Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Monday 31 December 2012

GSM ကို (၁) သိန်းကျပ် WCDMA ကို (၁၂၀၀၀၀) ဇန်နဝါရီလ (၈) ရက်နေ့ ရောင်းမည်



တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်းဖုန်းများဖြစ်သော GSM, WCDMA များကို ဇန်နဝါရီလ (၈) ရက်တွင် စတင်ရောင်းချသွားမည်  ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မော်လမြိုင်မြို့တွေမှာ ဖုန်း (၁) သန်းကျော် ချပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ GSM ကို (၁) သိန်းကျပ် WCDMA ကို (၁၂၀၀၀၀) ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရောင်းချသွားမယ့် နေရာကတော့ Elite ရတနာပုံတယ်လီပို့နဲ့
ဆက်သွယ်ရေးတွေမှာ ရောင်းချသွားမှာပါ။ ဖုန်းဝယ်ယူသူတွေ ပိုမိုအဆင်ပြေ ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဖြေကြားခဲ့သည်။ ၎င်း တန်ဖိုးနည်းဖုန်း ကျပ် (၁) သိန်းနှင့် ကျပ် (၁၂၀၀၀၀) တန် ထွက်ရှိလာပါသော်လည်း အခြေခံလူတန်းစားများ အနေဖြင့် စဉ်းစားရမည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။ တန်ဖိုးနည်းဖုန်းများ ထွက်လာချိန်တွင် ယခင် (၂၀၀၀၀၀) တန် ထွက်စဉ်က ရောင်းတဲ့ဆိုင်တွေမှာ တိုးဝှေ့ပြီး ဝယ်ရကြောင်း၊ အခုရောင်းမယ်ဆိုရင် ရောင်းမယ့် ဆိုင်တွေက ဝယ်သူတွေကို စနစ်တကျနဲ့ ဆိုင်အရေအတွက် များများ ရောင်းချပေးစေလိုကြောင်း ဖုန်းဝယ်ယူရန် အခက်အခဲရှိသူများက ပြောပြလို့သိရပါတယ်။
 
news.yatanarpon.com.mm

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ရာ နည်းလမ်း (၁၁)ဖြာ




























အစားအသောက်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သလို အိပ်စက်မှုကို နှောင့်ယှက်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။ ၁။ ထရစ်တိုဖန် ကြွယ်ဝသော အစားအစာ သဘာဝစစ်ကရတဲ့ နွားနို့ ပူပူနွေးနွေး တစ်ခွက်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အိပ်စက်မှုကို ကောင်းစေတဲ့ ထရစ်တိုဖန် (Tryptophan) ပါဝင်တာကြောင့်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် အစေ့အဆန်၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ဥအမျိုးမျိုးတွေမှာလည်း ထရစ်တိုဖန်များစွာ ပါဝင်တာကြောင့် အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။ ၂။ ကာဗိုဟိုက်ဒရိတ် စားပါ ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစားအစာတွေက အိပ်ပျော်စေတဲ့ ထရစ်တို ဖန်တွေကို သွေးထဲမှာ များပြားအောင် လုပ်ဆောင်ပေးပါတယ်။ နို့၊ ကွေကာ၊ ဒိန်ချဉ်၊ ပေါင်မုန့်၊ ချိစ် စတဲ့ အစာတစ်ခုခုကို မအိပ်ခင်မှာ အနည်းငယ် စားပေးတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ၃။ အိပ်ချိန်မှာ သရေစာ အနည်းငယ်စားပါ သင်ဟာ တစ်ခါတစ်ရံမှာ အိပ်စက်မရဘဲ မျက်စိကြောင်နေတာမျိုး ကြုံတွေ့နိုင်ပါတယ်။ သရေစာ အနည်းငယ် စားပေးတာက အိပ်ပျော်သွား စေပါတယ်။ သင့်အိမ်မှာ သရေစာမုန့် အနည်းငယ် ဆောင်ထားဖို့တော့ လိုပါတယ်။ ဗိုက်ပြည့်တင်းအောင်တော့ မစားမိပါစေနဲ့။ ၄။ ဘာဂါနှင့် ဆီကြော်စာများကို ရှောင်ပါ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ လေ့လာမှုအရ အဆီများတဲ့ အစားအစာတွေ စားသုံးမှုက ကိုယ်အလေးချိန်ကို တက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတာကို တွေ့ရပါတယ်။ ၅။ ညနေခင်းတွင် ကော်ဖီမသောက်ပါနှင့် ညနေဘက်မှာ ကော်ဖီသောက်တာက အိပ်စက်မှုကို သိသိသာသာ နှောင့်ယှက် နိုင်ပါတယ်။ ကော်ဖီအပြင် ကက်ဖင်းဓာတ်ပါတဲ့ ချောကလက်၊ ကိုလာ၊ လက်ဖက်ရည်နဲ့ ကက်ဖင်းဓာတ် ဖယ်ထားတဲ့ ကော်ဖီ သောက်သုံးမှုတွေ ကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ အိပ်ရာမဝင်မီ လေးနာရီကနေ ခြောက်နာရီအတွင်း ကက်ဖင်း ပါတာတွေကို မသောက်မိပါစေနဲ့။ ၆။ ကက်ဖင်းဓာတ်ပါသော ဆေးများကို ရှောင်ပါ တချို့ဆေးဝါးတွေမှာ ကက်ဖင်းတွေ ပါဝင်နေတတ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ကိုယ်အလေးချိန် လျှော့ချဆေး၊ ဆီးဆေးနဲ့ အအေးမိနှာစေး ပျောက်ဆေး စတဲ့ ဆေးတွေမှာ ကက်ဖင်းဓာတ်ပါဝင်တဲ့ ဆေးမျိုးတွေ ရှိနေပါတယ်။ သင့်အနေနဲ့ ဆေးသောက်မယ်ဆိုရင် ဆေးညွှန်းကို ဖတ်ကြည့် ဖို့တော့ လိုပါတယ်။ ၇။ အရက်မသောက်ပါနှင့် အရက်သောက်တာက အလျင်မြန်ဆုံး အိပ်ပျော်သွားတတ်ပေမယ့် မကြာခဏ ပြန်နိုးတတ်ပြီး အနားရစေတဲ့ အိပ်ပျော်မှုကို မရရှိတာ၊ ခေါင်းကိုက်တာ၊ ညဘက် ချွေးထွက်တာနဲ့ ကယောင်ကတမ်း ဖြစ်စေပါတယ်။ ညနေဘက်မှာ အရက်သောက်မယ် ဆိုရင် အရက်နဲ့ ညီမျှတဲ့ ရေကို သောက်ပေးဖို့ လိုပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ အတွက်တော့ အိပ်ရာမဝင်မီ လေးနာရီမှ ခြောက်နာရီအတွင်း အရက်သောက်တာကို ရှောင်ရှားဖို့ လိုပါတယ်။ ၈။ အပူအစပ် လွန်ကဲသော အစားအစာများကို အလွန်အကျွံ မစားပါနှင့် ဗိုက်တင်းအောင် ညစာစားပြီး အိပ်စက်တာက သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်စက်နေချိန်မှာ အစာခြေ စနစ်က အလွန် နှေးကွေးတာကြောင့်ပါ။ အထူးသဖြင့် ညစာမှာ အပူအစပ် လွန်ကဲတဲ့ အစားအစာတွေကို စားထားပါက ရင်ပူတာကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ လေးနာရီလောက်ကွာပြီး ညစာစားပေးပါ။ ၉။ ပရိုတင်း လျှော့စားပါ ပရိုတင်းက သင့်တစ်နေ့တာ အတွက် မရှိမဖြစ် လိုအပ်ပေမယ့် ညအိပ်ခါနီး မှာတော့ ပရိုတင်းများစွာ မစားသုံးသင့်ပါဘူး။ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေက အစာကြေညက်မှုကို ခက်ခဲစေပါတယ်။ ညအိပ်ရာဝင် ခါနီးမှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးမယ့်အစား နွားနို့တစ်ခွက် သောက်တာနဲ့ ခရက်ကာ မုန့်အနည်းငယ် စားတာတွေ ပြုလုပ်ပါ။ ၁၀။ ည ၈ နာရီနောက်ပိုင်း အရည်မသောက်ပါနှင့် ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေဖို့အတွက် ရေသောက်ပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ည ၈ နာရီ နောက်ပိုင်းမှာတော့ ရေနဲ့ တခြားအရည်တွေ သောက်သုံးတာကို ရပ်သင့်ပါတယ်။ အိပ်ခါနီးမှာ ရေသောက်များတာက မကြာခဏ ဆီးသွားချင်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေ နိုင်တာကြောင့်ပါ။ ၁၁။ ဆေးလိပ်မသောက်ပါနှင့် ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိပြီး ကက်ဖင်းဓာတ်နဲ့ အာနိသင် တူပါတယ်။ အိပ်ခါနီး ဆေးလိပ်သောက်တာနဲ့ ညဘက် တစ်ရေးနိုးလာတဲ့အခါ ဆေးလိပ် သောက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ နစ်ကိုတင်းရဲ့လှုံ့ဆော်မှုကြောင့် အိပ်မရ ဖြစ်တတ်ပါတယ်။ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
 Ref: Good Health

မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး


ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၏ ဂယက်ရိုက်ခတ်မှု့ကြောင့် မလေးရှားဒေသခံများနှင့် မလေးရှားရှိ ဘင်္ဂလီမူဆလင်များထံ မလေးရှားရောက် ရခိုင်များ အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကို မလေးရှားအာဏာပိုင်များသို့ တိုင်ကြားထားသော်လည်း ရဲအရာရှိများက ယင်းအမှုများနှင့် ပက်သက်သည့် တရားခံများကို ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။ "အလုပ်က ပြန်လာချိန်မှာ သတ်ဖြတ်ခံရတာ၊ အခန်းကိုလာပြီး သတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ ပြီးတော့ လိုင်းကားပေါ်မှာ အနိုင်ကျင့်ခံကြရတာ ကျနော်သိသလောက်ဆို ရခိုင်တိုင်းရင်းသား ၃ဦး သေဆုံးပြီး၊ ၄ဦး ဒဏ်ရာရှိထားပါတယ်။ မလေးမှာ မြန်မာနိုင်ငံသားတွေအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ရဲအာဏာပိုင်တွေကလည်း အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပက်သက်လို့ အခုချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ၊ နောက်ဒီလိုအမှုတွေ မဖြစ်အောင် တစ်စုံတစ်ရာလုပ်ဆောင်နေတာတွေ ဘာမှမရှိဘူး။ အလုပ်ခွင်ထဲမှာဆိုလည်း ကျွန်တော်တို့ကို ဘင်္ဂလီတွေ၊ မလေးတွေက မြန်မာလား၊ ရခိုင်လားဆိုပြီး လာမေးကြတယ်၊ အဲဒီတော့ သူတို့က မြန်မာတွေ၊ ရခိုင်တွေကိုဆိုရင် အနိုင်ကျင့် သတ်ဖြတ်မယ့် သဘောမှာရှိတာပေါ့။ ဒါကြောင့် အလုပ်ခွင်ထဲမှာလည်း ကျနော်တို့ အမြဲတမ်း သတိပြုပြီး စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရပါတယ်။"ဟု မလေးရှားရောက် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဇော်မိုးက ပြောသည်။ ကိုမင်းမင်းထွန်း ဇွန်လ ၁၁ရက်နေ့ ညနေအလုပ်က ပြန်လာချိန်တွင် သူ့အခန်းသို့ မရောက်ရှိဘဲ ယခုချိန်ထိပျောက်ဆုံးနေကြောင်း၊ မလေးရှားနိုင်ငံ ကိုတာသီဂီမြို့တွင် နေထိုင်ကြသော ကိုအောင်ဇော်မိုး၊ ကိုစိုးချေ၊ ကိုအချောက် ၃ဦးတို့မှာ ဇွန်လ ၁၁ရက်နေ့က ဘင်္ဂလီတစ်စုနှင့် မလေးရှားဒေသခံများ၏ အနိုင်ကျင့် သတ်ဖြတ်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီး တစ်ဦးမှာ ကိုတာသီဂီ ဆေးရုံတွင် ဆေးကုသခံနေရကြောင်း၊ ဇူလိုင်လ ၁၂ရက်နေ့တွင် ကိုလင်းနိုင်ဆိုသူအား ဘင်္ဂလီများမှ ဓါးဖြင့်ခုတ်ရာ ဦးခေါင်းနောက်စည်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကလန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ကိုစိုးနိုင်၊ ကိုကျော်သိန်းတို့ နှစ်ဦးသည် ဇူလိုင်လ ၁၈ရက်နေ့ အန်ပန်းမြို့နယ် ၁၄မိုင်တွင် ဘင်္ဂလီများနှင့် မလေးရှားဒေသခံများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး တောထဲတစ်နေရာတွင် ၄င်းတို့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ဇူလိုင်လ ၂၈ရက်နေ့က လိုင်းကားပေါ်တွင် လိုက်ပါလာသော ရခိုင်များအား လိုင်းကားပေါ်မှဆွဲချကာ ရိုက်နှက်မှုများ တစ်ဘက်နှင့်တစ်ဘက် ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။ "အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာ ဘင်္ဂလီတွေ မလေးရှားနိုင်ငံက လူကြမ်းတွေကို ပိုက်ဆံပေးပြီး သူတို့နဲ့ ပူပေါင်းပြီးတော့မှ အနိုင်ကျင့်သတ်ဖြတ်တာတွေပါ၊ မလေးနိုင်ငံသားတွေကိုက ဒီအမှုတွေထဲမှာ ပါဝင်နေလို့ ရဲအာဏာပိုင်တွေကလည်း လိုက်လျူရှုထားတာလို့ ကျနော်ယူဆမိပါတယ်။ မြန်မာသံရုံးလည်း ဒီအမှုတွေနဲ့ ပက်သက်ပြီးတော့ မလေးအစိုးရဆီ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူပေးဖို့ တောင်းဆိုတာတွေလည်း ကျနော်တို့မသိရှိရဘူး။ အရင်ကတည်းက မြန်မာသံရုံးမှာ ဘာဘဲသွားပြောပြော လိုက်လံဖြေရှင်းပေးတာမရှိတော့ ကျနော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသံရုံးအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားမိတော့ဘူးဗျာ"ဟု ကိုဇော်မိုးက ဆက်လက်ပြောကြားသည်။ မလေးရှားနိုင်ငံသည် Organisation of Islamic Cooperation အဖွဲ့ဝင် ၅၇နိုင်ငံထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့















KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။ KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။ KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။

ဆိုက်ကယ်ဖြင့် ဝင်တိုက်မိသူ လူငယ်ကို တပ်မတော်သား သုံးဦး ထိုးကြိတ်သဖြင့် သေဆုံး


ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာတွင်ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူ အသက် ၁၆
 နှစ် အရွယ် လူငယ်တစ်ဦးကို တပ်မတော်သား သုံးဦးက ထိုးကြိတ် ရိုက်နှက်သောကြောင့်


 ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄နာရီတွင် သေဆုံးသွားကြောင်း သေဆုံးသူ မိသားစုဝင် ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ သေဆုံးမှုတွင် ကျုံတွမ် ကျေးရွာ နေထိုင်သူ အသက် ၁၆ နှစ်အရွယ် မောင်သန်းထိုက်အောင်ဖြစ်ပြီး ယင်းလူငယ်မှာ ဒီဇင်ဘာလ ၁၄ ရက် ည ၈ နာရီတွင် အမှတ် (၁၈)ခြေလျင်တပ်ရင်း ရှေ့၌ လမ်းဖြတ်ကူးသူ တပ်မတော်သား တစ်ဦးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသောကြောင့် အခြားတပ်မတော်သား သုံးဦးက ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ကြသဖြင့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင် ဆေးကုရာမှ မသက်သာသဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ဟင်္သာတ ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသနေစဉ် တစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း အုပ်ထိန်းသူ ဦးအောင်မင်းနိုင်က ပြောကြားသည်။

အဆိုပါ ထိုးကြိတ်သူများမှာ အမှတ်(၁၈) ခြေလျင် တပ်ရင်းတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ကြပ်ကျော်ကျော်၊ တပ်ကြပ် လွှမ်းမိုးအောင်၊ တပ်ကြပ်ပြည့်စုံတို့ ဖြစ်ကြောင်း ဟင်္သာတမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရသည်။

ဒဏ်ရာရသူ လူငယ်၏ ဦးခေါင်းခွံနှင့် ဦးနှောက် အမြှေးကြားတွင် သွေးယိုစိမ့်မှုများ တွေ့ရှိရသဖြင့် အချိန်မီ ကုသနိုင်ရန် ရန်ကုန် ပြည်သူ့ဆေးရုံသို့ စေလွှတ်ရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ် ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ဦးကြည်စိုး က ပြောကြားသည်။

