်များ

(၁) နေ့စဉ်ပုံမှန်ရေချိုးပါ။

ပင်ပန်းနွမ်းနယ်နေသည့် အချိန်ပဲဖြစ်ဖြစ်၊ ညစ်ပတ်ပေကျံနေသည့် အခါပဲဖြစ်ဖြစ် ပုံမှန်ရေချိုးပေးဖို့ လိုအပ်ပါတယ်။ နံနက်တိုင်းနဲ့ အားက စားပြုလုပ်ပြီးသည့်အခါများမှာ ရေချိုးပေးရပါမယ်။ မိမိကိုယ်မှ အနံ့အသက် များကို ကိုယ်ကိုယ်တိုင်မရနိုင်ပေမယ့်လည်း အခြားသူများက ရရှိနိုင်သောကြောင့်ပါ။

(၂) အမွှေးအကြိုင်များကို အကန့်အသတ်ဖြင့်သာသုံးပါ။

အကယ်၍ အမွှေးနံ့ပါသောဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည်များကို သုံးစွဲလျှင် ချက်ချင်း အမွှေးနံ့များကို အလွယ်တကူ ရရှိနိုင်ပါတယ်။ မိမိနှင့်လိုက်ဖက်တဲ့မွှေးရနံ့တစ်ခု ဒါမှမဟုတ် နှစ်ခုကိုသာရွေးချယ် သုံးစွဲသင့်ပါတယ်။ လူအများစုက အမွှေးအကြိုင်နှင့်ပတ်သက်၍ ခံစားသိရှိလွယ်ကူကြပြီး ပြင်းသောမွှေးရနံ့များက တခြားသူများအား မနှစ်မြို့စေဘဲ စွဲဆောင်မှုလည်းမရှိပါဘူး။

(၃) သန့်ရှင်းသောအဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

အကြိမ်အနည်းငယ် ထပ်ခါထပ်ခါ ဝတ်ထားသော အဝတ်အစားများကို သေချာလျှော်ဖွတ်ပါ။ တစ်နေကုန် ချွေးပြန်ထားပြီး ချွေးနံ့များထွက်နေသော အဝတ်အစားတို့ကို တစ်ကြိမ်သာ ဝတ်၍လျှော်ဖွတ်ပါ။ အခြောက်ခံစက်ဖြင့် အခြောက်ခံထားသော သို့မဟုတ် မီးပူတိုက်ထားသော အဝတ်အစားများကို ချက်ချင်းချိတ်ဖြင့် ချိတ်၍ထားပါ။

(၄) တစ်နေ့သုံးကြိမ်သွားတိုက်ပါ။

သွားနဲ့ခံတွင်း ကျန်းမာရေးနဲ့ ခံတွင်းရနံ့မွှေးပျံ့စေခြင်းတို့အတွက် သင်၏သွား များကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။ သွားသန့်ရှင်းရေး ပြုလုပ်သည့်ကြိုးဖြင့် နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပြီး သင့်လျှာကိုလည်း သန့်ရှင်းရေးပြုလုပ်ပါက အနံ့ဆိုးများနှင့် ဘက်တီးရီးယားပိုးများပေါက်ပွားခြင်းမှ ကာကွယ်ပေးနိုင် ပါသည်။ ခံတွင်းရနံ့မွှေးပျံ့စေဖို့အတွက် ငုံဆေးကိုလည်း ဆောင်ထားပါ။ မကြာသေးမီက ကော်ဖီသောက်ထားခဲ့လျှင် သို့မဟုတ် နှစ်မြို့ဖွယ် မကောင်းသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အနံ့ပြင်းသော ဒိန်ခဲ သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင်များ ခတ်ထားသော အစားအစာများစားသုံးထားပါက လူအများနှင့်စကားမပြောခင် သွားတိုက်ခြင်း သို့မဟုတ် ငုံဆေးပြားကိုအသုံးပြုပါ။

