Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Friday 30 November 2012

ရိုးရာဓလေ့များ သို့

coming soon  . thank you

ဆွေးနွေးခန်း သို့

အားလုံးသူများ ဖိတ်ခေါ်ပါမည် ၊ လွတ်လွတ်အတွေး ဆွေးနွေးဖလှယ.်..

၅မီနစ်သတင်းများ

 ဆက်လက်ဖော်ပြမည်

အနုပညာများ

မကြာခင် တင်ဆက်သွားမည်

Thursday 29 November 2012

မီဒီယာနေရာသို့

မကြာခင် တင်ပြသွားပါမည်  ၊

ပေစာသို့

မကြာခင်ရောက်လာမည် ထင်ပါသည် ၊

အင်္ဂလိပ်စာကဏ္ဍသို့ လေ့လာရန်

မကြာခင် လာမည် ၊

နည်းပညာ, များ လေ့လာတွေ့ရှိချက်



အဖေတို့ခေတ်တုန်းက ရေဒီယိုလေးတစ်လုံး ပိုင်ဆိုင်ခွင့်ရဖို့ အတော်လေး ကြိုးစားအား ထုတ်ခဲ့ရကြောင်း ဇာတ်လမ်းဟောင်းတစ်ပုဒ် ပြောပြဖူးတယ်။ နောက်ပိုင်း အဖေလည်း တီဗွီခေတ်ဦးလောက်မှာ ကျန်ကျောင်းနဲ့ ပေါင်ချိန်ကားတွေစောင့်ကြည့်ရင်း ကွယ်လွန်သွားရှာတယ်။ ကျွန်တော်တို့ခေတ်ကျတော့ ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ် ဖြစ်လာပါပြီ။ ဒါပေမယ့် ကျွန်တော်နဲ့ခေတ် ပြိုင် ၅၀ ကျော် ၆၀ တန်းတွေမှာ ကွန်ပျူတာ မသိ၊ အင်တာနက်မသိဖြစ်နေသူတွေ အများကြီးရှိသေးတယ်။ ခုခေတ်က ခေတ်လွန်အတွေးတွေ အများကြီး တည်ဆောက် နေတဲ့ခေတ်ဖြစ်ပါတယ်။ အာကာသခေတ်ကနေ စက်ရုပ်တွကို လူသားရဲ့ အစေအပါး အဖြစ် ခိုင်းစားဖို့ ကြံဆောင်နေတဲ့ခေတ်ဖြစ်လာပြီ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေဟာ မကြာမီ အာကာသခရီးကို အလည်အပတ်ထွက်ပြီး စက်ရုပ်တွေကို အိမ်စောင့် ထားမယ့်ခေတ်ရောက်လာလိမ့်မယ်။ စိတ်ကူးယဉ်ပြီး လက်တွေ့တွေအကောင်အထည် ဖော်လာခဲ့ကြတဲ့ လူသားတွေရဲ့ ဆန်းပြားတဲ့ အနာဂတ်ပုံဖော်ချက်တွေကို လေ့လာကြည့် မိပါတယ်။
စက်ရုပ်အစေခံများ