အဆိုပါအမှုသည် ဒီဇင်ဘာ ၁၄ ရက်နေ့ညက ဖြစ်ပွားပြီး ဒီဇင်ဘာ၂၆ ရက်နေ့တွင် လာရောက် အမှုဖွင့်ထား ကြောင်း၊ ဝိုင်းဝန်းထိုးကြိတ်သည်ဟု အစွပ်စွဲခံရသူ တပ်မတော်သား သုံးဦးကို အမှတ် (၁၈) ခြေလျင်တပ်ရင်းသို့ တရား ဝင် အကြောင်းကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါ တပ်မတော်သားသုံးဦး၏ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၆ ရက်တွင် ရဲတပ်ဖွဲ့၏ ကြေးနန်းစာ ရောက်ရှိလာပြီး တပ်ရင်းမှူးထံ တင်ပြနေသောကြောင့် ပြစ်မှု ကျူးလွန်သည်ဟု ဆိုသော တပ်မတော်သား သုံးဦးကို အရေးယူမည့် အခြေအနေကို လတ်တလောတွင် မပြောနိုင်ကြောင်း အမှတ် (၁၈)ခြေလျင် တပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

"အစ်ကိုတို့ ရှေ့မှာ မောင်သန်းထိုက်အောင် ကို ပြည့်စုံဆိုတဲ့ ရဲဘော်က စထိုးတာပါ။ ပြီးမှ တပ်ကြပ်ကျော်ကျော် က ဝင်ထိုး ပါတယ်။

မျက်နှာကို ခြေထောက်နဲ့ ကန်တာလည်း တွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူ ကျေးရွာဒေသခံ ဦးအေးလွင်က ပြောကြားသည်။

သေဆုံးသူ မောင်သန်းထိုက်အောင်ကို အသက်လေးနှစ်သား အရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်ကြောင်း ၄င်း၏ အုပ်ထိန်းသူထံမှ သိရသည်။


The Voice Weekly

အမှောင်ဖုံးနေသော ရခိုင်ပြည်


"
အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်သည် ရခိုင် သမိုင်း၊ စာပေယဉ်ကျေးမှု၊ 
လူမှုစီးပွားအခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ်များကို ဆိုလိုရင်းနှင့် အဓိပ္ပါယ်ထိထိ

မိမိရှိအောင် စုစည်းတင်ပြထားသော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ရလဖတဖ)မှ ရခိုင်ဘုရင့်နိုင်ငံတော် အချူပ်အခြာအာဏာကျဆုံးသည့် (၂၂၈)နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေလိုက်သော စာအုပ်တစ်အုပ် ဖြစ်သည်။

ဤစာအုပ်တွင် ရခိုင်ပြည်သမိုင်းအကျဉ်း၊ ဗမာနယ်ချဲ့အောက် ကျရောက်ခဲ့သည့် ရခိုင်ပြည်၊ မြန်မာပြည်လွတ်လပ်ရပြီး ရခိုင်ပြည်၊


 စစ်အစိုးရအဆက်ဆက် ရခိုင်ပြည်၊ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ယခုလက်ရှိ ဦးသိန်းစိန်စိုးရလက်ထက် ရခိုင်ပြည် စသည့် အပိုင်းကြီး ၅ ပိုင်းဖြင့် ရခိုင်ပြည်၏ လူမှုစီးပွားအခြေအနေများနှင့် နိုင်ငံရေးဖြတ်သန်းမှုများကို ပုံဖော်ရေးသားထားသည်ကို တွေ့ရသည်။

ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်၏ သမိုင်းကိုအကျဉ်းချူပ်ဖော်ပြထားပြီး ရခိုင်ဘုရင့် နိုင်ငံတော်ကြီး စည်းလုံးမှုနှင့် အုပ်ချူပ်ရေး စနစ်ယိမ်းယိုင်နေခြင်းကို အခွင့်ကောင်းယူကာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၏ ကျွန်ပြုခြင်းကို ခံခဲ့ရသော ရခိုင်ပြည်သူတို့၏ ဘဝအခြေအနေနှင့် သူ့ကျွန်မခံတော်လှန်သည့် အခြေအနေများကို ဖော်ပြထားသည်။


 ဗမာနယ်ချဲ့အောက်မှ တစ်ဖန် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာတွင် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အင်္ဂလိပ်နှင့်ပူးပေါင်းကာ ဗမာကို တော်လှန်ခဲ့ကြသော်လည်း ကုလားဖြူအင်္ဂလိပ်များ၏ လိမ်လည်ခဲ့မှုကြောင့် ဆုံးရှုံးနေသော လွတ်လပ်ရေး ပြန်လည်မရှိနိုင်ခဲ့သည်များအား စုစည်းဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

မြန်မာ့လွတ်လပ်ရေးအတွက် ရခိုင်လူမျိုးများ အသက်သွေးချွေးများရင်းကာ ကြိုးပမ်းခဲ့ကြသော်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် ရခိုင်အမျိုးသားခေါင်းဆောင်တို့ အပယ်ခံဘဝသို့ ကျရောက်ခဲ့ရမှုများနှင့် အချူပ်အခြာ အာဏာပိုင်နိုင်ငံအဆင့်ကနေ ပြည်နယ်အဆင့်ကိုတောင် တောင်းဆို၍မရရှိနိုင်ခဲ့သော ရခိုင်ပြည်၏ သမိုင်းအချိုးအကွေး ဖြစ်စဉ်များနှင့် ရခိုင်ပြည်သူများ၏ ဘဝအခြေအနေများကို သုံးသပ်တင်ပြထားသည်များမှာ ယနေ့လူငယ်များအဖို့ သမိုင်းသင်ခန်းစာအဖြစ် မှတ်ယူစရာများလည်းပါဝင်နေသည်ကို တွေ့ရှိရသည်။

မြန်မာစစ်အစိုးရအဆက်ဆက် ရခိုင်ပြည်ရှိ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတများကို ထုတ်ယူရောင်းချကာ ရခိုင်ပြည်သူတို့အား ဖိနှိပ်အုပ်ချူပ်နေမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံ စီမံကိန်းများနောက်ကွယ်တွင် ဆိုးဝါးသော ဒုက္ခ္ခ္ခများကို ခါးခါးသီးသီးခံစားနေရသော ရခိုင်ပြည်သူတို့၏ လူမှုစီးပွား ဘဝအခြေအနေများကိုလည်း ဤစာအုပ်ထဲတွင် ဖတ်ရှုနိုင်သည်။ 


၎င်းအပြင် ရခိုင်ပြည်မှ သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူ ရောင်းချနေမှုများကြောင့် ရခိုင် ပြည်အနှံ့ တောတောင်များပြုန်းတီးလာမူ၊ ဇီဝမျိုးကွဲများ ပျောက်ကွယ်လာမှုများ၊

 ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနေသည်ကိုလည်း အတိုင်းအတာတစ်ခုထိ ထောက်ပြဝေဖန်ထားသည်ကိုလည်း ဤ "အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်တွင် တွေ့ရသည်။

၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်သူများ အတိဒုက္ခ္ခ ရောက်ခဲ့ရပုံနှင့် ယနေ့ထက်တိုင် မုန်တိုင်းဒါဏ်ကို အလူးအလဲခံလိုက်ရသော အထူးသဖြင့် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်များမှ ရခိုင်ပြည်သူများ၏ လူမှုဘဝအခြေအနေများကိုလည်း စုစည်းတင်ပြထားသည်ကို တွေ့ရသည်။


 ထို့ပြင် ဂီရိမုန်တိုင်းပြီးနောက် ၂ဝ၁ဝ ရွေးကောက်ပွဲပြုလုပ်သည့်အခါ ဂီရိမုန်တိုင်းဒါဏ်သင့် ရခိုင်ပြည်သူများ၏ စားဝတ်နေရေးအတွက် အတိဒုက္ခရောက်နေကြသည်ကို အခွင့်ကောင်းယူ၍ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မည်သို့မည်ပုံ မဲခိုး၊

 မဲလိမ်၊ မဲမသမာမှုများလုပ်ခဲ့သည်ကိုလည်း သုံးသပ်ဝေဖန် ထောက်ပြထားသည့်အတွက် ရခိုင် ပြည်သူများအပါဝင် မြန်မာနိုင်ငံရှိ တစ်ခြားတိုင်းရင်းသားပြည်သူများလည်း ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်ပေသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ စတင်ခဲ့သော ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ပေါ်လာရခြင်းမှာ ဘင်္ဂလီကုလားများ၏ ရခိုင်ပြည်ကို နယ်ချဲ့သိမ်းပိုက်ရန်ကြိုးပမ်းမှုများနှင့် ကြိုးပမ်းလာခဲ့မှုများကို ဓမ္မဓိဌာန်ကျကျ ထောက်ပြဝေဖန် သုံးသပ် ဖော်ပြထားသည်များမှာ အလွန်ထိရောက်မှုရှိလှသည်။ 


ထို့နောက် ဇွန်လအရေးခင်းနှင့် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော တကျော့ပြန် ကုလား-ရခိုင်အဓိကရုဏ်းများ၏ ရခိုင်ပြည်သူများသေကြေ ဒါဏ်ရာရရှိမှုများ၊ ဒုက္ခသည်များ အဖြစ်ရောက်ခဲ့ရပုံနှင့် ဦးသိန်းစိန်အစိုးရ၏ မဟာဗျူဟာများကို သုံးသပ်တင်ပြထားသည်ကိုလည်း တွေ့ရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာသည့် ရခိုင်အမျိုးသားနိုင်ငံရေးပါတီများ၏ အခြေအနေများနှင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြင်ဆင်ရမည့်အခြေအနေများနှင့် စိန်ခေါ်မှုများရှိလာနိုင်သည်များကို စိတ်ဝင်စားဖွယ် သုံးသပ်ဖော်ပြထားပြီး 


မိမိတို့ရခိုင်အမျိုးသားပါတီနှစ်ခုကြား တစ်ပေါင်းတစ်စည်းတည်း ဖြစ်မလာနိုင်သည့်တိုင်အောင် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မှီနှင့် ရွေးကောက်ပွဲကာလတွင် မိမိတို့အမျိုးသား အကျိုးစီးပွားကိုရှေ့ရှု၍ဆောင်ရန်၊ ရှောင်ရန်၊ 

ကြိုတင်ပြင်ဆင်သင့်သည်များနှင့် လုပ်ဆောင်သင့်သည်များကို အကြံပြုတိုက်တွန်းထားသည်များမှာလည်း ရခိုင်နိုင်ငံရေးခေါင်းဆောင်များနှင့် အများပြည်သူများအဖို့ဗဟုသုတအဖြစ် လေ့လာမှတ်သားသင့်ပေသည်။

လူ့အခွင့်အရေးနှင့် တိုင်းရင်းသားဖြစ်ရေး တောင်းဆိုနေကြသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် နိုင်ငံတကာရောက် ပညာတတ်တစ်ချို့၏ သမိုင်းလိမ်များ၊ 


ရခိုင်ပြည်နယ်မြေဒေသ တစ်ချို့အား ဖဲ့ထုတ်ရန်ကြိုးစားနေမှုများနှင့် နည်းအမျိုးမျိုးဖြင့် ရခိုင်ပြည်သူများအား လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အကျဉ်းချူပ် ဖော်ပြထားသည်မှာလည်း အများပြည်သူများအတွက် လေ့လာမှတ်သားဖွယ်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေး အစရှိသည်များကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည့် 


၈၈လူထုအုန်ကြွမှုကြီးနှင့် ရွှေဝါရောင်တော်လှန်းရေးဟု နာမည်ကျော်ကြားသည့် လူထုလှုပ်ရှားမှုများတွင် ရခိုင်ပြည်သူများနှင့် ရခိုင်သံဃာတော်များအနေဖြင့် မည်သို့မည်ပုံ ပါဝင်ကြိုးပမ်း လှုပ်ရှားခဲ့ကြသည့် သမိုင်းတစိတ်တဒေသအား ဖော်ပြထားသည်ကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရသည်။

ရခိုင်ပြည် တစ်နံတစ်လျားတွင် စစ်တပ်များအဆမတန် တိုးချဲ့မှုကြောင့် ရခိုင်ပြည်အနှံ မြေယာများသိမ်းဆည်းခံရမှုများအပြင် တစ်ခြားလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ရခိုင်ပြည်သူများ၏ ဘဝပုံရိပ် တစိတ်တဒေသအား ထင်ဟပ်လာအောင် ဤစာအုပ်က စုစည်းဖော်ပြထားသည်မှာလည်း အများပြည်သူများအတွက် စိတ်ဝင်စားစရာ ဖြစ်စေပါသည်။

အချူပ်ပြောရမည်ဆိုလျှင် ရခိုင်ပြည်ပထဝီအနေအထား၊ သဘာဝအရင်းအမြစ်များ၊ လူမှုစီးပွားအခြေအနေများ၊ ရိုးရာအစဉ်အလာ၊ ကျန်းမာရေးနှင့် ပညာရေး၊ 


လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ရခိုင်ပြည်ရှိ ဖွံ့တိုးတက်ရေးစီမံကိန်းများ အစရှိသည့် ရခိုင်ပြည်နှင့်ပက်သက်သမျှ အကြောင်းအရာအလုံးစုံကို ခြုံငုံသိရှိလိုသော ရခိုင်ပြည်သူများအပါအဝင် မြန်မာတိုင်းရင်းသားတိုင်း ဤ "အမှောင်ဖုံးနေသော ရခိုင်ပြည်" စာအုပ်ကို လေ့လာဖတ်ရှုသင့်ပါကြောင်း တိုက်တွင်းနှိုးဆော်တင်ပြလိုက်ရပါသည်။

  Arakan Times

Sunday 30 December 2012

On lineမှတိုက်ရိုက်ကြည့်ရှူ့နိုင်မည့် ၂၀၁၁ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား



 MRTV4ရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည့်၂၀၁၁ခုနှစ်အတွက်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ၂၀၁၁ ခုနှစ်အတွက် အနုပညာပိုင်းဆိုင်ရာ ထူးချွန်သူတွေ ကိုဆုချီးမြှင့်ပေးမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကြီးက မနက်ဖြန်ဆိုရင်ရောက်ရှိလို့လာပြီနော်။
ဒီဆုပေးပွဲကြီးမှာ ဘယ်သူတွေက ဘယ်လို ဆုတွေကို ဆွတ်ခူးကြမလဲဆိုတာကိုလည်း


ပရိသတ်ကြီးတို့နဲ့အတူတူ အနုပညာရှင်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။
ပရိသတ်တို့ အနေနဲ့လည်း မိမိစိတ်ကူးလေးထဲက အကယ်ဒမီဆုပိုင်ရှင်တွေနဲ့

ထူးချွန် ဆုပေးပွဲကြီးမှာ ဆုရရှိမယ့် အနုပညာရှင်တွေနဲ့တစ်ထပ်တည်းကျမကျ ကို
MRTV 4 ရုပ်သံလိုင်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်ကနေ ည ၈
နာရီအချိန် အထိ တိုက်ရိုက် ထုတ်လွှင့်ပြသပေး

သွားမှာဖြစ်တဲ့အကြောင်းကို
သတင်းကောင်းပါးလိုက်ရပါတယ်။
မကြည့်လိုက်ရသူတွေအတွက် လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီအချိန်အထိ ပြန်လည် ထုတ်လွှင့်ပြသပေး သွား မှာဖြစ်ပါတယ်။
ဒီနေရာမှ သွားရောက်   ကြည့်ရှု့နိုင်Click Here Button ပါကြောင်း 

နယ်ကျောင်းဆရာတို့၏ ဘ၀ အခြေအနေကို ရိုက်ကူးထားသည့် ထာဝရအလင်းတန်း ရုပ်ရှင် အကယ်ဒမီ ၈ ခု ဆွတ်ခူး

ကျောင်းဆရာများရဲ့ ဘ၀အခြေအနေနဲ့ အလုပ်အကိုင်အကြောင်း၊ နယ်မြှို၊ ကျေးလက်ဒေသတွေက လူထုနဲ့ ကလေးများရဲ့ ပညာရေးအခြေအနေ၊ ခေတ်နောက်ကျနေဆဲ အမြင်သဘောထားစတဲ့ အကြောင်းအရာများနဲ့ ဖွဲ့စည်းထားတဲ့ "ထာဝရ အလင်းတန်းများ" ရုပ်ရှင်ဇာတ်ကားဟာ 2011 ခုနှစ်အတွက် အကယ်ဒမီ ၈ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
2011 ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိခဲ့သူများမှာ ဓာတ်ပုံဆု တင်ဆန်း (ပန်းကြာဝတ်မှုန်) ၊ တည်းဖြတ်ဆု ဟိန်းထက်-လယ်ဝေး (ထာဝရအလင်းတန်းများ) ၊ တေးဂီတဆု ဇော်မျိုးထွဋ် (ထာဝရအလင်းတန်းများ) အသံဆု ထူးချွန်ဆု ဆန်းဦး (ပန်းကြာဝတ်မှုန်) ၊ အမျိုးသားဇာတ်ပို့ဆု မော့စ် (ထာဝရအလင်းတန်းများ) ၊ အမျိုးသမီးဇာတ်ပို့ဆု ချစ်စနိုးဦး (ရင်ကွဲနာ) ဇာတ်ညွှန်းဆု မြင့်ဆောင်၊ စိုးကျော်ဆန်း(ထာဝရအလင်းတန်းများ) အမျိုးသားဇာတ်ဆောင်ဆု နောင်နောင် (ထာဝရ အလင်းတန်းများ) ဇာတ်ကားဆု ထာဝရအလင်းတန်းများ (ရီမြင့်ရုပ်ရှင်) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မယ်လိုဒီ (ထာဝရအလင်းတန်းများ) အကောင်း ဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရအလင်းတန်းများ) တို့ရရှိခဲ့ကြသည်။
ထာဝရ အလင်းတန်းများဇာတ်ကား အကျဉ်းချုပ်က ဒီလိုပါ။
ကျောင်းဆရာလေးတစ်ယောက်ရဲ့ တပည့်တွေအပေါ် ကိုယ်ကျိုးစွန့်အနစ် နာခံပြီး ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပုံကို ကျောရိုးထားခြယ်မှုန်း ထားတဲ့ ဇာတ်ကားပါ။
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေ အနီးမှာရှိတဲ့ ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူနေထိုင်တဲ့ စောကျော်အေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး မူလတန်းဆရာဖြစ် သင်တန်းကို
တက်ရောက်ခဲ့ပါတယ်။
သင်တန်းပြီးလို့ တာဝန်ကျတဲ့နေရာက တော့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားတောင် ခြေနားက ကျောက်ဖြူ ရွာကလေးမှာ ဖြစ်ပါတယ်။ တာဝန်ကျရာရွာကလေးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ရွာအ၀င်လမ်းမှာ ကျောင်းစာသင်ချိန် ကျောင်းစာကို မသင်ကြားနိုင်ဘဲ မိဘကို ကူညီလုပ်ကိုင် ပေးနေရတဲ့ ကလေးတွေကို တွေ့လိုက် ရသလို စာသင်ကျောင်းရောက်တဲ့ အခါမှာလည်း  စိတ်စေတနာ ကောင်းပေမယ့် နာမကျန်းဖြစ်နေတာကြောင့် စိတ်သွား တိုင်း ကိုယ် မပါနိုင်တော့တဲ့ ကျောင်းအုပ် ဆရာကြီး ဦးစံအေးနဲ့ ကိုယ်ဝန်သည် ကျောင်းဆရာမတစ်ဦးကသာ စာသင် ပေးနေရတာကြောင့် ဆရာ မပြည့် စုံတဲ့ ကျောင်းရဲ့လိုအပ်ချက်တွေက သူ့ ကို ဆီးကြိုနေကြပါတယ်။

