Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday 29 December 2012

၂၀၁၄ ခုနှစ်ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဟု စံ-ဇာဏီဘို ဟောကိန်းထုတ်


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅
ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၄ ခုနှစ်
ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း
သမ္မတရာထူး လက်ခံရနိုင်ဖွယ်ရှိကြောင်း

ဆရာစံ-ဇာဏီဘိုက ဟောကိန်းထုတ်လိုက်သည်။

ဒီဇင်ဘာလ ၂၇ ရက်တွင် ဧရာဝတီမဂ္ဂဇင်း၌ တင်ဆက်ထားသည့် PAUL VRIEZE နှင့် အင်တာဗျူးတွင် ဆရာစံ-ဇာဏီဘိုက ယင်းကဲ့သို့ ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။

PAUL VRIEZE က ၂၀၁၃ ပြီးနောက် ခင်ဗျားရဲ့ခန့်မှန်းမှုတွေကဘာဖြစ်မလဲ။
 ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာမလားဟု မေးမြန်းခဲ့
သည့်အပေါ်““ အဓိက နိုင်ငံရေးအချက်တွေဟာ ရွေးကောက်ပွဲ မတိုင်မီ
၂၀၁၄ မှာပြောင်းလဲလာနိုင်ပါတယ်။

 ဒါပေမယ့် ဒါဟာ စစ်တပ်အဏာသိမ်းမှုမျိုးဖြစ်လာမှာတော့မဟုတ်ပါဘူး။

၂၀၁၄ ဇူလိုင်လ ၇ ရက် နောက်ပိုင်း အရာရာအားလုံးကောင်းမွန်နေပါ
လိမ့်မယ်။ ၂၀၁၄- ၂၀၁၅ ကာလတွေကတော့ အကောင်းဆုံးအချိန်တွေပါ။

 ကျွန်တော်တို့ နိုင်ငံရဲ့ အိပ်မက်တွေအားလုံး အမှန်တကယ်ဖြစ်ပေါ်
လာမယ့်အချိန်ဖြစ်ပါတယ်။၁၉၈၈ ခုနှစ်ကတည်းက အိပ်မက်တွေပေါ့ ။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နောက်ပိုင်းမှာတော့ အောင်ဆန်းစုကြည် သမ္မတဖြစ်
ဖို့ ဦးတည်နေတယ်လို့ ဆိုရမှာပါ။ နောက်ရွေးကောက်ပွဲမတိုင်သူ သူ ( အောင်ဆန်းစုကြည်) သမ္မတဖြစ်လာနိုင်ပါတယ်။ ဒါက အစိုးရက မဟာမိတ်လုပ်တဲ့နည်းစသဖြင့်တစ်ခုခုကြောင့်ပေါ့။

အဲဒီနောက် သူသမ္မတရာထူးရလာနိုင်တယ်။ ၂၀၁၅ ခုနှစ်မှာ နောက်တစ်ကြိမ် သမ္မတရာထူး သူထပ်မံရရှိပါလိမ့်မယ်။ ”” ဟု ဆရာ စံ- ဇာဏီဘို က ဟောကိန်းထုတ်ပြောကြားခဲ့ခြင်းဖြစ်သည်။
  ဧရာဝတီ

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...