Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Tuesday 30 April 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မည်

၂၀၁၅ ရွေးကောက် ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင် စေရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ United Nation Plaza တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အမေရိကရောက် မြန်မာများ တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်ကြောင်း မြန်မာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (နယူးယောက်) အတွင်းရေးမှူး ဦးခိုင်အောင်ကျော်က ပြောကြားသည်။
"ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကျွန်တော်တို့ လိုလားပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသွားကြောင်း ဦးခိုင်အောင်ကျော်က ဆိုသည်။ ပြည်သူလူထုအတွက်
ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် သမ္မတ ဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံသားနှင့် အိမ်ထောင်ကျထားပြီး ၄င်း၏ သားနှစ်ဦး မှာလည်း ဗြိတိန်နိုင်ငံသား ခံယူထားသူများ ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်းစုကြည် မှာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရှိ ဖြစ်နေသည်။
ယင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှသာ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမည်ဖြစ်သည်။ နိုင်ငံသားတိုင်း သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ထားသော ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် အချို့ကို ပြင်ဆင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ၄င်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာအုပ်တွင် အကြံပြုထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ တရားဝင်သား သမီးတစ်ဦးဦး သော်လည်းကောင်း၊ ၄င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော် ခံယူစောင့်ရှောက် ရိုသေသူ၊ တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံရမည့် အပြင် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအနက် ထက်ဝက်ကျော်၏ ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနှင့် အညီ ပြင်ဆင် နိုင်ရန် ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်များကို ပြည်ထောင် စုလွှတ်တော်က ဖွဲ့စည်းသွားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်၏ အရေးကြီး အဆိုကို မတ်လ ၁၅ ရက်နေ့က တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တပ်မတော်အစိုးရက ကမကထပြု ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တစ်ဖက်သတ်ရေးဆွဲထားခြင်း ဖြစ်၍ တရားမျှတမှု မရှိကြောင်း၊ ရွေး ကောက်ပွဲနည်းဥပဒေ များသည်လည်း ကန့်သတ်ချက် များလွန်းသည်ဟု ဆိုကာ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော NLD ပါတီ သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ နည်းဥပဒေအချို့ ဖြေလျှော့မှု ပြုလုပ်ပေးခြင်းကြောင့် ပါတီ မှတ်ပုံတင်ကာ မဲဆန္ဒနယ် ၄၃ နေရာ ဝင်ပြိုင်ရာ ၄၂ နေရာ အနိုင်ရရှိခဲ့သည်။

yoyarlay

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့အတည်ပြု ပြောဆိုသည်။
ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ်တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေးသာ နေလိုသောကြောင့်မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သားစံသိန်းထွေးက ရှင်းပြသည်။
တပ်သားစံသိန်းထွေးမှာ ၎င်း တာဝန်ထမ်းဆောင်နေသော နေရာကို ဖော်ထုတ်ပြောဆိုရန်နှင့် ဧရာဝတီ သတင်းဋ္ဌာနနှင့်လူချင်းတွေ့ဆုံရန်လည်း ငြင်းဆိုသည်။
“ကျနော် အေးအေးဆေးဆေးပဲ
နေချင်တယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်ချင်ဘူး” ဟု သူက ပြောသည်။
ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အ
မှတ် ၂၅ မှ တာဝန်ကျ အရာရှိ၏ အဆိုအရ
တပ်သားစံသိန်းထွေးကို ၎င်းတို့ ဋ္ဌာန အင်အားမှ ထုတ်နုတ်သွားပြီ ဖြစ်ပြီး နေပြည်တော်မှ ခေါ်ယူထားသည်ဟုသာ နောက်ဆုံး သိရှိရကြောင်း သိရသည်။
နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးရုံးကမူ ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးကို နေပြည်တော်တွင် ခေါ်ယူထားခြင်းမှာ မဟုတ်မှန်ဘဲရန်ကုန်ရုံးသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သောကြောင့် ရန်ကုန်တွင်သာ စုံးစမ်းမေးမြန်းရန် ပြောကြားသည်။
ယခုအခါ တပ်သား စံသိန်းထွေးမှာ ရန်ကုန်မြို့ရှိ ၅၁ လမ်း ယဉ်ထိန်းရုံးတွင် တာဝန် ထမ်းဆောင်နေကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ စုံစမ်း သိရသည်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး
နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက မတ်လကုန်ပိုင်းတွင် ခေါ်ယူခဲ့သေးသည်။ နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိရဘဲ နေပြည်တော် ယဉ်ထိန်း တပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့်မသိရှိနိုင်ကြောင်း ကမာရွတ် ယာဉ်ထိန်းရုံးမှ အရာရှိတဦးက မတ်လ ၂၁ ရက်နေ့က ပြောပြခဲ့ဖူးသည်။
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူ
များ အင်အားစုမှ ဦးထင်ကျော်က ဖိုးလပြည့်
လက်သီးနှင့် ထိုးခဲ့သည့် ကိစ္စနှင့် ပတ်သက်
၍ မခံနိုင်သောကြောင့် နိုင်ငံသားတဦး၏ တ
ရားဥပဒေ စိုးမိုးရေးကို ပုံဖော်သည့် ပုံစံဖြင့်
ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့သို့ သွားရောက်အ
မှုဖွင့် တိုင်ကြားခဲ့ရာ စခန်းမှူး ဦးအောင်မော်က အမှုတိုင်တန်းချက်ကို လက်ခံခဲ့သော်လည်း အမှုဖွင့်မပေးခဲ့ကြောင်း သိရသည်။
“အမှုဖွင့်တဲ့ တိုင်စာကို လက်ခံထား လိုက်တယ်။ သူ့ဆီမှာ ကမာရွတ် ယဉ်ထိန်းတပ်ဖွဲ့စု၅ က လာရောက် တိုင်ကြား ထားတာ မရှိဘူး။ ကာယကံရှင် ဖြစ်တဲ့ ရဲတပ်သား စံသိန်းထွေးကလည်း လာရောက် တိုင်ကြားထားတာ မရှိတဲ့အတွက် တိုင်စာကို လက်ခံတယ်။
အမှုဖွင့် မပေးဘူး။ လူကြီးကို တင်ပြပေးပါ့
မယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။
တာဝန် ထမ်းဆောင်နေသောယူနီဖောင်း ၀တ် အစိုးရ၀န်ထမ်းတဦး တာဝန်ချိန်တွင် ပါးရိုက်ခံရခြင်းသည် တရားဥပဒေ စိုးမိုးရေး
ကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့
သို့ ကာယကံရှင် ကိုယ်စား အမှုလိုက်ဖွင့်နေခြင်းမှာသက်ဆိုင်သူများကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ ဥပဒေအထက်တွင်မည်သူမျှမရှိကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဦးထင်ကျော် က ဆိုသည်။
“သူ့ဟာသူ အမှုဖွင့်တာ ဖြစ်ပါလိမ့်မယ်။ ကျ
နော်နဲ့ မဆိုင်ပါဘူး” ဟု တပ်သား စံသိန်း
ထွေးက ဧရာဝတီသို့ ပြောသည်။ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကိစ္စကိုတရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိ
စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ေ
ကြာင်း၊ ကာယကံရှင် ကိုယ်တိုင်မဆောင် ရွက်လိုသော ကိစ္စကို ၀င်ရောက် ဆောင်ရွက်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“တရားဥပဒေ စိုးမိုးရေးဆိုတာက အာဏာရှိ
သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပစ္စည်းဥစ္စာ
ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မျက်နှာကြီးငယ် မလိုက်ဘဲနဲ့
ကျောသားရင်သား မခွဲခြားဘဲနဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံး အညီအမျှဖြစ်ရမယ်။ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေအားလုံး ဥပဒေရဲ့အကာ အကွယ်ကို ရရှိခံစားရမယ်။ အဲဒီလိုမှ တရား
ဥပဒေ စိုးမိုးရေးက ပြည့်စုံတယ်လို့ ပြောလို
့ရမယ်” ဟု ၎င်းက ဆိုသည်။
မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်
ဖိုးလပြည့်သည် ၉ ဂ/ ၉၉၁၄ ကို မောင်းနှင်
လာပြီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင်
ကားလမ်းရှင်းပေးရန်တောင်းဆိုသော
ကြောင့် ယဉ်ထိန်းရဲတပ်သားစံသိန်းထွေးက လမ်းရှင်း ပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကိုလက်သီးဖြင့်ဆင်းထိုးခဲ့
ကြောင်း၊ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားခဲ့ရာ ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း စုံစမ်းမေးမြန်း ချက်များအရ သိရသည်။
အစိုးရ ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း၊ တာဝန် ၀တ္ထရား နှောင့်ယှက်မှုတွင်နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တား နှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ်
ကျပ် ၅ ရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ၀န်ထမ်း
ကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါ
က ထောင်ဒဏ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ခံရ
နိုင်ကြောင်း သိရသည်။
ထက်နိုင်ဇော်

ရခိုင်စုံစမ်းစစ်ဆေးရေးအစီအရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းလင်း

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ခင်း ၂ နာရီမြန်မာငြိမ်းချမ်းရေး
စင်တာမှာ ရခိုင်ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်တာဝန်ရှိသူတွေက အချက်အလက်ရှာဖွေခြင်းနဲ့ နောက်
နောင်မဖြစ်ပွားအောင်အကြံပြုတင်ပြတဲ့
အပိုင်း၂ပိုင်းကိုဦးစားပေးဆောင်ရွက်ခဲ့
ကြောင်းရှင်းလင်းပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက “ဒီကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့်အပိုင်း ၂ ပိုင်းရှိပါတယ်။တပိုင်းကအချက်အလက်ရှာ
ဖွေပြုစုခြင်းပါ။ အဲဒါက ဒီကိစ္စဖြစ်ပေါ်တဲ့ လတ်တလော အကြောင်းရင်းတွေနဲ့ ဒီကိစ္စဖြစ်ပေါ်စေတဲ့ အခြေခံ အ
ကြောင်းရင်းတွေ။ အဲဒါတွေကို အတတ်နိုင်ဆုံးလူတွေ့မေးမြန်းချက်တွေနဲ့ ကိုယ်တိုင် ကွင်းဆင်းလေ့လာမှုတွေ၊ နောက်ပြီးတော့ သမိုင်းစာရွက်စာတမ်း အထောက်အထားမှတ်တမ်းများနဲ့
စာကြည့်တိုက်များကနေရှာဖွေစုဆောင်းတဲ့ အချက်အလက်တွေ အစရှိသဖြင့် အတတ်နိုင်ဆုံးရှာဖွေပြုစုခဲ့ပါတယ်။”
“နောက်တခုကတော့ အကြံပြုချက်အပိုင်းပါ။လက်ရှိဖြစ်နေတာ
တွေကို ကျနော်တို့က ပကတိအတိုင်း လက်ခံနိုင်အောင်၊ နားလည်နိုင်အောင်
ကြိုးစားပြီးတော့ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ အနိမ့်ဆုံးအဆင့် နောက်တကြိမ် မဖြစ်
ပွားအောင် ဘယ်လိုကြိုတင်စီမံမှုတွေ၊ အကာကွယ်တွေလုပ်ကြမလဲ။ ပြီးရင် တဖြည်းဖြည်းချင်း ပျော့ပျောင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းက ခေါင်းေ
ဆာင်တွေအချင်းချင်းတွေ့ဆုံညှိနှိုင်းတာ
တွေကစပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင်ဘယ်လိုဆောင်ရွက်ကြ
မလဲ ဆိုတဲ့ လူမှုရေးသဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ အကြံပြုတင်ပြထားတယ်။”
“တဆက်တည်းမှာပဲ အင်မတန်အကဲဆတ်တဲ
့ကိစ္စဖြစ်တဲ့ ကျနော်တို့ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်ပြီးတော့ နှစ်ဘက်ကြားထဲမှာ ရှိတဲ့ မယုံသင်္ကာမှု၊ အဲဒါတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖို့ ကျနော်တို့ ရေရှည်အချိန်ယူသွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရှုထောင့်အသီးသီးကနေ ပြည့်ပြည့်စုံစုံ ချဉ်းကပ်နိုင်ဖို့ ကော်မရှင်က ကြိုးစားခဲ့ကြောင်းနဲ့ ကော်မရှင်အစီရင်
ခံစာမှာ ပထမဦးဆုံး နံပါတ် ၁ ဦးစားပေးဖော်ပြထားတဲ့ ကဏ္ဍဟာ ဒုက္ခသည်များကိစ္စဖြစ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေး
နဲ့ပတ်သက်တဲ့ ရှုထောင့်၊ လူသား အသက်ရှင်နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လောက်အလေးထားတယ်ဆိုတာ အထင်အရှားပေါ်လွင်ကြောင်း ရှင်းပြသွားပါတယ်။
ဒါဟာ ဒုက္ခသည်တွေ အစားအစာနဲ့ အမိုးအကာရရှိရေးကိစ္စကို နံပါတ် ၁ ဦးစားပေးအနေနဲ့ ဖော်ပြထားကြောင်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လူမှုရေး၊ စီးပွားရေး၊ပညာရေးနဲ့ ပြန်လည်သဟဇာတဖြစ်ဖို့အတွက်
ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အစရှိသဖြင့် ကျနော်တို့ အခန်းကဏ္ဍ ၁၂ ခု ခွဲထားပြီးတော့ ပြုစုထားပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တဲ့အတွက် စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာမရှိကြောင်းနဲ့ ကော်မရှင်အနေနဲ့ကတော့တွေ့ရှိတဲ့အချက်အလက်တွေ၊ဖြစ်သင့်ဖြစ်ထိုက်တဲ့အကြံပြု
ချက်တွေ တင်ပြတာသာဖြစ်ပြီး ပံ့ပိုးကူညီ၊ ဖြေရှင်းမယ့်ကိစ္စတွေကိုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ကိုင်ဆောင်ရွက်သွားမယ်
လို့ ဦးကိုကိုကြီးကရှင်းလင်းပြောပြသွားပါ
တယ်။
From DVB TV News
-http://maruthura.blogspot.com-

