Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Monday, 7 January 2013

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်နယ်တွင် ဓါးပြ သောင်းကျန်း


မြန်မာအစိုးရ စစ်ဗျူဟာရုံးစိုက်ရာ သျှမ်းပြည်
 (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း 
ဓါးပြများသောင်း ကျန်း နေသဖြင့်
ကွတ်ခိုင်နယ်ခံများ  ရပ်ရွာလုံခြုံရေး

အတွက် ကိုယ်တိုင် ကင်း စောင့်နေရကြောင်း ၄င်း ဒေသခံ များအဆိုအရ သိရသည် ။

ယခုရက်ပိုင်း အဆိုပါဓါးပြအဖွဲ့မှ ကွတ်ခိုင်မြို့နှင့် ၉ မိုင်ခန့်အကွာရှိ ဟိုကျန့်ရွာသား ဆိုင်ကယ်ကယ်ရီသမား တရုတ်လူမျိုး တစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်လုယူသွားခဲ့ကြောင်း ဟိုကျန့်ရွာသားတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။


“ဒီဓါးပြအဖွဲ့က ဗမာလူမျိုးအယောက်   ၂၀ လောက်ပါတဲ့ အဖွဲ့လို့ ပြောနေကြတယ်။ ဒီရက်ပိုင်း ဟိုကျန့်ရွာလမ်းခွဲမှာ ဘယ်ကျော် ဆရာမ လို့ခေါ်တဲ့ အမက ၂ ကျောင်းအုပ်ဆရာမကြီးရဲ့အမျိုးသား ဆိုင်ကယ်ကယ်ရီသမား အသတ်ခံလိုက်ရတယ်။ ဆိုင်ကယ်လည်းယူသွားတယ် ” ဟု သူက ဆိုသည် ။


ဟိုကျန့် ၊ ကာလျှင်ရွာများအနီး ဆိုင်ကယ်ရိုက်လုမှု ဆွဲကြိုးဖြတ်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေရာ ဒေသခံများ ကိုယ် တိုင် ရပ်ရွာလုံခြုံရေး ကင်းစောင့်နေရကြောင်း သူက ဆက်ပြောသည် ။“အခုဆို မိုးချုပ်တာနဲ့ ရွာအပြင်မထွက်ရဲတော့ဘူး ။


ကလေးတွေကျောင်းသွားတာကအစ လူကြီးတွေ ကိုယ်တိုင် လိုက်ပို့ရ တယ် ။ ဆွဲကြိုးရရင် ဆွဲကြိုးဖြတ်လုတယ် ။ ဆိုင်ကယ်တွေ့ရင် ရိုက်လုတယ် ။ ညပိုင်းဆို အလှည့်ကျ ကင်းစောင့်ကြရတယ် ”ဟု သူက ဆိုသည် ။


၎င်းဒေသတွင်း ဓါးပြများသောင်းကျန်းနေသော်လည်း အာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေး ကြောင်းနှင့် ယခင်ကလည်း ကွတ်ခိုင်ဒေသတွင် ကားသမားများကို သတ်ဖြတ်ကာ ကားလုယူမှုများ ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ က ဆိုသည် ။ 


0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...