ကျောင်းဆရာလေး စောကျော်အေးဟာ မိမိဘ၀ရည်မှန်းချက်အတိုင်း ဖြစ်လာတဲ့ ကျောင်းဆရာအလုပ်အတွက် အခက်အခဲအားလုံးကို ကြိုးစားကျော် ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း မိဘအလုပ် ၀ိုင်းကူရလို့ ကျောင်းပျက် ကွက်နေတဲ့ကလေးတွေ၊ စီးပွားရေး အဆင်မပြေလို့ ဈေးတောင်းခေါင်း ရွက်ပြီး ကျောင်းတက်မမှန်တဲ့ ကလေး ငယ်တွေရဲ့မိဘတွေကို စည်းရုံးပြောဆိုပြီး တပည့်တွေ ကျောင်းမှန်ဖို့ အားကြိုး မာန်တက်ကြိုးစားတာကြောင့် ကျောင်း ကလေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည် စည်ကားလာပါတော့တယ်။
သူ့ရဲ့ ကြိုးစားမှုတွေကို အဓိက ၀ိုင်း ၀န်းကူညီပေးတဲ့သူကတော့ ရွာကလေး က ချက်ကြီးဆိုတဲ့ ပန်းပုဆရာပဲ ဖြစ်ပါတယ်။ သူက ရိုးသားဖြောင့်မတ်ပေမယ့် အမြဲ ခွတီးခွကျနဲ့ ဂျစ်ကန်ကန် နိုင်လှသူပါ။
ညီမဖြစ်သူ အေးချစ်နဲ့ မောင်နှမ နှစ်ယောက်အတူနေထိုင်ကြပြီး ရပ်ရွာ ကောင်းကျိုးအတွက် လိုအပ်တာ မှန်သမျှ အားတက်သရော ပါဝင် လုပ်ဆောင် ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက် ရောက်လာတဲ့အခါမှာတော့ မပြန်ဖြစ် တာကြာပြီဖြစ်တဲ့ မိဘများဆီ အလည် ခဏပြန်သွားတဲ့ ကျောင်းဆရာလေး ခမျာ မိခင်ဆုံးပါးသွားတာကြောင့် ဖခင်အို တစ်ယောက်တည်း ထားခဲ့ဖို့ အခက်တွေ့ရပါတော့တယ်။

ဖခင်ဖြစ်သူ ကလည်း မိခင်ခေါင်းချတဲ့ နေရာကနေ မခွာချင်သလို ရွာက တပည့်တွေရဲ့ ပညာရေးအတွက် ပူပန်တဲ့စိတ်က တစ်ဖက်နဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို ကျောင်းဆရာလေး စောကျော်အေး ဘယ်လိုဖြေရှင်းဖြတ်ကျော်သလဲ ဆိုတာကို ပိတ်ကားပေါ်မှာပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။
ဒီဇာတ်ကားမှာ ကျောင်းဆရာ စော ကျော်အေးအဖြစ် ရီမြင့်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ မိတ်ဆက်ပေးတဲ့ သရုပ်ဆောင်သစ် နောင်နောင်ဖြစ်ပြီး မဟုတ် မခံစိတ်ဓာတ်ရှိပြီး ရိုးသားဖြောင့်မတ်သူ ချက်ကြီးအဖြစ် အကယ်ဒမီ လူမင်း၊ သူ့ ရဲ့ညီမ ရွာခံအပျိုချောအဖြစ် သရုပ်ဆောင် ထားသူကတော့ မယ်လိုဒီ ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ညွန့်ဝင်း၊ မော့စ်၊ မျိုးသန္တာထွန်းနဲ့ သရုပ်ဆောင်ပေါင်းများစွာ လည်း ပါဝင် ထားကြပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး နက်နဲတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်လည်း စိတ်ဝင်စားမှုရှိတဲ့ ဒီဇာတ်ကားကို ၂၀၁၂ နိုဝင်ဘာလမှာ ရုံတင်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ပေး ထားသူကတော့ ဒါရိုက်တာ ထွန်း အောင်ဇော်ဖြစ်ပြီး  ဇာတ်လမ်း ပန်းချီ မိုးကြိုး၊ ဇာတ်ညွှန်းကတော့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်းတို့ဖြစ်ပါတယ်။
မြတ်ပန်းရှင် (မောက္ခသတင်း)

ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်းအား ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်ပွဲကျင်းပ


ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်း
အား ရက္ခိတမျိုးစောင့်ဆု ချီးမြှင့်ပွဲ
သည့် အခမ်းအနားကို ကျင်းပ ယနေ့
မွန်းလွဲ နှစ်နာရီခန့်တွင် စစ်တွေမြို့

 စေတနာမိုး လက်ဖက်ရည်ဆိုင်တွင် ကျင်းပရာ ရခိုင်စာပေအသိုင်းအ၀ိုင်း နှင့် စစ်တွေဒေသခံ အလွာစုံတို့မှ လူပေါင်းကိုးဆယ်ကျော် တက်ရောက်ခဲ့ကြသည်။

လူငယ်ဘ၀ ရခိုင်လွတ်မြောက်ရေး မြေအောက်လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့သည့် အငြိမ်းစား မြို့နယ်ပညာရေးမှူး ဆရာကြီး (ဦး) မောင်ဗသိန်း ၏ ဘ၀ တစ်သက်တာတွင် ဆောင်ရွက်ခဲ့သည့် အောက်ပါ ဆောင်ရွက် ပြီးမြောက်မှု များကြောင့် ဆုချီးမြှင့်ရခြင်းဖြစ်သည် ဟု ဆုချီးမြှင့်လွှာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

============

ရခိုင်သမိုင်းသုတေသီ ပညာရှင် ဆရာကြီး (ဦး)မောင်ဗသိန်း သည် .
၁။ ဘုံဘောက်သာကျော်အမည်ဖြင့် စာတမ်းပြုစု တင်ပြကာ (၁၉၉၀) ရွေးကောက်ပွဲတွင် စစ်တကောင်း ဘင်္ဂါလီများက “ရိုဟင်ဂျာ” အမည်ဖြင့် ၀င်ရောက်အရွေးခံမည့် အန္တရာယ်အား ကာကွယ်နိုင် ခဲ့ခြင်း။

၂။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ၏ ဘူးသီးတောင်-မောင်တော ဒေသမှ မူဆလင်များအား “ရိုဟင်ဂျာ” လူမျိုး ဟု ဖောပြခဲ့သည်ကို ရခိုင်မျိုးချစ်များ နှင့် လက်တွဲကာ သမိုင်းအထောက်အထားများ ခိုင်ခိုင်လုံလုံဖြင့် ပြန်လည်ချေပရှင်းလင်းခဲ့၍ ဒေါက်တာသန်းထွန်း၏ အမှားဝန်ခံချက်ကို ရယူနိုင်ခဲ့ခြင်းကြောင့် ဖြေရှင်းရခက်ခဲမည့် သမိုင်းအန္တရာယ်ဆိုး တစ်ခုကို ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်း။

၃။ “လူ့အခွင့်အရေးအရေခြုံ ရိဟင်ဂျာအမည်ခံ စစ်တကောင်းနွယ်ဝင် ဘင်္ဂါလီတို့၏ နယ်သစ်ချဲ့ထွင်ရေး သမိုင်းလိမ်ကို ဝေဖန်ခြင်း” စာအုပ်ကို ရေးသားပြုစုပြီး (၁၉၉၀) နောက်ပိုင်းမှစ၍ နိုင်ငံတကာ မျက်နှာစာတွင် သမိုင်းလိမ်များဖြင့် ၀င်ရောက်ထိုးဖောက် နေရာယူလာကြသည့် ရိုဟင်ဂျာအမည်ခံများ၏ သရုပ်မှန်ကို ဖွင့်လှစ် ပြသနိုင်ခဲ့ခြင်း။

၎။ “ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နယ် နှင့် စစ်တကောင်းသား ဘင်္ဂါလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု” စာတမ်းကြီးကို ပြုစုပြီး ကြိုတင်ဖြန့်ချိထားနိုင်ခဲ့သောကြောင့် လက်ရှိပဋိပက္ခဖြစ်ပွားလာသောအခါ ရခိုင်ခေါင်းဆောင်များသည် ခိုင်မာသော သမိုင်းအထောက်အထားများကို အဆင်သင့်ရရှိခဲ့ရုံမျှမက မိမိတို့၏ ပကတိ အခြေအနေမှန်ကို တူညီသောအမြင်ဖြင့် တစ်သံတည်းထွက်လာနိုင်ခဲ့ခြင်း။

၅။ ရခိုင်စာပေ ဖော်ထုတ်ထိန်းသိမ်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်လာခဲ့ပြီး အပြောအခြေပြု ရခိုင်စာပေ ခရီးလမ်းကို ပေါ်ပေါက်စေခဲ့ခြင်း။

ထိုသို့ ဆရာကြီး၏ ဘ၀တစ်လျှောက်လုံးဆောင်ရွက်ခဲ့သော အမျိုးသားရေး အကျိုးပြုစွမ်းဆောင်ချက်များသည် ရခိုင်ပြည်-ရခိုင်လူမျိုး ထာဝရ ရပ်တည်ရှင်သန် နိုင်ရေးအတွက် ကြီးမားသော အကျိုးတရားများဖြင့် ထိရောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့သောကြောင့် “ဆရာကြီး ဦးမောင်ဗသိန်း” အား ရခိုင်မျိုးစောင့် ပုဂ္ဂိုလ်ကြီး အဖြစ်ဖြင့် ဤ “ရက္ခိတမျိုးစောင်ဆု” ကို ငွေသား အမေရိကန်ဒေါ်လာ (၁၀၀၀) နှင့်အတူ ချီးမြှင့် ဂုဏ်ပြုအပ်ပါသည်။

( Coral Arakan News )

၂၀၁၁ ခုနှစ်မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ဆုရရှိသူများစာရင်း


၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး
 မြန်မာ့ရုပ်ရှင် ဓာတ်ပုံဆုကို ဦးတင့်ဆန်းမှ
 ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားဖြင့်
 ရရှိခဲ့သည်။



၂။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တည်းဖြတ်ဆုကို ဟိန်းထက် (လယ်ဝေး) မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၃။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တေးဂီတဆုကို ဇော်မျိုးထွဋ် မှ ထာဝရအလင်းတန်း များ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၎။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် အသံဆုကို ဆန်းဦးမှ ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ် ကားဖြင့် ရရှိခဲ့သည်။

၅။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို မော့စ် မှ ထာဝရအလင်းတန်း ရုပ်ရှင် ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၆။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ချစ်စနိုးဦး မှ ရင်ကွဲနာ ရုပ်ရှင်ဇာတ် ကား
ဖြင့် ရရှိခဲ့သည်။

၇။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု ကို မြင့်ဆောင် နှင့် စိုးကျော်ဆန်း တို့မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၈။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကို နောင်နောင် မှ ထာဝရအလင်း တန်း များ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၉။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု ကို ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး မှ ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၀။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို မယ်လိုဒီမှ ထာဝရအလင်းတန်း များ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၁၁။ ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ဦးထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂၀၁၁ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအခမ်းနားကို ရန်ကုန်မြို့ သုဝဏမိုးလုံလေလုံခန်းမတွင်ကျင်းပခဲ့ပြီး ၇နာရီ ၀၀မိနစ်တွင် ဆုပေးပွဲပြီးဆုံးပြီဖြစ်ပြီး ပန်းကြာဝတ်မှုံဇာတ်ကားဖြင့် နှစ်ဆု၊ ရင်ကွဲနာဇာတ်ကားဖြင့် တစ်ဆု၊ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် ၈ဆု စုစုပေါင်း ၁၁ဆုပေးအပ်ခဲ့သည်။