ရခိုင်အစီရင်ခံစာ ထုတ်ပြန်ပြီ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်းမေးမြန်းချက်များအပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည်သူသို့ ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကိစ္စ၊ ယာယီနေရာချထားရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးများ၊ နယ်စပ်ပိုင်နက်လုံခြုံရေးနှင့် လူဦးရေ ပြန့်ပွားမှုနှုန်းမြင့်မားသည့် ကိစ္စရပ်များဆိုင်ရာ အကြံပြုချက်များအပါအ၀င် အခန်း ၁၄ ခန်းနှင့် စာမျက်နှာ ၁၃၈ မျက်နှာ ပါရှိသည်။

လူပေါင်း ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များဖြစ်ခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်း ခက်ခဲမှုများကြောင့် မိသားစုစားဝတ် နေရေးများ ထိခိုက်မှုရှိနေကြောင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ထို့အတူ လူမျိုးစု တစ်စုနှင့်တစ်စုအကြား မယုံကြည်မှုများတိုးပွားလာနေခြင်း၊ ဆက်ဆံရေး ပြတ်တောက်ခြင်းနှင့် တင်းမာမှုများမြင့်တက်နေခြင်းများလည်း ဖြစ်ပေါ်နေရာ ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လုံခြုံရေးတပ်အင်အားများ ရုတ်တရက် များပြားစွာ လျှော့ချခြင်းမပြုရန်၊ တပ်မတော်ရေတပ် အင်အားတိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်ရေယာဉ်များ၊ CCTV စောင့်ကြည့်ရေး ကင်မရာများ၊ လူလုပ် အတားအဆီးများချထားရန် စသည့်အချက်များ ပါဝင်သည့် အကြံပြုချက် ၁၆ ချက်ကိုလည်း အကျဉ်းချုပ်ဖော်ပြထားသည်။

ထို့ပြင် လ.၀.က ၀န်ထမ်းများနှင့် ပတ်သက်သည့်အချက်များ၊ စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် အထူးအဖွဲ့များ ဖွဲ့စည်းရေး ဆိုင်ရာအချက်များ၊ ရခိုင်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ တရားစီရင်ရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြံပြုချက်များလည်း ပါဝင်သည်။

ကလေးသူငယ်များ၏ အာဟာရ ချို့တဲ့မှုဆိုင်ရာ ပြဿနာနှင့် စာတတ်မြောက်မှုနှုန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း သီးခြားထည့်သွင်း အကြံပြုထားသည်။

ယင်းအစီရင်ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ အမိန့် ဖြင့် ၂၀၁၂ နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည့် ကော်မတီခွဲ ၇ ခုက တာဝန်ဆက်လက်ယူသွားမည် ဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“အခု ကျနော်တို့ ရင်ဆိုင်နေရတာတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက ပြဿနာဟောင်းတွေပါ။ ကျနော်တို့က ဒုက္ခသည်တွေ အမိုးအကာနဲ့ အစားအစာရရှိရေးအတွက်ကို အဓိကထား စဉ်းစားမယ်။ လူသားတယောက် အသက်ရှင် ရပ်တည်နိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားသွားမယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂါလီဟု သုံးစွဲထားသည်။

မြန်မာနိုင်ငံတွင်း နေထိုင်လျှက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်သင့်သူများကိုလည်း နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သင့်ကြောင်း စုံစမ်းရေးကော်မရှင်က အကြံပြုထားသည်။

ယင်းအချက်နှင့်ပတ်သက်၍ ဦးကိုကိုကြီးက“နိုင်ငံသားဆိုရင် နိုင်ငံအပေါ်မှာ သစ္စာစောင့်သိဖို့ လိုအပ်တဲ့အကြောင်းတွေကို နိုင်ငံသားလျှောက်ထားသူတွေ လေးလေးနက်နက် လက်ခံ လာအောင် အများကြီး လုပ်ဖို့လိုအပ်တယ်။ အစိုးရကလည်း နိုင်ငံသားအားလုံးကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ လိုအပ်တယ်။ ဒါမှ လစ်ဘရယ် ဖြစ်လာမယ်၊ နိုင်ငံအပေါ် သစ္စာစောင့် သိမှုတွေရှိလာမယ်။ လူမျိုးစုတွေကြားမှာ သဟဇာတ ဖြစ်မှုတွေရှိလာမယ်” ဟု ဆက်လက်ပြောသည်။

ယင်းအစီရင်ခံစာကို အဖွဲ့ဝင် ၂၅ ဦးပါဝင်သည့် ကော်မရှင်အဖွဲ့က ၇ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး ယနေ့ အများပြည်သူသို့ မီဒီယာများတဆင့် ယနေ့ထပ်မံထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ လက်ထောက်ဒါရိုက်တာ ဖေလ်ရောဘတ်ဆန်ကမူ ယခု အစီရင်ခံစာတွင် “ယမန်နှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သန့်စင်မှုတွေအတွက် တာဝန်ခံဖို့ လိုအပ်တာကို ထောက်ပြပြောဆိုမှုတွေ မပါဝင်ဘူး” ဟု ပြောဆိုကြောင်း အေပီသတင်းတပုဒ်က ရေးသားထားသည်။

ပြီးခဲ့သည့်အပတ် အဆိုပါ အဖွဲ့က ယမန်နှစ်အတွင်း ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော သွေးစွန်းသော အဓိကရုဏ်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို လူသားမဆန်သော ရာဇ၀တ်မှုများအဖြစ် ဖော်ပြခဲ့ပြီး မြန်မာအာဏာပိုင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ရခိုင်ပြည်ရှိ မွတ်စလင်များကို “လူမျိုးတုန်းသန့်စင်ရေး” လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဧရာဝတီ

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်းဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာနေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ်များ UWSA လက်ထဲသို့ရောက်ရှိကြောင်း အတည်ပြု ခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့သားကောင်း

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့ 

ဧပြီ-၃၀

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ

ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။မှ-HN

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

ဖြိုးအောင်

Wednesday 24 April 2013

ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်

စစ်တွေကမ်းခြေတွင် ဗုံးဖောက်ခွဲမည့်သတင်းများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ် လျက်ရှိကာ ခရီးသွားဧည့်သည် ၀င်ရောက်မှု ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"စစ်တွေ လူစည်ကားတဲ့ ကမ်းခြေ၊ သဘောင်္ဆိပ်၊ ဘုတ်ဆိပ်နဲ့ ဗွီဒီယိုရုံတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲကြမယ် လို့ သတင်းတွေ ထွက်နေတာကြာပြီ သင်္ကြန်မတိုင်ခင်က။ ဒေသခံတွေရော လာလည်တဲ့ ခရီးသည်တွေရော စိုးရိမ်နေကြရတယ်"ဟု စစ်တွေမြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးက ပြောသည်။

အဆိုပါသတင်းများကြောင့် စစ်တွေကမ်းခြေသို့ ခရီးသည်ဝင်ရောက်မှုကျဆင်းကာ ဟိုတယ်လုပ်ငန်းအချို့ ရပ်နားဖွယ်ရှိကြောင်း စစ်တွေဟိုတယ်လုပ်ငန်းများထံက သိရှိရသည်။

"ဗုံးဖောက်ခွဲမယ်ဆိုတာတွေကြောင့် ကမ်းခြေအပန်းဖြေစခန်းတွေက ပိတ်မလား၊ မပိတ်ဘူးလားဆိုတာတော့ အတိအကျ မသိသေးဘူး။ စစ်တွေဟိုတယ်က ပိတ်ရက်မရှိဖွင့်လှစ်ပါတယ်။ အဲဒီသတင်းတွေကလည်း ကောလ ဟာလလို့ပဲ ယူဆပါတယ်။ မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်"ဟု စစ်တွေကမ်းခြေမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တွေကမ်းခြေသို့နေ့စဉ်အပန်းဖြေလာရောက်သူဦးရေ (၃၀၀)မှ (၅၀၀)၀န်းကျင်ရှိပြီး အစိုးရရုံးပိတ်ရက်များ၌ လာရောက်အပန်းဖြေသူဦးရေသောင်းဂဏန်းကျော် ၀င်ရောက်လည်ပတ်လေ့ရှိကြောင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ၀င်ရောက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

"အဲ့ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပေမယ့် ပိတ်ဖို့ ပြောတာ အကြောင်းကြားမျိုးတော့မရှိသေးပါဘူး။ ခရီးသည်တော့ အ၀င်တော်တော်လေးနည်းသွားတယ်။ လုံခြုံရေးအာမခံချက်မရရင်တော့ ရက်အကန့်အသတ် မရှိ ပိတ်ထားဖို့ပဲ ရှိတယ်"ဟု ကမ်းခြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါသတင်းများကြောင့် စစ်တွေသို့ လာရောက်အပန်းဖြေလေ့လာလည်ပတ်သူဦးရေ သိသိ သာသာကျဆင်းလာခဲ့ပြီး ဒေသခံများအနေဖြင့်လည်း ယခုကဲ့သို့ ထွက်ပေါ်နေသော သတင်းများကြောင့် လုံခြုံရေး တိုးမြှင့်ချထားပေးရန် မျှော်လင့်မှုများရှိလာကြောင်းကိုလည်း သိရှိရသည်။

Myanmar Online News

ကမ်းခြေ၌ ဗုံးဖောက်မည်ဆိုသည့်သတင်းများကြောင့် စစ်တွေဒေသခံများ စိုးရိမ်
Tuesday, April 23, 2013

အာရကန်ကိုကို (မြစ်မခ) 
Myit Makha Mediagroup

Saturday 20 April 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့်  MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။
MECTel တံဆိပ်ပါ  တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။
ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း  ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက်  ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။

ငွေဖြည့်ကတ်
ငွေဖြည့်ကတ်
၁။ နေပြည်တော် ကောင်စီနယ်မြေ
လင်း မိုဘိုင်း၊ နေပြည်တော်။
Best One ၊ နေပြည်တော်။
လူကြီးမင်း၊ နေပြည်တော်။
Laser Mobile ၊ ပျဉ်းမနား။
Sky Light ၊ ပျဉ်းမနား။
         
