Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Thursday 21 February 2013

ပညာရေးပြုပြင်ပြောင်းလဲရေး ဥရောပတက္ကသိုလ်မှ ပါမောက္ခများ ပညာရေးကော်မတီနှင့်ဆွေးနွေး

ဥရောပနိုင်ငံ တက္ကသိုလ်များမှ ပါမောက္ခများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကော်မတီမှ ဦးဟန်သာမြင့်၊ ဒေါက်တာ သိန်းလွင် နှင့် ဒေါက်တာတင်လှိုင် တို့သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါမောက္ခများက မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု၌ ပညာရေးကော်မတီ၏ပါဝင်မှု၊ တက္ကသိုလ် ဥပဒေပြဌာန်းချက်များ နှင့် ပညာရေးကော်မတီ၏လက်ရှိဆောင်ရွက်ချက်များကို မေးမြန်းခဲ့သည်။ ဒေါက်တာသိန်းလွင်နှင့် ဦးဟန်သာမြင့်တို့မှ ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင်ရေးမူကြမ်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်တင်သွင်းရာတွင်ထောက်ခံမဲ ၂၈၆မဲဖြင့် အောင်မြင်ခဲ့ကြောင်း ပညာရေးကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ဗဟိုထိန်းချုပ်မှုကင်းမဲ့သောပညာရေးစနစ် နှင့် တက္ကသိုလ် များကိုယ်တိုင် တက္ကသိုလ်ဥပဒေများ ပြဌာန်းနိုင်စေရန်ဖြစ်သည်ဟုရှင်းပြခဲ့သည်။ ထို့ကြောင့်ပညာရေးကော်မတီအနေဖြင့် လူထုအမြင်ကို စုဆောင်းထားသော အခြားပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆွေးနွေးပွဲများကို ၂၀၁၃နှစ်လယ်ပိုင်းတွင်ပြုလုပ်၍ ပညာရေးမူကြမ်းကို ၂၀၁၄အမှီ လွှတ်တော်တွင် အဆိုပြုနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းဆွေးနွေးခဲ့သည်။ ထို့အပြင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးကော်မတီတို့ ပူးပေါင်း၍ ကော့မှူးမြို့နယ်တွင် အသက်မွေးမှု ပညာသင်တန်းကျောင်းကိုစတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုမှ တဆင့် ဒေသတစ်ခုခြင်းစီဧ။် စီးပွားရေးနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းများကို မန္တလေးနှင့် အခြား တိုင်းရင်းသားဒေသများ တွင်ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ဆက်လက်၍ ဒေါက်တာတင်လှိုင်မှလည်း လက်ရှိ ပညာရေးမူဝါဒကြောင့် နှစ်ပေါင်း ၂၀ကျော်အတွင်း မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍသည် တဖြေးဖြေးမှေးမှိန်လာသည့်အတွက် အရည်အသွေးပြည့်ဝသောဆရာ/ဆရာမများကို ပျိုးထောင်ပေးရန်လိုအပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့သည်

Nld Central
Photo: ပညာရေးပြုပြင်ပြောင်းလဲရေး ဥရောပတက္ကသိုလ်မှ ပါမောက္ခများ ပညာရေးကော်မတီနှင့်ဆွေးနွေး

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...