ကန့်ကွက်မှုတွေကြောင့် နိုင်ငံသမ္မတက ရပ်ဆိုင်းလိုက်တဲ့ ကချင်ပြည်နယ်က
ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ဆက်လက်လုပ်ဆောင်ရေး တွန်းအားမပေးဖို့
တရုတ်အစိုးရကို မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ယက်က
တောင်းဆိုလိုက်ပါတယ်။ တရုတ်သံအမတ်တစ်ဦးရဲ့ တရုတ်ဘာသာနဲ့
အင်တာနက်စာမျက်နှာတခုမှာ စီမံကိန်းဆက်လက်လုပ်ဆောင်ဖို့ ဖြေဆိုထားတဲ့အပေါ်
မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ယက်က ဇန်န၀ါရီလ ၃ ရက်နေ့ ရက်စွဲနဲ့
ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ ဒီစီမံ
ကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ တုန့်ပြန်မှုကို လျစ်လျူရှုမရှိပဲ
တိုက်တွန်းနေတာလို့ ဝေဖန်ထားတာဖြစ်ပါတယ်။
DVB TV News
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group