၂။ ကချင်ပြည်နယ်
Best One ၊ မြစ်ကြီးနားမြို့။
OVI၊ မြစ်ကြီးနားမြို့။
ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။
၃။ ကယားပြည်နယ်
တောင်ပေါ်သား၊ လွိုင်ကော်မြို့။
Orbit Mobile၊ လွိုင်ကော်မြို့။
၎။ ကရင်ပြည်နယ်
နေလ၊ ဘားအံမြို့။
အတ္ထရံ၊ ဘားအံမြို့။
K-Mobile၊ မြဝတီမြို့။
၅။ စစ်ကိုင်းတိုင်းဒေသကြီး
Hello Mobile ၊ စစ်ကိုင်းမြို့။
Mobile One၊ မုံရွာမြို့။
Star Mobile ၊ ချောင်းဦးမြို့။
လင်း လျှပ်စစ်၊ ရွှေဘိုမြို့။
ဟန်ထူးမွန်၊ မြင်းမူမြို့။
၆။ တနင်္သာရီတိုင်းဒေသကြီး
Alpha ၊ ထားဝယ်မြို့။
To Mobile ၊ မြိတ်မြို့။
၇။ ပဲခူးတိုင်း ဒေသကြီး
စိန်ဟင်း၊ ပဲခူးမြို့။
ရွှေကမ္ဘာ၊ ပြည်မြို့။
ဝင်းကမ္ဘာ၊ တောင်ငူမြို့။
ရွှေမျက်မှန်၊ ဖြူးမြို့။
Future Mobile ၊ ဖြူးမြို့။
ရွှေကျီး၊ ပေါက်ခေါင်းမြို့။
သန္တာထွန်း၊ အင်းမမြို့။
၈။ မကွေးတိုင်းဒေသကြီး
Advance Telecom ၊ မကွေးမြို့။
နေနတ်သား၊ ပခုက္ကူမြို့။
အင်းဝမိုဘိုင်း၊ ချောက်မြို့။
ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။
တန်ခိုးရှင်၊ မင်းဘူးမြို့။
၉။ မန္တလေးတိုင်းဒေသကြီး
Best One ၊ မန္တလေးမြို့။
I-Phone ၊ မန္တလေးမြို့။
Any Call ၊ မန္တလေးမြို့။
Win Mobile ၊ ပြင်ဦးလွင်မြို့။
Easy Call ၊ မိတ္ထီလာမြို့။
Zest Mobile ၊ ပျော်ဘွယ်မြို့။
လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။
ဝင်းစတိုး၊ ပုဂံမြို့။
Sky Ace ၊ မြင်းခြံမြို့။
ဖူဂျီ၊ ရမည်းသင်းမြို့။
၁ဝ။ မွန်ပြည်နယ်
Best One ၊ မော်လမြိုင်မြို့။
ဂျပန်၊ မော်လမြိုင်မြို့။
ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။
စိုးရတနာ၊ သထုံမြို့။
တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။
ပုလဲရွှေစင်၊ မုဒုံမြို့။
၁၁။ ရခိုင်ပြည်နယ်
Super ၊ စစ်တွေမြို့။
ရွှေကိန်းအင်း၊ စစ်တွေမြို့။
စွယ်တော်ဖြူ ၊ အမ်းမြို့။
အားမာန် ၊ အမ်းမြို့။
၁၂။ ရန်ကုန်တိုင်းဒေသကြီး
TMHC-ZK ၊ ကမာရွတ်မြို့နယ်။
MTS ၊ စမ်းချောင်းမြို့နယ်။
Best One ၊ လသာမြို့နယ်။
MobilTel ၊ လသာမြို့နယ်။
MTC ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
09 ၊ မရမ်းကုန်း မြို့နယ်။
လူကြီးမင်း၊ သင်္ဃန်းကျွန်း။
Mobile King ၊ တာမွေမြို့နယ်။
Mobile King ၊ ကြည့်မြင်တိုင်မြို့နယ်။
ISN Net ၊ အင်းစိန်မြို့နယ်။
Missed Call ၊ ဒေါပုံမြို့နယ်။
ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။
၁၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း)
ကျားခေါင်း၊ လားရှိုးမြို့။
Pioneer ၊ လားရှိုးမြို့။
Hello ၊ မူဆယ်မြို့။
၁၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
ပန်းစံအိမ်၊ ကျိုင်းတုံမြို့။
အဆွေတော်၊ တာချီလိတ်မြို့။
ကျော်အောင် ၊ မိုင်းတုံမြို့။
၁၅။ ရှမ်းပြည်နယ် (တောင်ပိုင်း)
စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။
စင်ဒရဲလား၊ တောင်ကြီးမြို့။
ရွှေကမ္ဘာ၊ ကလောမြို့။
တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။
၁၆။ ဧရာဝတီတိုင်းဒေသကြီး
Best One ၊ ပုသိမ်မြို့။
Hello ၊ ပုသိမ်မြို့။
Mobile World ၊ ဟင်္သာတမြို့။
Goldern Star ၊ ကျောင်းကုန်းမြို့။
Victory ၊ မြောင်းမြမြို့။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း

ဓားပြတိုက်မှု မသိရကောင်းလားဆိုပြီး ရွာလူကြီးနှစ်ဦးကို သက်ဆိုင်ရာကရိုက်

ထူးထူးဆန်းဆန်း မွန်ပြည်နယ်က ဆက်ကြေးမပေးတဲ့ရွာ ဓားပြတိုက်မှုကြီး
မဆီမဆိုင် ရွာလူကြီးနှစ်ဦး မသိရကောင်းလားဆိုပြီး သက်ဆိုင်ရာကရိုက်လို့ ဒဏ်ရာတွေရသွားသတဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ မကျည်ကျေးရွာအုပ်စု၊ ဓနိကြားရွာတွင် ၈-၃-၂၀၁၃ ရက်နေ့ ည ၈း၃၀ အချိန်တွင် အရပ်ဝတ်ဖြင့် ဓားပြ ၇ ဦးသည် သေနတ် ၃ လက်ကိုင် ဆောင်၍ မျက်နှာဖုံးတပ်ထားကာ နေ အိမ် ၅အိမ်ပေါ်သို့တက်ရောက်ပြီး ဓားပြ တိုက်လုယက်ခဲ့သည်။

၎င်းနေအိမ် ၅ အိမ်မှာ (၁) ဦးထွန်းစိန်+ ဒေါ်ရင်ထွေး နေအိမ်မှ ရွှေ ၃ကျပ်သား၊ ငွေ ၅ သိန်း နှင့် ငွေသား ၂၅ သိန်းတန်ဖိုးရှိ စိန်တစ် လုံး၊

(၂) ဦးရှိန် + ဒေါ်အေးအေးသိန်း နေအိမ်မှရွှေ ၄ ကျပ်ခွဲသားနှင့် ငွေ ၁၁ သိန်းခန့်၊

(၃) ဦးသိမ်းမောင် + ဒေါ်ချမ်း တိတ် နေအိမ်မှ ရွှေ ၉ ကျပ်ခွဲသားနှင့် ငွေ ၆ သိန်းခွဲခန့်၊

(၄) ဒေါ်မငွေအေး အိမ်မှနားကပ် ၃ ရန်၊ လက်စွပ် ၂ ကွင်း ငွေသားလေးသောင်းကျပ်၊

(၅) ဦးကွန်း ချစ်နေအိမ်မှ ရွှေမီဒိုနာရီတစ် လုံး၊ ငွေ လေးသောင်းကျပ်အသီးသီး ဓားပြတိုက် လုယက်သွားခဲ့ကြသည်။

၉-၃-၂၀၁၃ နေ့တွင် ဓနိကြားရွာအုပ်ချုပ်ရေးမှူးက နယ်မြေခံတပ်ရင်း ခလရ(၃၁)မှ ဗိုလ် ကြီး.....ထံသို့ သွားရောက်သတင်းပို့ တိုင်ကြားရာ

၎င်းင်းအရာရှိက ဓားပြတိုက် လုယက်ရာတွင်ပါဝင် သွားသောဦးသိမ်း မောင်+ ဒေါ်ချမ်းတိတ်တို့၏ မှတ်ပုံတင် ၂ ခု၊ ဓားပြတိုက်ရာတွင် အသုံးပြုသော အမ်-၁၆ နှင့် ကာဘိုင်တစ်လက်တို့ကို ဓနိကြားရွာအုပ်ချုပ်ရေးမှူးတို့အား “ဒီသေနတ်လား” ဟု ထုတ်ပြပေးခဲ့ ကြောင်း၊

ထို့အပြင် ဓားပြတိုက်ခံရအပြီး ၁၆-၃-၂၀၁၃ နေ့တွင် မွန်ခွဲထွက်အဖွဲ့မှ အလင်းဝင်ထားသည့် ခေါင်းဆောင် နိုင်အဘင်က ဓားပြတိုက်ခံရသူများ အား ဓားပြတိုက်စဉ်ကအသုံးပြုခဲ့သော အမ်-၁၆ နှင့်ကာဘိုင်သေနတ်တို့မှာ

၎င်းအဖွဲ့မှသေနတ်ဖြစ်ကြောင်းနှင့် နိုင် အဘင်မှာ မြို့သို့အစည်းအဝေးတက် ရောက်နေသဖြင့် မကျဉ်းကျေးရွာအုပ်စု တပ်လုံခြုံရေးအဖွဲ့ထံသို့ အပ်နှံသွားခဲ့ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြသွား ခဲ့သည်။

၎င်းင်းဓားပြတိုက်မှုမဖြစ်ပွားမီ ၅-၃-၂၀၁၃ နေ့တွင် ခလရ ၃၁ တပ် ရင်းမှ ဗိုလ်ကြီးနှင့်တပူးတွဲတွဲနေသူ မွန်ခွဲ ထွက်အဖွဲ့မှ အလင်းဝင်ထားသူ သန့်စင် နှင့်မောင်ဝင်းက ၎င်းင်းရွာအား ၆ လစာ ဆက် ကြေး ဆန် ၁၂ တင်းလာတောင်း ရာ ရွာလူကြီးကမပေးခဲ့ကြောင်း၊

၎င်းင်းတို့ ကနောက် ၂ ရက်ကြာရင် မင်းတို့ရွာ သိမယ်ဟု ပြော ဆိုကြိမ်းမောင်းသွားခဲ့ သည်။ ဓားပြတိုက်ခံရသည့်ညတွင် ၎င်းင်းတပ်ရင်းမှ ဗိုလ်ကြီး၏အမိန့်ဖြင့် ရွာအား ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ သည်။

၉-၄-၂၀၁၃ နေ့ ခလရ (၃၁) မှဗိုလ်ကြီးတစ်ဦးနှင့်တပ်သားများရောက် ရှိလာပြီး ရွာလူကြီးဟောင်းဦးထင်အား “ဓားပြတိုက်သွားတာကို သိလား” ဟု မေးရာ ဦးထင်ကမသိရှိကြောင်း ပြော ဆိုရာ ရွာသားတစ်ဦး ပါအောင်ပြောပေး ဆိုပြန်သည်။

ဦးထင်က မသိရှိကြောင်း ဖြေရာတွင် ၎င်းင်းဗိုလ်ကြီးကသူ၏တပည့် ၃ ဦးကိုခေါ်၍ ဦးထင်ကို ကြိုးဖြင့် လက်ပြန်တုပ်ခိုင်းထားပြီး ရပ်ခိုင်းကာ ခါးဘေးနှစ်ဖက်ကိုချိန်ရွယ်၍ သေနတ် ဖြင့်ပစ်သည်။

၎င်းင်းနောက် ကြိုးနှင့်တုပ် ထားသည့်အတိုင်း ရွာပြင်သို့ခေါ် လာပြီး ခြေထောက်ဖြင့်ကန်၊ လည်ပင်းကိုညှစ်၊ ခြံစည်းရိုးတိုင်၊၀ါးတုတ် ၂ မျိုးဖြင့် ရိုက် နှက်၍ ဦးထင်၏လည်ပင်း၊ လက်ဖျံ၊ ရင်ဘတ်နှင့် ဦးခေါင်းတို့တွင် ညိုမည်းစွဲ ဒဏ်ရာဖြင့်သတိမေ့သွားခဲ့သည်

ဦးထင် ထံမှ ၁ မတ်သားခန့် လက်စွပ် ၁ ကွင်း နှင့်မှတ်ပုံတင်တစ်ခုကို ၎င်းင်းတို့ယူဆောင် သွားသည်ကိုတစ်ရွာလုံး သိရှိခဲ့ကြသည်။

ခေါဇာဆေးရုံတွင် ၎င်းင်းတို့ဆေးဖိုးနှင့် ၁ ရက်ကုသခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆက်လက်ကုသခဲ့ရသည်။

အလားတူ ရွာလူကြီးသစ် ဦးကျော်ဟိန်းအား ၉-၄-၂၀၁၃ နေ့ ည ၈ နာရီခန့်တွင် ရဲဘော် ၃ ဦးက၀ါးရင်းတုတ်များဖြင့် ၀ိုင်းရိုက်ခဲ့ သဖြင့် သတိလစ်မေ့မြောပြီး ခေါဇာ ဆေးရုံတွင် ၂ ညအိပ်ကုသခဲ့ရပြီး ရန်ကုန် ဆေးရုံကြီးတွင်ဆက်လက်ကုသမှုခံယူခဲ့ရ သည်။

အဆိုပါဖြစ်စဉ်ဖြစ်ရပ်များအား သက်ဆိုင်ရာများထံသို့ တင်ပြသွား မည်ဖြစ်သလို မီဒီယာများသိရှိရန်လည်း ယခုလို ပြောကြားရခြင်းဖြစ်ကြောင်း ကာယကံရှင်နှစ်ဦး၏ ပြောရေးဆိုခွင့်ရှိ သူမှ သက်သေအထောက်အ ထားများ ဖြင့် ရှင်းလင်းပြောကြားခဲ့သည်ကို သိရှိရ သည်။

အဆိုပါဖြစ်စဉ်ကို ပြည်နယ် ၀န်ကြီးချုပ်အား ဧပြီလ ၃ ရက်နေ့ ရက်စွဲဖြင့်တိုင်ကြားထားပြီးဖြစ် ကြောင်း သိရသည်။

ထူးသစ်
from-myanmardailynews.