ခရစ်နှစ် ၂၀၅၀ ရောက်ရင် လူတွေရဲ့ သက်တမ်းဟာ ၆၅ နှစ်လောက်ပဲရှိတော့ မယ်လို့ဆိုပါတယ်။ လူဦးရေအရလည်း ၄ ဦးမှာ ၁ ဦးဟာ သက်ကြီးရွယ်အိုတွေဖြစ် ကုန်ကြလိမ့်မယ်။ ဒီနှုန်းအတိုင်းဆိုရင် အဖိုး အဖွားတွေကို ပြုစုဖို့ လူတွေအများကြီး လိုအပ်လာပါလိမ့်မယ်။ ဒါကြောင့် ဘိုးဘွားရိပ်သာမှာဖြစ်စေ၊ ဆေးရုံမှာဖြစ်စေ စက်ရုပ်တွေကို အစားထိုးပြီး ခန့်အပ်ထားနိုင်မှသာ အဖိုး အဖွားတို့ရဲ့ အနာဂတ်ဟာ စိတ်ချရ မယ်လို့ဆိုပါတယ်။ အိမ်တွေမှာလည်း သက် ကြီးရွယ်အိုတွေအတွက် ထမင်းချက်၊ ကြမ်း တိုက်၊ အဝတ်လျှော် စတဲ့အိမ်တွင်းအလုပ် တွေလုပ်ဖို့ စက်ရုပ်တွေပဲ အားကိုးကြရလိမ့်မယ်။ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် ဖို့ သားသမီးတွေရဲ့ ကရုဏာတရားကင်းလာတဲ့လောကကြီးမှာ အဖိုးအဖွားတွေဟာ စက်ရုပ်တွေကိုပဲ အမှီသဟဲ ပြုပြီး နေထိုင်ရ ဖွယ်ရှိလာတာကြောင့် အိမ်တွင်းအခိုင်းအစေ သို့မဟုတ် အဖော်မွန်စက်ရုပ်တွေဟာ အနာဂတ်မှာ တိုးတက်များပြားလာပါလိမ့်မယ်။
အာကာသထဲ ဈေးနည်းနည်းနှင့်သွားနိုင်မည်

အာကာသထဲသွားမယ့် ခရီးစရိတ်ဟာ မကြာမီ ဗြိတိသျှပေါင်စတာလင် ၂၀၀၀၀၀ လောက်ပဲ ဖြစ်လာလိမ့်မယ်လို့ ဆိုထားတယ်။  ဒေါ်လာ ၃၂၀၀၀၀ ကျော်ပေါ့။ မြန်မာငွေ နဲ့ဆိုရင် ၂၇၂ သန်းကျော် လောက်ရှိမယ်။ ဒီနှုန်းလောက်ဆိုရင် မြန်မာပြည်က ကမ္ဘာကျော်ချင်တဲ့ သူဌေးတွေတောင် သွားနိုင်ပါ လိမ့်မယ်။ မကြာမီ အာကာသခရီးသွား အကျိုးဆောင် အေဂျင်စီတွေလည်း ပေါ်လာပါလိမ့်မယ်။ အာကာသထဲသွားတယ် ဆိုတာ အရင်ကလို အလေးအနက်၊ ခက်ခက်ခဲခဲ မဟုတ်တော့ပါဘူး။ ရန်ကုန်ကနေ မန္တလေးသွားသလို လက်မှတ်ကြိုဖြတ်၊ သတ်မှတ်တဲ့နေ့နဲ့အချိန်မှာ ယာဉ်ပေါ်ကို တက်ပြီး ငြိမ့်ငြိမ့်လေးစီးသွားနိုင်တဲ့ခေတ် ဖြစ်လာမယ်လို့ ဆိုကြပါတယ်။
အာကာသထဲ ဓာတ်လှေကား

