
ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် တွင်း
နယ်ခြားစောင့်တပ်(BGF) အယောင်ဆောင်
များဟု ယူဆရသူများက မြို့နယ်တွင်းရှိ
စစ်ဆေးရေးဂိတ်များအား ဝင်ရောက်ပစ်ခတ်သွားကြောင်း သိရသည်။
ဝင်ရောက် ပစ်ခတ်သွားသူများသည် BGF အဝတ်အစားများ ဝတ်ဆင်
ထားကာ ဖာပွန်မြို့မှ VIGO အနက်ရောင် ကားဖြင့် ဝင်ရောက်လာခြင်း
ဖြစ်ကြောင်း သိရပြီး အုန်းတောဂိတ်နှင့် မီဆိုင်းဂိတ်တို့အား ဝင်ရောက် ပစ်ခတ်
သွားခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အုန်းတောဂိတ်အား ဝင်ရောက်
တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် ယူဆောင်သွားကြောင်း၊အဆိုပါ တိုက်ခိုက်မှုကြောင့်
ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီးတစ်ဦးနောက်ကျောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းနှင့်
တပ်ကြပ်တစ်ဦးပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မီဆိုင်းဂိတ်မှ BGF ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားပြီး
စအဖ အရာရှိတစ်ဦးထံမှ ပစ္စတို (၁)လက် ထပ်မံ ယူဆောင်သွားကြောင်း
ဒေသခံများထံမှ သိရသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မြိုင်ကြီးငူဆရာတော်နှင့် အရှေ့တောင်တိုင်း
စစ်ဌာနချုပ်တိုင်မှူးတို့ ဓမ္မပီယကျောင်းတိုက်တွင် ယမန်နေ့ ည ၁၀ နာရီ ခန့်၌
တွေ့ဆုံသွားကြောင်း သိရသည်။
တိုင်းမှူးမှ ငြိမ်းချမ်းရေး ဖော်ဆောင်စကာလအတွင်း ဖြစ်ပွားခဲ့သော
ဖြစ်စဉ်နှင့် ပတ်သက်၍ လျှောက်ထားခဲ့ကြောင်းလည်း ထပ်မံသိရသည်။
ဇွဲကပင်မောင်မောင်
The Myanma Age
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group