Friday 19 April 2013

နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ

ငွေကြေးအကျပ်အတည်းကြောင့် ဆိုက်ပရပ်စ်ဗဟိုဘဏ်မှ ရွှေထုတ်ရောင်းချမှု၊ ဆိုက်ပရပ်စ် ဗဟိုဘဏ်မှ IMF-EU ၏ Bailout အစီအစဉ်အရ အပေါင်တင်ထားသည့် ရွှေ ၁၄ တန်အား ထုတ်ရောင်းမည့် သတင်းထွက်ပေါ်မှုနှင့်အတူ ကမ္ဘာ့ရွှေဈေးမှာ ဧပြီလ ၁၂ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ဒေါ်လာအထိ ကျဆင်းခဲ့ရသည်။

ဧပြီလ ဒုတိယပတ်အထိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၈၀ ကျော်အထိ ရှိနေရာမှ ထိုးဆင်း ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၄ ဒသမ ၅၆ အထိသာ ပြန်လည်မြင့်တက်သေးသည်အထိ အကျဈေးတွင်သာ တည်ရှိနေခဲ့သည်။ကမ္ဘာ့ရွှေဈေးပေါ် မူတည်၍ ဈေးဖွင့်သည့် မြန်မာ့ရွှေဈေး အနေဖြင့် ကမ္ဘာ့ရွှေဈေး ကျသည့်အတွက် လိုက်ပါကျဆင်းခဲ့ကြောင်း တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ မှ ကျပ် ၈၀၀၀၀ အထိပင် ကျဆင်းခဲ့သည်။

သင်္ကြန်ကာလ မတိုင်မီက ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇၃၉၅၀၀ ဖြင့် ဈေးပိတ်သွားခဲ့သော်လည်း မြန်မာနှစ်ဆန်း ၂ ရက်နေ့ (ဧပြီလ ၁၈ ရက်နေ့) ရွှေဈေးပြန်ဖွင့်သည့် အချိန်တွင် တစ်ကျပ်သားလျှင် ကျပ် ၆၆၈၅၀၀ ဖြင့်သာ ဈေးဖွင့်နိုင်ခဲ့သည်အထိ ကျဆင်းခဲ့သည်။မြန်မာ နှစ်ဆန်း ၂ ရက်နေ့တွင် အဖွင့်ဈေး ကျပ် ၆၆၈၅၀၀ ဖြင့် စတင်ခဲ့သော်လည်း ညနေပိုင်းတွင် ဈေးပြန်တက်ခဲ့ပြီး ကျပ် ၆၉၁၀၀၀ ဖြင့် ဈေးပိတ်ခဲ့ရကြောင်း၊ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

သို့သော် သင်္ကြန်ကာလ မတိုင်မီ နောက်ဆုံးဈေးဖြင့် တွက်ချက်ပါက တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ၀န်းကျင် ထိုးဆင်းခဲ့ခြင်းဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိပါသည်။ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က "ငွေကြေး အကျပ်အတည်းကြောင့် နိုင်ငံတကာက ဘဏ်တွေ ရွှေထုတ်ရောင်းတဲ့အတွက် နိုင်ငံတကာ ရွှေဈေးကျဆင်းတာပါ။

နိုင်ငံတကာ ဈေးကျလို့ ပြည်တွင်းရွှေဈေး ကျတာပါ။ မြန်မာ့ရွှေဈေးက နိုင်ငံတကာဈေးနဲ့ပဲ ချိတ်ဆက်ထားတာဖြစ်လို့ နိုင်ငံတကာ ဈေးအတက်အကျပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိပါတယ်။ ထိန်းချုပ်ဖို့ မရှိဘူး။ နိုင်ငံတကာ ဈေးအတက်အကျအတိုင်းပဲ သွားမှာပါ" ဟု ပြောကြားခဲ့ပါသည်။

Eleven Media Group

နိုင်ငံကာဘဏ်များ ရွှေထုတ်ရောင်း၍ ကမ္ဘာ့ရွှေဈေးကျပြီး မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၅၀၀၀၀ ပြုတ်ကျ 
Friday, April 19, 2013

မဒေးကျွန်း ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီ တရုတ်ကုမ္ပဏီကို တောင်းဆို ဆန္ဒပြခဲ့တဲ့ သူတွေထဲက ခေါင်းဆောင်တချို့ကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးနေပါတယ်။မနေ့ညနေပိုင်းက စီအန်ပီစီ (China National Petroleum Cooperation) ကုမ္ပဏီဝင်းထဲ နေပူကြဲကြဲမှာ ၁ နာရီကြာ ဆန္ဒပြပေမယ့်လည်း တရုတ်ကုမ္ပဏီဘက်က တဦးမှ ထွက်မတွေ့ဘဲ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူး၊ လုံခြုံရေးတပ်သားတွေ ရောက်လာပြီး လူစုခွဲခိုင်းတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

ဒီနေ့ ကျနော်တို့ကို စဖမ်းပြီ။ ကျောက်တန်းက ၃ ယောက်၊ ရွာမက သုံးယောက်၊ ပန်းတိမ်ကနေ သုံးယောက်၊ ကျနော်ရယ်ကို ဖမ်းမယ်။ မောင်မြင့်နိုင်၊ မောင်မောင်မြင့်၊ မောင်ယဉ်လှတို့ သုံးယောက်ကို ဖမ်းပြီး စစ်ဆေးတယ်။ ပြီးတော့ အာမခံရှာခိုင်းတယ်။ မောင်ယဉ်လှက အာမခံရှာဖို့ ရွာကို ရောက်နေတယ်လို့ သတင်းရတယ်။ နောက်ပြီး ကျနော့်အိမ်ကိုလာတယ်လို့ အိမ်ကလူတွေပြောတယ်။ ထွန်းကြည် ရောက်ရောက်ချင်း စခန်းကို လွှဲလိုက်ပါ၊ အာမခံဖို့ လူဘယ်နှယောက်ခေါ်လာခဲ့လို့ ပါတယ်။ ၉ နာရီဝန်းကျင်လောက်က လာပြောတာပါ။ ကျနော်တို့က လုပ်ထားပြီးပြီ။ ပေးတဲ့အပြစ်ကို ခံယူဖို့က အသင့်ပဲ။”

သူ့အနေနဲ့တော့ လောလောဆယ် ကျောက်ဖြူမြို့ကို ရောက်နေတဲ့အတွက် ညနေပိုင်း မဒေးကျွန်းပြန်မှ ရဲစခန်းကို သွားမယ်လို့ ဆိုပါတယ်။အာမခံနဲ့ ပြန်လွတ်လာသူတွေ ပြောပြချက်အရ ရဲစခန်းက သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေယူပြီး ဆန္ဒပြပွဲမှာဝတ်တဲ့ တီရှပ်ကို ဘယ်ကငွေနဲ့ထုတ်သလဲ၊ ဆန္ဒပြဖို့ ဘယ်အဖွဲ့အစည်းက ကူသလဲ စသဖြင့် မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြခဲ့ပွဲမှာ အာဏာပိုင်တွေဘက်က တားဆီးတာတွေ မရှိကြောင်း၊ ဒါပေမယ့် တောင်းဆိုချက် ၉ ချက်ထဲမှာ ဘယ်အချက်ကို လိုက်လျောပေးမလဲဆိုတာ ရေရေရာရာ အဖြေမသိခဲ့ရဘူးလို့ ပြောပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးက လမ်းပြင်ပေးမယ်လို့ ပြောပေမယ့် ဘယ်တော့စပြင်မယ်၊ ဘယ်နှစ်အတွင်း အပြီးလုပ်မယ်ဆိုတာ မပြောကြောင်း၊ တရုတ်ကုမ္ပဏီဘက်က မဒေးကျွန်းကို ဒီနေ့ ရောက်လာမှာဖြစ်ပြီး ရွာသားခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူးတွေပါ ခေါ်ပြီးတော့ သူတို့တောင်းဆိုတဲ့ကိစ္စ ညှိနှိုင်းဖို့ ရှိတယ်လို့ ပြောပေမယ့် ခုချိန်ထိ အကြောင်းမကြားသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

စီအန်ပီစီ ကုမ္ပဏီဟာ မဒေးကျွန်းမှာ ရေနံစိမ်းတင် ဆိပ်ကမ်းတခုနဲ့ ရေနံသိုလှောင်ဖို့ အင်မတန်ကြီးမားတဲ့ တိုင်ကီကြီး ၁၂ လုံးကို တည်ဆောက်နေပြီး အဲဒီစီမံကိန်းမှာ ရွာသားပိုင် စားကျက်မြေတွေ ဆုံးရှုံးခဲ့ရသလို တနိုင်တပိုင် ငါးဖမ်းဧရိယာ ကန့်သတ်ခံရတာ၊ ရွာသားတွေ အလုပ်အကိုင် ရှားပါးလာတာတွေကြောင့် သူတို့နစ်နာချက်တွေ ထုတ်ဖော်ဖို့နဲ့ အခွင့်အရေး ပြန်တောင်းဆိုဖို့ ဖြစ်လာတာလို့ ဦးထွန်းကြည်က ပြောပါတယ်။သူတို့ဆုံးရှုံးတဲ့ မြေဧကပေါင်း ၄၀၀ ကျော်ရှိပြီး ဒီပြဿနာကို စုံစမ်းစစ်ဆေးဖို့ လွန်ခဲ့တဲ့ ၆ လ လောက်က နေပြည်တော်က လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ရောက်လာခဲ့ပေမယ့် စစ်ဆေးတဲ့အဆင့်ပဲရှိပြီး ခုထိ ဘာမှ အရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

မဒေးကျွန်းရွာသားတွေဟာ စီအန်ပီစီကုမ္ပဏီကို ဆန္ဒပြဖို့အတွက် ၂၀၁၂ ခု နှစ်ကုန်ပိုင်းကစပြီး ၃ ကြိမ်တိုင်တိုင် အာဏာပိုင်တွေဆီ ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မကျဘဲ ဧပြီ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

DVB

Wednesday 17 April 2013

ဆယ်စုနှစ်အတွင်း သြဇာကတ္တိမအရှိဆုံးအဖြစ် ၂ဝ၁၃အတွက် အင်တာနက်မှ မဲပေးရွေးချယ်မှုဒေါ်အောင်ဆန်းစုကြည်ရရှိ

ဆယ်စုနှစ်အတွင်း သြဇာကတ္တိမအရှိဆုံးအဖြစ် ၂ဝ၁၃အတွက် 
အင်တာနက်မှ မဲပေးရွေးချယ်မှု အဆုံးသတ်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မဲပေးသူစုစုပေါင်းရဲ့ ၆၁%၊ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉%နဲ့ စာရင်းပိတ်သွားတာဖြစ်ပြီး အပြီးသတ် ရလဒ်အဖြေကို မကြာခင် ထုတ်ပြန်မည်လို့ ကြေညာခဲ့ပါတယ်။

TIME ရဲ့ ဆယ်စုနှစ်အတွင်း သြဇာကတ္တိမအရှိဆုံးပုဂ္ဂိုလ်ကို ၂ဝ၁၃ခုနှစ်အတွက် Politics, Icons, Technology နဲ့ Entertainment ကဏ္ဍ ၄ခုမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များကို အဆင့်ဆင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဧပြီ ၁၁ရက်နေ့မှာ ဖျော်ဖြေရေးကဏ္ဍက ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို ပရိသတ်အကြိုက်မဲတွေနဲ့ အပြတ်အသတ်အနိုင်ရခဲ့သလို ဧပြီ

၁၅ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီစံပြ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂူဂယ်ဒုတိယဥက္ကဌ လယ်ရီပေ့ခ်ျကို မဲအပြတ်အသတ်အသာရခဲ့ပါတယ်။
ကနဦးမဲရလဒ်တွေရ လေဒီဂါဂါဟာ မဲပေးသူပေါင်းရဲ့ ၂ဝ%လောက်ကိုသာ ရရှိနေရက မဲပေးမှုအပြီးသတ်အချိန်မှာ ၃၉%အထိ မြင့်တက်လာခဲ့ပါတယ်။ လေဒီဂါဂါဟာ ဂရမ်မီ ၅ဆုရ၊ ပိုင်ဆိုင်မှု ဒေါ်လာ ၅၂သန်းရှိပြီး တွတ်တာစာမျက်နှာ follower ၃၅သန်းကျော်ရှိတဲ့ ဖျော်ဖြေရေးကဏ္ဍမှာ သြဇာကတ္တိမ ရှိသူတစ်ဦးဖြစ်ပါတယ်။

Kamayut Media
 http://time100.time.com/2013/04/11/face-off-whos-the-most-influential/

Friday 12 April 2013

ရန်ကုန်သင်္ကြန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၅၀၀ အသုံးပြုမည်

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့အင်အား ထက်ဝက်ခန့်ကို လုံခြုံရေးဆောင်ရွက်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ရှိသည့်အနက် တပ်ဖွဲ့ဝင် ၃၅၀၀ ခန့်ဖြင့် သင်္ကြန်ကာလ ရန်ကုန်မြို့လုံခြုံရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များအား သင်္ကြန်ကာလပိတ်ရက်များအတွင်း အနားယူခံစားခွင့်ပေးထားခြင်းမရှိကြောင်း ဒုတိယ ရဲမှူးကြီးသက်လွင်က ပြောသည်။

“လုံခြုံရေးနဲ့ ပက်သက်လို့တော့ တော်တော်စီမံထားပါတယ်။ အပြင်မှာ ပြန့်နေတဲ့ ကောလာဟလတွေကလည်း ဖြစ်နိုင် ခြေနည်းပါတယ်။ နည်းတယ်ဆိုပေမယ့် ပေါ့လို့တော့ မရပါဘူး။ ကျွန်တော်တို့ဘက်ကတော့ သတိထား စောင့်ကြည့်ပြီး သင်္ကြန်ကာလကို အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးအောင် ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအပြင် ရဲတပ်ရင်းများမှလည်း

အရန်အင်အား ဖြည့်တင်းပေးနိုင်ရန်စီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း တုတ်၊ ဓား အစရှိသည့် လက်နက်များကို ကိုင်ဆောင်ပါက လက်နက်ဥပဒေ ပုဒ်မ-၁၉ (င) ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆိုပါကိစ္စအား ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များအတွင်းဆိုပါက ပုဒ်မ-၁၈၈ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်းရှိ သင်္ကြန်မဏ္ဍပ်များအား သင်္ကြန်ကာလအတွင်း နံနက်တစ်ကြိမ်၊ ညနေတစ် ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူများ ပူးပေါင်း၍ မိုင်းရှာဖွေမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