Saturday 29 December 2012

၂၀၁၂ နိုင်ငံရေးကို ပြန်သုံးသပ်မိခြင်း

၂၀၁၂ ခုနှစ်မှာ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်က သမိုင်းဝင်ပါ။ (ဓာတ်ပုံ- White House)
၂၀၁၂ ခုနှစ် ကုန်လွန်ပါတော့မယ်။ ဒီ ၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့ မြန်မာကို ကမ္ဘာက ပြန် ပြီး သတိထားမိတဲ့ အစပျိုးတဲ့နှစ်ဖြစ်ပါတယ်။
၂၀၁၂ ကို စတင် ချည်းနင်း ၀င်ရောက်လာတာနဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့် ပြုနိုင်ရေး အတွက် မင်းကိုနိုင်၊ ကိုကို ကြီး အစရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ် ပေးလိုက်ပြီး နယ်စပ်ဒေသတွေမှာ ရှိတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် ပြန်လည် အစ ပျိုးထိတွေ့ ဆွေးနွေးမှုတွေ ရှိလာခဲ့တယ်။
ဒီ့အပြင် ဧပြီလ ၁ ရက်နေ့မှာ ပြန်လည် မှတ်ပုံတင်ခွင့် ရပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှူး မဲဆန္ဒနယ်က ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ၀င်ရောက်ရွေးချယ်ခံခွင့်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဦးသိန်းစိန် အစိုးရ က ကျင်းပခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နယ်မြေ ၄၄ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၄၃ နေရာနဲ့ အပြတ်အသတ် အနိုင်ရလိုက်ပြန်တယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ တနေရာမှ မရခဲ့ဘူး။
အဲဒီလို ဖြစ်ရပ်က ကြံ့ခိုင်ရေးပါတီအတွက် ထိတ်လန့်မှုတွေဖြစ်သွားခဲ့ပြီး ပါတီ ပြုပြင်ပြောင်းလဲရေးတွေအတွက် အလျင်အ မြန်  စီစဉ်မှုတွေလုပ်လာသလို လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပြိုင်ဘက် NLD ကို ဘယ်လို ယှဉ်ပြိုင်သွားရမ လဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်လာစေခဲ့ပါတယ်။
NLD လွှတ်တော်ထဲရောက်လာခြင်းနဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မြှင့် ထိတွေ့ ဆက်ဆံလာတာတွေဟာ သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားလို့ အမည်တပ်ခံခဲ့ရသလို နိုင်ငံတကာက ယုံကြည်မှု ခြေလှမ်းတွေ အစပျိုးလာစေခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ် နှစ်ပေါင်းများစွာနေလာခဲ့ပြီး လွှတ်တော်အမတ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်လဲ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ရောက်ဖို့ ပြည်ပခရီးစဉ် ပထမဆုံး ထွက်လာခွင့်ရပြီး နိုင်ငံတကာနဲ့ ပြန်လည် ထိတွေဆက်ဆံခွင့် ရခဲ့ပါတယ်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် အလွန်အကျွံ အကောင်းမြင်တာတွေ ကို သတိပေးစကားဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့လည်း တာဝန်သိတဲ့ လူ့အခွင့်အရေး လေးစား တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်တယ်လို့ နိုင်ငံတကာကို သတင်းစကားပါးလိုက်တာကတော့ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့အတွက် စိတ်ကသိကအောင့်ဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ခိုင်မာတဲ့ ယုံကြည်မှု တစုံတရာ မရသေးပေမယ့် အချိန် တိုအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ ပြောင်းလဲတိုးတက်မှုတွေက နိုင်ငံတကာကိုလည်း အံ့အားသင့် စေခဲ့ပါတယ်။
မမျှော်လင့်တဲ့ ပြဿနာ တခုကတော့ ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ မသီတာထွေး အမှုက စ၊ အစ္စလမ် ၁၀ ဦး အသတ်ခံလိုက်ရတာအလယ် ရခိုင်ပြည်နယ်တခွင်လုံး အုပ်စုချင်းတိုက်ခိုက်ကြတဲ့ ပဋိပက္ခတွေနဲ့ အရိပ်မည်းကြီး တခု အသွင် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်ကို ရိုက်ခတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေ အပါအ၀င် ဥရောပ ခရီးစဉ်နဲ့ တိုက်ဆိုင်နေတာ သတိထားမိပါတယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာလည်း ရခိုင်ပဋိပက္ခနဲ့ပတ်သက်တဲ့ အထူးသဖြင့် ဘင်္ဂါလီ (၄င်းတို့ အဆို ရိုဟင်ဂျာ)တွေနဲ့ပတ်သက်တဲ့ မေးခွန်းများစွာကို နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ရင်ဆိုင်ခဲ့ရပါတယ်။
အရုပ်ဆိုးတဲ့ နောက်ဖြစ်ရပ်က ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပေါ်လာမှုပါ။ ဒုက္ခသည်အရေအတွက်တွေ များပြားလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါကြောင့် ကချင်အရေး မေးခွန်းတွေလည်း ဥရောပခရီးစဉ်တလျှောက် ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။
တကယ်တော့ မြန်မာအစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းချက်တွေကြောင့် ရခိုင်ပြဿနာဟာ ကြီးထွားလာကာ သတင်းတွေဆိုအရ ၂ ကြိမ်တိုင် တိုက်ခိုက်မှုဖြစ်စဉ်  ပဋိပက္ခတွေမှာ လူပေါင်း ၁၀၀ ကျော် သေဆုံး ပြီး သိန်းချီတဲ့ လူတွေ အိုးအိမ်အခြေမဲ့ ဖြစ်ခဲ့ရပါတယ်။ ပဋိပက္ခရဲ့ ရိုက်ခတ်မှုကြောင့် ဆန္ဒပြမှုတွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေ ပေါ်ထွက်ခဲ့ပါတယ်။
ရခိုင်အရေး စုံစမ်းရေး ကော်မရှင်ကိုတော့ သမ္မတ ဦးသိန်းစိန်က နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်တွေပါဝင်စေပြီး ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ မှာ ကော်မရှင်အနေနဲ့ သမ္မတဆီ တရားဝင် အစီရင်ခံစာ တင်ရတော့မှာပါ။ ဒါပေမဲ့ နှစ်ဘက်စလုံးမှာ နောက်ကွယ်က သွေးထိုးသူတွေရှိတယ်လို့ နယ်စပ်ရေးရာဝန်ကြီးက ပြောခဲ့ဖူးပါတယ်။
ကချင်ပြည်နယ်စစ်ပွဲတွေမှာတော့ သမ္မတဦးသိန်းစိန်က အပစ်အခတ်ရပ်ဆဲဖို့ မြန်မာစစ်တပ်ကို အမိန့်ပေးခဲ့ပေမယ့် အောင်မြင်မှု မရှိတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း ယခုထိ ရှေ့တိုးဆောင်ရွက်ဖို့ အားနည်းနေခဲ့ရတာပါ။
ရခိုင်ပြည်နယ် ပဋိပက္ခ၊ ကချင်ပြည်နယ် စစ်ပွဲတွေနဲ့ တဆက်တည်းဆိုသလို လွတ်လပ်ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ စစ် အာဏာရှင် လက်အောက် နေလာခဲ့ရလို့ မြိုသိပ်ထားမှုတွေအတွက် ဆန္ဒပြမှုတွေ၊ မကျေနပ် မှုတွေကို ထုတ်ဖော်မှုတွေ ကလည်း ၂၀၁၂ ခုနှစ်မှာ ထင်ရှားလာပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုရုံးဆန္ဒဖော်ထုတ်ခွင့်နဲ့ လွတ်လပ်စွာ သတင်းရေးသား ခွင့်တွေနဲ့ ပတ်သက်ပြီး အထိုက်အလျှောက် ရှိလာပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်မှုတွေ ၂၀၁၂ ခုနှစ်အတွင်း ရှိလာခဲ့ပါတယ်။ ဒါကလည်း အသွင်ကူးပြောင်းရေး ကာလတခုကို ဖြတ်သန်းနေရတဲ့ နိုင်ငံတိုင်းမှာ ကြုံတွေရသလို မြန်မာနိုင်ငံမှာလည်း ဖြစ် ပေါ်လာတာပါ။
၂၀၁၂ ခုနှစ်အတွင်းမှာ လွတ်လပ်စွာ စုဝေး ဆန္ဒဖော်ထုတ်ခွင့်အစပြုကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအဆုံး အတိုင်းအတာ တခုအထိ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ ဦးသိန်းစိန်အစိုးရဟာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး ဖော်ဆောင်နိုင်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ဦးဆောင်သူအဖြစ် သမ္မတ ဦးသိန်းစိန်က နေရာယူထားပြီး အဲဒီအပြောင်းအလဲကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပ သမဂ္ဂနိုင်ငံတွေအပါအ၀င် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေရရှိလာပြီး နိုင်ငံချင်း ဆက်ဆံရေးတွေလည်း ပြန်လည် အစပျိုး အရှိန်မြှင့်ကြပါတယ်။
၂၀၁၂ ခုနှစ်အတွင်းမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ပြည်ပရောက် မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော် အမတ်တွေလည်း ပြည်ပခရီးစဉ်တွေ ထွက်ခဲ့ကြပြီး တခြား ပြည်တွင်း မြန်မာ့အတိုက်အခံတွေအပြင် ပြည်ပ မြန်မာ့ မီဒီယာ လောကသားတွေလည်း မြန်မာနိုင်ငံကို ၀င်ထွက်မှုတွေ များပြားခဲ့ပါတယ်။
ဒါကြောင့်ဘဲ ပြည်ပ မြန်မာ့ မီဒီယာ အကုန်နီးပါးလောက်ဟာ မြန်မာနိုင်ငံတွင်းမှာ အခြေစိုက် လုပ်ပိုင်ခွင့်တွေရလာခဲ့ပြီး တချိန်က စာပေကင်ပေတိုင်လို့ခေါ်တဲ့ နှစ်ပေါင်း ၆၀ နီးပါး မြန်မာမီဒီယာလောကကို ထိမ်းချုပ်ထားခဲ့တဲ့ ဆင်ဆာ ဘုတ်အဖွဲ့ လည်း ဖျက်သိမ်းပြီးနောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် တစုံတရာ ရလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ သီးခြားစီ သွားခဲ့ကြတဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ မြန်မာခေါင်းဆောင် ၂ ဦးရဲ့ သိသာတဲ့ နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာ- အမေရိကန် ဆက်ဆံ ရေးကို အဓိက အားဖြည့်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ဘဲ ၂၀၁၂ ခုနှစ်ထဲမှာ နိုင်ငံတကာ ခေါင်းဆောင်တွေ မြန်မာနိုင်ငံနဲ့ ချောင်းပေါက်အောင် အလာအများဆုံးဖြစ်ခဲ့ပါ တယ်။ ဒီအထဲမှာ အထူးခြားဆုံးနဲ့ အထင်ကရဖြစ်တဲ့ဖြစ်စဉ်ကတော့ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ပါဘဲ။
အမေရိကန်က သံတမန်ဆက်ဆံမှုမှာ သံအမတ်ပြန်လည်ခန့်အပ်ခဲ့ပြီး နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေး ယူမှုတွေထဲက တော်တော်များများကို ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း အို ဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာ- အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်အခြေအနေပြန်ဖြစ်တာကို ပြသလိုက် တာ ဖြစ်ပါတယ်။
အိုဘားမား ခရီးစဉ်ပြီးနောက်ပိုင်း နောက်ထပ် မမျှော်လင့်ဘဲ အကျည်းတန်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်ကတော့ တရုတ် ၀မ် ပေါင်နဲ့ မြန်မာ ဦးပိုင်ကုမ္ပဏီတို့ရဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုတွေပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြေရှင်းခဲ့တာပါ။ ဒီကိစ္စအတွက်လည်း လက်ပံတောင်း ကော်မရှင်ကို ထပ်မံဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကော်မရှင် ဥက္ကဌ ဖြစ်လာပါတယ်။
သမ္မတ ဦးသိန်းစိန် ၂၀၁၂ ခုနှစ် နှစ်ချုပ်မိန့်ခွန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောခဲ့ရာမှာ အဓိက အားဖြင့် မြန်မာ နိုင် ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အပေါ်ယံပိုင်းသာ သက်ရောက်မှု ရှိနေပြီး အောက်ခြေအထိသက်ရောက်မှု မရှိသေးတာကို ဝန်ခံသွားပါတယ်။
အစိုးရရဲ့ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုအားနည်းတာ၊ အောက်ခြေ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးကောက် ပွဲ ပြဿနာတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ကြိုးပမ်းနေဆဲ အခြေအနေတွေကို ခြုံငုံပြီး ပြောဆိုသွားပါတယ်။
ဒီမိုကရေစီတည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို နိုင်ငံသားအားလုံးက တာဝန်သိသိ ကြိုးပမ်းလုပ်ဆောင် သွားကြဖို့ တိုက်တွန်းပြီး အထူးသဖြင့်တော့ အောက်ခြေ၀န်ထမ်းတွေရဲ့ အကျင့်ပျက် ခြစား လာဘ်ပေးလာဘ်ယူမှုတွေကို သတိပေးစကားဆိုသွားခဲ့ပါတယ်။
တကယ်တော့ လာဘ်ပေးလာဘ်ယူမှုတွေဟာ ဟိုးအောက်ခြေ အာဏာပိုင်ကအစပြုလို့ ၀န်ကြီး ၀န်ကလေး၊ ဌာနဆိုင်ရာ အဆင့် အဆင့် အကြီးအကဲ တာဝန်ယူနေကြသူတွေအထိ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေတယ်ဆိုတာတော့ အားလုံး အသိဘဲ ဖြစ်မှာပါ။
၂၀၁၂ ခုနှစ် ကုန်လွန်တော့မှာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ၂၀၀ ကျော် လောက် ကျန်ရှိနေသေးပြီး အမှုရင်ဆိုင်နေရဆဲ ၂၀၀ ၀န်းကျင်ရှိနေပါတယ်။ ကချင်ပြည်နယ်က စစ်ပွဲတွေမှာ အစိုးရ စစ်တပ်က လေယာဉ်အသုံးပြုတိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ဒုက္စသည်များ တိုးပွားလာမှုတွေက နောက်နှစ်သစ်ကို ဆက်လက် ခေါ်ဆောင်သွားမယ့် ဖြစ်စဉ်တွေပါ။
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စိန်ခေါ်မှုတွေ အပြည့်နဲ့  မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ငြိမ်းချမ်းရေး အိပ်မက်တွေကတော့ အသက်ဝင်လာစေဖို့ ပါဝင်ပတ်သက်သူတိုင်းက ကျရာနေရာက တွန်းတွန်းတိုက်တိုက်လုပ်နိုင်မှ အကောင်အထည်ပေါ်နိုင်မှာပါ။ ၂၀၁၂ ခုနှစ်ဟာ အကောင်း အဆိုးတွေနဲ့ အပြောင်းအလဲတွေများတဲ့ နှစ်တခု ဖြစ်ပြီး လာမယ့် နှစ်သစ် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံသားအားလုံး လိုလား တောင်းတတဲ့ နိုင်ငံတခုအဖြစ်သို့ရောက်စေရေးအတွက် အကောင်းမြင်လည်း မဟုတ်၊ အဆိုးမြင်လည်း မဟုတ်၊ အရှိမြင် သက်သက်ဖြင့် ရေးသားတင်ပြလိုက်ပါတယ်။
irrawaddy

Speeches of Aung San Suu Kyi and Aung Min at NLD Education Fundraising

Speeches of Aung San Suu Kyi and Aung Min at NLD Education Fundraising

၂၀၁၂ နှစ်မကုန်မီ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့အစိုးရ စစ်တပ်များ အပြင်းအထန် ထိုးစစ်ဆင်

 ၂၀၁၂ နှစ်မကုန်မီ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့အစိုးရ စစ်တပ်များ အပြင်းအထန် ထိုးစစ်ဆင်
မိုးမခအထောက်တော် ၀၀၆၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
အများပြည်သူတို့ ခရစ်စမတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက် မိသားစုများ မိတ်ဆွေများ တွေ့ဆုံအနားယူကြချိန် ရက်သတ္တပတ်မှ စတင်ပြီး ကြံ့ဖွံွှ့အစိုးရ၏ လက်နက်ကိုင် စစ်တပ်များက ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်ပြီး တိုက်ခိုက်လျက်ရှိသည်။
ပြည်ပနိုင်ငံအချို့က စစ်လက်နက်များ၊ စစ်အထောက်အကူပစ္စည်းများ ၀ယ်ယူလက်ခံရရှိသည့်သတင်းများ ထွက်ပေါ်ပြီး မကြာမီမှာပင် စစ်လေယျာဉ်များ၊ ရဟတ်ယာဉ်များ အများအပြားသုံးပြီး ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် ဒေသအသီးသီးကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ လက်နက်မဲ့သည့် ဒေသခံပြည်သူများ သေကြေပျက်စီးခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီပြီး ဒုက္ခသည်စခန်းများ တောတွင်းဒေသများ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးလျက်ရှိသည်။
စစ်ရေးအရ ကချင်ပြည်သူများကို ဖိနှိပ်နေခြင်းအပြင် ကချင်သတင်းဝက်ဆိုက်အချို့ကိုလည်း အင်တာနက်နည်းပညာများဖြင့် တိုက်ခိုက်ခြင်းခံရကြောင်း၊ ကချင်သတင်း (KachinNews.com)  အချိန်အတော်ကြာ ဒေါင်းသွားသည်ဟု ကချင်အရေးလှုံ့ဆော်သူတဦးက မိုးမခကို ပြောသည်။
Kachin Land News ၀က်ဆိုက်တွင် စစ်ပွဲအခြေအနေကို အောက်ပါအတိုင်း ရေးသားထားသည်။
(KachinLandNews.Com) လဂျားယန်ကိုလေကြောင်းမှထိုးစစ်ဆင်
၂၈  ဒီဇင်ဘာ ၂၀၁၂
မြန်မာအစိုးရစစ်တပ်သည် ကေအိုင်အို ဌာနချုပ်နှင့် ၆ မိုင်ခန့်သာဝေးသော လဂျားယန်ကျေးရွာသို့ လေကြောင်းမှ တိုက်စစ်ဆင်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်ကပင် ယင်းနေရာတွင် လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်ခဲ့ပြီး နံနက်ပိုင်း ၉ နာရီခွဲတွင် လေယဉ်ပြန်ဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည်။  ရဟတ်ယဉ် နှစ်စီးတခါ၊ သုံးစီးတခါပျံပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လိုင်ဇာမြို့သားများက ရဟတ်ယဉ်များကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ပြီး သေနတ်သံများကိုလည်း အတိုင်းတားကြားခဲ့ရသည်။ အစိုးရသည် နှစ်ကုန်ပိုင်းတွင် လေကြောင်းထိုးစစ်ဆင်မူများကို တိုးမြင့်အသုံးပြုလျက်ရှိသည်။ နားလုံတွင် မြန်မာအစိုးရစစ်တပ် အင်အား ၅၀၀ ခန့်နှင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လဂျားယန်၊ လိုင်ဇာကို အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ဒီဇင်ဘာလ ကတည်းက လုပ်ဆောင်နေသည်။
“ လေကြောင်းက ပစ်တာ ခါးလောက်ရှိတဲ့သစ်လုံးတွေတောင်ပျက်ကျတယ် ” ဟု ကေအိုင်အေ ရှေ့တန်းမှ အရာရှိတဦးက ဆိုသည်။
ကချင်ပြည်နယ်ဒေသတွင် ပြည်တွင်းစစ်မီးတောက်လောက်နေချိန်အတွင်း မြေပြန့်နှင့် အခြားတိုင်းဒေသများက ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး လှုံဆော်မှုများ၊ စစ်ပွဲရပ်စဲရေး တောင်းဆိုမှုများ မကြာမီ ပေါ်ထွက်လာပြီး လက်ရှိအစိုးရကို ကန့်ကွက်ကြလိမ့်မည် မျှော်လင့်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတဦးက ပြောဆိုသည်။ ၎င်းက ၂၀၁၃ နှစ်ဆန်းတွင် ကချင်ပြည်နယ် စစ်ပွဲများ ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆုတောင်းလှုပ်ရှားမှုများ ပြုလုပ်ရန် ရန်ကုန်မြို့တွင် စီစဉ်နေကြောင်း ပြောကြားသည်။
(Photo Credit -http://www.facebook.com/myu.shayi.3 )
မိုးမခ

