Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Saturday, 5 January 2013

ကချင် ငြိမ်းချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဖို့တိုက်တွန်း

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲများအဆုံးသတ် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိနိုင်ဘို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း (PCG ) ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဒီနေ့ ထုတ်ဖေါ်ပြောကြားပါတယ်။

Photo:RFA/Kyaw Myo Min
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်မှာ လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
အစိုးရနဲ့ KIO  တို့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ PCG အဖွဲ့အနေနဲ့ စားပွဲဝိုင်းပေါ်ရောက်အောင် ပို့ပေးနိုင်ခဲ့ပေမဲ့ ဆွေးနွေးပွဲ စုစုပေါင်း ၁၁ကြိမ်ရှိသွားခဲ့ပြီး ရလဒ်အဖြေတော့ တစုံတရာမရရှိခဲ့ဘူးလို့ အကျိုးဆောင်အဖွဲ့က ဦးယွပ်ဇော်ခေါင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ကို စည်းရုံးရေးခရီးစဉ်လာရောက်စဉ်ကလည်း ပြည်နယ်ငြိမ်းချမ်းရေးရရှိဘို့ပြောဆိုခဲ့ဘူးကြောင်း ကချင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် ပစ်ပယ်ထားလိမ့်မယ်လို့ မမျှော်လင့်ကြောင်း ပြောဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ဟာ ၁၉၉၄ခုနှစ်က အစိုးရနဲ့ အပစ်အခပ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောထားကွဲလွဲမူတွေဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သကိပြီး ကချင် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဦးယွပ်ဇော်ခေါင်ကို အာအက်အေ အဖွဲသား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA



0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...