“ဒီနှစ်သင်္ကြန်ကတော့ မနှစ်ကထက် ပိုပြီး အာရုံစိုက်ရပါတယ်။ လုံခြုံရေးကိုလည်း ပိုသတိထားရပါတယ်။ ဒီသင်္ကြန်ကာလ အေးအေးချမ်းချမ်း ပြီးဆုံးသွားဖို့ဆိုတာ ပြည်သူတွေကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက ဆိုသည်။

7Day News Journal မှ သိသမျ

Thursday 11 April 2013

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

           အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ်တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေးသာ နေလိုသောကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သား စံသိန်းထွေးက ရှင်းပြသည်။

တပ်သားစံသိန်းထွေးမှာ ၎င်း တာဝန်ထမ်းဆောင်နေသော နေရာကို ဖော်ထုတ်ပြောဆိုရန်နှင့် ဧရာဝတီ သတင်းဋ္ဌာနနှင့်
လူချင်းတွေ့ဆုံရန်လည်း ငြင်းဆိုသည်။

“ကျနော် အေးအေးဆေးဆေးပဲ နေချင်တယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်ချင်ဘူး” ဟု သူက ပြောသည်။

ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိ၏ အဆိုအရ တပ်သားစံသိန်းထွေးကို ၎င်းတို့ ဋ္ဌာန အင်အားမှ ထုတ်နုတ်သွားပြီ ဖြစ်ပြီး နေပြည်တော်မှ ခေါ်ယူထားသည်ဟုသာ နောက်ဆုံး သိရှိရကြောင်း သိရသည်။

နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးရုံးကမူ ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးကို နေပြည်တော်တွင် ခေါ်ယူထားခြင်းမှာ မဟုတ်မှန်ဘဲ ရန်ကုန်ရုံးသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်သောကြောင့် ရန်ကုန်တွင်သာ စုံးစမ်းမေးမြန်းရန် ပြောကြားသည်။

ယခုအခါ တပ်သား စံသိန်းထွေးမှာ ရန်ကုန်မြို့ရှိ ၅၁ လမ်း ယဉ်ထိန်းရုံးတွင် တာဝန် ထမ်းဆောင်နေကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ စုံစမ်း သိရသည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက မတ်လကုန်ပိုင်းတွင် ခေါ်ယူခဲ့သေးသည်။ နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိရဘဲ နေပြည်တော် ယဉ်ထိန်း တပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ကမာရွတ် ယာဉ်ထိန်းရုံးမှ အရာရှိတဦးက မတ်လ ၂၁ ရက်နေ့က ပြောပြခဲ့ဖူးသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစုမှ ဦးထင်ကျော်က ဖိုးလပြည့်လက်သီးနှင့် ထိုးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မခံနိုင်သောကြောင့် နိုင်ငံသားတဦး၏ တရားဥပဒေ စိုးမိုးရေးကို ပုံဖော်သည့် ပုံစံဖြင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့သို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ရာ စခန်းမှူး ဦးအောင်မော်က အမှုတိုင်တန်းချက်ကို လက်ခံခဲ့သော်လည်း အမှုဖွင့်မပေးခဲ့ကြောင်း သိရသည်။

“အမှုဖွင့်တဲ့ တိုင်စာကို လက်ခံထား လိုက်တယ်။ သူ့ဆီမှာ ကမာရွတ် ယဉ်ထိန်းတပ်ဖွဲ့စု ၂၅ က လာရောက် တိုင်ကြား ထားတာ မရှိဘူး။ ကာယကံရှင် ဖြစ်တဲ့ ရဲတပ်သား စံသိန်းထွေးကလည်း လာရောက် တိုင်ကြားထားတာ မရှိတဲ့အတွက် တိုင်စာကို လက်ခံတယ်။ အမှုဖွင့် မပေးဘူး။ လူကြီးကို တင်ပြပေးပါ့မယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

တာဝန် ထမ်းဆောင်နေသော ယူနီဖောင်းဝတ် အစိုးရ၀န်ထမ်းတဦး တာဝန်ချိန်တွင် ပါးရိုက်ခံရခြင်းသည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကာယကံရှင် ကိုယ်စား အမှုလိုက်ဖွင့်နေခြင်းမှာ သက်ဆိုင်သူများကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဦးထင်ကျော် က ဆိုသည်။

“သူ့ဟာသူ အမှုဖွင့်တာ ဖြစ်ပါလိမ့်မယ်။ ကျနော်နဲ့ မဆိုင်ပါဘူး” ဟု တပ်သား စံသိန်းထွေးက ဧရာဝတီသို့ ပြောသည်။

ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင် မဆောင်ရွက်လိုသော ကိစ္စကို ၀င်ရောက် ဆောင်ရွက်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“တရားဥပဒေ စိုးမိုးရေးဆိုတာက အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မျက်နှားကြီးငယ် မလိုက်ဘဲနဲ့ ကျောသားရင်သား မခွဲခြားဘဲနဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံး အညီအမျှ ဖြစ်ရမယ်။ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေအားလုံး ဥပဒေရဲ့ အကာအကွယ်ကို ရရှိခံစားရမယ်။ အဲဒီလိုမှ တရားဥပဒေ စိုးမိုးရေးက ပြည့်စုံတယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖိုးလပြည့်သည် ၉ ဂ/ ၉၉၁၄ ကို မောင်းနှင်လာပြီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင် ကားလမ်းရှင်းပေးရန် တောင်းဆိုသောကြောင့် ယဉ်ထိန်းရဲ တပ်သားစံသိန်းထွေးက လမ်းရှင်း ပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးဖြင့် ဆင်းထိုးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားခဲ့ရာ ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။

အစိုးရ ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း၊ တာဝန် ၀တ္ထရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တား နှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၅ ရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ၀န်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း သိရသည်။

ထက်နိုင်ဇော်
myanmardailynews

Tuesday 9 April 2013

အမ်းတွင်ဖမ်းမိသော ကုလား ၈ ကောင်သတင်းအဆက်

RSV

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ
-----------------------------------------------------

RSV
17 minutes ago
အမ်းတွင်ဖမ်းမိသော ကုလား ၈ ကောင်သတင်းအဆက် (4 photos)
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ
-----------------------------------------------------
သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။
ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။

သတင်းအပြည့်အစုံကို နက်ဖြန် ဆက်လက်တင်ပြပေးပါမည်။
ထွက်ဆိုချက်များပါ တင်ပြပေးမည်ဖြစ်ပါသည်။http://www.facebook.com/media/set/?set=a.196495603807938.1073741902.182972895160209&type=3

Monday 8 April 2013

သင်္ကြန်မှာ ဦးနှောက်နဲ့ နှလုံးသားကိုသုံးပြီး ပျော်စေချင်တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

မိုက်ကယ်လန်း ပွဲမှာ Lazy Club နဲ့ဆို ခဲ့ပါတယ်။ Lazy Club ရဲ့အဖွင့် သီချင်းက နိုင်ငံတော် သီချင်းပါ။ အဲဒီနောက်မှာတော့ ချယ်ရီလမ်း၊ မိန်းကလေး တစ်ယောက် အသည်း ကွဲနေတယ်၊ အန္တရာယ် ကြောင်မလေး၊ ငါ့ရဲ့သစ္စာနဲ့ ဖန်စီဒိုင်းကို ဖြူ ဖြူဆိုခဲ့ ပါတယ်။ လတ်တလော အနု ပညာလှုပ်ရှားမှု တွေကတော့ "မိန်း ကလေး တစ်ယောက် အသည်း ကွဲနေ တယ်"ကို ဗီစီဒီ ရိုက်နေတယ်။ သုံး ပုဒ်ပဲ ကျန်တော့တယ်။ ဖြူဖြူက တော့ မိုးတွင်းလောက် ထွက်ဖို့မှန်း ထားတယ်။ နောက်ပြီး ဖြူဖြူ့ရဲ့ ပဉ္စမမြောက် တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ စုပြီးပြင် ဆင်နေပါပြီ။ ဖြူဖြူ့ရဲ့ပရိသတ်တွေ ကို အခုအချိန်မှာ ဦးနှောက်နဲ့နှလုံး သား နှစ်ခုစလုံးကို စဉ်းစားစေချင် တယ်။ အခြေအနေ အရပ်ရပ်ကို သေချာ သုံးသပ် ဝေဖန်ပိုင်းခြား ပြီးမှ ခြေလှမ်းတွေကို သတိနဲ့ လှမ်းစေချင်တယ်။
အခုလက်ရှိ ဖြစ်နေတဲ့ အခြေ အနေနဲ့ အချိန်အခါဟာ သွေးထိုးရာ ပါသွားဖို့ အတွက်နဲ့ မဆင်မခြင်ဘဲ စိတ်စေရာ လုပ်မိလိုက်ဖို့ ကောလာ ဟလတွေ ထွက်နေတဲ့ အချိန်ပါ။ အဲဒါကြောင့် ဖြူဖြူ့ကိုကြိုက်တဲ့ပရိ သတ်ပဲဖြစ်ဖြစ်၊ မကြိုက်တဲ့ ပရိသတ် ပဲဖြစ်ဖြစ် ကိုယ့်တိုင်း ပြည်ထဲမှာနေ တဲ့ပရိသတ်တွေ အားလုံးကို
ဖြူဖြူ ဆုတောင်းပေးနေပါတယ်။ ပရိသတ် တွေကိုလည်း မေတ္တာတရားကိုရှေ့ တန်းတင်ပြီး စိတ်ရှည်သည်းခံစေ ချင်ပါတယ်။ အခုအချိန်ဟာ အနေ မတတ်ရင်၊ အကိုင်အတွယ်မတတ် ရင် ဟိုးအနောက်ကို ပြန်ရောက်သွား စေနိုင်တယ်။ ဘယ်သူမှ အနောက် ကိုပြန်မရောက် စေချင်ပါဘူး။ ကောင်းတာတွေ ဖြစ်လာတော့မယ် ဆိုရင် အမှောင့်ပယောဂ တွေရှိလာ တတ်တယ်။ လူတစ်ယောက်စီရဲ့ ဘဝမှာတောင်မှ ကိုယ်ကောင်းတာ တွေဖြစ်တော့ မယ်ဆိုရင် မနာလိုတဲ့ သူ၊ ဖျက်ဆီးချင်တဲ့ သူတွေရှိနေတာ။
အခုတစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတော့ မယ်၊ ကောင်းတာတွေဖြစ်တော့ မယ်၊ အမြော်အမြင်တွေရှိတော့ မယ်၊ ပိုပြီးချမ်းသြွာကယ်ဝတော့ မယ်ဆိုတဲ့အခါမျိုးမှာ အနှောင့်အ ယှက်ပယောဂ လိုဟာမျိုး၊ ကိုယ့်ရဲ့ ကောင်းကျိုး တစ်ခုတည်းကိုပဲ ကြည့်ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအချို့ကို မကြည့်ဘူး ဆိုတာမျိုးက ဖြစ်တတ် ပါတယ်။ အဲဒါကြောင့် ဒီနှစ်သင်္ကြန် မှာ ပရိသတ်တွေနဲ့ ပြည်သူတွေ အားလုံး ဦးနှောက်နဲ့ နှလုံးသားနှစ်ခု လုံးကိုသုံးပြီး ခြေလှမ်းတွေကို သတိ လေးကပ်ပြီး ပျော်စေချင် ပါတယ်။ ဖြူဖြူကတော့ မန္တလေး Alpine မဏ္ဍပ်မှာ The Three Band နဲ့အ တူရှိပါမယ်။

8DAY JOURNAL မှ သိသမျှ ။

မလေးရှားသင်္ကြန် အမျိုးသမီး တေးသံရှင်များနဲ့ လန်းမည်

Photo: မလေးရှားသင်္ကြန် အမျိုးသမီး တေးသံရှင်များနဲ့ လန်းမည်

သင်္ကြန် အကြို ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲကို မလေးရှားမှာသွားနွှဲဖို့ အမျိုးသမီး
တေးသံရှင်တချို့ ပြင်ဆင်နေပါတယ်။ မေခလာ၊ ရတနာဦး၊ ချောစုခင်၊ မို့မို့ဇော်ဝင်း၊ မို့မို့လွင်၊ ခင်စုစုနိုင်၊ ဗန်သော့ဒ်ကျင်း တို့က ကီးဘုတ် player ဇေယျာမင်းနဲ့ အတူတူ မလေးရှားနိုင်ငံက မြန်မာတွေကို ဧပြီ 
၁၂ မှာ ဖျော်ဖြေကြမှာဖြစ်ပါတယ်။

တေးသံရှင်ချောစုခင်က “သင်္ကြန်ပျော်ပွဲရွှင်ပွဲ အနေနဲ့မြန်မာတွေကို သီးသန့်ဖျော်ဖြေရမယ်။ ၁၁ရက်နေ့ထွက်မယ်၊ ၁၂ ရက်နေ့ဆိုမယ်၊ 
၁၃ ရက်နေ့ အစောကြီး မနက် ရန်ကုန်ပြန်ရောက်ရင် သင်္ကြန်ပွဲဆိုဖို့
ညနေ ပဲခူးဆက်သွားကြမယ်’’လို့ပြောတယ်။ ချောစုခင်က မလေးရှားကို အရင်က ၃ ခါ သွားရောက်ဖျော်ဖြေခဲ့ဘူးတယ်လို့ သိရပြီး ခရီးသွား ရတာ ပျော်တယ်လို့ ပြောတယ်။