အာကာသခရီးဆိုရင် ကျွန်တော်တို့ အာသာယာဉ်ကြီးတွေ မျက်စိထဲမြင်တတ်ကြတယ်။ တစ်ချိန်မှာ ခေတ်က ပြောင်းလဲ သွားမယ်လို့ဆိုထားတယ်။ အာကာသထဲကို ကျွန်တော်တို့ ဓာတ်လှေကားနဲ့ တက်သွားလို့ ရနိုင်ပါ လိမ့်မယ်။ လေထုအထက်လွှာထဲ ရောက်တဲ့အထိ ကုမ္ပဏီတွေ မိုးထိအောင် လှေကားထောင်ကြပါလိမ့်မယ်။ အဲဒီ သတင်းကို Google ကကြိုပြီးကြေညာထား တယ်။ သူတို့ဆောက်မယ့် အာကသဓာတ်လှေကားကိုတောင် ပုံစံထုတ်ပြီးပါပြီ။ ၂၀၅၀ ခုနှစ်ကျရင် ဂျပန်က ဆောက်လုပ် ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အိုဘာရာရှီ ကုမ္ပဏီကလည်း အာကာသလှေကားတစ်ခု ဆောက်မယ်လို့ ကြိုတင်ကြေညာထားတယ်။
ကာဘွန်နာနို အာကာသလှိုင်ခေါင်း ကြီးတွေကို သူတို့စမ်းသပ်တီထွင်နေကြတယ်။ အဲဒီကာဘွန်နာနိုဆိုတာက သံမဏိထက် အဆ ၂၀ ကျော်ပိုခိုင်မာတယ်။ ကြယ်တွေဆီကို တစ်ကြိမ် ခရီးသည် ၃၀ တင် ဆောင်ထားတဲ့ ယာဉ်က အဲဒီပိုက်လိုင်းထဲက နေ ၂၀ဝုဈ နှုန်းနဲ့ ပို့ပေးနိုင်မယ်လို့ဆိုကြတယ်။ အမြန်နှုန်းဆိုတာကတော့ ပုံသေ ပြောလို့မရသေးပါဘူး။ တိုးတက်တဲ့ခေတ် ကြီးမှာ အရာရာကို ပိုကောင်းအောင် တီထွင်နေကြလို့ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ နှုန်းအတိုင်းဆိုရင်တောင် အာကာသထဲ ကြယ်ကြည့်တဲ့ ခရီးစဉ်တစ်ခု ဟာ ၇ ရက်ခွဲ လောက်ကြာနိုင်ပါတယ်။ အို ဘာရာရှိကုမ္ပဏီလည်း လုပ်တော့လုပ်နေ တယ်။ ဒါပေမယ့် မကြေညာပါဘူး။ ဖြစ်နိုင် မဖြစ်နိုင် စောင့်ကြည့်ရပါလိမ့်မယ်။ စောင့်ကြည့်နိုင်လောက်အောင် အသက် ရှည်မယ်ဆိုရင်ပေါ့။
မိုးပျံကား

ရုပ်ရှင်တွေထဲမှာ မိုးပျံကားတွေကို အမျိုးမျိုးတွေ့ဖူးကြပါလိမ့်မယ်။ အတောင်ပံ ပါတာတွေရော၊ မပါတာတွေပါ အမျိုးမျိုး တင်ပြကြတယ်။ လက်တွေ့ဘ၀မှာလည်း မိုးပျံကားတွေ တီထွင်ပြီး စမ်းသပ်နေကြတာ အများကြီးပဲ။ အောင်မြင်တယ်လို့ ပြောနိုင်တာတွေရှိပေမယ့် ပွဲထုတ်နိုင်လောက်တဲ့ အဆင့်တော့ မရောက်သေးပါဘူး။ ခုထိ လည်း လူမပါတဲ့ကားတွေကိုသာ Google က တီထွင်နိုင်သေးတာ၊ မိုးပျံကားဆိုတာကတော့ လူစီးဖို့မပြောနဲ့ ကင်မရာနဲ့လှည့်ရိုက်ဖို့တောင် မတတ်နိုင်သေးတဲ့ အနေအထား ပါ။ ဒါပေမယ့် လူကြံရင် မခံနိုင်ပါဘူး။ မကြာမီ ကောင်းကင်ထဲမှာ မည်းမည်းလှုပ်နေတဲ့ယာဉ်တန်းတွေ၊ တိုက်ခိုက်မိလို့ ပျက်ကျပြီး အောက်ကလူတွေ သေတာ ကြားရလိမ့်မယ်ထင်ပါတယ်။
ဂြိုဟ်သားနဲ့ အဆက်အသွယ်