ဝက်ခြံအမာရွတ် သက်သာစေမည့် အရေပြား ထိန်းသိမ်းနည်း




ဝက်ခြံဟာ ဆယ်ကျော်သက် အရွယ်တွေ အတွက် စိတ် အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးနဲ့ အဖြစ်များဆုံး အရေပြား ပြဿနာပါ။ အရေပြား မွေးညင်းပေါက်တွေ ပိတ်ရာက ကူးစက်ပိုးတွေ ဝင်ပြီး ဝက်ခြံ ပေါက်လေ့ ရှိပါတယ်။ ဝက်ခြံပေါက်တဲ့ အခါမှာ ဆေး ကုသမှုကြောင့်ပဲ ဖြစ်ဖြစ်၊ အလိုလိုပဲဖြစ်ဖြစ် ပျောက်သွား တတ်ပေမယ့် အမာရွတ်ကတော့ ထင်ကျန်ရစ် ခဲ့တတ်ပါတယ်။ 
ဝက်ခြံ အမာရွတ် ထင်တာကလည်း အလှအပကို မှေးမှိန် စေတဲ့ အရာပဲ ဖြစ်တာကြောင့် ဝက်ခြံအမာရွတ် ပျောက်အောင် လုပ်ဆောင် ပေးနိုင်မယ့် သဘာဝ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။ 
(၁) ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့ရာ အတွက် သံပရာရည် ဒါမှမဟုတ် ရှောက်ရည်ဟာ သဘာဝကျတဲ့ ကုသနည်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပြီး အချိန် ၁ဝ မိနစ်လောက် ထားကာ ရေအေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ သံပရာရည်၊ ရှောက်ရည်ဟာ သဘာဝ သန့်စင် ဆေးရည်ဖြစ်ပြီး အရေပြားကို ချောမွေ့ကာ အမာရွတ် လျော့ပါး သွားစေပါတယ်။ 
(၂) သံလွင်ဆီကို မျက်နှာပြင်ပေါ် ပါးပါးလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ် ပေးရင် အစက်အပြောက်ကင်းတဲ့ အသားအရေကို ရရှိစေပါတယ်။ 
(၃) ခရမ်းချဉ်သီးမှာ ဗီတာမင်အေနဲ့ တခြား အင်တီအောက်ဆီးဒင့် တွေ ပေါများစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ဝက်ခြံ အမာရွတ်တွေပေါ် ကပ်ပေးတာက အနာကျက်နှုန်း မြန်စေပါတယ်။ 
(၄) မျက်နှာပြင်ပေါ်ကို ရေခဲ တုံးလေးတွေ ကပ်ပေးတာက ချွေးပေါက် ကျဉ်းစေပြီး အရေပြားကို ချောမွတ် ညက်ညော စေပါတယ်။ 
(၅) စန္ဒကူးမှုန့်မှာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။ စန္ဒကူးမှုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ကာ ပျက်စီးနေတဲ့ အရေပြားပေါ် လိမ်းပေးပါက ကူးစက်ပိုး ဝင်နေတာတွေ သက်သာ စေပါတယ်။ 
(၆) ပျားရည်မှာ ဆေးဖက်ဝင် အာနိသင် များစွာ ရှိပါတယ်။ ပျားရည်နဲ့ သံလွင်ဆီကို ရောပြီး အရေပြားပေါ်မှာ လိမ်းကာ ပေါင်းတင်ပေးပါက အမာရွတ်တွေကို လျော့ပါး သွားစေပါတယ်။ 
ကြယ်စင်
Source by :GOOD HEALTH

အုပ်စုလိုက် စော်ကားခံရတဲ့ အိန္ဒိယဆေးကျောင်းသူ သေဆုံး


အိန္ဒိယနိုင်ငံကမတရားအပြုကျင့်ခံရပြီးအမျိုးသမီးလေးအတွက် ဆုတောင်းနေစဉ်မှာပဲ ဆေးကုသခံနေတဲ့အမျိုးသမီးလေးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ ဆေးရုံက သတင်း ထုတ်ပြန်ပါတယ်။ ( ဒီဇင်ဘာ ၂၉၊ 
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တော်မှာလူစုလူဝေးနဲ့အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ဟာ ဆေးကုသမှုခံယူနေတဲ့စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။အသက်၂၃ နှစ်အရွယ် ဆေးကျောင်းသူဟာ စနေနေ့မနက်ပိုင်းကငြိမ်းငြိမ်းချမ်းချမ်းပဲကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူနိုင်ငံMountElizabeth ဆေးရုံရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အထူးပြုလုပ်ထားတဲ့ အသက်ရှုအထောက်အပံ့အမြင့်ဆုံး၊အကောင်းဆုံးပဋိဇီဝ ဆေးဝါးတွေ၊ ရောဂါပိုးဝင်ရောက်တာကို ရင်ဆိုင်နိုင်စေမယ့်ခွန်အားပြည့်ဆေးတွေနဲ့ဆရာဝန်တွေကအစွမ်းကုန် ကြိုးစားခဲ့တယ်လို့MountElizabeth ဆေးရုံအမှုဆောင် အရာရှိချုပ် ဒေါက်တာကယ်ဗင်န်လို(KevinLoh)က ပြောပါတယ်။

အမည်ထုတ်ဖော်ပြောမထားတဲ့ရဲ့မိသားစုဝင်တွေသူ့ဘေးနားမှာ ရှိနေကြတယ်လို့လည်း ဒေါက်တာလိုက ပြောပါတယ်။ အမျိုးသမီးငယ်ဟာဒီဇင်ဘာလ၁၆ရက်နေ့ကနယူးဒေလီမြို့တော်မှာအမျိုးသားအဖော်တဦးနဲ့အတူ ဘတ်စ်ကားနဲ့ခရီးသွား နေချိန်ကားပေါ်ပါလာတဲ့တခြားအမျိုးသားအုပ်စုတစုကသူတို့နှစ်ယောက်စလုံးကို သံတုတ်နဲ့ရိုက်၊အမျိုးသမီးငယ်ကိုမုဒိန်းကျင့်ပြီးဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့တာပါ။

မုဒိန်းကျင့်ပြီးလူသတ်ဖို့ကြိုးစားခဲ့မှုနဲ့စွပ်စွဲပြီးတော့သံသယရှိသူ ခြောက်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။သူ့ကိုဗုဒ္ဓဟူးနေ့မှာအိန္ဒိယကနေစင်္ကာပူနိုင်ငံဆီ လေကြောင်းခရီးနဲ့ ပို့ခဲ့တာဖြစ်ပြီးအဲဒီလုပ်ရပ်အပေါ်အိန္ဒိယမှာရှိတဲ့ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ရခိုင်စက်လှေ အလုပ်သမားရှစ်ဦး ပျောက်ဆုံးနေမှု စက်လှေပိုင်ရှင်က ဖုံးကွယ်ထား


စစ်တွေသား ခြောက်ဦး နှင့် ကျောက်ဖြူ
သားနှစ်ဦးတို့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ
 (၂၁) ရက်နေ့တွင် စက်လှေလုပ်သားများ
အဖြစ် ကုန်သွယ်ခရီးသွားကြစဉ် ပျောက်

ဆုံးသွားကြပြီးနောက်၊ လူမပါသော စက်လှေပျက်ကိုတွေ့သော်လည်း စက်လှေပိုင်ရှင်က မည်သို့သော တာဝန်သိလုပ်ဆောင်မှုမျိုးကိုမှ လုပ်ဆောင်ဖြင်း မပြုဘဲ တိမ်းရှောင်နေ သည်ဟု ပျောက်ဆုံး ပုဂ္ဂိုလ်များ၏ မိသားစုဝင်များက Coral Arakan အား ပြောကြားသည်။

ကျောက်ဖြူမှ ဦးခင်သန်း (ဖုန်း - ၀၉၄၂၁၇၂၉၀၀၇) ပိုင်သော စက်လှေဖြင့် နွားများကိုတင်ဆောင်ပြီး ရခိုင်ပြည် ကျောက်ဖြူမြို့မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ မနက်ပိုင်းတွင် စတင်ထွက် ခဲ့ရာ၊ ထိုစက်လှေတွင်ပါရှိသွားသော လက်ကိုင်ဖုန်း နံပါတ် (၀၉၄၉၃၀၈၁၄၇) အား ထိုနေ့မွန်းလွဲ သုံးနာရီအချိန်မှ စ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

စက်လှေတွင်လိုက်ပါသွားသော စက်ဆရာ ဦးထွန်းဝင်း(၄၀-နှစ်)၏ ဇနီး ဒေါ်ခင်ခင်အေး က “သူက အဲဒီစက်လှေမှာ စက်ပြင်စရာရှိတယ် ဆိုပြီးတော့ ဒီလ ငါးရက်နေ့ကတည်းက ကျောက်ဖြူကို လိုက်သွားပြီး အဲဒီ စက်လှေကို ပြင်ဆင်နေတာ။ သူက ကျွန်မဆီကို အဲဒီဖုန်းနဲ့ ရောက်တဲ့နေရာကနေ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် လောက် ဖုန်းခေါ်နေကျ။

 ဒီဒုက္ခသည် စခန်းထဲမှာ တဆင့်ခေါ်ပေးမယ့် ဖုန်းရှိတယ်။ အဲဒီနေ့ သုံးနာရီက စပြီး ကျွန်မကို ဖုန်းမခေါ်တော့ဘူး။ ကျွန်မလည်း အဲဒီဖုန်းကို ခေါ်ကြည့်တာ ခေါ်လို့မရတော့ဘူး” ဟု Coral Arakan အား မျက်ရည်စမ်းစမ်းဖြင့် ပြောကြားသည်။

သားသမီးငါးယောက် မွေးဖွားထားသော ဒေါ်ခင်ခင်အေး နှင့် ဦးထွန်းဝင်းတို့မိသားစုမှာ ဇွန်လဘင်္ဂါလီဆူပူမှု မတိုင်မီ စက်ရုံစုရပ်ကွက် တွင် နေထိုင်ခဲ့ပြီး ဆူပူမှုကာလအတွင်း မီးလောင်မှုများအတွင်း ၄င်းတို့၏အိမ် လောင်ကျွမ်းသွားသဖြင့် ယခုအခါ ရဲနွယ်စုရပ်ကွက် (မိုးလေ၀သကွင်း) ဒုက္ခသည်စခန်း၏ အခန်းကျဉ်း လေးတစ်ခန်းတွင် နေထိုင်ကြရသည်။

စက်လှေနှင့် အဆက်အသွယ်ပြတ်သွားသည့်အတွက် စက်လှေတွင်လိုက်ပါသွားသူများက စုပေါင်းကာ သူ့ကို တစ်ပတ်ရိုက်သွားသည် ဟူသော သံသယဖြင့်၊ စက်လှေပိုင်ရှင် ဦးခင်သန်းက စက်ဆရာဦးထွန်းဝင်း၏ မိသားစုထံ လူလွှတ်စုံစမ်းခိုင်ခဲ့သေးသည်။ ၄င်း၏ မိသားစုကလည်း ဘာမှမသိပေ။

ပါက်တောမြို့နယ် စိုးမဲကျီကမ်းခြေ အနီးတစ်ဝိုက်တွင် စက်လှေတစ်စီး ကျောက်ဆောင်နှင့် ရိုက်မိကာမြုပ်သွားသည် ဟု သတင်းထွက်လာသဖြင့် စက်လှေပိုင်ရှင်က အခြားစက်လှေတစ်စီးလွှတ်ကာ စုံစမ်းခိုင်းရာ မိမိစက်လှေဖြစ်ကြောင်းတွေ့ရသည်ဟု ဆိုသည်။

ထိုစက်လှေပေါ်တွင် ပစ္စည်းများ(နွားများ) အသေကောင်အချို့ ပုပ်ပွကျန်နေခဲ့သည်ကို တွေ့ရသော်လည်း၊ စက်လှေအဖွဲ့သားများအား တစ်ယောက်မှ မတွေ့ရခဲ့ ဟု ဆိုသည်။ အလောင်းလည်းမရပေ။

“စိုးမဲကျီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စက်လှေပိုင်ရှင်ကို ပြောတယ်တဲ့။ စက်လှေကတော့ နစ်သွားတယ်၊ စက်လှေမမြုပ်ခင် စက်လှေပေါ် ပါလာတဲ့ လူတွေက အနားကဖြတ်သွားတဲ့ ငါးဖမ်းတန်ကဲ(စက်လှေကြီး) တစ်စီးပေါ်ကို တက်သွားတာတွေ့လိုက်တယ်လို့ ပြောတယ်တဲ့။

သူတို့ (ပိုင်ရှင် နှင့် သူ့လူများ)လည်း အနီးအနားကမ်းတွေပေါ်ကို တက်ပြီး တွေ့မလားလို့လိုက်ရှာခဲ့ သေးတယ်တဲ့။ မတွေ့ခဲ့ဘူးလို့ သူကပြောတယ်” ဟု မခင်ခင်အေးက Coral Arakan အား ဆက်လက်ရှင်းပြသည်။

စိုးမဲကျီအုပ်ချုပ်ရေးမှူးမှာ အနီးအနားရှိ တာဝန်ကျ ရေတပ်စစ်ရေယာဉ်မှူးများ၊ လုံခြုံရေးတာဝန်ကျ အရာရှိများကို အလွမ်းသင့်အောင် ပေါင်းသင်းတတ်သူ၊ တက်ကြွလှုပ်ရှားသူရခိုင်များ၏ သတင်း အတိုအစများကို အရာရှိများထံ မျက်နှာလို မျက်နှာရသွားပေးတတ်သူ ဟု အမည်သတင်းထွက်သည်။ သူ၏စကားကို ချင့်တွက် သဘောထားသင့်သည်ဟု ဒေသခံတစ်ဦးက Coral Arakan အား ပြောကြားသည်။

ကနဦးကောလဟာလများမှာ စက်လှေ ကျောက်ဆောင်နှင့် ရိုက်မိနစ်မြုပ်သွားခြင်းဖြစ်သည် ဟု ဆိုသော်လည်း၊ နောက်ထက်ထွက်လာသော ကောလဟာလများအရ ထိုစက်လှေမှာ ဘင်္ဂါလီစက်လှေများ၏ ၀ိုင်းဖွဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက်ကျမှ ဦးတည်ရာမဲ့မျောပါနေသော စက်လှေ မှာ ကျောက်ဆောင်နှင့် ရိုက်မိ နစ်မြုပ်သွားခြင်းဖြစ်သည် ဆိုသည့် သတင်းထွက်လာသည်။

စက်လှေတွေ့သည့် နေရာ နှင့် မိုင်အနည်းငယ် ၀န်းကျင်တွင် အိမ်ခြေထောင်ကျော်စီရှိကြသည့် ဆင်တက်မော် အစရှိသည့် ဘင်္ဂါလီ ရွာကြီး သုံးရွာရှိနေသည်။ ယင်းရွာသား ဘင်္ဂါလီများမှာ ရေကြောင်းကျွမ်းကျင်သည့် တံငါများဖြစ်ကြသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် သတင်းထွက်လာသည့်အခါကျမှ စစ်တွေမှ အလုပ်သမားများ၏ မိသားစုဝင် အချို့က ကျောက်ဖြူကို လိုက်လာပြီး ဤကိစ္စကိုမေးမြန်းစုံစမ်းလိုသည် ဟု ဆိုကြသည့်အခါ၊ စက်လှေပိုင်ရှင် ဦးခင်သန်းက လိုက်မလာရန် နှင့် လိုက်လာလျှင်လည်း သူ့ကို တွေ့မည်မဟုတ်ကြောင်း ဖြေကြားသည် ဟု ပျောက်ဆုံး အလုပ်သမား နိုင်နိုင်၏ ညီဖြစ်သူက Coral Arakan အား ပြောပြသည်။

လူပါ အလောင်းပါ စုပ်စမြုပ်စပျောက်နေသည့်ကိစ္စ နှင့် ပတ်သက်၍ စစ်တွေမြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန်ရှိသူ အချို့အား RNDP မြို့နယ်တာဝန်ခံအချို့က မေးမြန်းရာ၊ သူတို့လည်း ဘာမှ မသိကြောင်းဖြေကြားခဲ့သည်ဟု RNDP တာဝန်ရှိပုဂ္ဂိုလ်က Coral Arakan အား ပြန်လည် ပြောပြသည်။

အလောင်းသော်လည်းကောင်း လူသော်လည်းကောင်း မတွေ့ပါဟု ပိုင်ရှင်က ဆိုသော စက်လှေမှာ ရေကျချိန်တွင် ပြန်ပေါ်ထွန်းလာသည့်အတွက် ပိုင်ရှင်က ပြန်လည်ဆယ်ယူပြီး အခြားစက်လှေတစ်စီးဖြင့် ဆွဲယူကာ ကျောက်ဖြူမြို့နယ် အတွင်းရှိ နောင်တော်ဘက်ကမ်းမှ ကျွန်းတစ်ကျွန်းသို့ (ဤသတင်းကို ရေးသားနေသည့်အချိန်တွင်) ဦးတည်သွားလျက်ရှိသည်ဟု ဦးခင်သန်း၏ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက Coral Arakan အား သတင်းပေးပို့သည်။

ယင်းနစ်မြုပ်စက်လှေတွင် ကျောက်ဖြူမှ လိုက်ပါသွားသူ နှစ်ဦးမှာ ပိုင်ရှင်၏ ကိုယ်စားလှယ်တစ်ဦး နှင့် မာဇီ (မာလိန်မှူး) တစ်ဦး ဖြစ်ဖွယ်ရှိပြီး၊ စက်တွေမှလိုက်ပါသွားသူများအနက် ဦးထွန်းဝင်းမှာ စက်ဆရာအဖြစ် တတိယ ရာထူးအကြီးဆုံးဖြစ်ဖွယ်ရှိကာ ကျန်လိုက်ပါသွားသူများမှာ အလုပ်သမားများသာ ဖြစ်ကြသည် ဟု ဆိုသည်။