“ပြည်ပ ဖျော်ဖြေရေးတွေက တော်တော်များနေပြီ။ ခရီးသွားရတာ ပျော်
တယ်။ မိသားစုနဲ့ ခွဲရတာတော့ မကြိုက်ဘူး။ ခရစ္စမတ်မှာ အမေရိကားကို သွားဖူးတယ်။ အဲ့ဒါမျိုးကိုတော့ စိတ်ညစ်တယ်။ ကိုယ့်မိသားစုနဲ့ သွားနေရရင်တော့ ပိုပျော်တယ်။ ဒါပေမယ့် အမက ခရီးသွားနေရရင် ကြိုက်တယ်။ အမတို့ လူရယ်လို့ ဖြစ်လာပြီး အခုလိုနိုင်ငံပေါင်းစုံ သွားခွင့်ရဖို့ သာမာန် လူတယောက်အတွက် ခက်ခဲတဲ့ အရာတခုလေ။ အမတို့ကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိတ်သတ်တွေက ခေါ်တယ်။ အမတို့ကလည်း ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကို ဆိုပြရတဲ့အတွက် ဒီလို ခရီးသွားရတာကို ကျေနပ်တယ်။ စိတ်ရော အမြင်ရော အသစ် အသစ်တွေဖြစ်တဲ့အတွက် အမတော့ ခရီးသွားရတာကြိုက်တယ်” လို့ချောစုခင်က ပြောတယ်။

ဖျော်ဖြေပွဲမှာ တကိုယ်တော် တီးခတ်ပေးမယ့် ဇေယျာမင်းက ဒီပွဲနဲ့ဆို
ပြည်ပဖျော်ဖြေရေးက ၈ ပွဲမြောက်လို့သိရပါတယ်။ “ဒီပွဲက တခြားဖျော်ဖြေပွဲတွေနဲ့ မတူဘူး၊ သင်္ကြန်အတွက် လုပ်ပေးတဲ့ပွဲဆိုတော့ ပိုပျော်ပါတယ်” လို့ ဇေယျာမင်းက ပြောတယ်။

တေးသံရှင် ရတနာဦးကတော့ ဘုရားကျမ်းစာ ကိစ္စတွေနဲ့ ဥရောပနိုင်ငံ
တွေကို သာသနာပြု သွားလာနေရတာမို့ ရန်ကုန်မှာ တွေ့ဆုံရခဲပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းကတော့ ရတနာဦး၊မီမီဝင်းဖေနဲ့ မေဆွိတို့ ၃ ဦးရဲ့ အတွဲခွေတခွေဖြန့် လိုက်ပါသေးတယ်။ ၁၉၉၀ အကျော် ကြော်ငြာခေတ်
ဦးပိုင်းမှာ နောက်ခံသီချင်းတွေတိုင်းလိုလိုကို ရတနာဦးကပဲ သီဆိုပေး ခဲ့ရတာ သတိရပါတယ်။ လက်ရှိ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကို စီးရီး စီစဉ်ဖို့ ကြိုးစားနေပြီး ဓမ္မတေး သီချင်းခွေလည်း စီစဉ်နေတယ်လို့သိရ
ပါတယ်။

ဒီပွဲကို မေခလာက ကမ်းလှမ်းခဲ့တာဖြစ်ပြီး သင်္ကြန်သီချင်းတွေ အများဆုံး ဆိုမယ်လို့ပြောပါတယ်။ “အမက မငယ်နဲ့ပထမဆုံး ပြည်ပကို အတူ
သွားဖူးတာပါ။ အမက အနောက်နိုင်ငံတွေ သွားသလို ဖွံ့ဖြိုးပြီးနိုင်ငံတွေ
ထက် တကယ် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေလည်း သွားချင်သေးတယ်။ နိုင်ငံ
တိုင်းမှာ သူ့အဆင့်အတန်းနဲ့သူတော့ ရှိကြပါတယ်” လို့ ရတနာဦးကပြော
တယ်။

အဆိုတော်တွေ မှိုလိုပေါလာတဲ့ ဒီဘက်ခေတ်မှာ ပြည်ပကိုသွားပြီး ဖျော်ဖြေ
ခွင့်ရတာဟာလည်း ဂုဏ်ယူစရာတစ်ခုပါ။ ဝါရင့်အနုပညာရှင်တွေ
အတွက်တော့ မထူးဆန်းတော့ပေမယ့် တက်သစ်စ တေးသံရှင်တွေဖြစ်တဲ့ ခင်စုစုနိုင်၊ မို့မို့လွင်နဲ့ ဗန်သော့ဒ်ကျင်းတို့အတွက်ကတော့ သွားခွင့်ရတာ ကံကောင်းတာပေါ့လို့ အနုပညာ အသိုင်းအဝိုင်းက သုံးသပ်နေကြတယ်။

မြန်မာ တေးသံရှင်တွေ ပြည်ပဖျော်ဖြေပွဲတွေ သွားကြတယ်ဆိုတာ ပြည်ပ
မှာရှိတဲ့ မြန်မာတွေကို သီးသန့် သွားဖျော်ဖြေ ပေးကြတာပါ။ ပြည်ပက
မြန်မာတွေကပဲ ပွဲကိုစီစဉ်ပေးပြီးလက်မှတ်ရောင်းကြတယ်။ ပြည်ပရောက်နေ
တဲ့ တိုင်းရင်းသားတွေက ကိုယ့်ရိုးရာပွဲတွေကိုလည်း ပြည်ပမှာပဲ စုပေါင်းပြီး ကျင်းပကြတယ်။ ဥပမာ စင်ကာပူမှာဆို နှစ်တိုင်း ရှမ်းနှစ်သစ်ကူးပွဲကို ရှမ်းတွေစုပြီး ကျင်းပကြတယ်။

အဲလို အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး ရိုးရာမပျက်စေဖို့ တိုင်းတပါးကနေ အလွမ်းသယ်ကြတဲ့သဘောနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ
က အလွမ်းပြေ နားထောင်ချင်တဲ့ သီချင်းတွေ ဆိုပေးကြရင်း မြန်မာအချင်း
ချင်းဆုံကြတဲ့ပွဲလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။

ဧရာဝတီ

သင်္ကြန် အကြို ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲကို မလေးရှားမှာသွားနွှဲဖို့ အမျိုးသမီး
တေးသံရှင်တချို့ ပြင်ဆင်နေပါတယ်။ မေခလာ၊ ရတနာဦး၊ ချောစုခင်၊ မို့မို့ဇော်ဝင်း၊ မို့မို့လွင်၊ ခင်စုစုနိုင်၊ ဗန်သော့ဒ်ကျင်း တို့က ကီးဘုတ် player ဇေယျာမင်းနဲ့ အတူတူ မလေးရှားနိုင်ငံက မြန်မာတွေကို ဧပြီ
၁၂ မှာ ဖျော်ဖြေကြမှာဖြစ်ပါတယ်။ တေးသံရှင်ချောစုခင်က “သင်္ကြန်ပျော်ပွဲရွှင်ပွဲ အနေနဲ့မြန်မာတွေကို သီးသန့်ဖျော်ဖြေရမယ်။ ၁၁ရက်နေ့ထွက်မယ်၊ ၁၂ ရက်နေ့ဆိုမယ်၊
၁၃ ရက်နေ့ အစောကြီး မနက် ရန်ကုန်ပြန်ရောက်ရင် သင်္ကြန်ပွဲဆိုဖို့
ညနေ ပဲခူးဆက်သွားကြမယ်’’လို့ပြောတယ်။ ချောစုခင်က မလေးရှားကို အရင်က ၃ ခါ သွားရောက်ဖျော်ဖြေခဲ့ဘူးတယ်လို့ သိရပြီး ခရီးသွား ရတာ ပျော်တယ်လို့ ပြောတယ်။

“ပြည်ပ ဖျော်ဖြေရေးတွေက တော်တော်များနေပြီ။ ခရီးသွားရတာ ပျော်
တယ်။ မိသားစုနဲ့ ခွဲရတာတော့ မကြိုက်ဘူး။ ခရစ္စမတ်မှာ အမေရိကားကို သွားဖူးတယ်။ အဲ့ဒါမျိုးကိုတော့ စိတ်ညစ်တယ်။ ကိုယ့်မိသားစုနဲ့ သွားနေရရင်တော့ ပိုပျော်တယ်။ ဒါပေမယ့် အမက ခရီးသွားနေရရင် ကြိုက်တယ်။ အမတို့ လူရယ်လို့ ဖြစ်လာပြီး အခုလိုနိုင်ငံပေါင်းစုံ သွားခွင့်ရဖို့ သာမာန် လူတယောက်အတွက် ခက်ခဲတဲ့ အရာတခုလေ။ အမတို့ကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိတ်သတ်တွေက ခေါ်တယ်။ အမတို့ကလည်း ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကို ဆိုပြရတဲ့အတွက် ဒီလို ခရီးသွားရတာကို ကျေနပ်တယ်။ စိတ်ရော အမြင်ရော အသစ် အသစ်တွေဖြစ်တဲ့အတွက် အမတော့ ခရီးသွားရတာကြိုက်တယ်” လို့ချောစုခင်က ပြောတယ်။

ဖျော်ဖြေပွဲမှာ တကိုယ်တော် တီးခတ်ပေးမယ့် ဇေယျာမင်းက ဒီပွဲနဲ့ဆို
ပြည်ပဖျော်ဖြေရေးက ၈ ပွဲမြောက်လို့သိရပါတယ်။ “ဒီပွဲက တခြားဖျော်ဖြေပွဲတွေနဲ့ မတူဘူး၊ သင်္ကြန်အတွက် လုပ်ပေးတဲ့ပွဲဆိုတော့ ပိုပျော်ပါတယ်” လို့ ဇေယျာမင်းက ပြောတယ်။

တေးသံရှင် ရတနာဦးကတော့ ဘုရားကျမ်းစာ ကိစ္စတွေနဲ့ ဥရောပနိုင်ငံ
တွေကို သာသနာပြု သွားလာနေရတာမို့ ရန်ကုန်မှာ တွေ့ဆုံရခဲပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းကတော့ ရတနာဦး၊မီမီဝင်းဖေနဲ့ မေဆွိတို့ ၃ ဦးရဲ့ အတွဲခွေတခွေဖြန့် လိုက်ပါသေးတယ်။ ၁၉၉၀ အကျော် ကြော်ငြာခေတ်
ဦးပိုင်းမှာ နောက်ခံသီချင်းတွေတိုင်းလိုလိုကို ရတနာဦးကပဲ သီဆိုပေး ခဲ့ရတာ သတိရပါတယ်။ လက်ရှိ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကို စီးရီး စီစဉ်ဖို့ ကြိုးစားနေပြီး ဓမ္မတေး သီချင်းခွေလည်း စီစဉ်နေတယ်လို့သိရ
ပါတယ်။

ဒီပွဲကို မေခလာက ကမ်းလှမ်းခဲ့တာဖြစ်ပြီး သင်္ကြန်သီချင်းတွေ အများဆုံး ဆိုမယ်လို့ပြောပါတယ်။ “အမက မငယ်နဲ့ပထမဆုံး ပြည်ပကို အတူ
သွားဖူးတာပါ။ အမက အနောက်နိုင်ငံတွေ သွားသလို ဖွံ့ဖြိုးပြီးနိုင်ငံတွေ
ထက် တကယ် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေလည်း သွားချင်သေးတယ်။ နိုင်ငံ
တိုင်းမှာ သူ့အဆင့်အတန်းနဲ့သူတော့ ရှိကြပါတယ်” လို့ ရတနာဦးကပြော
တယ်။

အဆိုတော်တွေ မှိုလိုပေါလာတဲ့ ဒီဘက်ခေတ်မှာ ပြည်ပကိုသွားပြီး ဖျော်ဖြေ
ခွင့်ရတာဟာလည်း ဂုဏ်ယူစရာတစ်ခုပါ။ ဝါရင့်အနုပညာရှင်တွေ
အတွက်တော့ မထူးဆန်းတော့ပေမယ့် တက်သစ်စ တေးသံရှင်တွေဖြစ်တဲ့ ခင်စုစုနိုင်၊ မို့မို့လွင်နဲ့ ဗန်သော့ဒ်ကျင်းတို့အတွက်ကတော့ သွားခွင့်ရတာ ကံကောင်းတာပေါ့လို့ အနုပညာ အသိုင်းအဝိုင်းက သုံးသပ်နေကြတယ်။

မြန်မာ တေးသံရှင်တွေ ပြည်ပဖျော်ဖြေပွဲတွေ သွားကြတယ်ဆိုတာ ပြည်ပ
မှာရှိတဲ့ မြန်မာတွေကို သီးသန့် သွားဖျော်ဖြေ ပေးကြတာပါ။ ပြည်ပက
မြန်မာတွေကပဲ ပွဲကိုစီစဉ်ပေးပြီးလက်မှတ်ရောင်းကြတယ်။ ပြည်ပရောက်နေ
တဲ့ တိုင်းရင်းသားတွေက ကိုယ့်ရိုးရာပွဲတွေကိုလည်း ပြည်ပမှာပဲ စုပေါင်းပြီး ကျင်းပကြတယ်။ ဥပမာ စင်ကာပူမှာဆို နှစ်တိုင်း ရှမ်းနှစ်သစ်ကူးပွဲကို ရှမ်းတွေစုပြီး ကျင်းပကြတယ်။