ဂြိုဟ်သားတွေကို အမှန်တကယ်ရှိ တယ်ဆိုတာ ယုံကြည်တဲ့သူတွေရှိသလို၊ မယုံကြည်တဲ့သူတွေလည်း ရှိပါတယ်။ တကယ်လို့ ရှိတယ်ဆိုရင် သူတို့နဲ့ဆက်သွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ အနာဂတ်ကို အများကြီး ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဂြိုဟ်ကမ္ဘာနဲ့ လူသားတွေရဲ့ကမ္ဘာ အပြန်အလှန်ကူးလူး ဆက်သွယ်နိုင်မယ်ဆိုရင်လည်း အကျိုးတရားတွေများပါလိမ့်မယ်။ ရုပ်ရှင်တွေထဲကလို လူသားကို မျိုးဖြုတ်မယ့်သူတွေဆိုရင်လည်း ကံတရားအတိုင်းပေါ့။ လူသားနဲ့ ဂြိုဟ်သား ဘယ်သူတွေက ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာ ကွဲပြားစွာသိလာရပါလိမ့်မယ်။
တယ်လီပေါ်တာ

Star Trek ရုပ်ရှင်ကားထဲမှာ လူတွေကို ပုံတူကူးပြီး တစ်နေရာမှာ အဲဒီပုံတူကူးထားတဲ့လူတွေကို ပြန်ပြီး အတုလုပ်ပြသွားတာ သတိထားမိမယ်ထင်ပါတယ်။ လူသား scan ဖတ်တယ်လို့ပြောရမယ်ထင်တယ်။ လူသား ကို scan ဖတ်ထားတဲ့ ဒေတာကို USB ထဲ ထည့်သွားပြီး တစ်နေရာရာမှာ ပြန်ခေါ်လို့ ရနိုင်တယ်ဆိုရင် လူတွေရဲ့ အို နာ သေ ဆိုတဲ့ သဘောတရားတွေ ရှိပါဦးမလားလို့ စဉ်းစားမိတယ်။

အစစ်အမှန် ကွန်ပျူတာဂိမ်း

ကွန်ပျူတာဂိမ်းဆိုတာ ကစားသူတွေ ကို အရူးအမူးဖြစ်စေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မကြာသေးမီက AR Machine ဆိုတဲ့ စက်တွေပေါ်လာတယ်။ ဂိမ်းလောကထဲကို ကိုယ်တိုင်ဝင်ရောက်သွားရသလို ခံစားရတယ်။ အပစ်အခတ်ဂိမ်းတွေဆိုရင်လည်း ကိုယ်တိုင် တိုက်ပွဲကြားရောက်နေသလို၊ အထိုးအကြိတ်ဆိုရင် ကိုယ်တိုင် ကြိုးဝိုင်းပေါ် ရောက်နေသလို ခံစားရပါလိမ့်မယ်။ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်တပ်ဖွဲ့နဲ့ ကိုယ်တိုင် တိုက်ပွဲဝင်ရ သလိုမျိုး ခံစားနိုင်တဲ့ ကွန်ပျူတာဂိမ်းတွေ မကြာမီ လူငယ်တွေကြားထဲကို ရောက်လာပါလိမ့်မယ်။


http://www.maukkha.org/ မူရင်းလင့် 

အင်တာဗျူးသို့

ဟီဟီ စီးပွားရေးမရှိသေးပါဘူး . မကြာမီမျှော်.. စိတ်မဆိုးနဲ့နော် .....

အထူးကဏ္ဍများ

ဟီဟီအထူးကဏ္ဍ မရှိသေးပါဘူး . မကြာမီမျှော်.. စိတ်မဆိုးနဲ့နော် .....

မေးမြန်းခန်းများသို့ ကြွတော်မူရန်

ဟီဟီ မေးမြန်းခန်း မရှိသေးပါဘူး . မကြာမီမျှော်.. စိတ်မဆိုးနဲ့နော် .....

