09:53
Manaung media group
ဘယ်နိုင်ငံက အင်တာနက်က အမြန်ဆုံး၊ အကောင်းဆုံးလို့ ထင်ပါသလဲ
ဘယ်နိုင်ငံက
အင်တာနက်က အမြန်ဆုံး၊ အကောင်းဆုံးလို့ ထင်ပါသလဲ။ အမေရိကန်လို့
တော့မထင်နဲ့နော်။ Akami ကနိုင်ငံတွေရဲ့ သူတို့ရဲ့ broadband speed အလိုက်
တစ်စက္ကန့်မှာ ဘယ်လောက် megabits ရသလဲ ဆိုတာကို အခြေပြုပြီး စာရင်း လုပ်ထား
ပါတယ်။ နောက်ဆုံးစာရင်း အရတော့ နံပတ်၁
နေရာမှာ ရှိတဲ့ နိုင်ငံက ပျှမ်းမျှခြင်း တစ်စက္ကန့်ကို 54.1 megabits
ရှိပါတယ်။ ဒီနှုန်းအတိုင်းဆို ရုပ်ရှင်တစ်ကားကို မိနစ်ပိုင်းလောက်နဲ့
ဒေါင်းလုတ်ဆွဲလို့ ရနေပါပြီ။ အမေရိကန်ရဲ့ အမြန်နှုန်းကတော့ 29.6 megabits
ပဲရှိပြီး အကောင်းဆုံး ၁၀နိုင်ငံ အတွင်းမှာတောင် မ၀င်ပါဘူး။ ကမ္ဘာအမြန်ဆုံး
အင်တာနက် ရတဲ့ နိုင်ငံက အာရှက Hong Kong ဖြစ်ပါတယ်။ ဂုဏ်ယူလိုက်ပါတော့။
သူ့နောက်မှာ South Korea၊ Japan၊ Latvia၊ Belgium၊ Romania၊ Switzerland၊
Bulgaria၊ Israel နဲ့ Singapore နိုင်ငံတွေက အစဉ်လိုက် အတိုင်း ရှိနေပါတယ်။
source: Gizmodo. Bloomberg, Image from Gizmodo
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group