အဲလို အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး ရိုးရာမပျက်စေဖို့ တိုင်းတပါးကနေ အလွမ်းသယ်ကြတဲ့သဘောနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ
က အလွမ်းပြေ နားထောင်ချင်တဲ့ သီချင်းတွေ ဆိုပေးကြရင်း မြန်မာအချင်း
ချင်းဆုံကြတဲ့ပွဲလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။

ဧရာဝတီ

Saturday 6 April 2013

ရခိုင်လူမျိုးနှင့် မြန်မာစာ

"ရခိုင်လူမျိုးနှင့် မြန်မာစာ " ဟူသော ဆောင်းပါးသည် ရခိုင်လူမျိုးနှင့် မြန်မာစာ မည်သို့မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ၊ မြန်မာစာနှင့် ရခိုင်လူမျိုး" ကို မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ " ကိုယ်ပိုင်စာပေ " အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။ မြန်မာနိုင်ငံတွင် " မြန်မာစာ " ဟု သတ်မှတ်ခံထားရသော "အက္ခရာစာပေ" ကို ရခိုင်လူမျိုးတို့က မိမိတို့၏ " ရခိုင်စာ" ဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့်အခါ၌ ရခိုင်စကားပြော အသုံးအနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာ စာပေအနေဖြင့်မူ သည်အက္ခရာသည် စာပေဖြင့်သာ ရေးသားနေကြခြင်း ဖြစ်ပါသည်။
အမှန်က " မြစေတ်ီကျောက်စာ" ၌ ပါရှိသော " မြန်မာစာ" သည် " ပြောင်းလဲလာသောစာ" မဟုတ်ဘဲ " ရောက်ရှိလာသောစာ" ဟုဆိုမှ သဘာဝယုတ္တိ ကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျက် မသိချင်ယောင် ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြ သည်ကို တွေ့ရ၏။

ယင်းစာအမျိုးအစားကို ရခိုင်တို့က "ရခိုင်စာ" (သို့မဟုတ်) "ရက္ခဝဏ္ဏအက္ခရာ" ဟု အမည်ပေးကာ ခေါ်ဝေါ်သမှု ပြုနေကြသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။

အေဒီ ၁ ရာစု၊ ဓည၀တီခေတ် ရခိုင်စာပေ (ပုဂံထက် နှစ်ပေါင်း တစ်ထောင် စောခဲ့သည်။)မန်မာနိုင်ငံတွင် လူမျိုးပေါင်း (၁၃၅) မျိုး ရှိကြသည့်အနက် "မြန်မာစာ အရေးအသား" ကို မည်သည့်လူမျိုးတို့က "ရှေးဦးစွာ စတင်ရေးသား" ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေးသူ ယူဆပါသည်။ အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံးက သဘောထားကြီးစွာဖြင့် လက်ခံ အတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တရပ်ခံလိုပါသည်။

မြန်မာနိုင်ငံအတွင်း၌ ရှေးကရခိုင်လူမျိုးတို့တွင် "ရခိုင်စာ"၊ မွန်လူမျိုးတို့တွင် "မွန်စာနှင့် ပျူစာ"၊ ပြူ(ပျူ)လူမျိုးတို့တွင် "ပြူ(ပျူ)စာ" ဟူ၍ ကိုယ်ပိုင်စာပေ အသီးသီး ရှိခဲ့ကြသည့် အနက် သည်ဆောင်ပါးစာတမ်း၌ "မွန်စာနှင့် ပျူစာ" လေ့လာဆန်းစစ်မှု မပြုတော့ဘဲ "မြန်မာစာ"ဟု သတ်မှတ်ခံထားရသော "ရခိုင်စာ"ကိုသာ နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန် သုံးသပ် တင်ပြသွားမည်ဖြစ်ပါသည်။

နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှားပြီး ခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင် အထောက်အထားတစ်ခုစီကိုသာ ထုတ်နုတ်၍ ရေးသားတင်ပြသွားပါမည်။ အထောက်အထားရှိတိုင်း အကျယ်တ၀င့်တင်ပြဖို့ဆိုသည်မှာ အခြေအနေမပေးသေးသဖြင့် မဖြစ်နိုင်သေးချေ။

ရခိုင်နှင့်မြန်မာ ခေတ်ပြိုင်မှုကို ရှာကြည့်ခြင်း " မြန်မာစာပေ " ကို ရေးသားနေကြသည့် " ရခိုင်လူမျိုးနှင့် မြန်မာလူမျိုးတို့၏ ခေတ်ပြိုင် အချိန်ကာလကို ရှာကြည့်သော် ဤသို့တွေ့ရ၏။ " ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်ဘောင် ခုနှစ်ဆက်" ဟူသော သင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ ခေတ် (၆)ခေတ် ထွန်းကားခဲ့သည်ကို တွေ့ရှိရပါသည်။
ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ရှေးဝေသာလီခေတ်၊ ဓညဝတီ (ပ၊ဒု၊တ)ခေတ်၊ ဝေသာလီကျောက်လှေကားခေတ်၊ လေးမြို့ ခေတ်၊ မြောက်ဦး (ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ် (၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော် အချိန်ကာလ ကြာမြင့်ပုံခြင်းတော့ တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြို့ခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ဘက်က ပုဂံခေတ်၏ ထင်ရှားသော " ရာဇကုမာရ်ကျောက်စာ (ခေါ်) မြစေတီကျောက်စာ" ကို ခိုင်မာသော အထောက်အထားအဖြစ် တင်ပြမှာ ဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့၊ ခေါင်းလောင်းကျောင်းတိုက်ရှိ လေးမြို့ခေတ် "ရခိုင်ဘုရင် မင်းရင်ဖြူ " သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ " စမ္မခဏ်ကမ္ပည်းစာ " ကို ခိုင်မာသော အထောက်အထား အနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။

မြန်မာတို့၏ ပုဂံခေတ် " ကြာ၊ အိုး၊ အံ၊ ပုဂံတည်" ဟူသော ဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ ၈၄၆ မှ ၈၇၈ ထိ) သည် ယခုလက်ရှိ ပုဂံမြို့ကို တည်ချိန်မှာ ကောဇာ ၂၁၁ ခု၊ ခရစ်အေဒီ ၈၄၉ ခု ဖြစ်၏။ ပုဂံပျက်ချိန်မှာကား " စောမွန်နစ်မင်း " (အေဒီ ၁၃၂၅ မှ ၁၃၆၉ ) လက်ထက်တွင် ဖြစ်လေ၏။ ပျဉ်ပြားမင်းသည် ပုဂံမြို့ကိုတည်ဆောက်နေသည့်အချိန်တွင် ပုဂံ၌ " ထေရဝါဒ ဗုဒ္ဓသာသနာ" မရောက်ရှိသေး။ အလားတူ " မြန်မာစာ" ဟူသော စာပေးရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေး သည်ကို တွေ့ရ၏။
ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း (အေဒီ ၈၇၈-၉၀၆)၊ ၎င်းနောက် စလေငခွေးမင်း (အေဒီ ၉၀၆-၉၁၅)၊ ၎င်းနောက် စလေငခွေးမင်း (အေဒီ ၉၁၅-၉၃၁)၊ ၎င်းနောက် ညောင်ဦးစောရဟန်းမင်း (တောင်သူကြီးမင်း) (အေဒီ ၉၃၁-၉၆၄)၊ ၎င်းနောက် ကွမ်းဆော်ကြောင်ဖြူမင်း (အေဒီ ၉၆၄-၉၆၈)၊ ၎င်းနောက် ကျည်စိုးမင်း (အေဒီ ၉၈၆-၉၉၂)၊ ၎င်းနောက် စုက္ကတေးမင်း (အေဒီ ၉၉၂-၁၀၁၇)၊ ၎င်းနောက် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင်မှ ထေရဝါဒ ဗုဒ္ဓသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီ ဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်အထိ " ပုဂံ" ၌ " မြန်မာစာ " ဟူသော အရေးအသား မရှိသေးချေ။ မွန်လူမျိုးတို့၏ စာပေကိုသာ မွန်ပညာရှိများ၏ အကူအညီဖြင့် ရေးသားနေကြရလေသည်။

အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီိ ၁၀၇၇-၁၀၈၄)၊ ၎င်းနောက် ကျန်စစ်သား မင်း (အေဒီ ၁၀၈၄-၁၁၁၃) လက်ထက်တွင် " ဇေယျခေတ္တရာ" အမည်ရှိသော သားတော် " ရာဇကုမာရ်" သည် ပုဂံ၌ " မြစေတီဘုရား" ကို တည်၏။ မြစေတီဘုရား၌ သူ၏ ကုသိုလ်တော် မှတ်တမ်းကို " ပါဠိ၊ မြန်မာ၊ မွန်၊ ပျူ " ဟူ၍ ဘာသာလေးမျိုးဖြင့် ကမ္ပည်းစာ ရေးထိုးစေခဲ့ပါသည်။ ယင်းမြစေတီဘုရား ကျောက်စာကား ပုဂံခေတ် ကျောက်စာများအနက် " ရှေးအကျဆုံးကျောက်စာ" ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇ ခု၊ ကောဇာ ၄၇၅ ခု (ခရစ်အေဒီ ၁၁၁၃ ခု)တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌ " ပျူလူမျိုး" တို့ ရှိနေသေးသည်ကို တွေ့ရ၏။
ရခိုင်တို့၏ လေးမြို့ခေတ် ရခိုင်တို့၏ လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိ ကြာမြင့်ခဲ့သည်ကို တွေ့ရ၏။ လေးမြို့ခေတ် ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ဝဲယာ၌ ပဉ္စာမြို့၊ ပုရိန်မြို့၊ နေရဉ္စရာတောင်ငူမြို့၊ လောင်းကြက်မြို့ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို အကြောင်းပြု၍ " လေးမြို့ခေတ်" ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။
မြန်မာတို့၏ " ပျဉ်ပြားမင်း" သည် ယခုလက်ရှိ " ပုဂံမြို့"ကို မတည်ဆောက်ရသေးမီ (၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် " ခေတ္တသင်မင်း" သည် " ပဉ္စာမြို့" ကို သာသနာ ၁၃၆၂ ခု၊ ကောဇာ ၁၈၀ ခု၊ (အေဒီ ၈၁၈) တွင် တည်ဆောက်ထားပြီး ဖြစ်နေပါသည်။
ရခိုင်တို့၏ လေးမြို့ခေတ် " ခေတ္တ သင်မင်း" လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေမှုကို မဆိုထားဘိ။ လေးမြို့ခေတ်၏ အထက်က ဝေသာလီ ကျောက်လှေကားခေတ် (အေဒီ ၃၂၇ မှ ၈၁၈ ထိ) တွင် လည်းကောင်း၊ တတိယ ဓညဝတီခေတ် ( ဘီစီ ၅၆၉ မှ အေဒီ ၃၂၆ ထိ ) တွင်လည်းကောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာနှင့်ပအတူ စာပေယဉ်ကျေးမှု အနုပညာများ ထွန်းကားလျှက် ရှိနေပြီဖြစ် ကြောင်း ယုံမှားသံသယ မရှိ ခိုင်မာသော အထောက်အထားများက သက်သေပြလျှက် ရှိနေကြပြီ ဖြစ်ပါသည်။
ယင်းတို့အနက် လေးမြို့ခေတ် (အေဒီ ၈၁၈ မှ ၁၄၃၀ ထိ ) ပဉ္စာမြို့တည် " ခေတ္တ သင်မင်း" မှ (၃) ဆက်မြောက် " ဘုရင်မင်းရင်ဖြူ" လက်ထက် (အေဒီ ၈၄၃-၈၇၃ ထိ) အေဒီ ၈၄၇ တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဓဆင်းတုတော် ( ဥာဏ်တော်အမြင့် ၁ ပေ ၂.၃ လက်မ၊ ယခုအခါ စစ်တွေမြို့၊ ခေါင်းလောင်း ကျောင်းတိုက် တွင် ကိန်းဝပ်လျှက် ရှိသည်။) ၏ " စမ္မခဏ် ကမ္ပည်းစာ" ကို တင်ပြလိုပါသည်။ ကျန်စာပေ အထောက်အထား များစွာ ရှိကြသော်လည်း စာရေးသူအနေဖြင့် ယင်းဘုရား၌ ပါရှိသော " စမ္မခဏ် ကမ္ပည်းစာ" ကိုသာ ရခိုင်စာပေ ဘက်က ခိုင်မာသော အထောက်အထားတစ်ခု အနေဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။
ဘုရားဆင်းတုတော် စမ္မခဏ်ကမ္ပည်းစာ အဆိုပါဘုရား၏ စမ္မခဏ်ကမ္ပည်းစာမှာ ယခုခေတ် "မြန်မာစာ" ဟု သတ်မှတ်ခံထားရသော " ရခိုင်စာ" အရေးအသားဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။ "သက္ကရာဇ် ၉၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာ ၅ နာရီကျော်..... ရောက်.......... ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှု ဘုရားပဉ္စလောဟာပြီးပြည့်စုံသည်၊ ဘုရားပြုသှော အကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော .........။ " ဟူ၍ ရေးထိုးထားပါသည်။
အထက်ဖော်ပြပါဘုရား၏ "စမ္မခဏ်ကမ္ပည်းစာ" ကို ပြည့်စုံအောင် ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအ တိုင်း ဖြစ်ပါသည်။
"သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာနေ့ ၅ နာရီကျော်သော (အချိန်) ရောက် (သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူ ကောင်းမှုဘုရားကို ပဉ္စလောဟာဖြင့် (သွန်းလုပ်) ပြီးပြည့်စုံ သည်။ ဘုရားပြုသော အကျိုးအားဖြင့် ဘုရားမချွတ် ဖြစ်စေသော်။" ဟူ၍ ဖြစ်ပါသည်။
လေးမြို့ခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖော်ပြပါ ဘုရား၏ " စမ္မခဏ် ကမ္ပည်းစာ" ကို " ရက္ခဝဏ္ဏ အက္ခရာ- ရခိုင်စာ" ဖြင့် ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ ခု၊ ခရစ်အေဒီ ၈၄၇ ခုဖြစ်ရာ မြန်မာတို့ ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂)နှစ်အလိုက ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ " ရာဇကုမာရ်ကျောက်စာ (ခေါ်) မြစေတီ ကျောက်စာ" သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် "ပုဂံမြို့" ပင်မရှိသေးသောကြောင့် "မြန်မာစာပေ" အရေးအသားမှာလည်း မြန်မာတို့အနေဖြင့် " အိမ်မက် တောင်မက်ဖို့" မလွယ်ကူသေးချေ။
မြန်မာလူမျိုးနှင့် မြန်မာစာ မြန်မာသမိုင်းဆရာများက မြန်မာသည် "ပျူလူမျိုး" က ဆင်းသက်လာသူများဟု ခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့် မြန်မာတို့သည် " ပျူစာ"ကို မိခင်စာပေအဖြစ် ရပ်တည်အောင် မဆောင် ရွက်နိုင်ခဲ့ကြပါသနည်း ? ဟု မေးစရာ ရှိနေပါ သည်။ ယခုအခါ ပျူလူမျိုးနှင့် ပျူစာပေမှာ မြန်မာ့မြေမျက်နှာပေါ်က လုံးဝ ဆိတ်သုဉ်း ပျောက်ကွယ်သွားကြပြီ ဖြစ်၏။
အချို့သမိုင်းဆရာများက မြန်မာစာသည် " မွန်စာ"က ဆင်းသက်လာသောစာဟု ကြံဆပြန်၏။ ထိုသို့ဆိုလျှင်လည်း အဘယ်ကြောင့် မြန်မာတို့သည် "မွန်စာ" ကို နိုင်ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင် ရွက်နိုင်ခဲ့ကြပါသနည်း? ဟု မေးစရာတွေ အများကြီး ရှိနေပါသည်။
အမှန်က "ပျူစာ" သည် ပျူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး၊ "မွန်စာ" သည်လည်း မွန်လူမျိုးတို့နှင့်သာ တိုက်ရိုက် သက်ဆိုင်နေသော စာပေ ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပေသည်။