သုံးသပ်ချက်များသို့ ကြွရန်

ဟီဟီ သုံးသပ်ချက်မရှိသေးပါဘူး . မကြာမီမျှော်.. စိတ်မဆိုးနဲ့နော် .....

ဘာသာရေးများ

ဟီဟီ ဘာသာရေးမရှိသေးပါဘူး . မကြာမိမျှော်.. စိတ်မဆိုးနဲ့နော် ..

ကျန်းမာရေး

ဟီဟီ ကျန်းမာရေးမရှိသေးပါဘူး . မကြာမီမျှော်.. စိတ်မဆိုးနဲ့နော် ..

Toshiba ကုမ္ပဏီမှ ခွေးစက်ရုပ်ကို ဖူကူရှီးမားစက်ရုံအတွက်ထုတ်


ဂျပန်နိုင်ငံတွင် အနုမြူဓာတ်သင့်နေသည့် ဖူကူရှီးမားရှိ စက်ရုံကို ပြန်လည်ပြင် ဆင်ထိန်းသိမ်းရန်အတွက် တိုရှီဘာကုမ္ပဏီမှ ခွေးတူစက်ရုပ်ပုံစံတစ်ခုကို ထုတ်လုပ် လိုက်ကြောင်း သတင်းရရှိသည်။
ခြေလေးချောင်းပါ အလေးချိန် ၆၅ ကီလိုဂရမ် (၁၄၃ ပေါင်) ရှိသည့် ထိုစက်ရုပ် သည် ၃ ပေ၊ ၄လက်မ အမြင့် ရှိပြီး၊ မြေပြင် အနေအထား ပုံစံအမျိုးမျိုးတွင် ရပ်တည် နိုင်စွမ်းရှိသည်။ လှေခါးထစ်များကိုပါတက်နိုင်ပြီး စက်ရုပ်တစ်ရုပ်ပုံစံ အပြည့်လုပ် ဆောင်နိုင်စွမ်းရှိသည်။
ခြေထောက်သည် သုံးဆစ်ချိုးဖြစ်ပြီး၊  ကွေးညွှတ်နိုင်စွမ်းရှိသည်။ အလေးချိန် ၂၀ ကီလိုဂရမ်ခန့်ကို သယ်ဆောင် နိုင်သဖြင့် ကင်မရာ၊ ရေဒီယိုသတ္တိကြွပစ္စည်းတိုင်း ကိရိ ယာများကို သယ်ဆောင်နိုင်သည်။ အဝေးထိန်းစနစ်ကို အသုံးပြုပြီး ထိန်းချုပ်ခိုင်းစေ နိုင်မည်ဖြစ်သဖြင့် လူတို့ဝင်ရန်မဖြစ်နိုင်သည့် နေရာများသို့လည်း ခိုင်းစေနိုင်မည် ဖြစ်သည်။
တိုရှီဘာမှ အင်ဂျင်နီယာဖြစ်သူ ဂိုရို ယာနာဆဲက ထိုစက်ရုပ်ကို လက်ရှိ အမည် မပေးရသေးကြောင်း၊ ကီလိုဂရမ် ၈၀ ခန့် သယ်မနိုင်ရန် စီစဉ်နေကြောင်း၊ လှေကား တစ်ထစ် လက်မ ၂၀ ခန့်လှမ်းနိုင်ရန်လုပ် နေကြောင်း ပြောကြားသည်။
အဆိုပါ အနုမြူစက်ရုံတွင် အမေရိကန်လုပ် PackBot  စက်ရုပ်နှင့် ဂျပန်လုပ် Quince  စက်ရုပ်တို့ဖြင့် ရှင်းလင်းဖယ်ရှားရေးများ လုပ်နေသော်လည်း မကြာမီ တိုရှီဘာထုတ် ထိုစက်ရုပ်ဖြင့် တိုးမြှင့်လုပ်ဆောင် သွားမည်ဟုဆိုသည်။

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...