စစ်တွေမှ လိုက်ပါသွားသူ ခြောက်ဦးမှာ ဦးထွန်းဝင်း(၄၀-နှစ်) ၊ နိုင်နိုင်(၂၆-နှစ်) ၊ မောင်ဘုချေ ၊ မောင်လှထွန်း ၊ ဖားချေ ၊ ၀င်းဌေး တို့ဖြစ်ကြသည် ဟု သိရသည်။

ဖားကန့်သွား ပိုက်ဆံရှာလိုသည့် နိုင်နိုင် က ခရီးစရိတ် တစ်သိန်းကျော် ဖခင်ထံမှ ထုတ်ပေးရန် တောင်းရာ၊ ဖားကန့်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မသွားသင့်ကြောင်း ဖခင် နားချပြီးတားထားဖြင်းဖြစ်သည် ဟု ဆိုသည်။ ယခုခရီးတွင်လည်း အခွန်ဆောင်သည့် တရားဝင် ကုန်သွယ်မှုလုပ်ခြင်းသာ ဖြစ်သည် ဟု စက်လှေပိုင်ရှင်က ပြောသည့်အတွက် နိုင်နိုင် လိုက်ပါသွားခြင်းဖြစ်သည်ဟု ၄င်း၏ ညီက Coral Arakan အားပြောပြသည်။

ဦးထွန်းဝင်း၏ ဇနီးမခင်ခင်အေးက မိမိခင်ပွန်းပျောက်ဆုံးနေသည့်အကြောင်းကို ရဲစခန်းတွင် တိုင်တန်းလိုသော်လည်း စက်လှေပိုင်ရှင် ဦးခင်သန်းက မတိုင်နဲ့ဟု တားထားသည့်အတွက် မတိုင်ခြင်း ဖြစ်ကြောင်း နောက်ထပ် ဘာမှလည်း မလုပ်တတ် မကိုင်တတ်ကြောင်း Coral Arakan အားပြောကြားသည်။


Coral Arakan  News

၂၀၁၄ ခုနှစ်ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဟု စံ-ဇာဏီဘို ဟောကိန်းထုတ်


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅
ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ ခုနှစ်
ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း
သမ္မတရာထူး လက်ခံရနိုင်ဖွယ်ရှိကြောင်း

ဆရာစံ-ဇာဏီဘိုက ဟောကိန်းထုတ်လိုက်သည်။

ဒီဇင်ဘာလ ၂၇ ရက်တွင် ဧရာဝတီမဂ္ဂဇင်း၌ တင်ဆက်ထားသည့် PAUL VRIEZE နှင့် အင်တာဗျူးတွင် ဆရာစံ-ဇာဏီဘိုက ယင်းကဲ့သို့ ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။

PAUL VRIEZE က ၂၀၁၃ ပြီးနောက် ခင်ဗျားရဲ့ခန့်မှန်းမှုတွေကဘာဖြစ်မလဲ။
 ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာမလားဟု မေးမြန်းခဲ့
သည့်အပေါ်““ အဓိက နိုင်ငံရေးအချက်တွေဟာ ရွေးကောက်ပွဲ မတိုင်မီ
၂၀၁၄ မှာပြောင်းလဲလာနိုင်ပါတယ်။

 ဒါပေမယ့် ဒါဟာ စစ်တပ်အဏာသိမ်းမှုမျိုးဖြစ်လာမှာတော့မဟုတ်ပါဘူး။

၂၀၁၄ ဇူလိုင်လ ၇ ရက် နောက်ပိုင်း အရာရာအားလုံးကောင်းမွန်နေပါ
လိမ့်မယ်။ ၂၀၁၄- ၂၀၁၅ ကာလတွေကတော့ အကောင်းဆုံးအချိန်တွေပါ။

 ကျွန်တော်တို့ နိုင်ငံရဲ့ အိပ်မက်တွေအားလုံး အမှန်တကယ်ဖြစ်ပေါ်
လာမယ့်အချိန်ဖြစ်ပါတယ်။၁၉၈၈ ခုနှစ်ကတည်းက အိပ်မက်တွေပေါ့ ။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နောက်ပိုင်းမှာတော့ အောင်ဆန်းစုကြည် သမ္မတဖြစ်
ဖို့ ဦးတည်နေတယ်လို့ ဆိုရမှာပါ။ နောက်ရွေးကောက်ပွဲမတိုင်သူ သူ ( အောင်ဆန်းစုကြည်) သမ္မတဖြစ်လာနိုင်ပါတယ်။ ဒါက အစိုးရက မဟာမိတ်လုပ်တဲ့နည်းစသဖြင့်တစ်ခုခုကြောင့်ပေါ့။

အဲဒီနောက် သူသမ္မတရာထူးရလာနိုင်တယ်။ ၂၀၁၅ ခုနှစ်မှာ နောက်တစ်ကြိမ် သမ္မတရာထူး သူထပ်မံရရှိပါလိမ့်မယ်။ ”” ဟု ဆရာ စံ- ဇာဏီဘို က ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။
  ဧရာဝတီ

Friday 28 December 2012

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်


ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေ ယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင် ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြ ခဲ့သည်များအား ဖော်ပြအပ်ပါသည်။''ဟဲဟိုးလေဆိပ်ကို ဆင်းသက် ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကိုသေချာစစ်ပြီးမှ အားလုံး Clear ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင်အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။

နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကိုလေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး ထွက်လာတာ ကို တွေ့ ရတယ်။

သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါ တယ်။ နောက် ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။

လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။

Eleven Media Group

မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်ဒဏ်ချမှတ်










ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံသားတွေ သေဆုံးခဲ့မှုနဲ့ ပတ်
သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။


အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က   တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို   အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို  လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက်  ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ်  နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။


သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

RFA (မြန်မာပိုင်း)

တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး


ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်အတွင်းမှာ နယ်မြေခံ တပ်မတော်သား
တချို့ရဲ့ ဝိုင်းဝန်းထိုးကြိတ်တာခံရတဲ့ကလေး ၁ ဦးဟာ နှစ်ပတ်အကြာ
 ဆေးရုံမှာ ကွယ်လွန်ပါတယ်။


ဒီဇင်ဘာ ၁၄ ရက်နေ့ညပိုင်းက နတ်မော်ရွာသား ၁၆ နှစ်အရွယ် ကေလးငယ်တဦးဟာ နယ်မြေခံ ခလရ (၁၈) က တပ်မေတ်ာသား ၁ ဦးကို ဆိုင်ကယ်ဝင်တိုက်မိပြီးနောက် ထူပေးစဉ်မှာ တပ်မတော်သားတွေက ဝိုင်းဝန်းထိုးကြိတ်ကြတာဖြစ်ပါတယ်။

ဒီဒဏ်ရာတွေကို မိဘေတွက ဟင်္သာတမြို့နဲ့ ရန်ကုန်မြို့က ဆေးရုံတွေထိ သွားရောက်ကုသပေမယ့်လည်း မသက်သာဘဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။မောင်သန်းထိုက်အောင်ရဲ့ အခင်းဖြစ်မှု အခြေအနေကို မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က “၁၄ ရက်နေ့ည တပ်ကွေ့နားလေးမှာ၊ ၈ နာရီခွဲလောက်ရှိမယ်ထင်တယ်။

 ဆိုင်ကယ်က ရဲဘော် ၁ ယောက်ကို ဝင်တိုက်မိတယ်တဲ့။ နောက် လဲသွားတဲ့သူကို ဆင်းထူတော့ ကလေးကို ဝိုင်းဆွဲပြီး ကိုင်ပေးတဲ့သူက ကိုင်ပေး ထိုးတဲ့သူက ထိုးတယ်လို့ မြင်သူတွေက ပြောပြတယ်။ အခင်းဖြစ်ပြီး ကျမတို့ရောက်တော့ ကလေးအနား ကပ်ခွင့်၊ ကိုင်ခွင့်၊ ကြည့်ခွင့်မရပါဘူး”
 လို့ ပြောပါတယ်။

ဒီထိုးကြိတ်မှုဖြစ်စဉ်ကို မျက်မြင်မြင်တွေ့တဲ့ သက်သေ အမြောက်အမြားရှိပြီး လိုက်လံကူညီနေကြတယ်လို့ ဆိုပါတယ်။

သားဖြစ်သူ မော်သန်းထိုက်အောင်ဟာ ထိုးကြိတ်ခံရြပီး ၃ ရက်လောက်ကစလို့ အိမ်မှာ ခေါင်းမူးခေါင်းကိုက် စတင်ဖြစ်လာပြီး ဟင်္သာတမြို့က ဆေးခန်း၊ ဆေးရုံတွေမှာကုသခဲ့ပါတယ်။

ဒါပေမယ့် မသက်သာတာကြောင့် ရန်ကုန်မြို့က ဦးနှောက်နဲ့အာရုံကြောဆေးရုံကို တင်ပို့ကုသေပမယ့် ၂၇ ရက်နေ့ နေ့ခင်း ၃ နာရီမှာ ကွယ်လွန်ခဲ့တယ်လို့ ဒေါ်ကြည်ကြည်ခင်က ပြောပါတယ်။

သားငယ်ရဲ့ ဒဏ်ရာရရှိမှု အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်ကြည်ကြည်ခင်က “၁၄ ရက်နေ့က ထိုးခံရပြီးတော့ ၁၉ ရက်နေ့လောက်မှာ ကလေးက ထိုင်ရင် တည့်တည့်မတ်မတ်ထိုင်ချင်ရင် နောက်ကမှီထားမှ ထိုင်လို့ရတဲ့အေနအထား။

 ဆေးရုံမှာ ဒီအမေနဲ့ ဒီသား ကုသမှုစခံယူကတည်းက သေပြီး အခု ပြန်လာတဲ့အထိကို သူနဲ့ကျမ မိနစ်လောက်ပဲ ခွာနေခွင့်ရှိတဲ့အတွက် ကျမအားလုံးကို ခံစားမိတယ်၊ သိလည်းသိတယ်။ ကလေးက ဝမ်းထဲကရှိတဲ့၊ အသက်အန္တရာယ်ကို အနီးစပ်ဆုံး ထိခိုက်နိုင်တဲ့ ကလီစာတခု ပျက်ယွင်းပြီးမှ ဒီအခြေအနေ ဆိုက်ရောက်လာတယ်လို့ ဆရာမနဲ့ ဒေါက်တာတယောက် ပြောတာကို ရိပ်မိတယ်၊

 သိလည်း သိတယ်။”ဒီထိုးကြိတ်မှုအတွက် ဟင်္သာတရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ ခလရ ၁၈ တပ်ကတော့မောင်သန်းထိုက်အောင်အတွက် သတင်းမေးတာရှိပေမယ့် ဆေးဖိုးဝါးခတော့ မပေးဘူးလို့ ဆိုပါတယ်။မောင်သန်းထိုက်အောင်ရဲ့ အလောင်းကို ရန်ကုန်ဆေးရုံကေန  အိမ်ပြန်သယ်ရောက်ရှိနေပြီး မနက်ဖြန် ရွာကသုသာန်မှာ သင်္ဂဂြိုဟ်မှာ ဖြစ်ပါတယ်။

DVB (မြန်မာပိုင်း)

အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု မမှန်ကန်သဖြင့် ရခိုင်ပြည်နယ် အနှံ့ ပြဿနာများ ပေါ်ပေါက်


rakhine-state
ရခိုင်ပြည်နယ် ကျေးရွာ အနှံ့အပြားတွင်  ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်
များကို ရွေးချယ် တင်မြှောက်ရာတွင် မှန်ကန်မူ မရှိဘဲ ဥပဒေ ချိုးဖေါက်မှု၊
လာဘ်ပေး လာဘ်ယူ ပြုလုပ်မူများ
ရှိခဲ့သဖြင့် ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ် တင်မြှောက်ရန် ၁၀ အိမ်မှူးကို ရွေးချယ်ရာတွင် ကျေးရွာသားများ သဘောဆန္ဒအရ ရွေးချယ်ခြင်း မရှိခဲ့ဟု  စစ်ကဲ ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ အိမ်ခြေ ၁၀၀ ရှိတဲ့ ရွာမှာ  ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ဖို ဆယ်အိမ်မှူး ၁၀ ယောက်ခန့်ထားတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက ဆယ်အိမ်မှူးကို ရွှေးချယ်တင်မြှောက်တဲ့ အခါ  အိမ် (၁၀) အိမ်က  သဘောဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ဖို့ အလိုရှိကြတယ်။

ဒါပေမယ့် အဲသလို ရွှေးချယ်ခွင့်မရဘဲ အထက်က လူတွေ စိတ်ကြိုက် ရွေးချယ် လိုက်တဲ့အတွက် ရွာသားတွေ အကြားမှာ မကျေနပ်မှုတွေ ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် ၄ မိုင်ကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာ ၁၁ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီဇင်္ဘာလ ၂၃ ရက် နေ့က ရွေးချယ်ရာတွင် ၁၀ အိမ်မှူးများကို လဘ်ငွေပေးပြီး မဲရယူခဲ့သည်ဟု လေးမိုင်ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“  မဲအများဆုံးရသွားတဲ့ ဦးလှမိုးဆိုသူက မဲမရွေးချယ်ခင် ၄-၅ ရက်အလိုက သူ့ကို မဲထည့်ပေးဖို့အတွက် ကျေးရွာတိုင်းကို သွားပြီးတော့ ၁၀ အိမ်မှူး၊ ရာအိမ်မှူး တယောက်စီကို ကျပ်ငွေ နှစ်သောင်းကျပ်စီပေးခဲ့ပါတယ်။

 အဲဒီလို ဆယ်အိမ်မှူးတွေ ကို နှစ်သောင်းကျပ်စီပေးပြီး လာဘ်ပေး လာဘ်ယူ လုပ်သွားတယ်။ အခု ရွှေးချယ်ပွဲတွေက  သမာသမတ် မကျတဲ့အတွက် ကျွန်တော်တို့ ၄ မိုင် ရပ်ကွက်သူရပ်ကွက်သားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။”

တောင်ကုတ်မြို့နယ်အတွင် ဆယ်အိမ်မှူးရွေးချယ်ရာတွင်လည်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက သူတို့ သဘောကျ ရွေးချယ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီ ဗဟိုစီးအဖွဲ့ဝင် ဦးခင်လှက နိရဉ္စရာသို့ ပြောသည်။

“ ဘယ်လိုမြင်လဲဆိုတော့ ဆယ်အိမ်မှူး ရွေးတဲ့ အခါမှာ သူတို့ သဘောမကျတဲ့ လူဆိုရင်၊ သူတို့ကို မဲပေးမည့်သူ မဟုတ်ဘူး ဆိုရင် ဖယ်ထားခဲ့တယ်။

သူတို့ကို ထောက်ခံမည့်သူတွေကို ကျော်ပြီးတော့ ရွေးချယ်သွားတယ်။ အဲဒါမျိုးတွေ တွေ့ရပါ တယ်။ သူတို့လိုတဲ့သူတွေကို ရွေးယူသွားတဲ့ သဘောဖြစ်တယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာသားများ မကျေနပ်မှုကြောင့် တိုင်ကြားသည့်စာများ ရောက်ရှိနေသည်ဟု လည်း ဦးခင်လှက ပြောသည်။

“ အုပ်ချုပ်ရေးမှူးတွေ ရွေးတာကို မကျေနပ်လို့ တိုင်တန်းထားတာတွေရှိပါတယ်။ သူတို့တိုင်ထားတဲ့ စာတွေထဲမှာတော့ ဘယ်လို ဖြစ်နေတယ်ဆိုတာကို ကျွန်တော့အနေနဲ့တော့ အထူးမပြောလိုပါ။

ကျွန်တော်တို့ NLD ရုံးကို ကျေးရွာ ရပ်ကွက် တွေမှာ တရားမျှတမှုမရှိတာတွေ၊ ကြီးကြပ်ရေးတွေက ကိုယ့်လူကိုဦးစားပေးပြီး မမှန်မကန် လုပ်တာတွေ ရှိတယ်လို့ တိုင်ထားတဲ့ အပေါ်မှာ ပြောတာပါ။”

ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အခင်းဖြစ်ပွားမှုများ ရှိနေသည်ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးစောမောင်က နိရဉ္စရာသို့ ပြောသည်။

“ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နေတဲ့အခြေအနေကတော့ခါ တိုင်တန်းလို့ အခင်းဖြစ်တာတွေရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြနေကြပါတယ်။

အဲဒီပြဿနာက ပြိန်းဆိပ်ရွာနဲ့ ဂုတ်ပီထောင့်ရွာတွေ မှာလည်း ဖြစ်ပါတယ်။ အရှုပ်အထွေးတွေကတော့ ရှိပါတယ်။ အဲဒီလောက်တော့ မများပါဘူး။”

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်သူရွာသားများ တင်မြှောက်ထားသော ငါးဦး ကော်မီတီအနေဖြင့် မှန်ကန်တိ ကျရန် လိုအပ်သည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်ကတော့ လုပ်ထုံးလုပ်နည်း ဥပဒေကို အမှန်အကန်ဖြစ်စေချင်ပါတယ်။ ကျေးရွာမှာ ရပ်သူရွာသားတွေက အတည်ပြုပေးဖို့အတွက် ကော်မီတီ ငါးဦး တင်ထားပါတယ်။