ယနေ့ မျက်မှောက်ခေတ် " မြန်မာစာ" ဟု သတ်မှတ်ခံထားရသော " ရခိုင်စာ"သည်လည်း ရခိုင်လူမျိုးတို့နှင့်သာ တိုက်ရိုက် သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့သည် ကိုယ့်စာပေကို ခေတ်အဆက်ဆက် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်မှာ ခေတ်တိုင်းခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော "ရခိုင် စာပေ အထောက်အထားများ" က သက်သေပြုလျက် ရှိနေပေတော့သည်။

မြစေတီကျောက်စာ၌ ပါရှိသော " မြန်မာစာ" ကို မြန်မာသမိုင်းဆရာများက " ပျူစာက ဆင်းသက်လာ သောစာ" ဟု ထင်မြင်ချက် ပေးကြ၏။ အလားတူ အချို့သမိုင်းဆရာများက " မွန်စာက ဆင်းသက်လာသောစာ" ဟူ၍လည်း ထင်မြင်ချက်ပေးကြပြန်၏။ အမှန်က ယင်း " ပျူစာနှင့် မွန်စာ" နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီ ကျောက်စာ၌ ပါရှိနေပြီး ဖြစ်သောကြောင့် ယင်းစာနှစ်မျိုးက ဆင်းသက် လာသောစာဟု သတ်မှတ်နေကြခြင်း သည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့မည်သည် အချိန်ကာလတစ်ခုတည်း၌ နေ့ချင်းည ချင်း ပြောင်းလဲရိုး ထုံးစံ မရှိသောကြောင့်တည်း။ ပြောင်းလဲဖို့ဆိုသည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင် စောင့်ဆိုင်း ရပေလိမ့်မည်။ မြစေတီကျောက်စာ (မြန်မာ)သည် ပျူစာနှင့် မွန်စာက ဆင်းသက်လာသော စာမဟုတ်ကြောင်းကို " မြစေတီကျောက်စာ" ကပင်လျှင် အခိုင်လုံဆုံး သက်သေပြုလျှက် ရှိနေပေတော့သည်။

အမှန်က " မြစေတ်ီကျောက်စာ" ၌ ပါရှိသော " မြန်မာစာ" သည် " ပြောင်းလဲလာသောစာ" မဟုတ်ဘဲ " ရောက်ရှိလာသောစာ" ဟုဆိုမှ သဘာဝယုတ္တိ ကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျက် မသိချင်ယောင် ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကို တွေ့ရ၏။
အဖြစ်မှန်ကို သိရှိလိုပါက လေးမြို့ခေတ်၊ ပဉ္စာမြို့(၁၂)ဆက်မြောက် မင်းဘီလူးကို အေဒီ ၁၀၆၈ တွင် " ဝရောင်းငှက် အသင်္ခယာ" အမတ်က လုပ်ကြံသဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏ သားဖြစ်သူ အိမ်ရှေ့မင်း သား " မင်းရဲဘယ" သည် မိဖုရား " စောပေါက်ညို" (ပေါက်ညိုမြ) နှင့်အတူ ရခိုင်ပညာရှိအမတ် အချို့လိုက်ပါလျက် " ဘူးရွက် မညိုးလမ်း" က အရှေ့ပုဂံပြည်သို့ ထွက်ပြေးကာ " အနော်ရထာမင်း" ထံ ခိုလှုံခဲ့ရသည်။ အဆို ပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း (၃၅)နှစ်ခန့် ကြာမြင့်အောင် အမှုတော် ထမ်းရွက်ကာ နေ ထိုင်ခဲ့ကြရသော သမိုင်းကြောင်းကိုလည်းကောင်း။
ပုဂံမင်းအနော်ရထာအား " ရခိုင်ဝေသာလီ" က " ပဉ္စကလျာဏီ မင်းသမီး" ကို ဆက်သရာတွင် " ကျန် စစ်သား" ကို ရသည်ဟူသော သမိုင်းကြောင်းကို လည်းကောင်း။ ကျန်စစ်သားသည် မြေးတော်အလောင်းစည်သူကို ပုဂံထီးနန်းကို ပေးအပ်ပြီး " ဇေယျခေတ္တရာ" အမည် ဖြင့် သားတော် ရာဇကုမာရ်မင်းသားကို " ဓညဝတီနှင့် တောင်စဉ်ခုနှစ်ခရိုင်" ( မြန်မာ ရာဇဝင်အလို)ကို စဉ်းစား စေခဲ့သော သမိုင်းကြောင်းကို လည်းကောင်း။ ပုံဂံမင်းတို့အထံ၌ ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှူ့ဒကာများအဖြစ် ခံယူကာ မြန်မာတို့၏ နယ်မြေ၌ ရှိနေခဲ့ကြသည်ဟူသော သမိုင်းကြောင်းကို လည်းကောင်း။ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က " အောက်သား" ဟု နာမည်ပေးကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ ကြသည့် သမိုင်းကြောင်းကို လည်းကောင်း။ " ရဟန္တာထွေး (ခေါ် ) အသျှင်ဒိဗ္ဗစက္ခု" အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ် သည် ဥပဇ္ဈာယ်ဆရာ " မဟိန္ဒပါလ မထေရ်မြတ်" ၏ စေလွှတ်ချက်အရ ပင်းယမြို့သို့ ကြွရောက်၍ သာသနာ ပြုခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ ထားကြမည်ဆိုပါက မည်သည့်အခါမျှ အဖြေမှန်ပေါ် ပေါက်နိုင်လိမ့်မည် မဟုတ်ချေ။
ပုဂံခေတ် ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးမျာသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာ ရများ ဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။
(၁) ကြာသပတိယ်နိယ်၊ (၂) သုကြ်ာနိယ်၊ (၃) လှိယ်၊ (၄) ရိယ်မှုတ်၊ (၅) အတုမဟိသော၊ (၆) ခြုယ်မ၊ (၇) ခြုပ်မ၊ (၈) အစ်ကို၊ (၉) အစ်မ၊ (၁၀) ပန်စင်၊ (၁၁) ကခြီယ်သည်၊ (၁၂) ပညာမဟိယ်သော၊ (၁၃) သစ္စာ မဟိယ်သော၊ (၁၄) အလှူပိယ်လိုဝ်သော၊ (၁၅) သင်္ဃာတိုဝ်၊ (၁၆) ဤယ်သူ၊ (၁၇) ပတ္တမြားစာတီတိုဝ်၊ (၁၈) လှူခ၏၊ (၁၉) ခြီယ်လက်၊ (၂၀) ခြိယ်ဆိယ်ရိယ်၊ (၂၁) လက်ဆိယ်ရိယ်၊ (၂၂) မပ္လုရကြောင်ဆိုဖိလတ်၊ (၂၃) နိယ်ရလိယ်၏၊ (၂၄) အသရိယ်ဟိသော၊ (၂၅) ခရိုန် စသော ဝေါဟာရများကို ယနေ့ခေတ် မြန်မာတို့ ပြောဆို နေကြပါသေးသလား ? ဟု မေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပ္ပါယ်ကို သိရှိအောင် မနည်းကြိုးစားကြရမည်ဟု ထင်ပါသည်။
အဓိပ္ပါယ်ကို သိသည့်တိုင်အောင် အသံထွက်ကို ပီပီသသ ထွက်ရှိနိုင်ဖို့က ပို၍ခက်ပေလိမ့်မည်။ အလားတူ ရခိုင်ဝေါဟာရ အသုံးအနှုန်း များသည် ပုဂံခေတ်ကျောက်စာများ၌ များစွာ ကျန်ရှိနေသေးသည်ကို တွေ့ရ၏။
ခရစ်အေဒီ ၁၁၁၃ ခုတွင် ရေးထိုးခဲ့သော မြန်မာတို့၏ ရှေးအကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက် လေးမြို့ခေတ်၊ အေဒီ ၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်း ကမ္ပည်းစာက နှစ်ပေါင်း (၂၆၆) နှစ်စော၍ ရှေးကျနေ ကြောင်း သိရှိရပါသည်။ ထို့ကြောင့် " မြန်မာနိုင်ငံတွင် မြန်မာစာ အရေးအသားကို မည်သည့်လူမျိုးတို့က ရှေးဦးစွာ စတင်ရေးသား ခဲ့ကြပါသနည်း။ " ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်းပါးစာတမ်းက အထိုက်အလျောက် အဖြေပေး နိုင်လိမ့်မည်ဟု ယူဆပါသည်။
နိဂုံးချုပ်အနေဖြင့် ဆိုရသော် " ရခိုင်လူမျိုးနှင့် မြန်မာစာ" မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည် မဟုတ်။ စကားပြောဟန် ရေးနည်းနှင့် စာအသုံးရေးနည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင်တည်း။ သို့ဖြစ်၍ ယနေ့မျက်မှောက်ခေတ် "မြန်မာစာ" ဟု သတ်မှတ်ခံထားရသော " ရခိုင်စာ" ကို အကြွင်းမဲ့ ခံယူထားကြသည်ကို သုတေသနပြုကာ ရေးသားတင်ပြလိုက်ရပေသည်။
" ရခိုင်စာပေ" အဖြစ်မှန် ပေါ်ပေါက်ပါစေ။

ဒွါရာဝတီ - အသျှင် ကုသလ(ငွေသဇင်)

(ကိုးကားသော ကျမ်းများ)
၁။ မြစေတီကျောက်စာ၊ လှသမိန်။
၂။ ပုဂံခေတ် နိုင်ငံရေးသမိုင်း၊ ဒေါက်တာ သန်းထွန်း။
၃။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ၊ ဒေါက်တာ သန်းထွန်း။
၎။ ကျောင်းသုံး မြန်မာရာဇဝင်၊ ဦးဘသန်း။
၅။ မင်းရင်ဖြူ ကောင်းမှုတော်ဘုရား စမ္မခဏ် ကမ္ပည်းစာ။
၆။ သာသနာလင်္ကာရ စာတမ်း ( မူဟောင်း )၊ မဟာဓမ္မ သင်္ကြံ အမတ်။
၇။ ရွှေဘုံနိဒါန်း၊ ဇေယသင်္ခယာ။
၈။ ဒွါရာဝတီ - အသျှင်ကုသလ မှတ်စု။

ဒွါရာဝတီ - အသျှင် ကုသလ(ငွေသဇင်) ရေးသားထားသော ရခိုင်လူမျိုးနှင့် မြန်မာစာ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...