(၅) လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ထားပါ။

နေ့စဉ် လက်သည်းအောက်ဖက်မှ အညစ်အကြေးများကိုဖယ်ရှား၍ လက်ကို သေသေချာချာဆေးပါ။ လက်သည်းများကို ညီညီညာညာထားရှိပြီး လက်သည်းအပိုင်းအစများကိုလည်း စနစ်တကျလွှင့်ပစ်ပါ။

(၆) မညီညာသော အမွှေးအမှင်များကို နုတ်ပါ သို့မဟုတ် ညှပ်ပါ။

နှာခေါင်းထဲ၊ နားထဲ၊ မျက်ခုံး၊ မေးစေ့နှင့် နှုတ်ခမ်းအပေါ်ဘက် ကဲ့သို့နေ ရာများတွင် မရှိသင့်သည့် အမွှေးအမှင်တို့ကို အမျိုးသားရော အမျိုးသ မီးတွေပါ သတိထားဖို့လိုအပ်ပါသည်။ အမျိုးသားများ အသက်အရွယ်ရလာသောအခါ နား၊ နှာခေါင်းထဲရှိ မညီညာသော၊ ကောက်ကွေ့သော အမွှေးများနှင့် မျက် ခုံးမွှေး များကို ညှပ်ခြင်း သို့မဟုတ် နုတ်ခြင်းတို့ပြုလုပ်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများလည်း ဖယောင်းဖြင့်နှုတ်ခမ်းအထက်ပိုင်းရှိ မလိုအပ်သော အမွှေးများကို နုတ်ပယ်ပြီး အကယ်၍အမွှေးအမှင်များသည် ရှည်လာပြီး၊ မြင်မကောင်း၍ အရုပ်ဆိုးပြီးမညီမညာဖြစ်လာပါက နုတ်ခြင်း သို့မဟုတ် ညှပ်ခြင်းတို့ပြုလုပ်ပါ။

(၇) ဝက်ခြံများထွက်ခြင်းမှ ကာကွယ်ပါ။

သင့်တွင် ဝက်ခြံများရှိလျှင် ဝက်ခြံကိုကြိုတင်ကာကွယ် ကုသေ ပးနိုင်လော က်သော ဝက်ခြံများ ပျောက်ကင်းသည့် မျက်နှာသစ်ဆေးများ သုံးသင့်ပါသည်။

(၈) ခြေထောက်မှ အနံ့အသက်များထွက်ခြင်းမှ ကြိုတင်ကာကွယ်ပါ။

ရှူးဖိနပ်အတွင်းသို့ ကလေးပေါင်ဒါမှုန့်ထည့်ခြင်း၊ ဖိနပ်ကိုပေါင်ဒါမှုန့်ဖြင့် တိုက်ခြင်း သို့မဟုတ် ထိုင်နေစဉ်ကာလများတွင် ဖိနပ်ကို ခေတ္တချွတ်၍ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်းဖြင့် အနံ့အသက်ဆိုးများကို ကာကွယ်နိုင်ပါသည်။ အထူးသဖြင့် အားကစားလှုပ်ရှားမှုများ ပြုလုပ်ပြီးချိန်တွင် ခြေအိတ်များကို မကြာခဏလဲလှယ်ပါ။

(၉) အဆီပြန်သောအသားအရေကို ခြောက်သွေ့အောင် ပြုလုပ်ပါ။

အဆီစုပ်စက္ကူများပါသော အထုပ်တစ်ထုပ်ကိုဝယ်ယူပြီး တစ်နေကုန်ထွက်သော အဆီများကို ၎င်းစက္ကူများကို အသုံးပြု၍ စုပ်ယူပါ။

ဒီပို့စ်လေးထဲကအတိုင်း လိုက်နာနေထိုင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနော်။ ။

http://on.fb.me/14bZP6P

သော်တာမောင်

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...