သူတို့ဆန္ဒ သဘောထား အားလုံး မဟုတ်ဘဲနဲ့ ရပ်သူရွာသား လုပ်ထုံးလုပ်နည်း ဥပေဒေအတိုင်း ရွေးချယ်ခံရတဲ့ အပေါ်မှာ အတည်ပြုနိုင်ဖို့၊ စေတနာကောင်းနဲ့ လုပ်ပေးစေချင် ပါတယ်။”
 
ရခိုင်ပြည်အနှံ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့် ပတ်သက်ပြီး RNDP ပါတီအနေဖြင့် သက်ဆိုင်ရာကို တင်ပြတောင်း ဆိုသွားမည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ဟာတွေကို အပြည့်အ၀ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မတော် မတရား လုပ်ရပ်တွေကိုလည်း အမှန်တကယ် ဟုတ်မဟုတ် စီစစ်နေပါတယ်။

သက်ဆိုင်ရာတွေကို ကျွန်တော်တို့ ပါတီ အနေနဲ့သော်၎င်း၊ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သော်၎င်း တင်ပြတောင်းဆိုသွားဖို့ အပြည့်အ၀ စီစဉ်ထား ပါတယ်။”

ရသေ့တောင်မြို့နယ်တွင် စာရေးနှင့် ငါးဦးကော်မီတီပေါင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်သည်ဟု ရသေ့တောင် မြို့ခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ဆယ်အိမ်ခေါင်း ရွေးချယ်ကတည်းက ဒီမိုကရေစီမကျဘူး။ စာရေးတို့ နာယကတို့ က ကိုယ်လိုချင်တဲ့ သူတွေကို ပုံဝင် အောင် သွပ်သွင်း လုပ်လိုက်ကြတယ်။

ရပ်သူတွေ ဖြစ်ချင်တဲ့ ဆယ်အိမ်မှူးတွေ မပါဝင်ဘူး။ ရိုးသားတဲ့ ရွာသားတွေ၊ တ ကယ် ဖြစ်သင့်တဲ့ ဆယ်အိမ်မှူးတွေ ဖြစ်မလာဘဲ သူတို့ စီစဉ်တဲ့ ဆယ်အိမ်မှူးတွေသာ ဖြစ်လာတယ်။ ဒါကို မကျေနပ်ပေ မယ့် တိုင်ကြားဖို့ နည်းလမ်းတွေ မသိတော့ သူတို့လုပ်သလိုသာ ကြည့်နေကြရတယ်။”

ရသေ့တောင်မြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးမှ “ဘယ်သူ့ကို ရွေးချယ်ထားသည်။ ကန့်ကွက်သူရှိလျှင် မည်သူ မဆို လာရောက် ကန့်ကွက်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စာကတ်ထားသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၉၆)အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လူထုသဘောဖြင့် မဲစနစ်  ဖြင့် ဒီဇင်္ဘာလ နောက်ဆုံးထားပြီး ရွေးချယ်တင်မြှောက်ပေးရန် ပြည်နယ်အစိုးရကို အကြောင်းကြား ထားသော်လည်း ပုဏ္ဏားကျွန်းမြို့နယ် သူပုန်ကျေးရွာအုပ်စုတွင် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီဌာနမှ လာရောက်ပြီး ရွေးကောက်ပွဲ ဦးစီးကော်မီတီ (၄)ယောက်ကို ရွေးချယ် ပေးခဲ့ပါသည်ဟု သိရသည်။

“ အခု ဖွဲ့စည်းပေးခဲ့တဲ့ ဦးစီးကော်မီတီက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥက္ကဌကို လူထုနှင့် အတူ မကြိုက်မနှစ်သက် ရှိတဲ့ အတွက် အဲဒီကိစ္စကို ဆောင်ရွက်ပေးဖို့  မြို့နယ်ကို အကြောင်းကြားထားပါတယ်။

ဒါပေမယ့် ဒီနေ့ထိ  ဆောင်ရွက် ပေးတာ မရှိပါဘူး။”ဟု သူပုန်ကျေးရွားသားတဦးက နိရဉ္စရာသို့ ပြောသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ ခံတဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ဥက္ကဌ ရွေးဖိုအတွက် အရင်ဆုံး ငါးဦးကော်မတီဖွဲ့ရတယ်။ အဲဒီငါးဦးကော်မတီကို စာရင်းလုပ်ပြီး လူတွေကို ပြရတယ်။ သူတို့ကိုကြိုက်သလား၊ အဲလိုပေါ့ ငါးဦးကော်မတီ ဖွဲပြီးမှ ကျေးရွာ ဥက္ကဌကို တင်ဖို့အတွက် ထပ်မံစာရင်းပေးရတယ်။

အဲဒါကို ငါးဦးကော်မတီက စိစစ်တယ်၊ အားလုံး သဘောတူမှ တင်တာ၊  ဆယ်အိမ်မှူးလုပ်မည့်သူတွေစာရင်းကို ရပ်ကွက်မှာ အိမ်တွေကိုလိုက်ပီး မဲပေးခိုင်းတယ်၊ ဆိုလိုတာက စာရွက်မှာ ရွှေးချယ် ခိုင်းတာပေါ့၊

ကျွန်တော်တို့ ရပ်ကွက်မှာ အဲဒီလုပ်ပါတယ်။”
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် င/ကျဉ်တောက်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း တရား မျှတမှု မရှိသောကြောင့် ရွာသားများ ကန့်ကွက်သည့်စာကို ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသည် ဟု သတင်းရရှိသည်။

ပါလီမန် ဒီမိုကရေစီစနစ်တွင် အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းမျိုးသာ ဒီမိုကရေစီစနစ်ကို သွားနိုင်မည် ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ ယခင်က အာဏာရသူတွေ၊ အာဏာရပါတီတွေ၊ မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံရင် ပြီးတဲ့ စနစ်မျိုးရှိခဲ့တယ်။ အဲဒါဟာ တကယ့် လူထုအခြေခံ ကျေးရွာဒီမိုကရေစီစနစ်ကို ပျက်ပြားစေတယ်။

 ဒီနေ့ ဒီမိုကရေစီကို သွားဖို့ကာလမှာ ယခင်ကလို စနစ်မျိုးနဲ့ သွားမယ်ဆိုလို့ရှိရင် ကျေးရွာလူနေမှုစနစ်ကို သွားတဲ့နည်းမကျဘဲ၊ ဒီမိုကရေစီအခြေခံကို မရွေးချယ် ဘဲနဲ့ လုပ်နေမယ်ဆိုလို့ရှိရင် မဖြစ်ဘူး။

 ကျေးရွာလူထုကိုယ်တိုင် လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင် မြှောက်မှ ဖြစ်မယ်။”
အခြေခံလူတန်းစားများကို အခြေခံပြီး ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ဘဲ ဆယ်အိမ်မှူးများကို အခြေခံပြီး ရွေးချယ်ခြင်း သည် ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ ခြေလှမ်းမဟုတ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ ဒီနေရာမှာ ဘကြီးပြောချင်တာက ကျေးရွာ ရပ်ကွက်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဓိကအကျဆုံး လူ့အဖွဲ့အစည်းတခု ဖြစ် တယ်။ ဒီနေ့ အချိန်အခါဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တယ်။

အဲဒီ အပြောင်းအလဲမှာ အပေါ်က အပြောင်းအလဲ ဖြစ်နေပေမယ့် အောက်ခြေမှာ မပြောင်းလဲနိုင်ဆိုလို့ရှိရင် လူ့အဖွဲ့အစည်းဟာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတခု ဖြစ်လာဖို့ မဟုတ်ဘူး။”

ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ရွာတစ်ရွာတွင် အိမ်ထောင်စု (၁၀) ခုလျှင် ဆယ်အိမ်မှူး တစ်ဦးစီကို ရွှေးချယ်ရပြီး ဆယ်အိမ်မှူးများ၏ မဲဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ရသည်။

ဆယ်အိမ်မှူးများ၏ မဲကို စိစစ်ရန် ရပ်ရွာမှ လူရိုသေ ရှင်ရိုသေ လူကြီး လူကောင်း ၄ ဦး (သိုမဟုတ်) ၅ ဦးကို ပါ အဖွဲ့ကို ဖွဲ့စည်းရပြီး အုပ်ချုပ်ရေးမှူး လောင်းများ ရရှိသော မဲများ ကို ရေတွက်ကြရသည်။

နိရဉ္စရာသတင်းဌာန




ကျောင်းသားများနှင့် လိင်မှုပြုခဲ့သော ဆရာမအား ထောင်(၅)နှစ်ချ


အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် အထက်တန်းကျောင်းတွင် ၂၀၁၁ ခုနှစ်က
 ကျောင်းသားများနှင့် မိမိ၏နေအိမ်တွင် အုပ်စုလိုက် လိင်မှုပြုခဲ့သော ဆရာမအား တရားသူကြီးက ထောင်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆရာမက ၂၀၁၁ခုနှစ်တွင် နှစ်လတာကာလအတွင်း သူမယောက်ျားစစ်မှုထမ်းနေစဉ် သူမ၏နေအိမ်၌ ထိုအချိန်က(၁၈)နှစ်အရွယ် ကျောင်းသားငါးယောက်ကိုခေါ်၍ အုပ်စုလိုက် လိင်အမှုပြုခဲ့တာဖြစ်ကြောင်း သိရသည်။
ကျောင်းသားများက သူတို့ဆရာမကို ဒုက္ခမရောက်စေလို၍ နှုတ်ဆိတ်နေရန် ဆုံးဖြတ်ထားခဲ့ပေမယ့် လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ထားခဲ့သည့် ဗွီဒီယိုဖိုင်မှုတဆင့် အများ သိသွားခဲ့ရတာဖြစ်ကြောင်း သိရသည်။
ကလေးသုံးယောက်အမေဖြစ်သည့် အသက်(၂၈)နှစ်အရွယ် ဇနီးဖြစ်သူ၏ ယင်းလုပ်ရပ်အတွက် ခင်ပွန်းဖြစ်သူက ဒေါသဖြစ် ၊ နာကျင်ခံစားခဲ့ရပေမယ့် ဒီ့မတိုင်မီက ၎င်းတို့ဇနီးမောင်နှံနှစ်ဦးဟာ အုပ်စုလိုက် လိင်အမှုပြုခြင်းကို နှစ်ဦးသဘောတူ လုပ်ခဲ့ကြဖူးတယ်လို့လည်း ခင်ပွန်းက ပြောခဲ့ပါတယ်။
ဇနီးသည် ထိုသို့ပြုမူခဲ့ပေမယ့် ဇနီးမောင်နှံအဖြစ် ဆက်လက်တည်ရှိသွားမယ့် ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အရူးတစ်ယောက်လို ရှုမြင်ကြသူတွေဟာ ၎င်းကို နားမလည်နိုင်ကြတာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Source : Fox News

တိုင်းတပါးသားများအား ရပ်/ကျေး အုပ်ချူပ်ရေးမှူးများအဖြစ် ခန့်အပ်မည်ကို ရခိုင်လူမှုအသိုင်းအဝန်းများ စိုးရိမ်



ရခိုင်ပြည်နယ်ရှိ ဒေသအသီးသီးသို့ ခိုးဝင် ရောက်ရှိလာကြသည့် တိုင်းတပါးသားများအား ရပ်/ကျေး အုပ်ချူပ်ရေးမှူးများ အဖြစ် ခန့်အပ်သွားမည်ကို ရခိုင်လူမှု အသိုင်းအဝန်းတရပ်လုံးက စိုးရိမ်နေကြကြောင်း သိရှိရသည်။နိုင်ငံသား မဟုတ်သူ ဘင်္ဂလီများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်လိုက်ပါက ဘင်္ဂလီ စည်းရုံးရေးမှုးများ ခန့်အပ်လိုက်သလိုဖြစ်သွားပြီး တတိယအကျော့ ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရခိုင်လူမှုကွန်ရက် ညှိနှိုင်းရေးမှုး ဦးထွန်းလွင် (ကျောက်ဖြူခရိုင်) က Arakan Review သို့ ပြောသည်။

“တကယ်လို့ ဘင်္ဂလီတွေသာ ရပ်ကွက်၊ ကျေးရွာတွေမှာ အုပ်ချူပ်ရေးမှူးဆိုတဲ့ နေရာတွေ ရလာခဲ့ရင် တရားမဝင် နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြတဲ့ ဘင်္ဂလီတွေအတွက် အယင်ကထက် ပိုပြီးတော့ အခွင့်အလမ်းတွေ ရလာပြီး ဒေသခံ ရခိုင်လူမျိုးတွေအတွက် အရမ်းစိုးရိမ်ရတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ သူတို့ အဲလို နေရာရလာခဲ့တာနဲ့ တပြိုင်နက် အကျင့်ပျက် အရာရှိတချို့နဲ့ ပေါင်းပြီး အကျိုးတူ စီးပွားတွေ လုပ်လာကြလိမ့်မယ်။ ဒါတွေဟာ ကျနော်တို့ ရခိုင်လူမျိုးထုတရပ်လုံးအတွက် အရမ်းကို စိုးရိမ်ရတဲ့အခြေအနေပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုလိမ့်မယ်။ ”

ရခိုင်ပြည်တွင် နိုင်ငံသား ဖြစ်ခွင့်မရှိသူများ အများစု နေထိုင်ကြသည့် ဘူသီးတောင်၊ မောင်တောမြို့နယ်များအပြင် ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ စစ်တွေ အစရှိသည့် ခိုးဝင် ဘင်္ဂါလီများရှိနေကြသည့် မြို့နယ်များတွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်ရန် ရှိနေကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ကျေး/ရပ် အုပ်ချူပ်ရေးမှုးများ ခန့်အပ် ရွေးချယ်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ နိုင်ငံသား စစ်စစ်များကိုသာ ရွေးချယ်ခန့်အပ်သွားရန် ရခိုင်လူမှုကွန်ရက်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ဒီဇင်ဘာလ (၂၇) ရက်နေ့စွဲဖြင့် တိုက်တွန်း ကြေညာချက်တစ်စောင် ပေးပို့ခဲ့သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးကို လုံအောင် ပိတ်နိုင်ရေးနှင့် နိုင်ငံတော်၏ အချူပ်အခြာ အာဏာကို ထိပါးမခံရစေရေး ဆိုသည့် အချက်များကို အခြေခံပြီး ပြဌာန်းထားသော ရပ်/ကျေး အုပ်ချူပ်ရေး ဥပဒေနှင့်အညီ နိုင်ငံသား စစ်စစ်ဖြစ်သူများကိုသာ ရွေးချယ် တင်မြှောက်သွားရန်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပုဒ်မ အခန်း(၃)၊ ပုဒ်မ(၅)၊ ပုဒ်မခွဲ(က) အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှာ မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် မြန်မာနိုင်ငံသား ဖြစ်ရမည် စသည့် အချက်များဖြင့် သုံးသပ်ထောက်ပြထားပြီး ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား နိုင်ငံသားစစ်စစ်ကိုသာ ရွေးချယ်တင်မြှောက်နိုင်ရန် စီမံပေးဖို့ တိုက်တွန်းချက်များ ဖော်ပြပါရှိသည်။

Arakan Review 

လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်"


ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ်မှာ ကျေးရွာ ၃ ရွာခန့် ပါဝင်တဲ့ နတ်ချောင်း ကျေးရွာအုပ်စုက လယ်မြေဧက ၁၇၀ ကျော်အတွက် မနေ့က စတင်ပြီး စစ်တပ်က သီးစားခစပါးတွေ အဓမ္မလာရောက် ကောက်ခံ နေတယ်လို့ သိရပါတယ်။ အမ်းမြို့မှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်းက မနေ့က သီးစားခ စပါးတွေ လာရောက် ကောက်ခံရာမှာ စစ်တပ်က စာရွက်စာတမ်းတွေ မပြနိုင်တဲ့အတွက် ဒေသခံတောင်သူတွေက စပါးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။ "မနေ့က ခမရ ၃၇၁ က သစ်ပင်တွေနဲ့ စားကျက်မြေဖျက်တဲ့အမိန့်စာရွက်မပါလို့ တောင်သူတွေက မပေးဘူးပြောတော့ ငါတို့ကိုနိုင်ငံတော်က ပေးထားတာ မပေးလို့ မရဘူးလို့ပြောတယ် " မနေ့က အဲဒီလို စစ်တပ်က သီးစားခ ကောက်ခံလာမှုအပေါ် လယ်သမားတွေက ငြင်းဆန်ခဲ့ကြတဲ့အတွက် ဒီကနေ့နေ့လည်ပိုင်းမှာ အမ်းမြို့ ခမရ-၃၇၁ စစ်တပ်အရာရှိက လယ်သမားတွေကို စစ်တပ်ကို မဖြစ်မနေလာရောက်ဖို့ ဖုန်းဆက်အကြောင်းကြား ထားတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ စားကျက်လယ်မြေဧက ၁၇၀ ကျော်ကို အမ်းမှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်း၊ အဆရ-၈ ဆက်သွယ်ရေးတပ်ရင်း၊ ဆေးတပ်ရင်းတို့အပြင် ကျောက်တော်မြို့မှာအခြေစိုက်တဲ့ တပ်မ စကခ-၉ စတဲ့ တပ်ရင်းတွေက ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစတင်ပြီး အဓမ္မသိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ တပ်ရင်း ၄ ခုက အဲဒီလို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီလယ်သမားတွေကိုပဲ ၁ ဧက စပါး ၂၅ တောင်းနှုန်းနဲ့ ဒီကနေ့ အချိန်အထိ သီးစားချကာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ဒီလယ်ယာမြေတွေကို သီးစားခတွေ ကင်းလွှတ်ခွင့် ရရှိဖို့နဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို တိုင်ကြားဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
fromRFA Burmese

၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ကစားသမားအများစု ရန်ကုန်တွင် ခြေစမ်းပွဲကစားမည်



















ရန်ကုန်၊ဒီဇင်ဘာ-၂၈ ၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းမှ ဘောလုံးသမားအများစု ပါဝင်မည့် အသင်းသည် လာမည့် ဇန်န၀ါရီ တတိယပတ်အတွင်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲတစ်ပွဲ လာရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ခြေစမ်းပွဲက ဇန်န၀ါရီ ၂၁ (သို့မဟုတ်) ၂၂ ရက်မှာ ဖြစ်ပါမယ်။ ၉၄ ကမ္ဘာ့ဖလားချန်ပီယံအသင်းက နာမည်ကြီးတွေဆိုရင် ကာဖူး၊ ရောဘတ်တိုကားလို့စ်၊ ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြားဘရာဇီးလက်ရွေးစင်ဟောင်းတွေရယ် နောက်ဂျာမနီအသင်း လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ်လည်း ပါလာမယ်လို့ သိရတယ်”ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။ ဘရာဇီးလက်ရွေးစင်ဟောင်းများ ပါဝင်မည့် အသင်းသည် ရန်ကုန်မြို့သို့ ဇန်န၀ါရီလ ၂၀ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၉၃ ငွေတံဆိပ်ရအသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ လက်ရွေးစင်ဟောင်းများနှင့် လက်ရှိလက်ရွေးစင်အချို့ ပါဝင်မည့် (ညွန့်ပေါင်း)အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။ ဘရာဇီးလက်ရွေးစင်ဟောင်းများသည် ရန်ကုန်မြို့တွင် သုံးရက်ခန့် နေထိုင်စဉ်ကာလအတွင်း မြန်မာလူငယ်လေးများအတွက် ဘောလုံးအားကစားနည်းများနှင့် ပတ်သက်၍ သင်ကြားပို့ချသွားရန်ရှိပြီး မြန်မာပရိသတ်များနှင့် ထိတွေ့မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။ ၎င်းခြေစမ်းပွဲ ဖြစ်ပေါ်လာရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဘရာဇီးသံရုံး၊ ဘရာဇီးဘောလုံးအဖွဲ့ချုပ်အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်

အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု မမှန်ကန်သဖြင့် ရခိုင်ပြည်နယ် အနှံ့ ပြဿနာများ ပေါ်ပေါက်


rakhine-stateရခိုင်ပြည်နယ် ကျေးရွာ အနှံ့အပြား
တွင်  ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်
များကို ရွေးချယ် တင်မြှောက်ရာတွင်
 မှန်ကန်မူ မရှိဘဲ ဥပဒေ ချိုးဖေါက်မှု၊
လာဘ်ပေး လာဘ်ယူ ပြုလုပ်မူများ

ရှိခဲ့သဖြင့် ကျေးရွာ အများအပြားတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ် တင်မြှောက်ရန် ၁၀ အိမ်မှူးကို ရွေးချယ်ရာတွင် ကျေးရွာသားများ သဘောဆန္ဒအရ ရွေးချယ်ခြင်း မရှိခဲ့ဟု  စစ်ကဲ ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ အိမ်ခြေ ၁၀၀ ရှိတဲ့ ရွာမှာ  ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ဖို ဆယ်အိမ်မှူး ၁၀ ယောက်ခန့်ထားတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက ဆယ်အိမ်မှူးကို ရွှေးချယ်တင်မြှောက်တဲ့ အခါ  အိမ် (၁၀) အိမ်က  သဘောဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ဖို့ အလိုရှိကြတယ်။

ဒါပေမယ့် အဲသလို ရွှေးချယ်ခွင့်မရဘဲ အထက်က လူတွေ စိတ်ကြိုက် ရွေးချယ် လိုက်တဲ့အတွက် ရွာသားတွေ အကြားမှာ မကျေနပ်မှုတွေ ဖြစ်နေကြပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ် ၄ မိုင်ကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာ ၁၁ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီဇင်္ဘာလ ၂၃ ရက် နေ့က ရွေးချယ်ရာတွင် ၁၀ အိမ်မှူးများကို လဘ်ငွေပေးပြီး မဲရယူခဲ့သည်ဟု လေးမိုင်ကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“  မဲအများဆုံးရသွားတဲ့ ဦးလှမိုးဆိုသူက မဲမရွေးချယ်ခင် ၄-၅ ရက်အလိုက သူ့ကို မဲထည့်ပေးဖို့အတွက် ကျေးရွာတိုင်းကို သွားပြီးတော့ ၁၀ အိမ်မှူး၊ ရာအိမ်မှူး တယောက်စီကို ကျပ်ငွေ နှစ်သောင်းကျပ်စီပေးခဲ့ပါတယ်။

 အဲဒီလို ဆယ်အိမ်မှူးတွေ ကို နှစ်သောင်းကျပ်စီပေးပြီး လာဘ်ပေး လာဘ်ယူ လုပ်သွားတယ်။ အခု ရွှေးချယ်ပွဲတွေက  သမာသမတ် မကျတဲ့အတွက် ကျွန်တော်တို့ ၄ မိုင် ရပ်ကွက်သူရပ်ကွက်သားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။”

တောင်ကုတ်မြို့နယ်အတွင် ဆယ်အိမ်မှူးရွေးချယ်ရာတွင်လည်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက သူတို့ သဘောကျ ရွေးချယ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် NLD ပါတီ ဗဟိုစီးအဖွဲ့ဝင် ဦးခင်လှက နိရဉ္စရာသို့ ပြောသည်။

“ ဘယ်လိုမြင်လဲဆိုတော့ ဆယ်အိမ်မှူး ရွေးတဲ့ အခါမှာ သူတို့ သဘောမကျတဲ့ လူဆိုရင်၊ သူတို့ကို မဲပေးမည့်သူ မဟုတ်ဘူး ဆိုရင် ဖယ်ထားခဲ့တယ်။

သူတို့ကို ထောက်ခံမည့်သူတွေကို ကျော်ပြီးတော့ ရွေးချယ်သွားတယ်။ အဲဒါမျိုးတွေ တွေ့ရပါ တယ်။ သူတို့လိုတဲ့သူတွေကို ရွေးယူသွားတဲ့ သဘောဖြစ်တယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာသားများ မကျေနပ်မှုကြောင့် တိုင်ကြားသည့်စာများ ရောက်ရှိနေသည်ဟု လည်း ဦးခင်လှက ပြောသည်။

“ အုပ်ချုပ်ရေးမှူးတွေ ရွေးတာကို မကျေနပ်လို့ တိုင်တန်းထားတာတွေရှိပါတယ်။ သူတို့တိုင်ထားတဲ့ စာတွေထဲမှာတော့ ဘယ်လို ဖြစ်နေတယ်ဆိုတာကို ကျွန်တော့အနေနဲ့တော့ အထူးမပြောလိုပါ။

ကျွန်တော်တို့ NLD ရုံးကို ကျေးရွာ ရပ်ကွက် တွေမှာ တရားမျှတမှုမရှိတာတွေ၊ ကြီးကြပ်ရေးတွေက ကိုယ့်လူကိုဦးစားပေးပြီး မမှန်မကန် လုပ်တာတွေ ရှိတယ်လို့ တိုင်ထားတဲ့ အပေါ်မှာ ပြောတာပါ။”

ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အခင်းဖြစ်ပွားမှုများ ရှိနေသည်ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးစောမောင်က နိရဉ္စရာသို့ ပြောသည်။

“ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နေတဲ့အခြေအနေကတော့ခါ တိုင်တန်းလို့ အခင်းဖြစ်တာတွေရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြနေကြပါတယ်။

အဲဒီပြဿနာက ပြိန်းဆိပ်ရွာနဲ့ ဂုတ်ပီထောင့်ရွာတွေ မှာလည်း ဖြစ်ပါတယ်။ အရှုပ်အထွေးတွေကတော့ ရှိပါတယ်။ အဲဒီလောက်တော့ မများပါဘူး။”

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ရပ်သူရွာသားများ တင်မြှောက်ထားသော ငါးဦး ကော်မီတီအနေဖြင့် မှန်ကန်တိ ကျရန် လိုအပ်သည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်ကတော့ လုပ်ထုံးလုပ်နည်း ဥပဒေကို အမှန်အကန်ဖြစ်စေချင်ပါတယ်။ ကျေးရွာမှာ ရပ်သူရွာသားတွေက အတည်ပြုပေးဖို့အတွက် ကော်မီတီ ငါးဦး တင်ထားပါတယ်။

သူတို့ဆန္ဒ သဘောထား အားလုံး မဟုတ်ဘဲနဲ့ ရပ်သူရွာသား လုပ်ထုံးလုပ်နည်း ဥပေဒေအတိုင်း ရွေးချယ်ခံရတဲ့ အပေါ်မှာ အတည်ပြုနိုင်ဖို့၊ စေတနာကောင်းနဲ့ လုပ်ပေးစေချင် ပါတယ်။”
 
ရခိုင်ပြည်အနှံ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုနှင့် ပတ်သက်ပြီး RNDP ပါတီအနေဖြင့် သက်ဆိုင်ရာကို တင်ပြတောင်း ဆိုသွားမည်ဟု ဦးစောမောင်က ပြောသည်။

“ ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ဟာတွေကို အပြည့်အ၀ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မတော် မတရား လုပ်ရပ်တွေကိုလည်း အမှန်တကယ် ဟုတ်မဟုတ် စီစစ်နေပါတယ်။

သက်ဆိုင်ရာတွေကို ကျွန်တော်တို့ ပါတီ အနေနဲ့သော်၎င်း၊ လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သော်၎င်း တင်ပြတောင်းဆိုသွားဖို့ အပြည့်အ၀ စီစဉ်ထား ပါတယ်။”

ရသေ့တောင်မြို့နယ်တွင် စာရေးနှင့် ငါးဦးကော်မီတီပေါင်းပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်သည်ဟု ရသေ့တောင် မြို့ခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ဆယ်အိမ်ခေါင်း ရွေးချယ်ကတည်းက ဒီမိုကရေစီမကျဘူး။ စာရေးတို့ နာယကတို့ က ကိုယ်လိုချင်တဲ့ သူတွေကို ပုံဝင် အောင် သွပ်သွင်း လုပ်လိုက်ကြတယ်။

ရပ်သူတွေ ဖြစ်ချင်တဲ့ ဆယ်အိမ်မှူးတွေ မပါဝင်ဘူး။ ရိုးသားတဲ့ ရွာသားတွေ၊ တ ကယ် ဖြစ်သင့်တဲ့ ဆယ်အိမ်မှူးတွေ ဖြစ်မလာဘဲ သူတို့ စီစဉ်တဲ့ ဆယ်အိမ်မှူးတွေသာ ဖြစ်လာတယ်။ ဒါကို မကျေနပ်ပေ မယ့် တိုင်ကြားဖို့ နည်းလမ်းတွေ မသိတော့ သူတို့လုပ်သလိုသာ ကြည့်နေကြရတယ်။”

ရသေ့တောင်မြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးမှ “ဘယ်သူ့ကို ရွေးချယ်ထားသည်။ ကန့်ကွက်သူရှိလျှင် မည်သူ မဆို လာရောက် ကန့်ကွက်နိုင်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စာကတ်ထားသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၉၆)အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လူထုသဘောဖြင့် မဲစနစ်  ဖြင့် ဒီဇင်္ဘာလ နောက်ဆုံးထားပြီး ရွေးချယ်တင်မြှောက်ပေးရန် ပြည်နယ်အစိုးရကို အကြောင်းကြား ထားသော်လည်း ပုဏ္ဏားကျွန်းမြို့နယ် သူပုန်ကျေးရွာအုပ်စုတွင် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီဌာနမှ လာရောက်ပြီး ရွေးကောက်ပွဲ ဦးစီးကော်မီတီ (၄)ယောက်ကို ရွေးချယ် ပေးခဲ့ပါသည်ဟု သိရသည်။

“ အခု ဖွဲ့စည်းပေးခဲ့တဲ့ ဦးစီးကော်မီတီက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥက္ကဌကို လူထုနှင့် အတူ မကြိုက်မနှစ်သက် ရှိတဲ့ အတွက် အဲဒီကိစ္စကို ဆောင်ရွက်ပေးဖို့  မြို့နယ်ကို အကြောင်းကြားထားပါတယ်။

ဒါပေမယ့် ဒီနေ့ထိ  ဆောင်ရွက် ပေးတာ မရှိပါဘူး။”ဟု သူပုန်ကျေးရွားသားတဦးက နိရဉ္စရာသို့ ပြောသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုအခြေအနေနှင့် ပတ်သက်ပြီး စစ်တွေမြို့ ခံတဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ဥက္ကဌ ရွေးဖိုအတွက် အရင်ဆုံး ငါးဦးကော်မတီဖွဲ့ရတယ်။ အဲဒီငါးဦးကော်မတီကို စာရင်းလုပ်ပြီး လူတွေကို ပြရတယ်။ သူတို့ကိုကြိုက်သလား၊ အဲလိုပေါ့ ငါးဦးကော်မတီ ဖွဲပြီးမှ ကျေးရွာ ဥက္ကဌကို တင်ဖို့အတွက် ထပ်မံစာရင်းပေးရတယ်။

အဲဒါကို ငါးဦးကော်မတီက စိစစ်တယ်၊ အားလုံး သဘောတူမှ တင်တာ၊  ဆယ်အိမ်မှူးလုပ်မည့်သူတွေစာရင်းကို ရပ်ကွက်မှာ အိမ်တွေကိုလိုက်ပီး မဲပေးခိုင်းတယ်၊ ဆိုလိုတာက စာရွက်မှာ ရွှေးချယ် ခိုင်းတာပေါ့၊

ကျွန်တော်တို့ ရပ်ကွက်မှာ အဲဒီလုပ်ပါတယ်။”
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် င/ကျဉ်တောက်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်လည်း တရား မျှတမှု မရှိသောကြောင့် ရွာသားများ ကန့်ကွက်သည့်စာကို ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသည် ဟု သတင်းရရှိသည်။

ပါလီမန် ဒီမိုကရေစီစနစ်တွင် အများပြည်သူဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းမျိုးသာ ဒီမိုကရေစီစနစ်ကို သွားနိုင်မည် ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

“ ယခင်က အာဏာရသူတွေ၊ အာဏာရပါတီတွေ၊ မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံရင် ပြီးတဲ့ စနစ်မျိုးရှိခဲ့တယ်။ အဲဒါဟာ တကယ့် လူထုအခြေခံ ကျေးရွာဒီမိုကရေစီစနစ်ကို ပျက်ပြားစေတယ်။

 ဒီနေ့ ဒီမိုကရေစီကို သွားဖို့ကာလမှာ ယခင်ကလို စနစ်မျိုးနဲ့ သွားမယ်ဆိုလို့ရှိရင် ကျေးရွာလူနေမှုစနစ်ကို သွားတဲ့နည်းမကျဘဲ၊ ဒီမိုကရေစီအခြေခံကို မရွေးချယ် ဘဲနဲ့ လုပ်နေမယ်ဆိုလို့ရှိရင် မဖြစ်ဘူး။

 ကျေးရွာလူထုကိုယ်တိုင် လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင် မြှောက်မှ ဖြစ်မယ်။”
အခြေခံလူတန်းစားများကို အခြေခံပြီး ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ဘဲ ဆယ်အိမ်မှူးများကို အခြေခံပြီး ရွေးချယ်ခြင်း သည် ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ ခြေလှမ်းမဟုတ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ ဒီနေရာမှာ ဘကြီးပြောချင်တာက ကျေးရွာ ရပ်ကွက်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဓိကအကျဆုံး လူ့အဖွဲ့အစည်းတခု ဖြစ် တယ်။ ဒီနေ့ အချိန်အခါဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်တယ်။

အဲဒီ အပြောင်းအလဲမှာ အပေါ်က အပြောင်းအလဲ ဖြစ်နေပေမယ့် အောက်ခြေမှာ မပြောင်းလဲနိုင်ဆိုလို့ရှိရင် လူ့အဖွဲ့အစည်းဟာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတခု ဖြစ်လာဖို့ မဟုတ်ဘူး။”

ယခု ကျေးရွာ အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ရွာတစ်ရွာတွင် အိမ်ထောင်စု (၁၀) ခုလျှင် ဆယ်အိမ်မှူး တစ်ဦးစီကို ရွှေးချယ်ရပြီး ဆယ်အိမ်မှူးများ၏ မဲဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွှေးချယ်ရသည်။

ဆယ်အိမ်မှူးများ၏ မဲကို စိစစ်ရန် ရပ်ရွာမှ လူရိုသေ ရှင်ရိုသေ လူကြီး လူကောင်း ၄ ဦး (သိုမဟုတ်) ၅ ဦးကို ပါ အဖွဲ့ကို ဖွဲ့စည်းရပြီး အုပ်ချုပ်ရေးမှူး လောင်းများ ရရှိသော မဲများ ကို ရေတွက်ကြရသည်။

နိရဉ္စရာသတင်းဌာန



Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...